RS တစ်ခုမှာ မလွှဲမသွေ ကြုံတွေ့ရမယ့် ယောက်ျားအမျိုးအစား ၄ မျိုး
lifestylemyanmar.com
|
2020-03-18



ချစ်သူအိမ်ထောင်ဖက် ရွေးတော့မယ်ဆိုရင် သင်မဖြစ်မနေသိထားသင့်တဲ့ ယောကျာ်းအမျိုးအစားတွေရှိပါတယ်။ တချို့မိန်းကလေးတွေဆို ရွေးချယ်မှု မှားသွားတဲ့အတွက် တစ်ဘဝလုံး မျက်ရည်နဲ့မျက်ခွက် ဖြစ်တတ်ရပါတယ်။ ဒါကြောင့် Relationshipတစ်ခုမှာ မလွှဲမသွေ ကြုံကိုကြုံတွေ့ရမယ့် ယောကျာ်းအမျိုးအစား ၄မျိုးအကြောင်းကို ပြောပြပေးလိုက်ပါတယ်။


ကလေးဆန်တဲ့ယောက်ျား



ဒါကရှင်းပါတယ်။ အသက်က ၃၀လောက်ရှိပြီ သူ့အပြုအမူတွေ လုပ်ရပ်တွေက ကလေးတစ်ယောက်လိုပဲဖြစ်နေတယ်။ အရက်ကလေးသောက်လိုက် ဘီယာလေးသောက်လိုက် အပေါင်းအသင်းတွေနဲ့ ဟေလားဝါးလားလုပ်မယ်။ အပျော်အပါးအရမ်းမက်မယ်။ ပြောရရင် အသက်သာကြီးလာတယ် ဦးနှောက်ကတော့ မကြီးလာပါဘူး။ ပြောရရင် သူ့ခေါင်းထဲမှာ လေ းနက်တဲ့ အကြောင်းတွေ ကိစ္စတွေ ဘာမှမထည့်ထားပါဘူး။




အဲ့ဒီလို လူမျိူးနဲ့ ချစ်သူရည်းစားဖြစ်တဲ့ အခါ သင့်ကို အိတ်လှလှလေး ဂါဝန်လှလှလလေး တွေဝယ်ပေးမယ့်အစား မဖြစ်နိုင်သေးတဲ့ စိတ်ကူးတွေပဲ ဆုပ်ကိုင်ပီး ကြီးကြီးကျယ်ကျယ်တွေပဲ ပြောတတ်ပါတယ်။ သူအောင်မြင်ရင် လုပ်ရင် ခနလေးနဲ့ ဘာကြီးဖြစ်မယ် ညာကြီးဖြစ်မယ်ပေါ့။ ကိုယ့်ချစ်သူက အတူတူနေဖို့ အိမ်လေးတစ်လုံးအကြောင်းစဉ်းစားပြီး အလေးအနက်ထားနေလည်း သူ့ခေါင်းထဲမှာ အဲ့ဒါတွေမရှိပါဘူး။


ဒီလိုယောကျာ်းမျိုးနဲ့ ယူထားတဲ့ အိမ်ထောင်သည်တွေဆိုလည်း စိတ်ညစ်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ အနာဂါတ် Planဆိုတာ ဘာမှမရှိလို့ပါပဲ။ ဆိုကြပါစို့ “ကောင်မလေးက မောင် ဒီအိမ်လေးရောင်းရအောင်ဆိုရင်လည်း သူက မငြင်းဘူး။




ပြဿနာက ပီးသွားရင် ဒီပိုက်ဆံလေးနဲ့ ဘယ်လို ကြီးပွားအောင်လုပ်မလဲမတွေးပဲ အဝတ်အစားတွေဝယ်ဝတ်မယ် ဆိုင်ကယ်တွေ ကားတွေဝယ်မယ်” ဒါမျိုးတွေလုပ်တတ်ပါတယ်။ နောက် သူတို့ဟာ နှုတ်စည်းမစောင့်တတ်ကြပါဘူး။

သူတို့က ယုတ်မာရိုင်းစိုင်းတဲ့ စိတ်မျိုး ရှိကြတာမဟုတ်ပေမယ့် အတွင်းရေးတွေကို သူငယ်ချင်းတွေကို ပြန်ပြောပြတတ်ပါတယ်။ ဆိုကြပါတော့ “ငါ့မိန်းမက အိပ်ရာထဲမှာတော့ မကောင်းပါဘူးကွာ။ ဖီးလ်မလာဘူး”ဆိုတဲ့ဟာမျိုးတွေပြောတတ်ကြပါတယ်။




နောက်ဆုံး ကလေးတွေ ၂ယောက် ၃ယောက် ရလာတဲ့အချိန်တွေမှာတောင် သူက အိမ်မှာ ကလေးဆန်နေတုန်းပါပဲ။ မေ မေချစ်တဲ့ သားတွေဆို ပိုတောင်ဆိုးနိုင်ပါသေးတယ်။ သူ့မှာ ဘာအလုပ်မှ မရှိလည်း တနေ့တနေ့ အိပ်လိုက်စားလိုက် ဂိမ်းဆော့လိုက် စတာတွေနဲ့ပဲ အချိန်ကုန်နေတတ်ပါတယ်။

အိမ်ရဲ့ပြဿနာတွေလည်း ဘာမှဦးဆောင်ဖြေရှင်းတာမရှိပဲ ရေဖိုး မီးဖိုးကအစ မိန်းမဖြစ်သူက ဦးဆောင်ဖြေရှင်းရတတ်ပါတယ်။ အဲ့ဒီအခါ မိန်းမဖြစ်သူမှာ သနားစရာကောင်းလောက်အောင် စိတ်ညစ်ရတော့တာပါပဲ။




မိန်းမဖြစ်သူက တိတ်တိတ်လေးငို မခံနိုင်လို့ စကားများကျရင်လည်း သူပြောတာပဲအမှန် “မင်းဘာမှမသိဘူး မင်းကဘာတုန်း ငါလုပ်နေတာတွေအကုန်မှန်တယ်”ဆိုတဲ့စကားတွေပဲ ပြောတတ်ပါတယ်။

Relationship တစ်ခုမှာ အဲ့ဒီလိုကလေးဆန်တဲ့ ယောက်ျားမျိုးနဲ့တွေ့ရင်တော့ ပထမ အစပိုင်းမှာ ပျော်စရာ ကောင်းတ ယ်ထင်ရပေမယ့် နောက်ပိုင်းမှာ မျက်ရည်နဲ့မျက်ခွက် ဖြစ်ရတော့တာပါပဲ။ ဒါကြောင့် ကလေးဆန်တဲ့ ယောက်ျားပိုင်ဆိုင်ထားသူတွေအနေနဲ့ အိမ်ထောင်ဘက် ဖြစ်သင့် မသင့် စဉ်းစားသင့်ပါတယ်။


မိန်းမရှုပ်ပြီး အချစ်ကို ကစားတတ်တဲ့ ယောကျာ်း




သူတို့က များသောအားဖြင့် စမတ်ကျကြပါတယ်။ သူတို့ကိုသူတို့ ကြည့်အကောင်းဆုံး ဆွဲဆောင်မှု အရှိဆုံးဖြစ်အောင် ပြင်ဆင်ထားတတ်ကြပါတယ်။ ဒါပေမယ့် သူတို့နဲ့တွဲမိတဲ့ မိန်းကလေးတွေ ခဗျာတော့ သိပ်မကြာခင်မှာပဲ အသည်းကွဲရပါလိမ့်မယ်။

သူတို့က မိန်းမတစ်ယောက်ရဲ့ အချစ်ကို ရပြီးသွားရင် သူတို့ကစားလို့ရသွားပီဆိုရင် သိပ်မကြာခင် အသစ်ရှာတတ်ကြပါတယ်။ တကယ်ချစ်မိတဲ့ မိန်းကလေးကတော့ အသဲကွဲရတာပေါ့။ သူတို့ရဲ့ပထမဆုံးပစ်မှတ်ကတော့ မနူးမနပ်ကောင်မ လေးတွေ ရိုးရိုးသားသားလေးတွေပဲဖြစ်ပါတယ်။

အချစ်သစ်ရှာရင်လည်း သူတို့ကသာ ကစားပြီးထားခဲ့ကြတာဖြစ်ပေမယ့် မိန်းမချောအသစ်လေးကို သူတို့ကို သနားအောင် ကြွေဆင်းအောင် သူတို့ ဘယ်လို အသဲခွဲခံရလို့ အချစ်ဆိုတာကိုတောင်ကြောက်မိတယ်ဆိုတဲ့ စကားမျိုးလေးတွေနဲ့စတတ်ပါတယ်။

နောက်သိပ်မကြာခင်မှာပဲ ပန်းစည်းလေးတွေပေးတာမျိုး ကောင်မလေးကို ရုပ်ရှင်ကြည့်မလား တစ်နေရာရာမှာတစ်ခုခုသွားစားကြမလား ဆိုတဲ့ ကောင်မလေးတွေကျလောက်တဲ့ အကွက်တွေထုတ်သုံးတော့တာပဲ။ ကလေးဆန်တဲ့ ယောကျာ်းနဲ့မတူတာက သူတို့က အရာရာကို အကွက်ကျကျစဉ်းစားပြီး ပိုပြီး ရက်စက်တတ်ကြတာပါပဲ။




ကောင်မလေးတွေကို သူတို့ရဲ့ အိမ်တွေ ကားတွေ တလတလသူတိုဝင်ငွေတွေကို မသိမသာလေး ထုတ်ပြတတ်ပါတယ်။ ” ကိုယ့်အိမ်လာလည်ဦးလေ” ဆိုတဲ့စကားမျိုးနဲ့ ဖိတ်ခေါ်တတ်ပါတယ်။ နောက် သူတို့က မိန်းကလေးတွေကြွေလောက်တဲ့ အနုပညာတစ်ခုခုကိုလည်း အသုံးချတတ်ပါတယ်။

သူတို့က စိတ်ကူးယဉ်ဆန်တဲ့လူတွေဖြစ်တဲ့အတွက် ဖုန်းထဲမှာ သီချင်းဆိုပြတာမျိုး အပြင်မှာ ဂစ်တာလေးတီးပြီး ရိုပြတာမျိုးတွေလုပ်တတ်ပါတယ်။ နောက်ဆုံးမှာတော့ “မင်းကို ကိုယ်ချစ်မိနေပြီကွာ”ဆိုတဲ့စကားလေးနဲ့ ကောင်မလေး နှလုံးသားကို အပိုင်သိမ်းလိုက်ပါတော့တယ်။

“ကိုယ်မင်းကိုထာဝရချစ်သွားမှာပါ”ဆိုပြီး သင့်ကို ၆ လလောက်တော့ချစ်ပြပါလိမ့်မယ်။ နောက်ပိုင်းမှာတော့ သင်ကအရမ်းသတိရလို့တွေ့ချင်ရင်တောင် က်ုယ်မအားသေးလို့ပါ ဘာညာ တော်ကီတွေနဲ့ သင့်ကိုပတ်ရှောင်ပါလိမ့်မယ်။ သူမအားဘူးဆိုတာက သူ့အချိန်တွေကို တခြားကောင်မလေးတွေအတွက် မျှဝေပေးထားရလို့ပါ။




သင့်ဘက်က ဘာမှားလဲမေးရင်တောင် သူ့ဘက်က ကိုယ်အချိန်မရှိလို့ပါဆိုတာလောက်နဲ့ နောက်ပိုင်းမှာ သင့်ကို အဆက် အသွယ်ဖြတ်သွားပါလိမ့်မယ်။နောက်အဲ့ဒီလို အချစ်ကိုကစားတတ်သူတွေရဲ့ပစ်မှတ်က ပိုက်ဆံရှိတဲ့ မိန်းကလေးမျိုးတွေပါ။ ပြီးသွားရင် ပိုက်ဆံကိုသုံးပြပြီး ကြွေလာအောင်လုပ်ပါလိမ့်မယ်။

လက်ထပ်ခွင့်တောင်းရင်တောင် ဒူးထောက်ပြီး တခြားလူတွေအားကျလောက်အောင် ရိုပြပါလိမ့်မယ်။ နောက်ပိုင်းသူလို ချင်တာတွေ ကောင်မလေးဘက်က ရလာပြီဆိုရင်တော့ “မင်းက ငါ့ကိုစိတ်ညစ်အောင် သိပ်လုပ်တာပဲ မင်းလိုမိန်းမနဲ့ မပေါင်းချင်တော့ဘူး”ဆိုပြီး သူ့လမ်းစဉ်အတိုင်းဆက်လျောက်ပါလိမ့်မယ်။ ရွေးချယ်တတ်ပါစေနော်။


မပြတ်မသား စိတ်မတည်ငြိမ် ရှုပ်ထွေးနောက်ကျိနေတဲ့ ယောကျာ်း




ဒီလိုယောက်ျားမျိုးတွေက ဘယ်အရာကိုမှ ပြတ်ပြတ်သားသားဆုံးဖြတ်ချက်မချနိုင်ကြပါဘူး။ သူတို့ကို ကြည့်ရတာ ငြိမ်သက်တည်ကြည်ခြင်းလည်းမရှိကြပါဘူး။ သူတို့ကို ကြိုက်တဲ့ကောင်မလေး ၃ယောက်လောက်ရှိနေရင်လည်း ဘယ်တစ်ယောက်ကို ရွေးချယ်ရမှန်းမသိပဲ တို့လို့တွဲလောင်းတွေဖြစ်နေတတ်ပါတယ်။

အဲ့ဒီလို မပြတ်မသားဖြစ်နေတာပဲလားဆိုတော့လည်းမဟုတ် သူ့အရင် ရည်းစားဟောင်းEX နဲ့လည်း ပြန်ချိန်းတွေ့နေရင်တွေ့နေပြန်တတ်ပါတယ်။ သူ့ကို စောင့်မျှော်နေတဲ့ မိန်းကလေး ခဗျာတော့ အရူးပေါ့။ နောက်ဆုံးမဖြစ်မနေ ရွေးရတော့မယ့်အချိန်မို့လို့ သင့်ကို သူက ရွေးချယ်ပြီး ယူလိုက်ကြတယ်ဆိုပါစို့။

သူ့ရဲ့ မပြတ်မသား အမြဲလိုလို ရှုပ်ထွေးနေတတ်တဲ့စိတ်ကြောင့် အဆင်ပြေနိုင်မယ်မထင်ပါဘူး။ သူတို့လို ယောကျာ်းတွေက ခုတမျိုးတော်ကြာတမျိုးဖြစ်နေတတ်တာမျိုးပါ။ ခုပဲသွားမယ် ခနနေ မသွားတော့ပြန်ဘူး။ သင်နဲ့ အတူရှိနေရတာလည်း ပျော်ချင်မှပျော်နေမယ့်လူမျိုးပါ။

သူ့ကိုသူ သင့်ကို တကယ်ချစ်ခဲ့တာလား မချစ်ခဲ့တာလား ဘာလို့ယူခဲ့တာလဲဆိုတာ ဒွိဟ ဖြစ်လို့ကောင်းနေတုန်းပဲဖြစ်နေပါလိမ့်မယ်။ ဘဝရဲ့အကြီးမားဆုံးအမှားကိုပြပါဆိုရင် ဘာဦးတည်ချက်မှမရှိပဲ ကိုယ်နဲ့အတူမသွားချင်တဲ့ လူတစ်ယောက်ကို ခရီးတစ်ခုလျောက်ဖို့ ဖိတ်ခေါ်ခဲ့မိတာပါပဲ။ ဆင်ခြင်နိုင်ကြပါစေနော်။


ကောင်းမွန်တဲ့ ယောကျာ်း




သင့်ကိုချစ်ရေးဆိုလာမယ့် လက်ထပ်ခွင့်တောင်းလာမယ့် ယောကျာ်းတစ်ယောက်ကို အလွယ်တကူသိနိုင်ပါတယ်။ သူတို့ကအရမ်းကြီးစမတ်မကျရင်တောင် သူတို့နဲ့သင့်တော်တဲ့နေထိုင်မှုပုံစံတွေကြောင့်လေးစားချစ်ခင်ရသူတွေပေါ်များတတ်ပါတယ်။ သူတို့ရဲ့ ဘဝဖြတ်သန်းမှုက ရိုးရှင်းပါတယ်။




သူတို့လုပ်ပုံကိုင်ပုံပြောဆိုပုံတွေကလည်း ရိုးရှင်းကြပါတယ်။ သူတို့က သင့်ကိုချစ်တယ်ဆို သင်နဲ့ပက်သက်တွေကို တာဝန်ယူပါရစေ ကိုယ်မင်းကိုလက်ထပ်ပါရစေဆိုပြီး ခိုင်မာတဲ့ ကတိ တည်ကြည်တဲ့အချစ်ကို ပြသပါလိမ့်မယ်။ နောက်ဆုံးသင်တို့ ယူပြီးလို့ သားသား မီးမီးလေးတွေရလာခဲ့ရင်လည်း သူ့ရဲ့ရိုးရှင်းတဲ့ အချစ်တွေကြောင့် သင်ပျော်ရွှင်ရမှာပါ။




တကယ်လို့ သင့်မှာ စိတ်ညစ်စရာ စိတ်ဆင်းရဲစရာတွေကြုံနေရရင်လည်း သင့်မျက်ရည်တွေကိုသုတ်ပေးပါလိမ့်မယ်။ သင်နေမကောင်းဖြစ်နေရင် သင့်ကို ပြုစုယုယပေးပါလိမ့်မယ်။


လင်မယားချင်း မတော်တဆ စကားများခဲ့ရင်လည်း သူ့ဘက်ကစပြီး” ဆောရီး ကိုယ်တောင်းပန်ပါတယ်။ ကိုယ့်အမှားပါ။ ကိုယ်မင်းကိုနားလည်ပါတယ်”ဆိူပြီး သင့်ကိုတောင်းပန်ပါလိမ့်မယ်။ အနာဂါတ်ကို သူဦးဆောင်ပြီးတည်ဆောက်ပါလိမ့်မယ်။ ယုံကြည်မှုတွေမျှဝေရင်းပေါ့။ ဒီတော့ ချိုမြိန်တဲ့ချစ်ခြင်းကိုစားသုံးရနိုင်ဖို့ ဘယ်လိုလူမျိုးကို ရွေးချယ်မလဲ?



# Lifestyle_Myanmar
#Mg_Htet
Understandeachother.com


#ယောကျာ်း
#မိန်းမ
#အချစ်
#ယောက်ျား
#မျက်ခွက်

Some text some message..