ကိုယ့်ဘဝအတွက် အရင်ကထက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ သိထားသင့်တဲ့အချက် (၄) ချက်
mystylemyanmar.com
|
2020-04-10

ကျွန်မတို့ဟာ ဘဝအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုချခါနီးတိုင်း ပြန်စဉ်းစားပြီး တွေဝေတတ်ကြပါတယ်။ ဒီလိုလုပ်လိုက်ရင် ငါ ဒုက္ခရောက်သွားမလား။ အဆင်ပြေပါ့မလား စတဲ့ စိုးရိမ်စိတ်တွေကြောင့် ဆုံးဖြတ်ချက် ချဖို့ နှေးကွေးနေတတ်ပါတယ်။ ကိုယ်ချလိုက်တဲ့ ဆုံးဖြတ်ချက်တိုင်း အမြဲမှန်ကန်နေဖို့က မလွယ်ကူပါဘူး။ ဒါပေမဲ့ ကိစ္စတစ်ခုခုကို မဆုံးဖြတ်ခင် အတတ်နိ်ုင်ဆုံး မှန်ကန်အောင်ကြိုးစားနိုင်တဲ့အချက်တွေရှိပါတယ်။

၁။ သင့်ကိုယ်သင်မေးပါ


သင့်အတွက် အကောင်းဆုံးအရာက ဘာလဲ သင့်ကိုယ်သင် မေးပါ။ ဒီဆုံးဖြတ်ချက်က သင့်ဘဝကို အရင်ကထက် တိုးတက်အောင် ကူညီပေးနိုင်လား။ သင်စိတ်ချမ်းသာသွားလား။ ဒီအတိုင်းလုပ်လိုက်တာ လုပ်ရကျိုးနပ်ရဲ့လား ဒါတွေကို မေးကြည့်ပါ။ ထိုက်တန်တယ်လို့ ယူဆရင်တော့ ဆက်လုပ်ပါ။ ဆဌမအာရုံကို ယုံလိုက်ပါ။ သင့်စိတ်ထဲက ပြောလာတဲ့ စကားလုံးတွေက ယုံကြည်လိုက်ပါ။

၂။ စိတ်ရှည်ပါ


ဆုံးဖြတ်ချက်ချပြီးတဲ့နောက် ရလဒ်က ချက်ချင်း အကျိုးထူးမှာ မဟုတ်ပါဘူး။ စိတ်ရှည်ရှည်ထားပြီး စောင့်ဆိုင်းပေးပါ။

၃။ သူငယ်ချင်းတစ်ယောက်နဲ့ တိုင်ပင်ပါ


ကိုယ်ရင်းနှီးတဲ့လူတွေဆီက အကြံဉာဏ်တောင်းပါ။ သူတို့က သင့်အကြောင်းကို နားလည်တာမို့ သင်နဲ့ သင့်တော်တဲ့ အရာကို သူတို့ သိမှာပါ။ ဒါကြောင့် သူငယ်ချင်းနဲ့တိုင်ပင်ဖို့ ဝန်မလေးပါနဲ့။

၄။ စာရေးပါ


သင့်ဆုံးဖြတ်ချက်တွေ သင့်အခက်အခဲတွေကို ရင်ဖွင့်မယ့်လူမရှိရင် စာအုပ်ထဲချရေးပါ။ ဆုံးဖြတ်ချက်ရဲ့ ရလဒ်အဖြေတွေကိုလည်း ချရေးပါ။ စာအုပ်ထဲမှာ စာရေးတာက သင့်အခက်အခဲတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရလာစေပါတယ်။

ဒီအချက်တွေကတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုကို ချနိုင်ဖို့ ကူညီနိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ သင့်ကိုယ်သင် အရမ်းဖိအားမပေးပါနဲ့။ အဆင်ပြေသွားပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar


The post

ကိုယ့်ဘဝအတွက် အရင်ကထက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ သိထားသင့်တဲ့အချက် (၄) ချက် appeared first on

MyStyle Myanmar .


#ဆုံးဖြတ်ချက်
#စာရေး
#တိုင်ပင်
#ဆဌမ
#ရလဒ်

Some text some message..