Tall Boyတွေကို ချစ်သူတော်ထားတဲ့ အရပ်ပုပုကောင်မလေးတိုင်းရတဲ့ ချစ်ခြင်းရဲ့လျို့ဝှက်ချက်များ
lifestylemyanmar.com
|
2020-03-16



တစ်ခါတစ်လေလောကကြီးကထူးခြားဆန်းပြားမှုတွေနဲ့ပြည့်နေတတ်ပါတယ်။ အချစ်ရေးနှလုံးသားရေးရာမှာဆိုရင် ပိုပြီး အံသြဆန်းကျယ်စရာကောင်းလောက်တဲ့အရာတွေနဲ့ပြည့်နှက်နေတတ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ တချို့ရုပ်ချောချော ကိုယ်လုံးကိုယ်ပေါက်လှလှလေးတွေဆို သူတို့လောက်မလန်းတဲ့ချစ်သူကောင်လေးတွေနဲ့တွဲကြရသလို တချို့ ရုပ်ဖြောင့်ဖြောင့်ဘီးကျဲတွေဆိုလည်း ရွက်ကြမ်းရေကျိုလောက်နဲ့တွဲနေကြတာမျိုးတွေ့ဖူးကြမှာပေါ့။ တွေ့ဖူးတဲ့အပြင် အတင်းပါပြောဖူးမယ်လို့ထင်ပါတယ်နော်။

ခုပြောပြချင်တာ ဆန့်ကျင်ဘက်တွေထဲက ဆန့်ကျင်ဘက်တွေဖြစ်တဲ့အရပ်မြင့်မြင့် ကောင်လေးတွေနဲ့ ဂျပုမလေးတွေရဲ့ Relationshipဟာ လူတွေမနာလိုလောက်အောင် ဘာကြောင့် အရမ်းချစ်ဖို့ကောင်းနေလဲဆိုတဲ့ အကြောင်းရင်းလေးတွေ ပါပဲ။ ကဲ..အောက်မှာ ဖတ်ကြည့်လိုက်ကြရအောင်..


အရပ်ပုပုကောင်မလေးတွေကသူတို့ကိုကာကွယ်ပေးတာကိုချစ်တယ်




အရပ်ပုပုမိန်းကလေးအတော်များများက များသောအားဖြင့် သူတို့ကိုကာကွယ်ပေးမယ့် အရပ်မြင့်မြင့် ဗလတောင့်တောင့်ဘီးကျဲတွေကို လိုချင်ကြပါတယ်။ သူတို့ဟာသေးငယ်ပြီး ချစ်စရာကောင်းတော့ ကောင်လေးတွေကလည်း သဘာဝရဲ့စေ့ ဆော်မှုအရ သူတို့ရဲ့ကာကွယ်စောင့်ရှောက်ရေးတာဝန်ကို ယူလာပါတော့တယ်။

ဘေးအမြင်မှာကြည့်ရင် ချစ်ရပါတဲ့ အာပူတူး အသဲတုံး ပုစိညှောင့်တောင်းလေးအတွက် အရပ်မြင့်မြင့်ကောင်လေးက သူရဲ့ကောင်းပေါ့။ တချို့မိန်းကလေးတွေဆို မလိုက်လိုက်တာဟယ်ဆိုပြီးတောင် ကွယ်ရာမှာ အတင်းတုတ်ကြပါသေးတယ်။မညာနဲ့နော်..မင်မင်သိတယ်။


မမှီတမှီကောင်မလေးအတွက်Body Gurdကအမြဲဂရုစိုက်နေရတယ်




လှပပီးအရပ်ပုတဲ့ကောင်မလေးတစ်ယောက်ယောက်က သူလိုချင်တဲ့စာအုပ် ဒါမှမဟုတ် ပစ္စည်းတစ်ခုခုကို ဈေးဝယ်စင်တာမှာဖြစ်ဖြစ် စာကြည့်တိုက်ထဲမှာဖြစ်ဖြစ် ခြေဖျားလေးထောက်ပြီး ယူနေတာမျိုးမြင်ဖူးပါသလား? အဲ့ဒီနောက်မှာတော့ သူ့ကိုပြုံးပြီးကြည့်နေတဲ့ ကောင်လေးက သူမလိုချင်တဲ့အရာအတွက် လက်မောင်းဆန့်တန့်ပြီးယူပေးနေတဲ့မြင်ကွင်းက ဘယ်လောက်ကောင်းလိုက်တဲ့ မြင်ကွင်းလဲ? လုံးဝရိုတယ်နော်။ ဂျပုကောင်လေးပိုင်ဆိုင်ထားတဲ့သူတွေမုမု…..


အရပ်ပုပုမိန်းကလေး=ချိုသာသောအနမ်းများအတွက်ပြီးပြည့်စုံသောအမြင့်




အရပ်မြင့်မြင့်ကောင်လေးတစ်ယောက်နဲ့ အရပ်ပုပုကောင်မလေးတစ်ယောက်တို့ချိန်းတွေ့ကျတဲ့အခါမှာ ကောင်မလေးရဲ့အ ရပ်အမြင့်ကြောင့် ကောင်လေးရဲ့ အနမ်းကြမ်းကြမ်းချိုချိုတွေကို အလွယ်တကူပေးနိုင်ပါတယ်။ တချို့ဆိုလည်ပင်းလေးကိုတောင်ဖက်ထားလိုက်သေး။ ကောင်းပီ။ အရပ်မြင့်တဲ့သူချင်းချင်းလည်းပေးလို့ရတယ်ဆိုရင် ချစ်စရာကောင်းပုံချင်းမှာ နည်းနည်းတော့ကွာမှာ အမှန်ပါပဲ။ သေးသေးလေးတွေကိုနမ်းရတာကိုက ချစ်ဖို့ကောင်းတာ။


မိန်းကလေးဦးခေါင်း=ယောကျာ်းလေးရဲ့မေးစေ့နားရောက်အရပ်




များသောအားဖြင့် ပြီးပြည့်စုံတဲ့မိန်းကလေးတစ်ဦးရဲ့အရပ်ဟာ ယောကျာ်းလေးတစ်ဦးအတွက် သူ့ကောင်မလေးကိုလက် မောင်းနဲ့သိုင်းဖက်ထားတာ ဒါမှမဟုတ် သူ့မေးစေ့ကို ကောင်မလေးပုခုံးထက်မှေးစက်အနားယူတာမျိုးက အကောင်းဆုံးပါ။ သူကသူ့ကောင်မလေးကို သူလိုချင်သလို ပွေ့ဖက်ထားနိုင်သလို သူမရဲ့ဆံပင်တွေကို နမ်းရှုပ်ကစားနိုင်ပါတယ်။




ဒါဟာဆက်ဆံရေးကိုချိုမြိန်စေပြီးရင်ခုန်စရာကောင်းတဲ့အခြေအနေမျိုးလေးပါ။ ဒါဟာ သေးသေးပုပုလေးတွေကို ဘာလို့ချစ်သူရည်းစားထားသင့်လဲဆိုတဲ့ အဓိကအကြောင်းပြချက်တစ်ခုပါပဲ။ ဒီအာပူးတူလေးတွေကို အသဲယားချင်သလောက်ယား ပွေ့ဖက်ထွေးပွေ့ပီးကိုက်စားပစ်လို့ရတယ်..ဟဲ.အသဲယားနေတာကြည့်ပီး မနာလိုကြတာတော့မတတ်နိုင်ဘူးပေါ့နော်..


ကွဲပြားခြားနားမှုအရေးမပါဘူးဆိုတာပြတယ်။




စုံတွဲတွေကြားက ကွာဟချက်တွေ ဆိုကြပါစို့ အသက် အရပ်အမြင့် အသားအရေ စတာတွေဟာ အချစ်ဆိုတာ အရာအား လုံးကို ကျော်ဖြတ်စီးဆင်းနိုင်တယ်ဆိုတာပြပါတယ်။ ဒါကြောင့်လည်း Short Girl နဲ့ Tall Boyစုံတွဲလေးတွေဟာချ စ်စရာကောင်းတဲ့စုံတွဲလေးတွေပဲဖြစ်ပါတယ်။




သူတို့မှာရှိတဲ့ ချစ်ခြင်းမေတ္တာက သန့်ရှင်းစင်ကြယ်တယ်ဆိုတာပြပါတယ်။ ဆိုလိုတာက ကောင်လေးဟာ သူ့ကောင်မလေးနဲ့ပက်သက်ပြီး ရုပ်ပိုင်းဆိုင်ရာကို အဓိကထားတာမျိုးမဟုတ်ပဲ သူမဘာဖြစ်နေနေချစ်မယ်ဆိုတာမျိုးကို အလွယ်တကူသိနိုင်လို့ပါပဲ။


ယောကျာ်းလေးရင်ဘတ်=မိန်းကလေးအကြိုက်ဆုံးမှီခိုရာ




အရပ်ပုတဲ့မိန်းကလေးတွေတိုင်းဟာ သူတို့လိုချင်တာမှန်သမျှကိုချစ်သူရင်ဘတ်ပေါ်ခေါင်းလေးမှေးတင်ပြီးပူဆာနေရုံပါပဲနော်။ တကယ်တော့ယောက်ျားတစ်ယောက်ရဲ့ရင်ဘတ်ဆိုတာ မိန်းကလေးတစ်ယောက်အနားယူဖို့အကောင်းဆုံး ပီးတော့သူ့ချစ်သူရဲ့နှလုံးခုန်သံကိုနားထောင်ဖို့ အကောင်းဆုံးနေရာဖြစ်တယ်ဆိုတာ…အရပ်ပုပုကောင်မလေးတွေတိုင်းသိမှာပါနော်။

ဒါကမိန်းကလေးတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစေသလို ယောကျာ်းလေးကိုလည်းစိတ်ချမ်းသာစေပါတယ်။သူဟာချစ်သူကို လုံခြုံမှုပေးနိုင်တဲ့လူတစ်ယောက်ဆိုတာမျိုးပေါ့လေ။ ဒါကြောင့် အရပ်ပုပု သေးသေးသွယ်သွယ်မိန်းကလေးတွေနဲ့ Tall Boy စုံတွဲတွေဟာ ချစ်စရာကောင်းတဲ့စုံတွဲတွေဖြစ်နေကြတာပါ။

သင့်ဘေးပတ်ပတ်လည်ကိုကြည့်ကြည့်ပီး အပေါကအချက်တွေနဲ့ကိုက်ကြည့် သူတို့ဟာ ဘယ်လောက်ပျော်ရွှင်စရာကောင်းပီး ရုပ်ပိုင်းဆိုင်ရာကို အဓိကမထားတဲ့ အားကျစရာစုံတွလဲဆိုတာ သင်သဘောပေါက်လာပါလိမ့်မယ်။ ဒါနဲ့ သင်ကိုယ် တိုင်ကရော အရပ်ပုပုကောင်မလေးလား? သင်တို့အချစ်ရေးကရော ဘယ်လိုကြည်နူးရွှင်ပျစရာတွေရှိသလဲ? ချစ်ခြင်းမေတ္တာဟာ အရာအားလုံးကိုကျော်လွှားနိုင်တယ်ဆိုသင်လက်ခံလား?ကျွန်တော်တို့ကို ကွန်မန်းမှာမျှဝေပေးသွားပါဦး..

#Lifesyle_Myanmar

#Mg_Htet

REF_Lovedevani.Com


#အရပ်
#ကောင်လေး
#မိန်းကလေး
#စုံတွဲ
#ချစ်စရာ

Some text some message..