သင့်ဘဝကို သင်စိတ်ပျက်မိနေပြီလား? နေ့တွေညတွေဖြတ်သန်းရတာ အဓိပ္ပါယ်မဲ့နေတယ်လို့ခံစားနေရလား? သင့်ဘဝကိုပြောင်းလဲဖို့အချိန်ရောက်နေပြီဆိုတာကို ပြနေတဲ့ အနီရောင်သတိပေးချက်တွေကို မမြင်ချင်ယောင်ဆောင်နေတာလား? တကယ်ပဲမမြင်တာလား။
ကျွန်တော်တို့ ဘဝမှာဖြစ်ပျက်နေတဲ့အရာတွေကိုနားလည်ဖို့ အဓိကသော့ချက်က ကျွန်တော်တိုခံစားချက်တွေကို အသိ အမှတ်ပြုလိုက်ဖို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ စိုးရိမ်ပူပန်မှု မကျေနပ်မှု ဒါမှမဟုတ် ခါးသီးနားကျည်းမှုတွေကို ခံစားနေရတယ်လို့ထင်လာရင် ဘဝမှာ အသစ်တစ်ခုခုကို ရဖို့ကြိုးစားချိန်တန်ပြီလို့ ကျွန်တော်တို့ ခန္ဓာကိုယ်ကလမ်းပြနေတာဖြစ်နိုင်ပါတယ်။အောက်က အချက်တွေက သင့်ဘဝကိုပြောင်းလဲချိန်တန်ပြီဆိုတာပြနေတဲ့ အနီရောင်သတိပေးချက်တွေဖြစ်ပါတယ်။
နေ့ပေါင်းများစွာလုပ်နေရတဲ့အလုပ်ကိုသွားဖို့ကြောက်လာတယ်
သင်လုပ်နေကျအလုပ်တွေက သင့်အတွက် အခက်အခဲမရှိပေမယ့် သင့်ရဲ့နေ့ပေါင်းများစွာဟာအလုပ်ထဲမှာပြီးဆုံးသွားတ ယ်။ ပြန်လာတယ်။ အိပ်ရာနိုးတယ်။ အလုပ်ထသွားတယ် ဒါပေမယ့် သင်ဟာ အဲ့ဒီအလုပ်ကိုသွားရမှာ ငြီးငွေ့နေတယ် ကြောက်ရွံနေတယ် မသွားချင်ဘူးဆိုရင်တော့ တစ်ခုခုတော့မှားယွင်းနေပြီဆိုတဲ့လက္ခဏာပဲဖြစ်ပါတယ်။
သင်ဟာအလုပ်နဲ့မဆိုင်တဲ့ တခြားအကြောင်းတခုခုကြောင့် နေ့စဉ်အလုပ်ကိုမပျော်တော့တာလား?ဒါမှမဟုတ် အလုပ်ထဲမှာ တိုက်ခိုက်မှုတွေရှိလို့လား? ဒါမှမဟုတ် တစ်လကုန်လိုက် သုံးလိုက်စားလိုက်နဲ့ သင့်ဘဝ ဘာတိုးတက်မှုမှ မရှိဘူးလို့ တွေးနေမိလို့လား? ဒါဆိုရင်တော့ သင့်အလုပ်ကို သေချာသုံးသပ်ပြီး ပြောင်းလဲမှုတစ်ခုလုပ်ဖို့ Planဆွဲပါ။ တချို့အရာတွေက စွန့်စားမှပြောင်းလဲတယ်။ တိုးတက်တယ်။ ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ပီး အသစ်အဆန်းတစ်ခုခုကို ကြို းစားပြောင်းလဲကြည့်ပါ။
အတိတ်ထဲမှာနေထိုင်နေတယ် ဒါမှမဟုတ် အနာဂါတ်ကို အိမ်မက်နေတယ်
သင်ဟာအတိတ်ထဲက မလွတ်မြောက်နိုင်ဘူး။ ပူဆွေးနေတယ် ဝမ်းနည်းကြေကွဲနေတယ်။ ဒါပေမယ့် သင့်ကိုသင်လည်း သိနေတယ်။ ဒါမဖြစ်သင့်တော့ဘူး ဒီလိုဆက်သွားရင် ဆုံးရှုံးမှုတွေအရမ်းများသွားလိမ့်မယ်လို့ သင်တွေးနေမိရင် ဒါဟာတကယ့်ကို သင့်ဘဝကို ပြောင်းလဲချိန်တန်ပြီဆိုတာပြောပြနေတဲ့ အနီရောင်သတိပေးချက်ပဲဖြစ်ပါတယ်။
ကဲဒီတော့ခုပဲ လက်တွေ့ဘဝ လက်တွေ့လုပ်နေတဲ့အရာတွေထဲကို အာရုံစိုက်ပြီး တက်တက်ကြွကြွထလုပ်လိုက်ပါ။ အနာဂါတ်ကိုအများကြီးမတွေးနေပါနဲ့။ ကောင်းမွန်တဲ့ အိမ်မက်တစ်ခုကိုမက်ပြီး အဲ့ဒီ အိမ်မက်တွေနောက်သာလိုက်ပါတော့..
လူတွေက မင်းကိုအနားယူဖို့ပဲ အမြဲပြောနေတယ်
အပေါင်းအသင်းတွေ သူငယ်ချင်းတွေ မိသားစုတွေ သင်ချစ်ခင်ရသူတွေက သင့်ကို စိတ်ပြေလက်ပျောက် အလုပ်နား ခရီးလေးဘာလေးထွက် အနားယူလေ လို့တိုက်တွနန်းပြောဆိုတာတွေများလာရင် ဒါဟာ တကယ်ကို ပြောင်းလဲချိန်တန်ပြီလို့ပြောနေတဲ့ အနီရောင်လက္ခဏာတစ်ခုပါ။ ဒါကိုထပ်ခါထပ်ခါကြားနေရတယ်ဆိုတာ သင်ဟာတစ်စုံတစ်ခုကို ဆုပ်ကိုင်ထားပြီး ပင်ပန်းလေးလံနေတယ်ဆိုတာ အားလုံးက သတိပြုမိလို့ဖြစ်မှာပါ။ အချိန်မှီ သင့်ဘဝကို ပြောင်းလဲပါ။
အခြားလူတွေအောင်မြင်မှုကိုမနာလိုဖြစ်လာတယ်
တကယ်တော့ မနာလိုဖြစ်တယ်ဆိုတာ ကိုယ့်ဘဝကို မကျေနပ်တဲ့ လက္ခဏာတစ်ခုဖြစ်ပြီးတော့ အခြားလူတွေရဲ့ အောင် မြင်မှုနဲ့လုံးဝမသက်ဆိုင်ပါဘူး။ ကျွန်တော်တို့ ဘဝဟာ ခက်ခဲကြမ်းတမ်းနေမယ် ရုန်းကန်နေမယ်ဆို တခြားလူတွေအေ ာင်မြင်မှုအတွက် ပျော်ရွှင်ပေးဖို့ အရမ်းခက်ခဲပါတယ်။ “ငါဘာလို့မနာလိုဖြစ်နေရတာလဲ”ဆိုတာ သင့်ကိုသင်မေးဖို့အချိန်ရောက်လာပါပီ။ သင့်ဘဝထဲက ဘယ်အရာတွေကို မကျေမနပ်ဖြစ်နေတာလဲ။ သင်လည်း အချိန်မှီပြောင်းလဲပြီး အောင်မြင်မှုတွေရယူလာနိုင်ပါတယ်။
နံနက်နိုးထလာတိုင်း ပင်ပန်းနွမ်းနယ်စွာနိုးနေတယ်
ညဘက်တွေအိပ်မပျော် တောင်တွေးမြောက်တွေးနဲ့ သက်ပြင်းတွေချလိုက် အားငယ်လိုက် ဝမ်းနည်းလိုက်နဲ့ အိပ်ပျော်သွားတော့လည်း အိမ်မက်တွေဆက်တိုက်မက်တယ်။ နိုးထလာတော့ ပင်ပန်းနွမ်းနယ်နေတယ်ဆိုတာ သင့်ကိုသင် မကျေနပ်မှုတွေ သင့်ဘဝကို မကျေနပ်မှုပေါင်းများစွာရှိနေတယ်ဆိုတာ ပြသနေတဲ့ လက္ခဏာပဲဖြစ်ပါတယ်။
ဘဝရုန်းကန်ရမှုတွေကို ငြီးငွေ့လာပြီ ရှုံးနိမ့်မှုကို ဝန်ခံချင်နေပြီ တိုက်ပွဲတွေကို ငြီးငွေ့နေပြီဆိုတာ ပြနေတာပဲဖြစ်ပါတယ်။ အရှုံးပေးလိုက်မယ့်အစား ကိုယ့်လမ်းကိုယ် ပြန်လျောက်နိုင်ဖို့ သင်ဘာလုပ်နိုင်မလဲစဉ်းစားပါ။ ဘဝရှိရင်တိုက်ပွဲရှိပါတယ်။
နံနက်နိုးထလာတိုင်း “ငါအားလုံးကိုကျော်ဖြတ်နိုင်တယ်။ ငါ့မှာသူများတွေမသိတဲ့စွမ်းအင်တွေရှိတယ်”ဆိုပြီး ကိုယ့်ကိုကိုယ်ပြောပါ။ သင်တကယ်စိတ်စွမ်းအင်တွေရလာပါလိမ့်မယ်။
အချိန်မှီမပြောင်းလဲရင် လုံးပါးပါးသွားပါလိမ့်မယ်။
လူတိုင်းကို သင့်ကြောင့် အနှောင့်အယှက်ပေးမိမှာ စိုးနေတယ်
လူတိုင်းမှာ အသက်ရှင်ရပ်တည်ဖို့ခက်ခဲတဲ့ အချိန်တွေရှိကြပါတယ်။ မှားဖူးတဲ့အမှားတွေလည်းရှိခဲ့ဖူးကြပါတယ်။ တစ်ခုခုလေးလုပ်တော့မယ်ဆို ဒီလူတွေကြိုက်ပါ့မလား? ငါ့ကို တစ်မျိုးမြင်သွားမလား?ဆိုတဲ့အတွေးမျိုးတွေပေါ့။
ဒါက ဘာကိုပြလဲဆိုတော့ သင်ဟာ သင့်ကို လူတွေဝိုင်းပယ်လာတယ်လို့ ခံစားလာရတဲ့ အတွေးကနေ လူတွေရဲ့ ချစ်ခင်မှု ဂရုစိုက်မှုတွေလိုချင်လို့ဖြစ်လာတာပါပဲ။ အဲ့ဒီအကျင့်ကိုပြောင်းပစ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းကို သင်ကျေ နပ်အောင်လုပ်လို့မရပါဘူး။ သင့်ကိုဝိုင်းပယ်တဲ့လူတွေရှိသလို သင့်ကိုချစ်တဲ့သူတွေလည်းရှိပါသေးတယ်။
ဒီတော့ ဘာကိုမှ ဂရုမစိုက်နဲ့ ဆက်လုပ် လမ်းတူသူချင်း ဒဏ်ရာကို ပြုစုပေးကြပါလိမ့်မယ်။ ဒီလိုမှမဟုတ်ရင် သင့်ဘဝဟာ သူများအတွက် အသက်ရှင်နေရတာနဲ့ဘာထူးတော့မှာလဲ။ ပြောင်းလဲပစ်လိုက်ပါ။ကဲ Lifestyle ပရိတ်သတ်ကြီးလည်း အချိန်မှီကိုယ့်ဘဝကို ပြုပြင်ပြောင်းလဲရေးလုပ်လိုက်ပါနော်.
# Lifestyle_Myanmar
# Mg_Htet
Power Of possitivity