
နားလည်မှု ပျော်ရွှင်မှုတွေနဲ့ တည်ဆောက်ထားတဲ့ သူတို့နှစ်ဦးကို MODA Team က ဒီတစ်လရဲ့ Cover Star အဖြစ် ရွေးချယ်ခဲ့ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ပထမဆုံးတွေ့ခဲ့တဲ့အချိန်ကတည်းက မှတ်မှတ်ထင်ထင်ဖြစ်ခဲ့တဲ့ ရနံ့လေးတွေနဲ့ ပျော်ရွှင်စရာ Memory လေးတွေအကြောင်းကို ကြည်ကြည်နူးနူးလေး ပြောပြခဲ့တဲ့ Thu Rayn Kyaw Moe နဲ့ Christina Lim တို့က သူတို့နှစ်ဦးရဲ့ ချစ်ခြင်းကို ယုံကြည်မှုပိုစေတဲ့ အချက်လေးတွေအကြောင်းကိုလည်း ဖွင့်ဟခဲ့ပါတယ်။
Thu Rayn Kyaw Moe
နှစ်ယောက်ရဲ့ Relationship သက်တမ်းက ၁၅နှစ်ရှိပြီလို့သိရတယ်။ ဒီလိုအချိန်အကြာကြီးမှာ ဘယ်လို နားလည်မှုတွေနဲ့တည်ဆောက်ခဲ့ကြလဲ။
တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုနဲ့ အပြန်အလှန်လေးစားမှုပေါ့။ အဲ့ဒါတွေနဲ့ တည်ဆောက်ထားတာပါ။ မတ်လ ၂၅ ဆိုရင် ၁၅ နှစ်ပြည့်ပြီ။
ဒီကာလအရှည်ကြီးမှာတယောက်နဲ့တယောက် အမြဲ Romantic ဖြစ်နေအောင် ဘယ်လိုမျိုးလေးတွေလုပ်ပေးဖြစ်လဲ။
Romantic ဖြစ်တယ်လို့လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့လည်း ပုံမှန်ပါပဲ။ ပုံမှန်လူတွေသွားသလိုပဲ။ ပုံမှန်ဖြတ်သန်းကြတာပါ။ အရမ်းကြီး Romantic ဖြစ်တယ်လို့လည်း မဟုတ်ပါဘူး။ အမြဲတမ်း Romantic ဖြစ်နေတာတော့ မဟုတ်ပါဘူး။ ဖြစ်သင့်တဲ့အချိန်လေးတွေဆို ဖြစ်လိုက်တယ်။ အဲ့လိုမျိုးလောက်ပါပဲ။

ကတောက်ကဆ ဖြစ်တဲ့အချိန်တွေရော ရှိလား ။ ဒီလိုအချိန်တွေကို ဘယ်လိုကျော်ဖြတ်ခဲ့လဲ။
ကတောက်ကဆ ဖြစ်တဲ့အချိန်တွေရော ရှိလား ။ ဒီလိုအချိန်တွေကို ဘယ်လိုကျော်ဖြတ်ခဲ့လဲ။
ကတောက်ကဆဖြစ်တဲ့အချိန်တွေရှိတယ်။ အဲ့လိုအချိန်မျိုးဆို သိပ်စကားမပြောဖြစ်တာများတယ်။ အေးအေးဆေးဆေးဖြစ်တဲ့အချိန်လောက်မှ အဲ့အကြောင်းကို ပြန်ပြောတာ။ နားလည်မှုယူဖို့အတွက်ကတော့ စကားများများပြောဖြစ်တယ်။ ဒီပြသနာဘယ်ကနေစဖြစ်တယ်ဆိုတာမျိုး အစကို ပြန်သွားပြီးတော့ အေးအေးဆေးဆေးပဲ ဖြေရှင်းတယ်။
ယောကျာ်းလေးတစ်ယောက်အနေနဲ့ နှစ်ပတ်လည်နေ့တွေ ၊ အမျိုးသမီးရဲ့မွေးနေ့လိုမျိုးတွေကို မေ့တဲ့အခါမျိုးတွေရှိခဲ့လား။
ကျွန်တော်က မမေ့ဘူး။ သူပဲမေ့တာ (Christina Lim ကိုကြည့်ပြီး ရယ်လျှက်)
နှစ်ဦးသား ချစ်ခြင်းမေတ္တာကို ဘယ်လိုပုံဖော်ထားလဲ။
အဓိက ပျော်ရွှင်မှုပါပဲ။ ကျွန်တော်တို့ ခံယူထားတာ အောင်မြင်မှုတို့၊ ကျော်ကြားမှုတို့ထက်စာရင် ပျော်ပျော်ရွှင်ရွှင်လေးပဲ ဖြတ်သန်းချင်တာပေါ့။ အဓိကကတော့ ပျော်ရွှင်မှုကို အခြေခံထားပြီးတော့ ဆက်သွားနေတာပေါ့။
အစ်ကို့အနေနဲ့ လူတစ်ယောက်ရဲ့ ကိုယ်သင်းရနံ့က သူ့ရဲ့ First Impression အတွက်ဘယ်လောက်ထိ အရေးပါတယ်ထင်ပါသလဲ။
တော်တော်များများကို အရေးပါတယ်လို့ ထင်ပါတယ်။
အစ်ကိုအစ်မနဲ့ စတွေ့တုန်းက သူ့ရဲ့ကိုယ်သင်းရနံ့က အစ်ကို့အတွက် First Impression ကိုဘယ်လို ပေးဆောင်ခဲ့လဲ။ အခုထိရော စိတ်ထဲမှာ စွဲထင်နေတုန်းပဲလား။
စွဲနေတုန်းပဲ။ သူအရင်တုန်းက ဆွတ်တဲ့ ရေမွှေးလေးတစ်ခုရှိတယ်။ အရင်တုန်းက သူပစ္စည်းလေးတွေပေးရင် အဲ့ရေမွှေးလေးကို ဆွတ် ဆွတ်ပြီးပေးတာ။ အဲ့အနံ့ပျောက်မှာစိုးလို့ အရင်တုန်းက ကျွတ်ကျွတ်အိတ်လေးနဲ့ ချည်ပြီးတော့ ပစ္စည်းလေးတွေကို သိမ်းဖြစ်တယ်။
ဟိုတလောက Comfort ပွဲလေးမှာ အစ်ကိုတို့တက်ခဲ့တဲ့ဓာတ်ပုံတွေကို တွေ့ခဲ့ပါတယ်။ အဲ့ဒါ အစ်ကိုတို့လည်း Comfort သုံးဖြစ်တယ်ပေါ့။
သုံးဖြစ်တယ်။ သုံးဖြစ်တာက သူက အင်္ကျီတွေသာမကဘဲ စောင်တွေပါ မွှေးလို့ဆိုပြီးလျှော်တယ်။ စောင်တွေရော ခေါင်းအုံးတွေရောထည့်လျှော်တယ်။
ဘာကြောင့် Comfort ကိုသုံးဖြစ်ခဲ့တာလဲ။
တခြားတံဆိပ်တွေထက် မွှေးပြီးတော့ ပိုကြာကြာခံတယ်။ ပုံမှန်ဆိုလျှော်ပြီးလို့ အင်္ကျီကိုထုတ်လိုက်ရင် အနံ့တွေက ပျံ့သွားတယ်။ လျှော်ပြီး ဗီရိုထဲထည့်လိုက်တာနဲ့ ဗီရိုတစ်ခုလုံးက သူ့အနံ့ကိုထွက်နေတာ။ ခရီးသွားတဲ့အခါကျရင်လည်း တခြားနေရာရောက်တဲ့အထိ အဲ့အနံ့လေးက ပါနေတာ။
Comfort ရဲ့ ရနံ့တွေထဲမှာရော ကိုယ့်ကို Confidence ရှိစေတဲ့ ရနံ့မျိုးပါလား။
၂ခုလုံးတော့ ကြိုက်တယ်။ တစ်မျိုးစီပေါ့။ တစ်ခုရိုးသွားရင် တစ်ခုသုံး အပြောင်းအလဲလေးသုံးတာပေါ့။

ချစ်သူဘဝမှာသာမက အိမ်ထောင်သည်ဘဝမှာပါ အမြဲ Romantic ဖြစ်စေတဲ့ လျို့ဝှက်ချက်က ဘာဖြစ်မလဲ။
ချစ်သူဘဝမှာသာမက အိမ်ထောင်သည်ဘဝမှာပါ အမြဲ Romantic ဖြစ်စေတဲ့ လျို့ဝှက်ချက်က ဘာဖြစ်မလဲ။
အဓိကကတော့ ပျော်အောင်နေမယ်ဆိုတဲ့ ပင်ကိုယ်စိတ်ကပဲ ဖြစ်ပါလိမ့်မယ်။
ခရီးတစ်ခုသွားတော့မယ်ဆိုရင် အရင်ဆုံးစဉ်းစားမိတာက ဘာဖြစ်မလဲ။
အဝတ်အစား စဉ်းစားတယ်။ သွားရင်လည်း ပျော်ပျော်ရွှင်ရွှင်သွားဖို့ပဲ စဉ်းစားတယ်။
ခရီးစဉ်တစ်ခုမှာ သက်သောင့်သက်သာနဲ့ အဆင်ပြေပြေဖြစ်စေဖို့ ဘာတွေအရင်ဆုံးပြင်ဆင်လဲ။
နှစ်ယောက်တိုင်ပင်တယ်။ ဟိုတယ်ဆိုလည်း ရွေးချယ်ထားတဲ့ ဟိုတယ်ကို စောစောစီးစီးကတည်းက Booking လုပ်တယ်။ အနားကပ်ပြီးမှဆိုရင် Rush ဖြစ်တယ်။ တည်းမယ့်ဟိုတယ်လောက်ပဲရွေးတယ်။ ကျန်တာတွေက ရောက်ရင် ရောက်တဲ့အတိုင်း Go with the flow ပဲသွားတယ်။
Relationship တစ်ခုမှာ ခရီးသွားခြင်းက ဘယ်လောက်အထိ ရင်းနှီးမှုပိုစေတယ်လို့ထင်လဲ။
လူတစ်ယောက်အကြောင်းသိချင်ရင် ခရီးအတူတူသွားကြည့်ဆိုတဲ့အတိုင်းပေါ့။ ခရီးသွားရင် တစ်ယောက်နဲ့တစ်ယောက်ပိုသိတယ်။ စကားများများပိုပြောဖြစ်တယ်။ မြို့ပြမှာထက်စာရင် ခရီးသွားတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီးနဲ့ Future Plan လေးတွေပြောဖြစ်တာပေါ့။ များများပြောသင့်တယ်။ များများသွားသင့်တယ်လို့လည်းထင်တယ်။
Christina Lim
ချစ်ခြင်းမေတ္တာအပြည့်အဝ ရရှိတဲ့ အမျိုးသမီးတွေဟာ ဘက်စုံမှာ အောင်မြင်ကြတယ်ဆိုတာနဲ့ပတ်သက်ပြီး အစ်မရဲ့ အမြင်လေးပြောပြပေးပါဦး။
အောင်မြင်တယ်ဆိုတာလည်း ကိုယ့်ဘက်ကလည်း အချစ်တွေ အပြည့်အဝပေးနိုင်ရမယ်။ ချစ်တယ်ဆိုတာလည်း အပေးအယူမျှရမယ်။ အောင်မြင်တယ်ဆိုတာလည်း ကိုယ့်ရွေးချယ်မှုပေါ့။
အစ်ကို့ကို ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ဖြစ်ခဲ့တဲ့ အဓိကအချက်က ဘာဖြစ်မလဲ။
အဓိကက သူက စိတ်ရှည်တယ်။ သူ့ကို စသိတည်းက ဘယ်တော့မှ အော်တာ၊ ဆဲတာတွေ မရှိဘူး။ ပြီးတော့ သူကအမြဲပျော်နေတာ။ အဓိကကတော့ အဲ့ဒါတွေပေါ့။
အများကအားကျပြီး ကိုယ်တိုင်ကလည်း သာယာတဲ့အိမ်ထောင်တစ်ခုကို တည်ဆောက်ထားတဲ့ အဓိကလျို့ဝှက်ချက်က ဘာလို့ထင်လဲ။
လျှို့ဝှက်ချက်တော့ မရှိပါဘူး။ အဓိကကတော့ ကိုယ့်ဘက်ကလည်း အကောင်းဆုံးဖြစ်အောင်နေတယ်။ ရည်းစားဘဝမှာပဲဖြစ်ဖြစ်၊ အိမ်ထောင်သည်အမျိုးသမီးဘဝမှာပဲ ဖြစ်ဖြစ် အကောင်းဆုံးဖြစ်အောင်နေတယ်။
အစ်မတို့ စုံတွဲရဲ့ အများနဲ့ မတူတဲ့ ထူးခြားနေတဲ့ Style တစ်ခုကို ပြောပါဆိုရင် ဘာလို့ထင်လဲ။
ဘာပဲရိုက်ရိုက် ဘာပဲတင်တင် ကိုယ့်ရဲ့ Reality ၊ ကိုယ်ပျော်နေတဲ့ Movement လေးတွေကို သူများကို ပေးချင်လို့ ရိုက်ပြီးတင်ဖြစ်တာများတယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှုလေးတွေကို Sharing လုပ်ပေးချင်လို့ ရိုက်ဖြစ်တာပေါ့။

ချစ်ခြင်းမေတ္တာတွေကိုအမြဲ လတ်ဆတ်နေစေတဲ့အကြောင်းအရင်းကရော ဘာလဲ။
ချစ်ခြင်းမေတ္တာတွေကိုအမြဲ လတ်ဆတ်နေစေတဲ့အကြောင်းအရင်းကရော ဘာလဲ။
ပျော်ပျော်ပါးပါး ပေါ့ပေါ့ပါးပါးပဲ နေဖြစ်တယ်။ ကိုယ့်ရဲ့ ပျော်တာကို အနှောင့်အယှက်ဖြစ်တဲ့အရာမျိုးဆို မလုပ်ဖြစ်တာများတယ်။ ကိုယ့်ပျော်ရွှင်မှုကို ထိခိုက်လာမယ်။ ကိုယ့် Relationship ကို ထိခိုက်လာမယ်ဆိုရင် ရှောင်တယ်။
ချစ်ခြင်းမေတ္တာနဲ့ ရနံ့လေးတွေနဲ့ ဆက်နွယ်မှုအကြောင်းကို ပုံဖော်ပေးပါဦး။ ဘယ်လို ရနံ့လေးတွေက အစ်မတို့ရဲ့ချစ်ခြင်းကို အမှတ်ရစေပါသလဲ။
Chris က မွှေးရနံ့တစ်ခုကို Memory တစ်ခုအနေနဲ့ မှတ်တယ်။ ခရီးသွားရင် တစ်နေရာသွားရင် ရေမွှေးတစ်မျိုးသုံးတယ်။ ရေမွှေးနံ့တစ်ခုရရင် အဲ့တစ်နေရာကို တန်းပြီးမြင်အောင်ပေါ့။ နောက်ပိုင်းကျတော့ သွားတာတွေများလာတော့ ရေမွှေးနံ့လည်း သိပ်မလုပ်နိုင်တော့ဘူး။ (ရယ်လျှက်) Chris က တစ်ချို့လူနာမည်တွေကို မမှတ်မိရင်သာနေမယ်။ အမွှေးနံ့တော့ မှတ်မိတယ်။ အမွှေးကြိုက်လို့။
ချစ်ခြင်းမေတ္တာနဲ့ ရနံ့လေးတွေရဲ့ ဆက်နွယ်မှုအကြောင်းလည်း ပြောပြပေးပါဦး။
Chris ကတော့ အမွှေးနံ့က အရမ်းအရေးကြီးတယ်လို့ထင်တယ်။ အမွှေးနံ့က Mood ပေးတယ်လို့ထင်တယ်။ ဒါကြောင့်အရေးကြီးတယ်လို့ ထင်တယ်။
ကိုယ်ရွေးချယ်လိုက်တဲ့ ရနံ့ကြောင့် ဘယ်လောက်အထိ ယုံကြည်မှုပိုစေခဲ့လဲ။
A . တစ်ယောက်နဲ့ တစ်ယောက် ကြိုက်တဲ့အနံ့ချင်းမတူဘူး။ Chris ဆိုရင် ပန်းနံ့သင်းသင်းလေးတွေကြိုက်တယ်။ ချိုချိုအီအီကြီးတွေ မကြိုက်ဘူး။ ချိုချိုသင်းသင်းလေးတွေဆို ကြိုက်တယ်။ ကိုယ်ကြိုက်တဲ့အနံ့ဆွတ်ထားရင် နေလို့ကောင်းနေတယ်။ ခေါင်းလည်းကြည်တယ်။ ကိုယ်မကြိုက်တဲ့အနံ့ကို ဆွတ်ထားမိရင် နေလို့မကောင်းဘူး။ ခေါင်းလည်းမကြည်တော့ဘူး။
အစ်ကိုနဲ့အစ်မတို့ စတွေ့တွေ့ချင်း First Impression တွေကိုပြန်အမှတ်ရစေမယ့် ရနံ့လေးတစ်ခုဆိုရင် ဘာဖြစ်မလဲ။
သူ့ဆီက အမြဲရတတ်တဲ့အနံ့က ရေမွှေးမဟုတ်ဘူး။ ဆပ်ပြာမှုန့်နံ့။ ဘယ်လိုသတိထားမိလည်းဆိုတော့ သူနဲ့ အိမ်ထောင်စကျတော့ အိမ်ပြောင်းတဲ့အချိန်မှာ သူ့အိမ်ကအနံ့က အဲ့အနံ့ဆိုတာကို မှတ်မိနေတယ်။ သူ့အခန်းထဲပြန်ဝင်သွားလိုက်ရင် အဝတ်လျှော်မှုန့်အနံ့ပေါ့နော်။
ဟိုတလောက Comfort ပွဲလေးမှာ အစ်မတို့တက်ခဲ့တဲ့ဓာတ်ပုံတွေကို တွေ့ခဲ့ပါတယ်။ အဲ့ဒါ Comfort ရဲ့ ရနံ့တွေထဲမှာ memory တွေကို ပြန်သတိရစေတဲ့ ရနံ့မျိုးလေးတွေပါလား။ ပါတယ်ဆိုရင် ဘယ်လိုမျိုးလေးတွေလဲ။
Comfort က မွှေးတယ်။ ဒါပေမယ့် Chris တို့ သုံးဖူးတဲ့ အနံ့တွေနဲ့လည်း မတူပြန်ဘူး။ တစ်မျိုးလေးမွှေးနေတယ်။ အမှတ်ရစရာဆိုတာကတော့ Comfort သုံးပြီးကတည်းက တက်တက်ကြွကြွသွားလာဖြစ်တယ်။ လန်းလန်းလေးပေါ့။ ဒီအနံ့ရှုလိုက်တိုင်း ခေါင်းကြည်တယ်။ အဝတ်အစားလေးတွေ အသုံးအဆောင်လေးတွေက မွှေးနေတဲ့အခါကျတော့ စိတ်ကြည်တယ်။

ချစ်ခြင်းမေတ္တာရဲ့ နားလည်မှုဆိုတာကို အစ်မအနေနဲ့ ဘယ်လိုအဓိပ္ပါယ်ဖွင့်ချင်လဲ။
ချစ်ခြင်းမေတ္တာရဲ့ နားလည်မှုဆိုတာကို အစ်မအနေနဲ့ ဘယ်လိုအဓိပ္ပါယ်ဖွင့်ချင်လဲ။
ချစ်တဲ့အခါကျတော့ တချို့အရာနားလည်မပေးနိုင်တဲ့အရာတွေကိုတောင် နားလည်ပေးနိုင်တယ်။ ကိုယ်တကယ်ချစ်တယ်ဆိုရင်ပေါ့။ အင်္ဂလိပ်လိုပြောရရင် Unconditional Love ပေါ့။ Condition ပေါ်မူတည်ပြီး နားလည်ပေးတာမျိုးမဟုတ်ဘဲ အလိုလိုနေရင်းနားလည်ပေးနိုင်တယ်။
အိမ်ထောင်တစ်ခုတည်ဆောက်တဲ့အခါ လက်တွဲဖော်တစ်ယောက်အနေနဲ့ သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးပါလား။
Chris တို့ နှစ်ယောက်စလုံးမှာက အမျိုးသမီးမို့လို့ ဒီအလုပ်လုပ်ရမယ်။ အမျိုးသားမို့လို့ ဒီအလုပ်လုပ်ရမယ်ဆိုတာမျိုး မရှိဘူး။ နှစ်ယောက်စလုံးက အကုန်တူတူလုပ်တယ်။
အစ်မတို့ အတူတူသွားခဲ့ကြတဲ့ ခရီးတွေထဲမှာ အမှတ်တရအဖြစ်ဆုံးခရီးစဉ်က ဘာဖြစ်မလဲ။ ဘာကြောင့်လဲ။
အမှတ်ရစရာတွေကတော့ အများကြီး။ Chris က ခရီးစသွားတာဆိုရင် သူနဲ့အိမ်ထောင်ကျပြီးမှ စသွားဖြစ်တာ။ ပထမဆုံး သူနဲ့ လွတ်လွတ်လပ်လပ် စသွားဖြစ်တာဆို ဟန်းနီးမွန်းခရီးပေါ့။ ဟန်းနီးမွန်းကတော့ ဘယ်တော့မှ မမေ့ဘူး။ ဟန်နီးမွန်းသွားခဲ့တဲ့ နေရာကိုပဲ ပြီးခဲ့တဲ့နှစ် Anniversary တုန်းက Surprise လုပ်ပြီးတော့ ပြန်ပို့ပေးတယ်။ အကုန်လုံးက အမှတ်ရစရာဖြစ်ပေမယ့် အဲ့ဒါလေးကတော့ မှတ်မှတ်ရရပဲပေါ့။
အိပ်မက်ထဲက ခရီးစဉ်လေးရှိခဲ့ရင်ရော အကောင်အထည်ဖော်ခဲ့ပြီးပြီလား။ အဲ့ဒါက ဘယ်လိုခရီးစဉ်မျိုးဖြစ်မလဲ။
Chris ကတော့ Beach တွေသွားရတာကြိုက်တယ်။ တော်တော်များများလည်း ရောက်ပြီးပြီ။ သွားချင်တဲ့ Beach တွေလည်း ရှိတယ်။ သွားလည်း သွားမှာပါ။ ရာသီဥတုကောင်းပြီး အလုပ်လည်း ပါးတဲ့အချိန်ဆိုရင်တော့ သွားဖြစ်မှာပါ။