ကမ္ဘာမှာ အချစ်နဲ့ ကင်းသူရယ်လို့တော့ မရှိပါဘူး။ ချစ်ခြင်းနဲ့ပြီးတဲ့လောကကြီးမှာ ဘယ်လိုလူက အချစ်နဲ့ ကင်းပြီးနေနိုင်ပါ့မလဲနော်။ ချစ်မယ် လွမ်းမယ် ပေါင်းဆုံမယ် ဝေးကွာမယ် ပျော်ရွှင်မယ် ကြေကွဲမယ် ဆိုတာတွေကနေ လွတ်မြောက်တဲ့သူ ဘယ်သူရှိနိုင်ပါ့မလဲ။ ရှိတော့ရှိမယ် ရှိရင်လည်း အနည်းလေးပေါ့နော်။ ခုပြောပြချင်တာကRSတစ်ခုပြတ်စဲသွားပီးနော် မိန်းကလေးနဲ့ယောကျာ်းလေးအသဲကွဲပုံကွဲနည်းနဲ့ ဘာတွေပြောင်းလဲသွားတတ်လဲဆိုတဲ့ နှိုင်းယှက်ချက် အကြောင်းကိုပြောပြချင်တာပါ။ ကဲ..ဖတ်ကြည့်လိုက်ရအောင်..
ဘယ်သူပိုအနည်ထိုင်မြန်လဲ
နာကျင်မှုဝေဒနာတွေနဲ့အသဲကွဲပြီဆိုတော့ သူတို့ပြင်းပြင်းထန်ထန်ငိုကြွေးပါလိမ့်မယ်။ ပြင်းပြင်းထန်ထန်လွမ်းဆွေးမယ်။ မိန် းကလေးတွေ အသဲကွဲပီဟေ့ ဆိုရင် အနည်းဆုံး၃လကနေအများဆုံး ၆လလောက်ထိကွဲတတ်ပါတယ်။
သူတို့ဒဏ်ရာက သက်သာသွားချိန် အနည်ထိုင်သွားချိန် တည်ငြိမ်သွားချိန်မှာတော့ သူတို့ဟာ သူတို့ကိုသူတို့ပဲ အားကိုးတတ်တော့တယ်။ အစစအရာရာပေါ့။ အဲ့ဒီမှာမိန်းမတွေနဲ့ယောက်ျားတွေမတူတာက RSတစ်ခုလမ်းခွဲပီးသွားတာနဲ့ စစချင်းမှာ ယောကျာ်းလေးတွေဘက်က သိပ်မခံစားတတ်ကြပဲ မိန်းကလေးဘက်က အနည်ထိုင်ချိန်ရောက်မှသာ ယောကျာ်းလေးတွေဘက်က စပီး အသဲကွဲတာပဲ။
ချစ်ရေကိုယ်မှားပါပီတွေ ဘာတွေဖြစ်ပြီး အလူးအလဲစကွဲတော့တာပါ။ မိန်းကလေးတွေနဲ့လုံးဝမတူတာက ယောကျာ်းလေးတွေက နှစ်ရှည်လများအသဲကွဲတတ်ကြတာပါ။ ယောကျာ်းလေးဘက်က အသဲကွဲလို့ကောင်းနေတဲ့အချိန်မှာတော့ မိန်းကလေးဘက်က တည်ငြိမ်သူကြီးဖြစ်နေပါပြီ။
လိုင်းပြောင်း
RSတခုပြတ်သွားရင်အသဲကွဲပြီးရင် ပြောင်းလဲသွားတတ်တဲ့အချက်တွေမှာတော်တော်လေးထူထူးခြားခြားအချက်က စားသောက်နေထိုင်မှုပုံစံပြေ ာင်းလဲသွားတတ်တာပါပဲ။အသဲကွဲပြီးတဲ့ မိန်းကလေးတော်တော်များများက အစားလိုင်းဘက်ရောက်သွားတတ်ကြပါတယ်။ စားမယ် ဆွဲမယ်ဆိုတာချည်းပဲဖြစ်သွားတတ်ပါတယ်။ အစားတွေချည်းနင်းကန်စားနေတာမျိုးပေါ့။
ဒါမှမဟုတ်ရင်လည်း အစားစားတဲ့အရမ်းနည်းတဲ့ဘက်ဆီလည်းဦးတည်သွားတတ်ပါတယ်။ သုတေသနတွေအရတော့ အစား စားတဲ့လိုင်းဘက်ရောက်သွားတာပိုများပါတယ်။အဲ..ယောကျာ်းလေးတွေကျတော့ အစားလိုင်းမဟုတ်တော့ပဲ အသောက်လိုင်းပြောင်းသွားတော့တာပါပဲ။
တခုခုဆို သောက်မယ် တွေးမယ် ကြေကွဲမယ်။ မူးလာရင် ရည်းစားဟောင်းဆီဖုန်းလေးတစ်ချက်လောက်ဖြစ်ဖြစ်ဆက်လိုက်ရမှာ။ သူတို့ကသာကြေကွဲပြီးမူးမှောက်နေတာပါ။ အဲ့ဒီအချိန် ရည်းစားဟောင်းက အစားအသောက်တွေနဲ့ ချစ်သူဖြစ်ပြီးနေပြီဆိုတာ သူတို့မသိရှာပါဘူး။ သနားပါတယ်နော်.ဟိ
ဖွန်ကြောင်နှုန်းမြင့်
အသဲကွဲပြီးသွားရင် တချို့မိန်းကလေးတွေက ကြောင်နှုန်းမြင့်သွားတတ်ပါတယ်။ အပြင်မှာတော့ထားပါ။ Facebookလိုလူမှုကွန်ရက်တွေမှာ Single is the Best တို့ Fa is the bestတို့အော်ပြီး ရည်းစားရှာကြတော့တာပါပဲ။ ခပ်ပျော်ပျော်ပါပဲနော်။ ဟာသတွေရှယ်မယ်။ ပေါက်ကရတွေရေးတင်မယ်။ ပုံလှလှလေးတွေရိုက်ပြီး အသဲယားအောင်လုပ်မယ်။
တကယ်လို့သူတို့မှာ နာကျင်စရာတွေရှိသေးရင်တောင် အဲ့ဒါတွေကို ဖုံးကွယ်တဲ့အနေနဲ့ လုပ်တာလည်းဖြစ်ကောင်းဖြစ်နိုင်ပါတ ယ်။ ဒါပေမယ့် အဲ့အချိန် ယောက်ျားလေးတွေကတော့ အဖီးသီချင်းတွေရှယ်မယ်။ အဆွေးပိုစ့်တွေရေးမယ်။ EXအကောင့်ထဲ ခနခနဝင်ခိုးကြည့်မယ်။ ကြေကွဲမယ်။ ဒီလိုတွေဖြစ်နေတတ်ပါတယ်..
ဘယ်သူပိုလန်း
အသဲကွဲပြီးတဲ့နောက် ပြောင်းလဲမှုတွေထဲမှာ မိန်းကလေးတော်တော်များများကသူတို့ကို သူတို့ ပိုလှ ပိုကိတ်အောင် ကြိုးစားတော့တာပါပဲ။ EXကြီးပြန်လာအောင်မဟုတ်ပေမယ့် ဒီတိုင်းလေးပဲ သူတို့နာကျင်တာတွေလျော့အောင် လေ့ကျင့်ခန်းတွေ GYMတွေဆော့ရင်းနဲ့ ပိုလှလာတာမျိုးပေါ့။ အဲ..ယောက်ျားလေးတော်တော်များများကတော့ အရက်သမားဖြစ်ချင်ဖြစ် မဖြစ်ရင် လမ်းပျောက်နေတတ်ပါတယ်။ အနည်းစုကတော့ ဒါတွေကို တော်လှန်ပြီး ကောင်းမွန်တဲ့ဘဝကိုရောက်နိုင်ပါလိမ့်မယ်။
လွတ်လပ် အမှီအခိုကင်းမဲ့
အသဲကွဲပြီးသွားတဲ့မိန်းကလေးတော်တော်များများပြောင်းလဲတတ်တဲ့အထဲမှာ ဒီတစ်ချက်လည်းပါပါတယ်။ သူတို့က ဘယ်သူ့ကိုမှ အားကိုးမနေတတ်တော့ဘူး။ တယောက်ယောက်က သူတို့ဘဝကိုကယ်တင်နေမလားမမျှော်လင့်နေတော့ဘူး။ ဘာလို့ဆို မျှာ်လင့်ချက်တွေက နာကျင်စေတယ်ဆိုတာကို သူတို့ ကောင်းကောင်းသိသွားလို့ပါပဲ။
သူတို့ဟာ သူတို့ကိုသူတို့ တာဝန်ယူတယ် တာဝန်ခံတယ် သူတို့ဟာ လွတ်လပ်တယ် အမှီအခိုကင်းတယ်လို့ ခံယူထားလို့ပါပဲ။ ယောက်ျားလေးတွေကတော့ အဲ့ဒီအချိန်ထိရည်းစားမရသေးဘူးဆိုရင် သူတို့ ဝမ်းနည်းမှုတွေထဲမှာပဲ သူတို့ကိုသူတို့ ချုပ်နှောင်ထားတတ်ပါတယ်။ တခုခုဆို ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ မချနိုင်သေးပါဘူး။ ဘာစားစားအရသာဟာ တခုခုလိုနေတယ်ဆိုတာမျိုးဖြစ်နေတတ်ပါတယ်။ လွတ်လပ်သွားလားဆိုတော့ လွတ်လပ်သွားပါတယ်။ အဲ့ဒီအချိန်မှာ ရထားတဲ့ လွတ်လပ်မှုတွေအတွက် သူတို့နှောင်တရနေတတ်ပါတယ်။
အချစ်သစ် ဘယ်သူအရင်တွေ့
များသောအားဖြင့် အသဲကွဲပြီးသွားပြီ ပြန်လည်တည်ငြိမ်သွားပြီဆိုတဲ့အချိန်ကာလတစ်ခုနောက်မှာ အချစ်သစ်ကို မိန်းကလေးတွေဘက်ကစတွေ့တတ်ပါတယ်။ သူ့မှာ သတိရစရာတွေရှိသေးရင်တောင် ချစ်သူအသစ်ကို အချစ်သစ်နဲ့ဆက်ချစ်နိုင်တဲ့ Super Powerမျိုးမိန်းကလေးတွေမှာရှိပါတယ်။
အသစ်တယောက်တွေ့လို့ ထားခဲ့တဲ့ ယောက်ျားလေးက အဲ့ဒီအချိန်မှာ အသဲပြန်ကွဲနေကောင်းကွဲနေနိုင်ပါတယ်။ တစ် ယောက်တည်းပဲ အချိန်တွေအကြာကြီး ဆက်ကြေကွဲချင်လည်းကြေကွဲနေပါလိမ့်မယ်။ ဒါမှမဟုတ် ရည်းစားရသွားရင်လည်း နှလုံးသားအဟောင်းကြီးနဲ့ပဲ ရည်းစားအသစ်ကို ဆက်ချစ်နေပါလိမ့်မယ်။
တကယ်တော့ မိန်းကလေးတွေလုပ်သလို သူတို့မလုပ်နိုင်ကြပါဘူး။ ပြောရမယ်ဆိုရင် ရင်ထဲမှာဆုံးရှုံသွားတဲ့တယောက်ကို ထည့်ထားပြီး တခြားမိန်းမတယောက်ကို နှလုံးသားအပြင်ဘက်က ချစ်တာမျိုးလောက်ပါပဲ။ ဒါတော့တော်တော်လေးကွာပါတယ်။ မိန်းကလေးတွေအတွက်က တော့လက်ရှိချစ်သူသည်သာ သူမအတွက် ချစ်သူလို့ သတ်မှတ်ပစ်လိုက်တာမျိုးပါ။
သူမက သူမအရင်ချစ်သူကို ချစ်ရင်လည်းချစ်နေလိမ့်ဦးမယ် မေ့သွားရင်လည်းမေ့သွားပါလိမ့်မယ်..ဒါပေမယ့် လက်ရှိချစ်သူကတော့သူမချစ်သူဆိုတာကိုတော့ သူမဘယ်တော့မှမမေ့ပါဘူး။ တကယ်တော့ တချို့အရာတွေက မရွေးချယ်ချင်ပေမယ့် အခြေအနေအရ ရွေးကိုရွေးချယ်လိုက်ရတာ မဟုတ်ပါလား။
အချစ်အချစ်တွေပေါ သို့မဟုတ် ချစ်ဖို့အရမ်းခက်ခဲ
အသဲကွဲပြီးသွားတဲ့လူတွေ အချစ်နဲ့ပက်သက်ပြီး ပြောင်းလဲသွားတတ်တာ ၂ ချက်ရှိနိုင်ပါတယ်။ ပထမတစ်မျိုးမျိုးက “ဝိုးအချစ်အချစ်တွေအရမ်းပေါ်”ဆိုပီး တယောက်ပီးတယောက်တွဲတာမျိုးနဲ့ နောက်ထပ်ချစ်ဖို့အရမ်းခက်ခဲသွားတာမျိုးပါ။ ၂မျိုးစလုံးကတော့ ယောက်ျားလေးရော မိန်းကလေးရော အတူတူပါပဲ။
အချစ်ကို ပေါ့ပေါ့လေးပဲသဘောထားလိုက်တော့တာမျိုးဆို ထည်လဲတွဲလို့အရမ်းကောင်းပါတယ်။ ဒါမှမဟုတ်ပဲ အချိန်အများကြီးတယောက်တည်း နေထိုင်သွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ အချစ်ကချစ်ရတာအရမ်းခက်ခဲအောင် သင်ကြားပေးခဲ့တာမဟုတ်ပါလား?ကဲ..Lifestyle Myanmarပရိတ်သတ်ကြီးခင်ဗျာ မိတ်ဆွေတို့လည်း အသဲကွဲဖူးကြမယ်ထင်ပါတယ်။ ကျွန်တော်တင်ပြခဲ့တဲ့အချက်တွေထဲက ဘယ်လိုအချက်တွေနဲ့ကိုက်ညီပါလဲ? ဖြည့်စွက်စရာရှိတာလေးတွေဖြည့်စွက်သွားပေးကြပါဦးခင်ဗျာ….
#Lifestyle_Myanmar
#Mg_Htet
REF_Power of possitivity