ကိုယ်နဲ့ ယောက္ခမက အတူတူနေလို့ပဲဖြစ်ဖြစ်၊ မနေလို့ဘဲဖြစ်ဖြစ် မပြေလည်ကြရင် ကိုယ့်ရဲ့ ခင်ပွန်းသည်ရော ကိုယ်ရော စိတ်ညစ်ရပါတယ်။ လူတွေမှာလိုအပ်တာက အပြောချိုသာမှုပါပဲ။ အပြောချိုရင် အရာအားလုံးမှာ အဆင်မပြေဘူးဆိုတာထက် ပြေလည်ကြတာက ပိုများပါတယ်။ ဘာပဲပြောပြော ပြေလည်တာကတော့ အတိုင်းထက်အလွန်ပေ့ါလေ။ ဒီတော့ ဘယ်လိုစကားတွေကို အဓိကထားပြောရမလဲဆိုတာကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ ယောက္ခမနဲ့ အဆင်ပြေကြပါစေ။
၁။ မေမေက ဘယ်တော့ကြည့်ကြည့် နုပျိုလန်းဆန်းနေတာပဲ
ဒီစကားတစ်ခွန်းက တကယ်တော့ ဘယ်သူ့ကိုပြောပြော အပြောခံရတဲ့သူတွေက ကျေနပ် သဘောကျကြပါတယ်။ ယောင်္ကျားပြောပြော မိန်းမပြောပြော အားလုံးကကြိုက်ကြပေမဲ့၊ ကိုယ့်ယောက္ခမဖြစ်သူ ကိုပြောတော့မယ်ဆိုရင်တော့ အရမ်းကြီးအကဲမပိုဖို့လိုပါတယ် ။ သူကဒီလိုက သက်သက်လာမြှောက်တယ်မထင်ရအောင် ပြောတတ်ဖို့လိုပါတယ်။
ဥပမာ – အမေရယ် အမေ့ကိုဘယ်တော့ကြည့်ကြည့် လန်းဆန်းနေတာပဲ။ ခုနေသမီးနဲ့သွားရင် သမီးကတောင်အိုတဲ့ရုပ်ထွက်နေတာ ကိုယ့်ကိုယ်ကိုတောင် စိတ်ပျက်ပါတယ် ဆိုတာမျိုးလေးပေ့ါ ။
၂။ အမေ့လက်ရာက အရမ်းစားလို့ကောင်းတာပဲ
ဒီစကားကတော့ စားဖိုမှူးတစ်ယောက်နဲ့တွေ့မိလို့ သူ့ကိုဒီစကားလေးပြောပြီး ချီးကျူးပေးရင် သူလည်းသဘောကျပြီး နောက်ကိုကိုယ်လာရင်တောင် ကောင်းကောင်းမွန်မွန် ပိုထည့်ပေးဖို့ ဝန်လေးမှာမဟုတ်ပါဘူး။ နောက်ပြီး သူများအိမ်မှာ ဧည့်သည်သွားလုပ်ရင်လည်း အမလက်ရာလေးက ကောင်းလိုက်တာ ၊ ထမင်းဆိုင်ထက်တောင်သာတယ်ဆိုတာမျိုးလေး ချီးကျူးလိုက်ရင် ဘယ်သူမဆို ပီတိဖြစ်မှာပါပဲ။ ယောက္ခမ အိမ်ရောက်လို့ သူချက်ပေးတဲ့ဟင်းစားရင် ဘယ်လောက်ပဲအရသာ မကောင်းမကောင်း အမှုအရာမပျက်ပဲ ဒါလေးက ဘယ်လိုချက်ထားတာလဲ အရမ်းစားကောင်းလို့ အမေ့ဆီက လာသင်ရဦးမယ်ဆိုတာမျိုး။
၃။ ဘာပဲဝတ်ဝတ် ကြည့်ကောင်းနေတာပဲ
ဒီစကားကိုတော့ ယောက္ခမ အင်္ကျ ီ အသစ်ဝတ်တဲ့အခါမျိုးတွေမှာ မသိလိုက် မသိဖါသာ မနေပဲ အမေရယ် ဘာပဲဝတ်ဝတ်ကြည့်ကောင်းလိုက်တာ။ သမီးတို့များ အဝတ်စားတစ်ခါရွေးရင် ပိန်အောင် ၊ ကြည့်ကောင်းအောင် မနညးရှာဝတ်ရတာ အမေတို့ကျတော့ ကံကောင်းလိုက်တာ ဘာဝတ်ဝတ် လှနေတော့တာပဲ ဆိုတာမျိုးလေး။
၄။ အမေ့မြေးတွေက သူ့အဘွားကိုပဲ တစ်ချိန်လုံးတနေတာ
ပိတ်ရက်တွေ ယောက္ခမ အိမ်ကလေးခေါ်မသွားမိတာ ကြာလာပြီဆိုရင် ယောက္ခမကတော့ ကျိန်းသေတင်းနေပါပြီ။ အဲလိုအချိန်မျိုးတွေဆို အိမ်အ၀၀င်တာနဲ့ အထုတ်မချခင် အမေရယ် အမေ့မြေးတွေက ဘွားဘွားကြီးဆီသွားမယ်ဆိုပြီး တစ်ချိန်လုံး ဂျီကျနေတာ သူ့အိမ်စာတွေနဲ့ စာမပြီးမှာစိုးလို့ ခုမှ အမေ့ဆီကို လာရတော့တယ်။ သားတို့နော် နောက်ကို စာကောင်းကောင်းလုပ် ၊ စာတွေပြီးရင် ဘွားဘွားကြီးဆီကို မေမေ အပတ်တိုင်းပို့ပေးမယ်ဆိုတာမျိုးလေး ပြောလိုက်တော့ ယောက္ခမကြီးလည်း စိတ်ပြေသွားတာပေ့ါနော်။
၅။ အမေပြောတာလည်း ဟုတ်တာပဲ
ဒီစကားကိုတော့ ယောက္ခမ ဘာပဲပြောပြော တစ်ခုခု ထင်မြင်ချက်ပေးလို့ပဲဖြစ်ဖြစ် ကိုယ်ကမကျေမနပ်ဖြစ်နေရင်တောင် အရင်ဦးဆုံး တုန့်ပြန်တာမျိုးမလုပ်ပဲ ။ အမေပြောတော့လည်း ဟုတ်နေတာပဲ သမီးတောင်မတွေးမိလိုက်ပါဘူး ။ ဒါပေမဲ့ သမီးကတော့ ဒီလိုမျိုးစဉ်းစားထားတယ် အမေလည်းဝိုင်းအကြံပေးပါဦးဆိုပြီး နောက်ဆက်တွဲစကားကို ပြီးမှဖြည့်ပြောပေးပါ။
၆။ အရမ်းဝယ်တတ်တာပဲ
ဈေးဝယ်ပြန်လာတဲ့ ယောက္ခမဖြစ်သူကို သူဘာလေးပဲဝယ်လာဝယ်လာ ချီးကျူးစကားပြောပေးပါ။
ဥပမာ – ဟင်းရွက်လေးဝယ်လာရင်တောင် အမေဝယ်တာလေးက လတ်လိုက်တာ သမီးဝယ်ရင် ဘယ်တော့မှ အမေ့လို ကောင်းကောင်းကန်းကန်းမရတတ်ဘူး။ အမေဝယ်ရင်ကို ဈေးသည်တွေက ပိုပေးချင်နေတော့တာလားမသိဘူး ဆိုတော့ သူလည်းသဘောကျ ကိုယ်လည်းဈေးဝယ်ရသက်သာသွားနိုင်တာပေ့ါ။
[ Unicode ]

Ref; marriagelife