ကောင်လေးတစ်ယောက် ကိုယ့်ကို ကြွေလာအောင် လုပ်ဖို့ဆိုတာ တကယ်တော့ မလွယ်ပါဘူး ။ အကြောင်းကတော့ လူတစ်ယောက်နှင့် တစ်ယောက် အကြိုက်ချင်း မတူကြတာကြောင့် ပါ ။ ဒါပေမဲ့ အခုပြောပြပေး ကောင်မလေးတွေရဲ့ပုံစံတွေကတော့ ကောင်လေးတွေတော်တော်များများ ကြွေဆင်းရတဲ့ ပုံစံတွေပါ ။ ကောင်မလေးတွေအနေနှင့် လည်း ကိုယ်ကြိတ်ကြိုက်နေရတဲ့ Crush ကို ရဖို့ဆိုရင် ဒီအချက်လေးတွေကို ရှိအောင် ပြင်ဆင်လိုက်ကြနော် ။ ချေလွန်းတဲ့ Crush တောင် ကိုယ့်ကိုသဲသဲလှုပ်ပြန်ကြွေသွားစေမှာပါ ။ ဆက်လက်ဖတ်ရှုလိုက်ကြပါဦးနော် ။
၁ ။ နှိမ့်ချဆက်ဆံတတ်သူ
မောက်မာ ကြွားဝါတတ်ခြင်း မရှိတဲ့ မိန်းကလေးတစ်ဦးဟာ ကောင်လေးတွေ ကြိုက်နှစ်သက်တဲ့ ပုံစံလေးတွေ ဖြစ်ပါတယ် ။ ကိုယ်မှားတဲ့ ကိစ္စကို ပြန်လည်ငြင်းခုံခြင်းမရှိဘဲ အမှားကိုဝန်ခံတတ်ပြီး ရိုးသားတဲ့ ကောင်မလေးတွေဟာ ကောင်လေးတွေရဲ့ အကြိုက်ပုံစံ ဖြစ်နေတာကတော့ ဆန်းမယ်မထင်ပါဘူး ။
၂ ။ ကိုယ်ပိုင်ဆုံးဖြတ်နိုင်တဲ့ အတွေးအခေါ်ရှိသူ
ကိစ္စတိုင်းကို ကိုယ်ပိုင်အတွေးအမြင်များနှင့် တွေးခေါ်နိုင်ပြီး ဆုံးဖြတ်ချက်ချလေ့မရှိဘဲ အရာရာလိုက်မှီခိုနေတတ်တဲ့ကေင်မလေးတွေကိုကောင်လေးတွေက သဘောကျနှစ်ခြိုက်လေ့မရှိကြပါဘူး ။ တကယ်လို့ သင့်အနေနှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ရဲရဲဝင့်ဝင့် ချရတဲ့ သူဆိုရင် ကောင်လေးတွေရဲ့ စိတ်ဝင်စားခြင်းကို ခံရမှာ အမှန်ပါပဲ ။
၃ ။ ကိုယ့်ကိုကိုယုံကြည်မှုရှိသူကို နှစ်သက်ကြပါတယ် သို့သော်
ကိုယ်ကိုကိုယ် ယုံကြည်မှု ရှိပြီး ရပ်တည်နေကြတဲ့ ကောင်မလေးတွေက ကောင်လေးတွေရဲ့ နှစ်သက်ခြင်းကို ခံကြရပါတယ် ။ ဒါပေမယ့်လည်း လိုတာထပ် ပိုပြီ ယုံကြည်မှု ရှိနေတဲ့ ကောင်မလေးတွေကို ကောင်လေးတွေက ချစ်သူအဖြစ် စိတ်ကူး မယဉ်ကြပါဘူး ။
၄ ။ အပြန်အလှန်လေးစားတတ်သူ
အပြန်အလှန် လေးစားခြင်းကလည်း ချစ်သူတွေကြားထဲမှာ အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ် ဒါကြောင့် ကောင်လေးတွေအနေနှင့် ချစ်သူရွေးချယ်ကြတဲ့အခါမှာ ကိုယ်ကိုကိုယ်လည်း လေးစားတတ်ပြီး အခြားသူတွေကိုပါ လေးစားတတ်သူတွေကို ပါ ရွေးချယ်တတ်ကြပါတယ် ။
၅ ။ ပျော်တတ်တဲ့ ကောင်မလေး
ပျော်တတ်တဲ့ ကောင်မလေးတွေကို ပိုင်ဆိုင်ထားရရင်တော့ တကယ်ကို ကံကောင်းကြတာပါ ။ သူတို့တွေဟာ ဘဝကိုပေါ့ပါးစွာဖြတ်သန်းနိင်တာကြောင့် ကောင်လေးတွေ ကစိတ်ချလက်ချ နှင့် ချစ်နိုင်ကြတဲ့ သူတွေပါ ။ ကိုယ်က ဟာသညဏ်လေးလည်း ရှိတယ် ၊ ပျော်ပျော်လည်းနေတတ်တယ်ဆိုရင်တော့ ကိုယ်ရဲ့ Crush က လည်း ပြန်ကြွေနိုင်ပါတယ်နော် ။