Stop overthinking
အတွေးလွန်နေတာတွေကိုရပ်လိုက်ပါ
ကျွန်တောတို့ဟာ ပြဿနာတစ်ခုခုဆို အရမ်းအစိုးရိမ်လွန်တတ်ကြပါတယ်၊ အဲ့လိုဖြစ်ခြင်းက သင်ဟာတစ်ခုခုဆို အရမ်းအတွေးလွန်နေခြင်းကြောင့်ပါ။
အတွေးလွန်ခြင်းက ကောင်းကျိုးမပေးတတ်ပါဘူး။ တွေးသင့်သလောက် တွေးတာပဲကောင်းပြီး အသေးအဖွဲအရာတိုင်းကို အကြာကြီး အတွေးလွန်နေရင်တော့ ပြဿနာသေးသေးလေး တွေကနေ ပြဿနာအကြီးတွေ ဖြစ်လာတတ်ပါတယ်။ အတွေးလွန်တဲ့အခါ များသောအားဖြင့် ဘယ်သူမှ ပျော်ရာကောင်းတဲ့ အတွေးတွေနဲ့ အတွေးမလွန်ကြပါဘူး။ များသောအားဖြင့် Negative အတွေးတွေပဲ အတွေးလွန်တတ်ကြပါတယ်။ အတွေးလွန်တဲ့အခါ မှန်မှန်ကန်ကန်ဆုံးဖြတ်ချက် ချနိုင်ရန်အတွက်ကျင့်သုံးသင့်သည့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
ဘယ်အချိန်မှာအတွေးလွန်နေပြီလဲ သိဖို့လိုပါတယ်
အတွေးလွန်ခြင်းကို မနှိမ်နင်းခင် သင်ဘယ်အချိန်မှာအတွေးလွန်နေသလဲ ဆိုတာသိရပါမယ်။ မိမိဘာသာအတွေးလွန်နေလား ဆိုတာကိုမသိရင် ဖြေရှင်းဖို့မလွယ်ပါဘူး။ သံသယဝင်တွေဝင်လာမယ်၊ စိုးရိမ်ပူပန်မှုတွေများလာပြီး အတွေးတွေလွန်လာ ပြီဆိုရင် မိမိကိုယ်ကို သတိပြုမိဖို့ အရေးကြီးပါတယ်။
မှားသွားရင် ဘာဖြစ်နိုင်လဲဆိုတာမတွေးပဲ မှန်တဲ့ဘက်ကိုဘယ်လိုသွားရမလဲတွေးပါ
များသောအားဖြင့် Overthinking ဖြစ်သူများသည် ကြောက်ရွံ့ခြင်း နှင့် စိတ်လှုပ်များသောကြောင့် ဖြစ်ပါတယ်။ မိမိလုပ်လိုက်လို့ တစ်ခုခုမှားသွားမလားဆိုတဲ့ အတွေးတွေဟာ သင့်ကြောက်ရွံ့နေတဲ့ စိတကြောင့်ပဲဖစ်ပါတယ်။ အဲ့ဒီအတွေးတွေကို တွေးရင်းနဲ့ မှားခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုပါ မြငိယောင်လာပါလိမ့်မယ်။ ဒီတော့ သင်အတွေးလွန်နေပြီလို့ ခံစားရတဲ့အခ့ အဆိုးတွေ တွေးနေတာကိုရပ်လိုက်ပါ။ အဲ့လိုတွေးမယ့်အစား ဘယ်လိုလုပ်ရပ်တွေက မှန်ကန်တဲ့လုပ်ရပ် တွေဖြစ်မလဲဆိုတဲ့ အတွေးတွေကိုသာ တွေးပါ။
အကောင်းဆုံးလုပ်ခဲ့ပြီးရင် နောင်တမရပါနဲ့
သင်လုပ်နိုင်သလောက် လုပ်ခဲ့တဲ့ကြိုးစားအားထုတ်မှုတွေအတွက် နောင်တမရပါနဲ့။ သင်လုပ်နိုင်တဲ့အရာတွေအတွက် အကောင်းဆုံးလုပ်ခြဲ့ပီးပြီပဲ။ ကျန်တာတွေခေါင်းထဲ မထားပါနဲ့။ သင်လုပ်ခဲ့တာကို နောင်တရတာမျိုး၊ ရှက်နေတာမျိုးလည်း မဖြစ်ပါနဲ့။ ကိစ္စတစ်ခုကိုလုပ်တော့မယ်ဆိုရင် မလုပ်ခင်မှာအတွေးမလွန်သင့်သလို၊ လုပ်ပြီးရင်လဲ အတွေးမလွန်သင့်ပါဘူး။
စိတ်ဖိစီးမှု နှင့်အတွေးလါန်ခြင်းကိုတတ်နိုင်သလောက်လျော့ပါ
လူတော်တော်များများဟာ နေ့တိုင်းလိုလို အတွေးတွေလွန်တတ်ကြမှာပါ။ သင့်ရဲ့အတွေးတွေဟာ Negative thinking တွေပဲဖြစ်နေမယ်တိုရင်တော့ စိတ်ဖိစီးဒဏ်တွေပဲ ခံစားနေရမှာပါ။ သင့်ရဲ့အတွေးတွေနဲ့ သင့်ဘဝဟာလည်း တိုက်ရိုက်ပတ်သတ်နေပါတယ်။ ဒါကြောင့် Overthinking ဆိုတဲ့အရာကို မမွေးမြူမိပါစေနဲ့။
(Zaw gyi)
Stop overthinking
အတွေးလွန်နေတာတွေကိုရပ်လိုက်ပါ
ကျွန်တောတို့ဟာ ပြဿနာတစ်ခုခုဆို အရမ်းအစိုးရိမ်လွန်တတ်ကြပါတယ်၊ အဲ့လိုဖြစ်ခြင်းက သင်ဟာတစ်ခုခုဆို အရမ်းအတွေးလွန်နေခြင်းကြောင့်ပါ။ အတွေးလွန်ခြင်းက ကောင်းကျိုးမပေးတတ်ပါဘူး။ တွေးသင့်သလောက် တွေးတာပဲကောင်းပြီး အသေးအဖွဲအရာတိုင်းကို အကြာကြီး အတွေးလွန်နေရင်တော့ ပြဿနာသေးသေးလေး တွေကနေ ပြဿနာအကြီးတွေ ဖြစ်လာတတ်ပါတယ်။ အတွေးလွန်တဲ့အခါ များသောအားဖြင့် ဘယ်သူမှ ပျော်ရာကောင်းတဲ့ အတွေးတွေနဲ့ အတွေးမလွန်ကြပါဘူး။ များသောအားဖြင့် Negative အတွေးတွေပဲ အတွေးလွန်တတ်ကြပါတယ်။ အတွေးလွန်တဲ့အခါ မှန်မှန်ကန်ကန်ဆုံးဖြတ်ချက် ချနိုင်ရန်အတွက်ကျင့်သုံးသင့်သည့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။
ဘယ်အချိန်မှာအတွေးလွန်နေပြီလဲ သိဖို့လိုပါတယ်
အတွေးလွန်ခြင်းကို မနှိမ်နင်းခင် သင်ဘယ်အချိန်မှာအတွေးလွန်နေသလဲ ဆိုတာသိရပါမယ်။ မိမိဘာသာအတွေးလွန်နေလား ဆိုတာကိုမသိရင် ဖြေရှင်းဖို့မလွယ်ပါဘူး။ သံသယဝင်တွေဝင်လာမယ်၊ စိုးရိမ်ပူပန်မှုတွေများလာပြီး အတွေးတွေလွန်လာ ပြီဆိုရင် မိမိကိုယ်ကို သတိပြုမိဖို့ အရေးကြီးပါတယ်။
မှားသွားရင် ဘာဖြစ်နိုင်လဲဆိုတာမတွေးပဲ မှန်တဲ့ဘက်ကိုဘယ်လိုသွားရမလဲတွေးပါ
များသောအားဖြင့် Overthinking ဖြစ်သူများသည် ကြောက်ရွံ့ခြင်း နှင့် စိတ်လှုပ်များသောကြောင့် ဖြစ်ပါတယ်။ မိမိလုပ်လိုက်လို့ တစ်ခုခုမှားသွားမလားဆိုတဲ့ အတွေးတွေဟာ သင့်ကြောက်ရွံ့နေတဲ့ စိတကြောင့်ပဲဖစ်ပါတယ်။ အဲ့ဒီအတွေးတွေကို တွေးရင်းနဲ့ မှားခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုပါ မြငိယောင်လာပါလိမ့်မယ်။ ဒီတော့ သင်အတွေးလွန်နေပြီလို့ ခံစားရတဲ့အခ့ အဆိုးတွေ တွေးနေတာကိုရပ်လိုက်ပါ။ အဲ့လိုတွေးမယ့်အစား ဘယ်လိုလုပ်ရပ်တွေက မှန်ကန်တဲ့လုပ်ရပ် တွေဖြစ်မလဲဆိုတဲ့ အတွေးတွေကိုသာ တွေးပါ။
အကောင်းဆုံးလုပ်ခဲ့ပြီးရင် နောင်တမရပါနဲ့
သင်လုပ်နိုင်သလောက် လုပ်ခဲ့တဲ့ကြိုးစားအားထုတ်မှုတွေအတွက် နောင်တမရပါနဲ့။ သင်လုပ်နိုင်တဲ့အရာတွေအတွက် အကောင်းဆုံးလုပ်ခြဲ့ပီးပြီပဲ။ ကျန်တာတွေခေါင်းထဲ မထားပါနဲ့။ သင်လုပ်ခဲ့တာကို နောင်တရတာမျိုး၊ ရှက်နေတာမျိုးလည်း မဖြစ်ပါနဲ့။ ကိစ္စတစ်ခုကိုလုပ်တော့မယ်ဆိုရင် မလုပ်ခင်မှာအတွေးမလွန်သင့်သလို၊ လုပ်ပြီးရင်လဲ အတွေးမလွန်သင့်ပါဘူး။
စိတ်ဖိစီးမှု နှင့်အတွေးလါန်ခြင်းကိုတတ်နိုင်သလောက်လျော့ပါ
လူတော်တော်များများဟာ နေ့တိုင်းလိုလို အတွေးတွေလွန်တတ်ကြမှာပါ။ သင့်ရဲ့အတွေးတွေဟာ Negative thinking တွေပဲဖြစ်နေမယ်တို၇င်တော့ စိတ်ဖိစီးဒဏ်တွေပဲ ခံစားနေရမှာပါ။ သင့်ရဲ့အတွေးတွေနဲ့ သင့်ဘဝဟာလည်း တိုက်ရိုက်ပတ်သတ်နေပါတယ်။ ဒါကြောင့် Overthinking ဆိုတဲ့အရာကို မမွေးမြူမိပါစေနဲ့။
https://www.sayar.com.mm/