ဘယ်လို ယောက်ျားမျိုးကိုမဆို တရှိုက်မတ်မတ်စွဲလမ်းသွားစေနိုင်တဲ့ မိန်းမအမျိုးအစား ၆ မျိုး
lifestylemyanmar.com
|
2020-03-16



ဘယ်လိုမိန်းမမျိုးတွေက ယောက်ျားအများစုကို ဆွဲဆောင်နိုင်ကြသလဲ? ယောက်ျားတွေကချောတိုင်းလှတိုင်းလည်း ချစ်ကြကြိုက်ကြတာ မဟုတ်ပါဘူး။ ယောက်ျားအတော်များများကို ဆွဲဆောင်နိုင်တဲ့ အသဲမာပါတယ်ဆိုတဲ့ ခံစားချက်တွေကို ထိန်းနိုင်ပါတယ်ဆိုတဲ့ လူကြီးလူကောင်းဆန်တဲ့ယောကျာ်းတွေကိုတောင် ကြွေဆင်းသွားအောင်လုပ်နိုင်တဲ့ မိန်းမအမျိုးအ စားတွေရှိပါတယ်။ သူတို့တွေမှာ ဘယ်လိုအရည်အချင်းတွေပိုင်ဆိုင်ထားကြလဲ? သူတို့မှာ ဘယ်လို အလှတရားတွေပို င်ဆိုင်ထားကြလဲဆိုတာ အောက်မှာ ဖတ်ကြည့်လိုက်ကြရအောင်။


မိတ်ကပ်မလိမ်းပဲအရှိအတိုင်းနေတတ်တဲ့မိန်းကလေး




ဒီခေတ်မှာတော့ မိန်းကလေးအတော်များများတောင် မဟုတ်ဘူး ယောက်ျားလေးအတော်များများတောင် မိတ်ကပ်လိမ်းပြီး လှချင်တိုင်းလှနေကြတဲ့ခေတ်ပါ။ ဒါပေမယ့် တချို့မိန်းကလေးတွေကတော့ လူအများသည်းခြေကြိုက် မိတ်ကပ်ကိုမလိမ်းပဲ သဘာဝအတိုင်းလှအောင် သူ့ဖြစ်တည်မှု သူ့အရှိတရားလေးနဲ့ ရှင်းလင်းတဲ့အသားအရေ ကြည်စင်တဲ့မျက်နှာအ ဆင်းလေးနဲ့ပဲနေတတ်ကြပါတယ်။

ရှင်းသန့်ကြည်စင်နေတဲ့ သူ့တို့မျက်နှာလေးမှာ အတုအယောင်မိတ်ကပ်တွေကို အားကိုးပီး မာန်တက်နေတဲ့အပြုံးမျိုးကို မပန်ဆင်ထားပဲ ကြည်လင်တဲ့အပြုံး အေးချမ်းတဲ့နှလုံးကို တပ်ဆင်လိုက်တဲ့အခါ မြင်ရသူ ရင်အေးစေပါတယ်။ တွေ့ဖူးလား မိတ်ကပ်တွေဒေါင်လောက်နဲ့ အရောင်တွေ တလက်လက်ထနေတဲ့ အလှပဂေးတွေ။

သုတေသနတွေအရ အဲ့ဒီလို မိန်းကလေးတွေကို Sexyကျလို့ ယောက်ျားလေးတွေက ငေးမောလိုက်တာပဲရှိမယ် သူတို့နှ လုံးသားကြီးတစ်ခုလုံး ကြွေကျပြာဆင်းသွားအောင်တော့ မချစ်တတ်ကြပါဘူးတဲ့။ ယောက်ျားလေးအများစုဟာ သူတို့ရဲ့ ပကတိအလှအပကို တန်ဖိုးထားတဲ့ “ရွှေရင်အေး” ကောင်မလေးတွေကိုပိုလိုချင်ပါတယ်တဲ့..တချို့ဆိုသနပ်ခါးပါးပါးလေးကို ဝင်းဝါစိုအိနေတဲ့ အကြောစိမ်းစမ်းပါးပြင်လေးမှာ တင်ထားတာ အသဲယားစရာ…


အားကစားကစားသူ သို့မဟုတ် Gamerကောင်မလေး




အမျိုးသားတွေကို တခြားမိန်းကလေးတွေထက်ပိုပြီးဆွဲဆောင်နိုင်စွမ်းရှိပြီး အတောက်ပဆုံးသော အမျိုးသမီးတစ်ယောက်ဖြစ်ချင်ရင်တော့ အားကစားကစားနည်းတစ်ခုခု ကစားဖို့လိုပါတယ်။ စောနကပြောသလို မိတ်ကပ်တွေကိုနှုတ်ဆက်ပြီး သ ဘာဝအလှနဲ့ လှအောင်ကြိုးစား ကျန်းမာရေးအတွက် ကစားနည်းတစ်ခုခုကို ပုံမှန် လုပ်တတ်တဲ့ကောင်မလေးဆို ယောက်ျားလေးတွေက ကြွေကြပါတယ်တဲ့။

ယောကျာ်းလေးအတော်များများက သူတို့တွေ့ဖူးနေကျ ပုံစံမျိုးမဟုတ်တဲ့ မိန်းကလေးဆို ဿာမန်ထက်ကို စိတ်ဝင်စားတတ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကြက်တောင်ရိုက်တာဖြစ်ဖြစ် နံနက်ပိုင်းအပြေးလေ့ကျင့်တာဖြစ်ဖြစ်၊ ဘတ်စ ကတ်ဘောကစားတာဖြစ်ဖြစ် တစ်ခုခုကစားနိုင်ပါတယ်။

နောက်တစ်ခုကကတော့ အားကစားနည်းတွေမဟုတ်ပဲ Gameအရမ်းဆော့တတ်တဲ့Gamerကောင်မလေးတွေဆို ကောင်လေးတွေကြွေကျကြတယ်လို့ သုတေသနတွေကဆိုပါတယ်။ ခုခေတ် Gamer မလေးတွေက Fbက ကောင်မလေးတွေထက် ဘဲကြည်တယ်ဆိုတာ Gameဆော့တဲ့သူတိုင်း သိပါတယ်နော်…


လျှို့ဝှက်ဆန်းကြယ်မိန်းမ




လျှို့ဝှက်ဆန်းကြယ်တဲ့မိန်းမတစ်ယောက်ဟာ ယောက်ျားတွေကို မဆွဲဆောင်နိုင်ဘူးလို့ သင်ထင်မိလား? ယုံချင်ယုံ မယုံချ င်နေ စိတ်ဝင်စားစရာကောင်းတဲ့ ဆန်းကြယ်လျှို့ဝှက်တဲ့ အမျိုးသမီးတွေကို ပတ်ပတ်လည်ကြိုက်နေတဲ့ ယောက်ျားတွေအများကြီးရှိပါတယ်။

သူတို့ကိုနားမလည်နိုင်ပဲနဲ့ကို ကြိုက်နေတာမျိုးပေါ့နော်။ ဒီလိုမိန်းကလေးတွေက ဟန်ဆောင်လိမ်ညာတာမျိုးလည်းမဟုတ်ဘူး။ သူတို့ရဲ့နေထိုင်မှုဟာ ပိရိသေသပ်တယ်။ တွေးခေါ်မှုတွေကလေးနက်တယ်။ ခံစားမှုတွေကို မျိုသိပ်နိုင်စွမ်းရှိတယ်။ ခြုံပြီးပြောရရင် တခြားမိန်းကလေးတွေထက်ကို လျို့ဝှက်ဆန်းကြယ်နေတယ်။




ဒီတော့ သူ့ကိုနားလည်ဖို့ လူတွေက သူ့အတွက်ကို သီးသန့်အချိန်ပိုပေးနေရတယ်။ ပြောရရင် သူတို့ရဲ့ ပြုံးပြခြင်းဆိုတဲ့အ ရာလေးမှာတောင်”နက်နဲသောအရာ”ဆိုတဲ့စကားလုံးကရှိနေတတ်ပါတယ်။ သင့်ဘဝမှာ အဲ့ဒီလို နားလည်ရခက်တဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ မိန်းကလေးနဲ့တွေ့ရင် သူ့ဆီက တချို့အရာတွေကို လေ့လာကြည့်ပါ။ အချိန်မရွေး ယောက်ျား၁၀ယောက်လောက်ခေါင်းခေါက် ရွေးလို့ရပါလိမ့်မယ်။


ငိုရန်ပုခုံးပေးတဲ့မိန်းမ နားလည်မှုရှိတဲ့မိန်းမ




အိပ်ခန်းတစ်ခန်းထဲမှာ နားလည်မှုရှိနိုင်တဲ့ မိန်းမတစ်ယောက်နဲ့အတူရှိနေတာကို ဘယ်ယောကျာ်းက အသဲမာနိုင်ပါ့မလဲ? Relationshipတစ်ခုမှာ နားလည်မှုရှိတဲ့လူတစ်ယောက်နဲ့ဆက်ဆံချင်တာ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် အတူတူပါပဲ။ ယောက်ျားတွေက ပိုဆိုးတယ်လို့တောင်ပြောလို့ရပါသေးတယ်။

ကံမကောင်းတာက ယောက်ျားတိုင်းက အဲ့ဒီလိုနားလည်မှုရှိတဲ့မိန်းမမျိုးနဲ့မတွေ့ကြရပါဘူး။ နားလည်မှုရှိချင်ယောင်ဆောင်တဲ့ မိန်းမတွေ အတ္တကြီးတဲ့မိန်းမတွေကိုသာတွေ့ရတာများကြပါတယ်။ ကျေးဇူးပြုပီး သင်ဟာ အမျိုးသားအများစု သင်နဲ့တွေ့ရင် မနေနိုင် မထိုင်နိုင်ဖြစ်ပြီး သင့်ဆွဲဆောင်မှုကို မခုခံမတော်လှန်တဲ့ လူနည်းစု အမျိုးသမီးထဲက ဖြစ်ချင်ရင် သင်ရဲ့သနားကြင်နာမှုနဲ့နားထောင်ခြင်းစွမ်းရည်တွေကိုတိုးတက်အောင်လုပ်ဖို့လိုတယ်ဆိုတာ သိထားပါ။

မိတ်ကပ်မသုံးတာက လွယ်ကူပေမယ့် ဒါကအများကြီး ပိုပီးအားထုတ်ဖို့လိုအပ်ပါတယ်။ ယောက်ျားတွေမှာလည်းခံစားချ က်ရှိတယ် ဝမ်းနည်းပူဆွေးစရာတွေရှိတယ် နာကျင်မှုသောကတွေရှိတယ် မျက်ရည်တွေရှိတယ် သူတို့အတွက်လည်းသူတို့စကားတွေကို ခံစားမှုအစစ်အမှန်နဲ့နားထောင်ပေးမယ့် နားတစ်စုံ၊ သူတို့မျက်ရည်တွေကို နားလည်ပေးနိုင်တဲ့ ပုခုံးတစ်စုံ၊ သူတို့ကို နားလည်ကြင်နာမှုတွေနဲ့ ငေးနေတတ်တဲ့မျက်ဝန်းတစ်စုံကို လိုချင်ကြပါတယ်။ အဲ့ဒီလို မိန်းကလေးမျိုးတွေ့ခဲ့ရင်တော့ အဲ့ဒီယောက်ျားတွေ အရူးအမူးပေါ့။


ဆံပင်ကို ဂရုစိုက်တဲ့မိန်းကလေးတွေ



ဆံပင်ကို ဂရုစိုက်တယ်ဆိုတာက ဆံပင်တိုမှ ရှည်မှ မဟုတ်ပါဘူး။ ယောကျာ်းလေးအများစုကလည်းတိုမှရှည်မှ အဲ့ဒီလို သတ်မှတ်ပြီး ကြိုက်ကြတာမျိုးလည်းမဟုတ်ပါဘူး။


တချို့ကောင်မလေးတွေဆို လေအဝှေ့မှာ ပျံလွင့်လာတဲ့ ဆံသားရနံလေးနဲ့တင် ယောက်ျားတစ်ယောက်ကို ခြွေချလိုက်နိုင်ပါတယ်။ ဒါကြောင့်ကိုယ့်ဆံပင်ကို ကိုယ်ဂရုစိုက်ဖို့ဆိုတာ ဈေးကြီးတဲ့ အလှပြင်ဆိုင်တွေသွားမှာ မဟုတ်ပါဘူး။

သဘာဝပြုပြင်နည်းတွေ တောက်ပြောင်နက်မှောင်နေတဲ့ဆံကေသာတွေ သင်းပျံတဲ့မွှေးရနံတွေရဖို့ လွယ်လွယ်ကူကူ အိမ်မှာလုပ်နိုင်တဲ့နည်းတွေတပုံကြီးပါနော်။ ဆံပင်ကိုဖြစ်ခလတ်စန်းထား နံချင်နံ သန်းတွေထောင်းထောင်းထ ဆိုတာကြီးက တော့ တွေးကြည့်တာနဲ့စိတ်ပျက်စရာကြီးပါနော်။ “မိန်းမတို့ဘုန်း ဆံထုံး”ဆိုတာ အလကားပြောတမဟုတ်ဘူး။ ဒါကြောင့်ဆံပင်တွေကို အတတ်နိုင်ဆုံးတန်ဖိုးထား ဂရုစိုက်ကြပါနော်။


သူ့စိတ်ထဲမှာရှိတာပြောဖို့ဘယ်တော့မှမကြောက်တဲ့မိန်းကလေး




စကားများတာလည်းမဟုတ်ပါပဲ စကားတိုင်းကို ရိုးသားပွင့်လင်းစွာပြောတတ်တဲ့မိန်းကလေးတွေကို ယောက်ျားအများစု အထူးသဖြင့် အလုပ်ရှင်တွေ ဘောစီတွေက တိတ်တခိုးလေးစွဲလမ်းတတ်ကြပါတယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ မတ်တပ်ရပ်ပြီး ခေါင်းထဲမှာရှိတဲ့ အရာတွေကို ပွင့်ပွင့်လင်းလင်းရဲရဲ ဝံဝံ ပြောချတတ်တဲ့မိန်းကလေးတွေကို ယောကျာ်းတော်တော်များများ မခုခံနိုင်ကြပါဘူး။

အကြောင်းက သူတို့က ပစ္စည်းဥစ္စာတွေကို လှည့်စားဖို့မဟုတ်ပဲ သူတို့ရဲ့ထင်မြင်ချက်တွေကို အလေးထားပြီး ရဲရင့်ပွင့်လ င်းစွာပြောဆိုတတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ရဲရင့်ပွင့်လင်းတဲ့အမျိုးသမီးတွေကို ယောကျာ်းတွေက သဘောကျကြပါတယ်။ လေးလည်းလေးစားကြပါတယ်။

ဒါကြောင့် ခိုလိုညဉ်းနေတတ်တဲ့မိန်းမတစ်ယောက်မဖြစ်အောင်လုပ်နိုင်ရင်ပဲ သင့်အတွက် အတော်လေးကောင်းလာနိုင်ပါတယ်။ ယောကျာ်းတွေက အမြဲသောကရောက်နေတဲ့ မိန်းကလေးတွေထက်စာရင် သူတို့မထင်ထားတွေ ပြောတတ်တဲ့ စိ တ်လှုပ်ရှားစရာ အသစ်တွေပေးတတ်တဲ့ မိန်းကလေးတွေကို လုံးဝကြွေဆင်းသွားတတ်ပါတယ်။

ကဲ..ဒီလောက်ဆို lifestyle Myanmarပရိတ်သတ်တွေလည်း အသဲမာတဲ့ယောက်ျားတွေတောင် ကြွေကျပြိုဆင်းလာနိုင်တဲ့ မိန်းမအမျိုးအစားတွေကို သိလောက်ပြီထင်ပါတယ်နော်။ ပြီးတော့ အကျင့်ဆိုတာ ပြောင်းလဲလို့ရပါတယ်။ လေ့ကျင့်ယူလို့ရပါတယ်နော်။ လေ့ကျင့်ရင်း သင်ကြားရင်း ချစ်ခြင်းမေတ္တာတရားအကြောင်းသင်ကြားနိုင်ကြပါစေနော်.

#Lifestyle_Myanmar

#Mg_Htet

REF_thetalko.com


#ယောက်ျား
#မိန်းမ
#မိန်းကလေး
#မိတ်ကပ်
#ယောကျာ်း

Some text some message..