အရက်မူးလာရင် ဘွင်းခနဲ ပေါလာတဲ့ ကိုယ်ရည်ကိုယ်သွေး ၁၀မျိုး(အမူးသမား၁၀မျိုး)
lifestylemyanmar.com
|
2020-04-09



အရက်တွေဘီယာတွေ သောက်ပြီးသွားရင် ကိုယ့်ကိုယ်ဖြစ်တတ်တဲ့ အမူအကျင့်တွေကို သတိထားမိကြလား? တချို့ကျတော့မသောက်ခင်က အငြိမ် သောက်ပီးရင်တော့ သူ့လောက်ပျော်တတ်တာ စကားများတာ မရှိတော့ဘူး။ တချို့ကျတော့ သဘေ ာကောင်းစိတ်ကောင်းရှိတယ် မသောက်ခင်က မူးပီလည်းဆိုရော စူပါမန်းလိုလို ပါဝါရိန်းဂျားလိုလိုဖြစ်သွားတတ်ရော..ဒါကြောင့် မူးလာရင် လူတွေဖြစ်တတ်တဲ့ အမူအကျင့် ၁၀ မျိုးအကြောင်း ကိုရေးသားပေးလိုက်တာပါ။ တခုရှိတာက ကိုယ်က ဘယ်လိုပုံစံနဲ့မူးမူး ကျင့်ယူလို့ရပါတယ်နော်။ ဒါကိုမမေ့ပါနဲ့။ကဲ..အမူးသမား ၁၀မျိုးအကြောင်းကို အောက်မှာဖတ်ကြည့်လိုက်ရအာင်..


Jokerမူး




ဒီလိုအမူးသမားတွေကျတော့ မူးလာပီဟေ့ဆိုရင် Jokerလိုမူးတော့တာ ဟာသတွေပြောမယ်၊ စမယ်နောက်မယ် ပျော်မယ် ရွှင်မယ်ဆိုတာလောက်ပဲ ခေါင်းထဲရှိတော့တယ်။သူတို့က ဘာပြောပြောရယ်မောကြပြီး အခွင့်အရေးများရရင်တော့ ခုန်ပေါက်ပြီးတော့ကပါလိမ့်မယ်။ အဲပြီးရင်တော့ ကြီးတောင့်ကြီးကျယ်စကားတွေပြောပါလိမ့်မယ်။ KTVသွားမယ် မာဆတ်သွားမယ်တို့ဆိုတာတွေလာပါလိမ့်မယ်။ ဒါပေမယ့် သူတို့နဲ့က သောက်လို့စားလို့ကောင်းပါတယ်။


ဂေါက်ပလတ်ကျွတ်မူး




ဒီလူစားတွေကျတော့ အရက်တွေအလွန်အကျွံသောက်ပြီးရင် ပလတ်ကျွတ်သွားတတ်တဲ့လူစားတွေပဲဖြစ်ပါတယ်။ ဂေါက်ကြောင်သွားတာပေါ့။ ဘယ်လိုမျိုးလဲဆိုတော့ ပြောချင်တာတွေလျောက်ပြောမယ် ဆဲရေးတိုင်းထွာမယ် မတရားကြီးထကချင်ကနေမယ် ဥသြတွေဆွဲမယ်.ဘီယာတွေသူ့ပေါ်သူမှောက်ချရင်ချမယ်။ နောက်ဆုံးမူးမှောက်ပီး အိပ်ပျော်သွားမှပဲအေးတော့တယ်

အာ့လိုလူမျိုးနဲ့သောက်မိလို့ကတော့ သူမမူးခင်ထပြေးတာပဲကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သူ့ဘာသာပလတ်ကျွတ်ပီးလျောက်လုပ်နေတာနဲ့ သင်ဘာဂျေးထဲအောင်းရနိုင်ပါတယ်။ ဒီလိုလူမျိုးတွေကမမူးရင် ခင်ဖို့ကောင်းသလို အစပိုင်းမှာ တခြားလူတွေကိုပျော်စေပါတယ်။ အဲ..နောက်ပိုင်းကျတော့ အရှက်ရစရာတွေကို လျောက်လုပ်တော့တာပါပဲ။န နံနက်ရောက်ရင် သူ့ဘာသာမမှတ်မိတော့ဘူး


ဝသေန်တရာမူး




တချို့အရက်သောက်တဲ့သူတွေကျတော့ မူးလာပီဟေ့ဆိုရင် သဘောတွေ ဇွတ်ကောင်းတော့တာမျိုးပါ။ ပထမပိုင်း ပိုက်ဆံမရှိဘူး ဘာညာ ကပ်စေးတွေနဲနေပါလိမ့်မယ်။ ၃ခွက်လောက်ဝင်ပီးရင်တော့ ဘယ်ကနေ ဘယ်လို ပိုက်ဆံတွေထွက်လာမှန်းမသိဘူး။ ပိုက်ဆံတွေထွက်လာပါလေရော။ အဲ.သူမူးလာပြီဟေ့ဆိုရင် နာရီလေး လှလိုက်တာနော် ခါးပတ်လေးကမိုက်လိုက်တာ တို့ဘာတို့ သွားမပြောနဲ့။ အကုန်ချွတ်ပီးပေးပါလိမ့်မယ်။ အကျီဆိုလည်း ချွတ်ပေးမှာပါပဲ။ သိပ်လည်းပျော်မနေပါနဲ့ဦး.နံနက်ကျရင်တော့ သင့်ဆီက သူမူးပီးပေးထားတာတွေလိုက်ပြန်တောင်းပါလိမ့်မယ်။


ကလေးမူး




ဒီတစ်မျိုးကျတော့ မူးလာရင် ကလေးတစ်ယောက်လို ပြုမူတော့တာမျိုးပါ။ သူ့ကိုသူကလေးပေါ့။ တခါတလေများဆို မူးနေရင်းတောင် ကလေးအသံနဲ့ပြောတတ်ပါသေးတယ်။ ကလေးလိုပဲ တအီအီနဲ့ ဂျီကျတတ်ပါတယ်။


ဖိုကျတာမူး




ဒီလိုအရက်သမားကျတော့ တဝိုင်းတည်းထိုင်နေတဲ့သူတွေ ပြောတဲ့စကားမှန်သမျှ အကန်တွေချည်းလျောက်ပြောတတ်တာမျိုးပါ။ တခုခုဆို အကန်ပြောဖို့လောက်ပဲ သိတော့တာပါ။ အကြောင်းမသိတဲ့သူတွေနဲ့သာထိုင်ရင် ရန်ပွဲတောင်ဖြစ်နိုင်ပါတယ်။ တကယ်လို့ တအားမူးလာပီဆိုရင်တော့ အကြမ်းဖက်သမားပုံစံပါပေါက်လာတော့တာပါပဲ။ ပီးရင်တော့ ပေါက်ကွဲပီသာမှတ်တော့။ ရန်ဖစ်ချင်သလိုလို အာနိုးလိုလို သိုင်းဆရာလိုလို နဲ့ပြဿနာတွေပဲလှိမ့်ရှာတော့တာ။ အာ့လိုလူမျိုးတွေနဲ့ သောက်ရင် အလယ်ပိုင်းလောက်မရောက်ခင် ထပြန်တာကောင်းပါတယ်။ နို့မို့ဆို သင်ပြန်မယ်ဆိုရင်တောင် ပြန်ခွင့်မရပဲ သူတို့ရစ်သမျှ ထိုင်နားထောင်နေရလိမ့်ပါမယ်.ပြောရရင် သွေးဆိုးတာမျိုးပါ။ သူတို့ကမမူးရင် လုံးဝအကောင်း မူးလာရင်တော့ ပြဿနာတွေတသီကြီးပါလာပီသာမှတ်..


ယွပိုးထမူး




ဒီလူစားတွေကျတော့ မူးလာပီဆိုရင် ဟိုထိ ဒီထိ လိုက်ထိ ရင်ဘတ်တွေထဲ အတင်းခေါင်းနဲ့ဝှေ့လိုဝှေ့ ဟိုကိုင် ဒီကိုင် လျောက်ကိုင်တတ်တဲ့လူစားတွေပါ။ ဘာဖြစ်လို့ဖြစ်နေမှန်းမသိ လောက်အောင် မမူးခင်အချိန်နဲ့ကိုကွာသွားတာ။ တွေ့သမျှလူ အကုန်လိုက်ကလိတော့တာ.ဘာကြီးမှန်းကိုမသိဘူး..


အချွတ်မူး




ဒီအသောက်သမားတွေကျတော့ တညလုံး အကျီချွတ်ပီးကို သောက်တာ။ နောက်ဆုံးတော်တော်လေး ကောင်းသွားပီဆို ဘောင်းဘီပါမရှိတော့ဘူး။ တွေ့ဖူးလား? မူးလာရင် ချွတ်မယ်ဆိုတဲ့ ဘော်ဒါတွေ..


အငိုမူး (ဆယ့်နှစ်ရာသီအသဲကွဲသမားတွေ)




တယောက်တည်းသောက်တာများတတ်ပါတယ်။ စစချင်းတော့ အငြိမ်သမားတွေလိုပါပဲ။ သူလည်းသူ့ဖီးလ်နဲ့သူ။ သူတို့ကျတော့ တခုခုကိုရင်ဆိုင်ရမှာကြောက်လို့ မေ့ပစ်နိုင်အောင်လို့ တစိမ့်စိမ့်သောက်ပီး မူးကြတာမျိုးပါ။ မူးသွားရင်မေ့သွားတယ်လေဆိုတာမျိုးပေါ့။

အေးမူးလာပီဆိုရင်တော့ တကယ့်ဖြစ်ရပ်မှန်တွေရော စိတ်ကူးယဉ်ထားတာတွေကို အကုန်လျောက်ပြောတတ်ပါတယ်။ အတိ တ်တချိန်က သူဘယ်လောက်ထိချစ်တတ်တဲ့အကြောင်း သူ့ရည်းစားဟောင်းကို ဘယ်လိုပေးဆပ်ခဲ့ကြောင်း စသဖြင့် တောက်လျောက်ပြောတော့တာပါ။ တညလုံး ဒါပဲပြောလိုက် ငိုလိုက် ဝမ်းနည်းလိုက်နဲ့မူးနေတတ်ပါတယ်။ အရက်ငို ငိုတယ်ဆို တာအာ့လိုမျိုးပေါ့။ ပြောပြောပြီးကို ငိုတာ။


အငြိမ်မူး (အရက်ဂျိုး)




ဒီအမူးသမားကသူက အရက်ကိုနေ့တိုင်းပုံမှန်သောက်တာမျိုး။ ဘာအရက်ဖြစ်ဖြစ်ချတယ်။ ဘော်ဒါတွေနဲ့စုထိုင်ရင် တညလုံး သူက သူ့ဘော်ဒါ အရက်သမားအမျိုးမျိုးကို လိုက်ထိန်းညှိပေးနေတတ်ပါတယ်။


ပရော်ဖက်ရှင်နယ်ဆန်ဆန်မူး




သူကတော့ တခြားအမူးသမားတွေနဲ့ကွဲပြားပါတယ်။ သူတို့က ဘယ်လောက်သောက်သောက် အငြိမ်တွေ။ မူးလို့မူးမှန်းကို မသိတာ။ ဆေးလိပ်လေးဖွာလိုက် စကားပြောတာတွေနားထောင်လိုက် အာ့လို။ သူတို့က သူတို့ဖီးလ်နဲ့သူတို့။ သူတို့က အရက်သောက်ခြင်း အနုပညာကို ကောင်းကောင်းကြီးထိန်းသိမ်းထားသူတွေပေါ့။

ရေခဲထည့်တာကအစ သူတို့မှာ ပညာတွေရှိပါတယ်.။ အရက်ဂျိုးတွေနဲ့ကွာတာက ဂျိုးတွေက နေ့တိုင်းသောက်တာပဲရှိတာပါ။ သူတို့မှာ အရက်စည်းမျည်းစည်းကမ်းတွေရှိတတ်ပါတယ်။ပြောရရင် ပညာရှင်ဆန်တဲ့အရက်သမားတွေပေ့ါ။ သူတို့ကိုမှီဖို့ များများသောက်ပီး များများလေ့ကျင့်မှပဲရမယ်။ ကဲ..ဒီလောက်ဆို မူးလာရင်ဖြစ်တတ်တဲ့ အရက်သမားပုံစံအမျိုးမျိုးကို သိလောက်ပီထင်ပါတယ်.သင်ရော ဘယ်အမျိုးအစားထဲမှာပါလဲ?

#Lifestyle_Myanmar

#Mg_Htet

REF_collegetimes.com


#အရက်
#အမူးသမား
#ပီဆို
#လူစား
#ဘော်ဒါ

Some text some message..