တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးဖို့ဆိုတာက အလွန်ခက်ခဲပါတယ်။ အဲ့လိုပါပဲ ချစ်မိသွားတဲ့အခါ မချစ်မိအောင် ထိန်းသိမ်းသင်ယူဖို့ဆိုတာ ဇွဲရှိဖို့နှင့် ခံနိုင်ရည်ရှိဖို့ အများကြီးလိုအပ်ပါတယ်။ အထူးသဖြင့် သင့်စိတ်လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ခြင်းမရှိတဲ့အခါ ပိုခံစားရပါတယ်။ သင်ချစ်မိတဲ့သူက လုံးဝမချစ်သင့်တဲ့သူတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင် အတတ်နိုင်ဆုံး မဖြစ်မနေရှောင်ကြဉ်ပါ။ အဲ့ဒီ့အတွက် နည်းလမ်းကောင်းလေးတွေ ပြောပြပေးချင်ပါတယ်။
၁။ သင်ချစ်မိသူနှင့် အကွာအဝေးကို ထိန်းထားပါ
သင့်ခံစားချက်တွေကို အကောင်းဆုံးထိန်းသိမ်းနိုင်ဖို့ အတွက် အသင့်တော်ဆုံးနည်းလမ်းက သင်ချစ်မိတဲ့သူနှင့် တတ်နိုင်သမျှ အကွာအဝေးကို ထိန်းသိမ်းထားခြင်းပဲ ဖြစ်ပါတယ်။ သူနဲ့ ပတ်သက်တဲ့ လူမှုရေးကိစ္စတွေနဲ့ ဝေးဝေးနေပါ။ ထိုလူနှင့်သင် အပြန်အလှန်သွေးဆောင်မခံရစေဖို့ သင့်အကွာအဝေးကို သီးသန့်ထားပါ။ နောက်တစ်ခုရှိတာက လူမှုမီဒီယာမှာ သင်နဲ့ သူငယ်ချင်းမဖြစ်ပါစေနဲ့။ သို့မှသာ သင်က သူ့ရဲ့ ကိုယ်ရေးကိုယ်တာ (သို့) တစ်နေ့တာ လုပ်ဆောင်မှုတွေကို ကြည့်ဖို့ ဖြားယောင်းခြင်းမခံရမှာပါ။
၃။ စိတ်ကူးယဉ်အမူအရာတွေ (သို့) လက်ဆောင်တွေကို လက်မခံပါနှင့်
ထိုလူက သင့်ကို ချစ်ခင်ကြောင်းပြသဖို့ လက်ဆောင်တွေပေးခြင်း (သို့) ကြင်နာတဲ့ ဟန်ပန်အမူအရာတွေပြုလုပ်နိုင်ပါတယ်။ ဒီအပြုအမူတွေကို လက်ခံခြင်း (သို့) အားပေးခြင်းရှောင်ပါ။ ထိုသူထံက လက်ဆောင်တွေ (သို့) ကြင်နာတဲ့အပြုအမူတွေကို လက်ခံခြင်းက သူ့အနေနဲ့ သင်နောက် ဆက်လိုက်ဖို့ အားပေးမှုဖြစ်စေနိုင်ပါတယ်။ သင့်အနေနဲ့ သူတို့ကို ရှောင်ရှားဖို့ ကြိုးစားနေတယ်ဆိုရင် အားလုံးကို သတိထားပါ။
ဥပမာ- သင်က ယဉ်ကျေးစွာပဲ ”ကျေးဇူးတင်ပါတယ်”လို့ ပြောပြီးတော့ သူတို့လက်ဆောင်ကို ငြင်းပယ်နိုင်ပါတယ်။ ဒါမှမဟုတ် သင့်အတွက်တစ်ခုခုလုပ်ပေးဖို့ ကြိုးစားမယ်ဆိုရင် ”ရတယ်၊ ကျွန်မကိုယ်တိုင်လုပ်နိုင်တယ်” လို့ သင်ပြောနိုင်ပါတယ်။
၄။ ထိုလူရဲ့ မကောင်းတဲ့အရည်အသွေးတွေကို စာရင်းပြုစုပါ
ဒီလိုလုပ်ခြင်းက ၎င်းကို ချစ်မြတ်နိုးခြင်းက ရှောင်ရှားဖို့ ကူညီပေးပါလိမ့်မယ်။ ရိုးသားပါ။ သင် သူနဲ့ ပြောဆိုဆက်ဆံတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ (သို့) ပြဿနာဖြစ်စေနိုင်တဲ့ အဲ့ဒီ့လူရဲ့ အရည်အသွေးတွေကို စာရင်းပြုစုထားပါ။ ပြီးရင် ခဏခဏပြန်ဖတ်ပါ။ ဒါမှ သင့်ရဲ့ လည်နေတဲ့စိတ်တွေ ပြန်တည့်မတ်နိုင်မှာပါ။
၅။ သင်နှင့် အဲဒီ့လူနဲ့ဘာကြောင့် မဖြစ်သင့်သလဲဆိုတာ စဉ်းစားပါ
သင်နဲ့ ထိုလူ ဘာကြောင့် သင့်တော်တဲ့အိမ်ထောင်ဖက်တွေ မဖြစ်သင့်တာလဲဆိုတာ စဉ်းစားပါ။ သင်က သူတို့ရဲ့ မကောင်းတဲ့ အရည်အသွေးတွေကို စာရင်းပြုစုထားပြီးဖြစ်တဲ့အတွက် သင်မကြိုက်တဲ့အချက်တွေကိုလည်း သိထားပြီးနေပါပြီ။ ဒါ့ကြောင့် သင်တို့ရဲ့ ဘယ်လိုမှ ညှိမရခြင်း၊ သဟဇာတမဖြစ်ခြင်းက သူ့ကို မိတ်ဆွေတစ်ဦးအဖြစ်သာ မြင်စေပါတယ်။
၆။ ဝါသနာတစ်ခု (သို့) လှုပ်ရှားမှုတစ်ခုဖြင့် အာရုံပြောင်းပါ
မချစ်သင့်တဲ့သူကို မချစ်မိစေဖို့ ရှောင်ရှားနိုင်မယ့် နည်းလမ်းတစ်ခုရှိပါသေးတယ်။ အဲ့ဒါကတော့ သင့်အချိန်တွေ၊ သင့်အတွေးတွေကို သူ့ဆီမှာပဲ တဝဲလည်လည်မထားဘဲ ကိုယ်ပိုင်လိုအပ်ချက်တွေနှင့် ကိုယ်ပိုင်အကျိုးစီးပွားအတွက် အချိန်ပေးခြင်းဖြစ်ပါတယ်။ သင်ချစ်မြတ်နိုးတဲ့ ဝါသနာတစ်ခုမှာ သင့်စွမ်းအင်တွေကို ထည့်သွင်းခြင်းက သင့်ရဲ့ စိတ်ကူးယဉ်ဆန်တဲ့ တောင့်တမှုကနေ ကိုယ့်ကိုယ်ကို အာရုံလွှဲပါ။ ဒါမှမဟုတ် အကုန်အကျမများတဲ့ လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ပါ။ ဥပမာ-ပန်းချီဆွဲခြင်း၊ စာရေးခြင်း၊ တေးဂီတတူရိယာတစ်ခုခု လေ့ကျင့်ခြင်းနှင့် သင့်ခန္ဓာကိုယ်ကို အားဖြည့်ဖို့ အားကစားကဲ့သို့သော လှုပ်ရှားမှုတစ်ခု (သို့) ကျောင်းအဖွဲ့တစ်ဖွဲ့ထဲသို့ ဝင်ရောက်နိုင်ပါတယ်။
၇။ သင့်သူငယ်ချင်းတွေနှင့် ချစ်မြတ်နိုးရတဲ့သူတွေကို ကူညီပါ
သင့်အနေနဲ့ တစ်စုံတစ်ဦးကို ချစ်မိနေတဲ့ ချစ်ခြင်းမေတ္တာတွေကို ရှောင်ရှားဖို့ ဘယ်လိုကြိုးစားနေတယ်ဆိုတာ မိတ်ဆွေတွေကို ပြောပြပါ။ သင်ရဲ့ ခံစားချက်တွေကို ရင်းနှီးတဲ့မိသားစုဝင်တစ်ဦးအား ပြောပြပါ။ သင့်ကို စိတ်ရှည်လက်ရှည်နားထောင်ပေးမယ့်သူနဲ့ စကားပြောခြင်းက သင့်ကိုအထီးကျန်မှုတွေကနေ ကုသပေးပါလိမ့်မယ်။ တစ်ဆက်တည်း ”ငါဘာလုပ်သင့်သလဲ”လို့ တစ်ခါတည်း အကြံဉာဏ်တောင်းပါ။ နောက်ပြီး အခံ့သင့်ရင် ထိုလူကို မချစ်မိစေဖို့ အကြံဉာဏ်တွေ ရကောင်းရလာပါလိမ့်မယ်။
Lifestyle_Myanmar
Nyein_Thu
Ref-wikihow