ကိုယ့်ရည်းစားကို စနှိုက်ကျော်လာတဲ့သူကို Smart ကျကျ ဘယ်လိုဖြေရှင်းမလဲ
moda.com.mm
|
2020-03-21

သုံးပွင့်ဆိုင်အချစ်ရေးဟာ အရမ်းကို စိတ်ရှုပ်ဖို့ကောင်းပါတယ်။ မိန်းကလေးတွေအတွက် ကိုယ့်ကောင်လေးကို စနိုက်ကြော်ခံရခြင်းမှာလည်း အလွန်ခံပြင်းစရာကောင်းတဲ့ ကိစ္စတစ်ခုပါ။ သင့်မှာ ယောကျားပီသတဲ့ ချစ်သူတစ်ဦးကို ပိုင်ဆိုင်ထားတဲ့အကြောင်း သိထားတဲ့ တခြား မိန်းကလေးတစ်ယောက်က သင့်ချစ်သူကောင်လေးကို စနိုက်ကြော်မယ့် အငွေ့အသက်တွေကို မြင်နေရပြီဆိုရင်တော့ သင့်ကောင်လေးကို ပြန်ဆွဲဆောင်ဖို့အတွက် နည်းလမ်းလေးတစ်ချို့ကို ပြောပြပေးမယ်နော်။


သူ့ရဲ့ အပြုအမူတွေကို သေချာသုံးသပ်ပါ။
သင့်ကောင်လေးနဲ့ သူမတို့ဟာ အီစီကလီအဆင့်လား။ ရိုးရိုးသားသားစကားပြောရုံလား။ သူစကားပြောနေတဲ့သူက အိမ်နီးနားချင်းလား။ သူငယ်ချင်းရဲ့ GirlFriend လား ဆိုတာကို သေချာဆန်းစစ်ပါ။ မသင့်လျော်တဲ့အပြုအမူအတွက် သင်ခွင့်မပြုဘူးဆိုတာကို သိအောင်ပြောပါ။ ဒီလိုပြောတဲ့အခါမှာလည်း အကြောင်းပြချက်မရှိ အပြစ်ပြောတဲ့ပုံစံမျိုးမဖြစ်ပါစေနှင့်။ ပါးနပ်မှုရှိပါစေ။


သူမကို ရပ်တန့်ဖို့အတွက် အေးအေးဆေးဆေးပြောပါ။
အခြေအနေနဲ့ အချိန်အခါကို မူတည်ပြီး သူမဟာ သင့်ကောင်လေးအပေါ်ကို အီစီကလီလုပ်နေတဲ့ လမ်းစကို မြင်နေပြီဆိုရင်တော့ သူမကို မသောင်းကျန်းဘဲ ယဉ်ယဉ်ကျေးကျေးနဲ့ အေးအေးဆေးဆေးပြောပါ။ နားလည်မှုရှိသူဆိုရင်တော့ သူ့အလိုလိုနောက်ဆုတ်သွားပါလိမ့်မယ်။


သင့်ကောင်လေးကို ပြောပါ။
ဒီမိန်းကလေးဟာ သင့်ကောင်လေးအပေါ်ကို သာမာန်ထက်လွန်ကဲတဲ့အပြုအမူတွေ လုပ်နေတဲ့အကြောင်းကို သူသိအောင်ပြောပြပါ။ တဆက်တည်းမှာပဲ ဒီလို အပြုအမူမျိုးကို သင်လက်မခံနိုင်တဲ့အကြောင်းကို အေးအေးဆေးဆေးပြောပြပါ။



ယုံကြည်မှုရှိရှိနေပါ။
အကယ်၍ သင့်ကောင်လေးဟာ တစ်ခြားကောင်မလေးတစ်ယောက်ဆီကို သွားဖို့အတွက် ခြေလှမ်းပြင်နေတာကို သင်ရိပ်မိနေပြီဆိုရင်တော့ သူ့ကို ဖိအားမပေးဘဲ Confident ရှိရှိနေလိုက်ပါ။ သူတို့ဘယ်လောက်ကြာကြာခံနိုင်လဲဆိုတာ စောင့်ကြည့်နေလိုက်ပါ။ သင် Strong ဖြစ်စေဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။


သူမကို မသောင်းကျန်းလိုက်ပါနဲ့။
စိတ်ခံစားချက်အရ မခံချင်စိတ်နဲ့ ဝင်ရောက်လာတဲ့ မိန်းကလေးကို ဒေါသထွက်ရန်လိုနေမှာ သဘာဝပဲဖြစ်ပါတယ်။ ဒါပေမယ့် သင့်ဟာ Confident ရှိတဲ့ လူတစ်ယောက်ဖြစ်တယ်ဆိုတာ ပြလိုက်ပါ။ နောက်ထပ် ဒီအဖြစ်အပျက်ကို Handle လုပ်ထားနိုင်ဖို့နည်းလမ်းတစ်ခုကတော့ သင်တို့ရဲ့ Relationship ကို လေးစားမှုရှိကြောင်း ပြသပါ။


သူမမျှော်လင့်တဲ့အတိုင်း ဘယ်တော့မှ ဖြစ်မလာဘူးဆိုတာကို ပြသလိုက်ပါ။
သင့်ကောင်လေးဟာ သင့်ကို ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေအကြောင်း ပြောပြခဲ့ရင် ခွင့်လွှတ်ပေးလိုက်ပါ။ ဒီကိစ္စကြောင့် သင်တို့ နှစ်ဦးအကြားမှာ အများကြီးပြောင်းလဲ သွားမှာမဟုတ်ဘူးဆိုတာ တတိယလူသိအောင် ပြသလိုက်ပါ။ လိမ္မာပါးနပ်ဖို့တော့ လိုပါလိမ့်မယ်နော်။




မိန်းကလေးတို့ရေ စနိုက်ကြော်ခံရတဲ့ ခံစားချက်ဟာ တော်တော်ကို ဆိုးဝါးတဲ့ အဖြစ်အပျက်ပါ။ ဒီလိုအခြေအနေမှာ အရေးကြီးဆုံးကတော့ ဒီအဖြစ်အပျက်ကို Handle လုပ်နိုင်ဖို့က အဓိကပါပဲ။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိကြပါစေနော်။


#ကောင်လေး
#အပြုအမူ
#မိန်းကလေး
#နည်းလမ်း
#မခံချင်စိတ်

Some text some message..