ကမ္ဘာပေါ်က မိန်းကလေးတွေဟာ သူတို့ဘဝမှာ ပြီးပြည့်စုံမှုတွေကို မျှော်လင့်ကြတယ်။ ချစ်စရာကောင်းဖို့၊ ရင့်ကျက်တည်ငြိမ်ဖို့၊ နူးညံ့သိမ်မွေ့ဖို့နှင့် ထက်မြက်ဖို့မျှော်လင့်ကြတယ်။ အကြွင်းမဲ့ ပြီးပြည့်စုံတဲ့နည်းလမ်းမရှိပေမယ့်လည်း အနီးကပ်ဆုံးသင်လုပ်ဆောင်နိုင်တဲ့ အဆင့်လေးတွေ ရှိပါတယ်။ အဲဒီ့အဆင့်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
၁။ သင့်ဘဝထဲက လူတွေကို လေးစားတတ်ဖို့လေ့ကျင့်ပါ
သင့်မိသားစုဝင်တွေ၊ ဆရာတွေ သူငယ်ချင်းတွေနှင့် သင်နဲ့တွေ့ဆုံတဲ့လူတိုင်းကို အမြဲတမ်းကောင်းမွန်တဲ့ သဘောထားတွေသာ ပြသသင့်ပါတယ်။ ရှုထောင့်အမျိုးမျိုးကို လက်ခံခြင်းက သင့်ရင့်ကျက်မှုတွေကို ပြသခြင်းတစ်မျိုးဖြစ်ပါတယ်။ ဒီနေရာမှာ သင်လေ့ကျင့်နိုင်တဲ့ နည်းလမ်းတစ်ချို့ကို မျှဝေပေးထားပါတယ်။ အမြဲတမ်း ”ကျေးဇူးပြုပြီး”နှင့် ”ကျေးဇူးတင်ပါတယ်”လို့ ပြောပါ။ အတင်းမပြောပါနဲ့။ သင့်ကို လူတွေဆက်ဆံစေချင်သလို အခြားလူတွေကိုလည်း ဒီအတိုင်းပဲ ပြောဆိုဆက်ဆံပါ။
၂။ မိမိကိုယ်ကိုလေးစားမှုကို ဖန်တီးပါ
မည်သူတစ်ဦးတစ်ယောက်မှ ပြီးပြည့်စုံခြင်းမရှိဘူးဆိုတာ သတိရဖို့ အရေးကြီးပါတယ်။ အမှားတွေ လုပ်မိတဲ့အခါ ကိုယ့်ကိုယ်ကို အရမ်းအပြစ်မတင်ပါနှင့်။ အမှားလုပ်ခြင်းက လူသားဖြစ်ခြင်းရဲ့ အစိတ်အပိုင်းတစ်ခုပါ။ မိမိကိုယ်ကိုအလွန်အမင်းဝေဖန်ခြင်း (သို့) မိမိကိုယ်ကိုရက်စက်ခြင်းတွေအစား သင့်အမှားတွေကို တွေးတောဆင်ခြင်ပါ။ သူတို့ဆီက သင်ခန်းစာယူပြီးရှေ့ဆက်ပါ။ ကိုယ့်ကိုယ်ကို အပြစ်ရှာခြင်းက သင့်နေ့စဉ်လုပ်ရိုးလုပ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခု မဟုတ်ပါဘူး။ သင့်အကြောင်းကို တစ်ခြားသူတွေဆီ မကောင်းသတင်းမဖြန့်မိပါစေနှင့်။ အဲဒီလိုလုပ်တာက တစ်ခြားသူတွေ အတင်းပြောစရာ အကြောင်းအရာတစ်ခုထပ်တိုးစေတာထက် မပိုပါဘူး။
၃။ ဘဝရပ်တည်ချက်ခိုင်မာစေတဲ့တန်ဖိုးတွေကို တည်ဆောက်ပါ
သင်ဟာ ရိုးသားတဲ့လူတစ်ယောက်၊ ဘယ်တော့မှ သစ္စာမဖောက်မယ့်လူတစ်ယောက်၊ ကိုယ်ချင်းစာတရားကို ထိပ်တန်းကိုးကွယ်မှုလူတစ်ယောက်။ တန်ဖိုးတွေဟာ သင့်ကိုဇဝေဇဝါဖြစ်စေပြီးတော့ မကောင်းတဲ့ဆုံးဖြတ်ချက်တွေ မချမိစေဖို့ တားဆီးတဲ့လမ်းညွှန်တွေဖြစ်ပါတယ်။ သင့်မိဘတွေ၊ အဘိုးအဘွားတွေ (သို့) ဘဝအပေါ်မှာ အကြံဉာဏ်တွေနှင့် ထိုးထွင်းသိမြင်မှုတွေကို ပေးတတ်တဲ့ သက်ကြီးရွယ်အိုတွေရဲ့ စကားကို နားထောင်ပါ။
သူတို့က မကောင်းတဲ့အခြေအနေ၊ ပြဿနာတွေကို ဘယ်လိုရှောင်ရှားရမယ် နောက်ပြီး ဘဝအတွက်အကောင်းဆုံးရွေးချယ်မှုတွေကို ဘယ်လိုပြုလုပ်ရမယ်ဆိုတာ သင်ပေးနိုင်ပါတယ်။ ရွယ်တူချင်းဖိအားပေးခံရတဲ့အခါ (သို့) ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ချရမယ့်အခိုက်အတန့်တွေ ရင်ဆိုင်ရတဲ့အခါ သင့်တန်ဖိုးတွေကို သတိရပါ။ နောင်တစ်ချိန်မှာ နောင်တရလာနိုင်မယ့် ဆိုးယုတ်တဲ့ဆုံးဖြတ်ချက်တွေရဲ့ သွေးဆောင်ခြင်းကို မခံရပါစေနှင့်။
၄။ ရင့်ကျက်ပါ
တတ်နိုင်သမျှ ပြီးပြည့်စုံဖို့ အနီးကပ်ကြိုးစားတဲ့အခါ အဓိကအစိတ်အပိုင်းက တာဝန်မှုရှိခြင်းနှင့် ဘဝမှာ ကြုံတွေလာရနိုင်တဲ့ အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းဖြစ်ပါတယ်။ ရင့်ကျက်ဖို့အတွက် လေ့ကျင့်ရမယ့်အရာတွေက ကိုယ့်တာဝန်ကို ကျေကျေနပ်နပ် မညည်းမညူပြုလုပ်ပါ။အိမ်မှာ၊ ကျောင်းမှာ၊ သင့်သူငယ်ချင်းတွေနှင့် မိသားစုကြားက တာဝန်တွေကို အသိအမှတ်ပြုပြီးတော့ ၎င်းတို့နှင့် အညီနေထိုင်တတ်ဖို့ အတတ်နိုင်ဆုံးကြိုးစားပါ။ ဆိုလိုတာကတော့ အိမ်မှာ ကူညီခြင်း၊ သင့်သူငယ်ချင်းတွေကို ကြင်နာခြင်းနှင့် ကျောင်းမှာ အကောင်းဆုံးကြိုးစားခြင်းကို ဆိုလိုပါတယ်။
၅။ နှိမ့်ချမှု၊ လူသားဆန်မှုကို လေ့ကျင့်ပါ
သင်ရဲ့အောင်မြင်မှုတွေကို ဂုဏ်ယူဝင့်ကြွားခြင်းက အဆင်ပြေပေမယ့် လူတိုင်းကို မကြွားဝါမိစေဖို့ ကြိုးစားပါ။ ဥပမာ- ဘတ်စကောဘောဂိမ်းတစ်ခုမှာ သင်ရမှတ်အများဆုံးရခဲ့လျှင် ၎င်းကို ကောင်းစွာခံစားရဖို့နှင့် အခြားသူတွေရဲ့ ချီးမွမ်းမှုကို လက်ခံဖို့ အဆင်ပြေပါတယ်။ သို့ပေမယ့် အသင်းအတွက် သင်အနိုင်ရရှိခဲ့ကြောင်း လူတိုင်းကို မပြောပါနှင့်။ သူတို့နဲ့ ယှဉ်ပြိုင်မယ့်အစား သူတစ်ပါးကို ချီးမွမ်းပါ။ တစ်စုံတစ်ဦးရဲ့ အောင်မြင်မှု (သို့) ကြိုးစားအားထုတ်မှုတွေကို သင်သတိပြုမိမယ်ဆိုရင် ထိုသူအား စိတ်ရင်းမှန်နဲ့ချီးမွမ်းပါ။
Lifestyle_Myanmar
Nyein_Thu
Ref-wikihow