ချစ်သူ စုံတွဲတွေ(Relationship)တွေ ကြားမှာ ဘယ်တော့မှ မပြောသင့်တဲ့စကား ၄ ခွန်း
lifestylemyanmar.com
|
2020-04-03



Relationship တစ်ခုတည်မြဲဖို့ဆိုတာ အချစ်တွေ ကတိတွေ နားလည်မှုတွေ အပြင် ချစ်သူနှစ်ယောက်ကြား သုံးနှုန်းလိုက်တဲ့ စကားလုံးတွေကလည်း အရေးကြီးတဲ့ အခန်းကပါဝင်နေပါတယ်။

ဘယ်လောက်ချစ်ကြ ချစ်ကြ စကားလေးတစ်ခွန်းမှားမိလိုက်တာမျိုးကစပီး နှလုံးသားနှစ်ခုကို ခွဲခွာသွားဖို့ဆိုတဲ့အခြေအနေမျိုးတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့် သမီးရည်းစား ချစ်သူစုံတွဲတွေကြားမှာ ဘယ်တော့မှ မပြောသင့်တဲ့ စကားလုံးတွေကို ဖော်ပြပေးလိုက်ပါတယ်။ တကယ်လို့ ကိုယ်ပိုင်ဆိုင်ထားတဲ့ Relationship လေးကိုတည်မြဲစေချင်တယ်ဆိုရင် ဒါလေးတွေရှောင်ပေးပေါ့နော်…


“ငါမင်းကိုပြောခဲ့ပီးပီလေ”




ဒီစကားလုံးမျိုး သုံးဖူးကြတယ်ဟုတ်။ ဘာမှမဖြစ်ဘူးထင်ရပေမယ့် ကိုယ့်ချစ်သူကို စိတ်မကောင်းဖြစ်စေသလို ရင်ထဲမှာ တနုံနုံနဲ့ခံစားစေရနိုင်ပါတယ်နော်။ ဒီစကားမျိုးက ကလေးဆန်ပီး ကိုယ့်မရင့်ကျက်မှုကို ဖော်ပြတာမျိုးနဲ့လည်းတူပါတယ်။ တခုခုဆို အ ရေးမထားသလို “ငါမင်းကိုပြောခဲ့ပီးသား”ဆိုတဲ့စကားကိုပဲ အကြိမ်ပေါင်းများစွာသုံးတတ်ရင် အချင်းချင်းစိတ်ပျက်စေပါတယ်နော်။ တခုခုဆို Relationship တွေကြား ပွင့်ပွင့်လင်းလင်း ဆွေးနွေးတိုင်ပင်ပါ။ အပြုသဘောဆောင်တဲ့ အလေးထားပေးတဲ့အနေနဲ့ပေါ့..


“မင်းမလုပ်နိုင်ပါဘူးကွာ”




ဒီစကားမျိုးကို Relationship တွေကြားမှာ ကျွန်တော်တို့ သုံးတတ်ကြပါတယ်။ ဘယ်လိုနေရာသုံးတတ်ပါလဲ။ ဟုတ်ကဲ့.. ကျွန်တော်တို့ ကိုယ်တိုင် တခုခုသွားချင်တယ် လုပ်ချင်တယ် ဝယ်ချင်တယ်။ ဒါကို ကိုယ့်ချစ်သူက မေးတယ်။ အဲ့ဒီအခါ “မသိချင်စမ်းပါနဲ့ကွာ မင်းဘာမှမလုပ်ပေးနိုင်ပါဘူး”ဆိုတာမျိုးပေါ့။

ဒီစကားက ပြောသူက ဘာမှမဟုတ်ဘူးထင်ရပေမယ့် တဖက်ကကိုယ့်ချစ်သူက ခံစားရစေပါတယ်။ သူကပဲ အရည်အချင်းမရှိသလိုလို အစွမ်းအစမရှိသလိုလို သူ့ကိုသူခံစားရစေနိုင်ပါတယ်။ သူစိတ်မကောင်းဖြစ်ပေမယ့် ဘာမှမပြောပဲ ရင်ထဲမှာ ငိုနေပါလိမ့်မယ်။ တချိန်ချိန်ငါလုပ်နိုင်ခဲ့ရင်ပေါ့ကွာဆိုတာကိုလည်း အံကြိတ်ပီးတွေးချင်တွေးနေပါလိမ့်မယ်.

ဖြစ်သင့်တာကတော့ Relationship တွေကြားမှာ ကိုယ်ဖြစ်ချင်တာ လုပ်ချင်တာအတွက် သူမလုပ်ပေးနိုင်တာ သိထားရ င်တောင် တိုင်ပင်ဆွေးနွေးလို့ရတယ်မဟုတ်ဘူးလားခင်ဗျာ??ဆင်ခြင်နိုင်ပါစေနော်.


“မင်းကအမြဲတမ်း..မင်းဘယ်တော့မှ”




ဒီစကားလုံးမျိုးကိုဘယ်တော့မှ မစမိစေပါနဲ့။ ဆိုကြပါစို့ “မင်းကအမြဲတမ်း ကိုယ်ထင်ရာကိုယ်လုပ်နေတာပဲ..ဘယ်တော့မှမင်း ဘာဖြစ်မယ် ညာဖြစ်မယ်”ဆိုတာမျိုးက ရန်ဖြစ်ဖို့ ရန်စတဲ့သဘောမျိုးဖြစ်တတ်ပါတယ်။ ဆိုကြပါစို့ ကောင်မလေးတစ်ယောက်ကသူ့ကောင်လေးကို” ရှင်အမြဲတမ်း အသုံးမကျတော့ဘူးလား..ဘယ်တော့မှလည်း အသုံးကျလာမယ်မထင်ပါဘူး” ဆိုတာ တော်တော်နာကျင်စရာကောင်းပါတယ်နော်..စိတ်ကိုနာကျင်စေနိုင်ပါတယ်။ အတတ်နိုင်ဆုံးတစ်ဖက်သားမာနကို ထိခိုက်စေတာရှောင်ပါနော်..


“$ဂရုကိုမစိုက်တာ”




ဒီစကားမျိုးက ကျွန်တော်တို့ တော်တော်များများသုံးတတ်ကြပါတယ်။ ဒီစကားက နောက်ပိုင်း ဘာဖြစ်သွားနိုင်လဲဆိုတော့ Relationship တစ်ခုအတွက် မာနပင်ကိုပျိုးပြီး မျက်ရည်မိုးတွေရွာစေတဲ့ အဖြစ်မျိုးတွေဖြစ်စေနိုင်ပါတယ်နော်.အရွှဲ့တိုက်ရင်းတိုက်ရင်းနဲ့ နှလုံးသားတွေပါ ရွှဲ့စောင်းသွားစေနိုင်ပါတယ်နော်..ကဲဒီလောက်ဆိုရင် ချစ်သူ သမီးရည်းစားတွေကြားမှာ ဘယ်တော့မှ မသုံးသင်တဲ့ စကားလေးတွေသိလောက်ပြီထင်ပါတယ်နော်..ရေရှည်တည်တံတဲ့ Relationship တစ်ခုကို ပိုင်ဆိုင်ချင်ရင် စိတ်ဆိုးရင်တောင် ဒီစကားလုံးတွေကို အတတ်နိုင်ဆုံးရှောင်ကြည်ကြပါနော်.အားလုံးသာယာပျော်ရွှင်အေးချမ်းကြပါစေနော်.

#Lifestyle_Myanmar

#Mg_Htet

REF_Powerfulmind.com


#စကားလုံး
#စကား
#ချစ်သူ
#သမီးရည်းစား
#အတတ်နိုင်ဆုံး

Some text some message..