ယောကျာ်းလေးတွေ သူ့ချစ်သူဆီက အမျှော်လင့်ဆုံး အကြားချင်ဆုံး စကား ၁၀ ခွန်း
lifestylemyanmar.com
|
2020-04-10



အချစ်ဆိုတာ အပေးအယူ အသွားအလာမျှတမှ တည်မြဲပါတယ်။ ကိုယ့်ဘက်ကချည်းပဲပေးပြီး သူ့ဘက်ကဘာမှပြန်မလာတဲ့အခါ နာကျင်ရပါတယ်။ခုပြောပြချင်တာက ယောကျာ်းလေးတွေ ကိုယ့်ချစ်သူဆီက အမျှော်လင့်ဆုံး အကြားချင်ဆုံး စကား ၁၀ ခွန်းအကြောင်းပါ။ ဒီလိုစကားလေးတွေပြောပေးပြီး ချစ်ခြင်းမေတ္တာရဲ့ ခိုင်မြဲတဲ့နှောင်ကြိုးတွေ တည်ဆောက်နိုင်ကြပါစေနော်..


(1)I Love You!




ချစ်သူဖြစ်သွားတယ်ဆိုပီး ချစ်တယ်ဆိုတဲ့စကားကို ပစ်မထားလိုက်ရဘူးနော်။ ကိုယ့်ချစ်သူက ကိုယ့်ကိုချစ်တယ်လို့ ဝန်ခံပြောဆိုလိုက်ရင် ဘယ်လောက်အသဲမာတဲ့ကောင်ပဲဖြစ်ဖြစ် အရည်ပျော်ရတော့တာပါပဲ။ ယောကျာ်းတွေက အဲ့ဒီစကားလေးကို သိပ်ကြားချင်ကြတာ။ ဒီစကားလေးက ဖက်တာ နမ်းတာထက် ပိုလေးနက်တဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်ပါတယ်နော်..


(2)”I Appreciate What You Do”(မင်းလုပ်တာကို ကိုယ်တန်ဖိုးထားတယ်)




ဒီစကားလေးက ကိုယ့်ချစ်သူက ကိုယ့်ကိုပံပိုးပေးတာကို ခံစားရစေပါတယ်။ ဘယ်လိုအခက်အခဲတွေ ဆိုးဝါးတာတွေဖြစ်နေပါစေ။ ချစ်သူဆီက အားပေးစကားတစ်ခွန်းကြောင့် ဘာကိုမှဂရုမစိုက်တော့ပဲ မဖြစ်နိုင်တဲ့ ခက်ခဲတဲ့အရာတွေကိုတောင်လုပ်နိုင်စွမ်းရှိပါတယ်။ ဒီစကားလေးအတွက် သင့်ကို သင့်ချစ်သူက နှစ်နှစ်ကာကာကျေးဇူးတင်ပီး ချစ်မြတ်နိုးနေမှာပါ။


You Are The Best(မင်းကအကောင်းဆုံးပါပဲ”)




ယောက်ျားတစ်ယောက်ရဲ့ ကံကြမ္မာကို မိန်းမတစ်ယောက်က ဆုံးဖြတ်နိုင်ပါတယ်။ အောင်မြင်တဲ့ ယောက်ျားတိုင်းရဲ့နောက်ကွယ်မှာ အရာရာကို နားလည်မှုပေးပြီးစိတ်ခွန်အားဖြစ်အောင်ထောက်ပံပေးနိုင်တဲ့ မိန်းမတွေရှိကြပါတယ်။ You R the Bestဆိုတာ လွယ်လွယ်လေးပြောလို့ရပေမယ့် ယောကျာ်းတွေရဲ့ အသဲထဲ အရိုးထဲ စိမ့်သွားလောက်အောင်ထိခံစားရစေပါတယ်။ တိုက်ခိုက်ကြရမယ့်နေ့သစ်တွေကို သင့်စကားလေးတစ်ခွန်းကို လက်နက်အဖြစ်ဆောင်ယူပြီး သင့်ရှေ့မှာ သူမားမားမတ်မတ်ရပ်တည်ပေးပါလိမ့်မယ်။


I RESPECT YOU!(ငါမင်းကိုလေးစားတယ်)




ယောက်ျားတွေမှာ သူတို့ကိုယ်တိုင်တောင်မသိတဲ့ စိတ်အခံတစ်ခုရှိပါတယ်။ အဲ့ဒါက မိန်းမတွေ အထင်ကြီးခံစေချင်တာပါပဲ။ အထူးသဖြင့် ကိုယ့်ချစ်သူ အထင်ကြီးတာကို ပိုခံချင်တတ်ပါတယ်။ ဒီတော့ ဒီစကားလေးက ကိုယ့်ချစ်သူရဲ့အလုပ်တွေ ကြိုးစားမှုတွေကို အသိအမှတ်ပြုရာလည်းရောက်လို့ ပြောဖြစ်အောင်ပြောပေးပါနော်..


“LET’S DO WHAT YOU WANT TO DO(မင်းလုပ်ချင်တာကိုလုပ်ကြရအောင်)




ကိုယ့်အသက်ကိုမေ့ပြီး ပျော်စရာတွေကို လုပ်ကြရအောင်ဆိုတာမျိုးပါ။ တခါတလေ အသက်မအရွယ်တွေ မလုပ်သင့်တာတွေ ပတ်ဝန်းကျင်တွေမေ့ပြီး ပျော်စရာကောင်းတာတွေကို နှလုံးသားအလိုအတိုင်းဖန်တီးပစ်လိုက်တာကောင်းပါတယ်။ ဆိုကြပါစို့ Game Cityမှာ ကလေးတွေဆော့တဲ့ ဂိမ်းတွေ ဝင်ဆော့မယ် ရေခဲမုန့်စားပီးသီချင်းအကျယ်ကြီးအော်ဆိုမယ် ဘတ်စ်ကားပေါ်မှာ ဖက်နမ်းမယ်..တခါတလေလုပ်ချင်တာလုပ်ဆိုတဲ့စကားလေးက မေ့မရနိုင်တဲ့ အမှတ်တရလေးတွေကို ဖန်တီးပေးနိုင်ပါတယ်နော်..


“YOU LOOK GREAT!”(မင်းကိုကြည့်ရတာ ကြည့်ကောင်းလိုက်တာ)




ချစ်သူတွေ ဖြစ်ပြီးလို့အချိန်တွေကြာလာတာပဲဖြစ်ပါစေ အိမ်ထောင်သည်ဘဝရောက်ကသွားတာပဲဖြစ်ပါစေ ဒီစကားလေးက RSတစ်ခုအတွက် တော်တော်အရေးကြီးပါတယ်။ တချို့လူတွေက အချိန်တွေကြာလို့ စိတ်ပျက်စရာစကားလုံးတွေသုံးနေကြပေမယ့် “မင်းကဘယ်လိုနေနေကြည့်လို့ကောင်းလိုက်တာဆိုတဲ့”စကားလုံးလေးက သင်တို့ချစ်ခြင်းကို ထာဝရထက်တစ်ရက် ပိုစေပါလိမ့်မယ်။


“I’M LISTENING.(ကိုယ်နားထောင်နေတယ်နော်)




အမျိုးသားတော်တော်များများက ပြဿနာတက် အငြင်းပွားရင် သူတို့ပြောတဲ့စကားကို နားထောင်စေချင်ကြပါတယ်၊ အဲ့လိုပဲ ချစ်သူချင်းပြောတဲ့စကားတွေမှာလည်း စိတ်မဝင်စားသလို လုပ်ချင်တာလုပ်နေတာမျိုးမဖြစ်စေပဲ “ချစ်နားထောင်နေတယ် ကိုပြောစရာရှိတာပြောလေ ” ဆိုတာမျိုးက ဒေါသကို ငြိမ်းနိုင်တဲ့ အကောင်းဆုံး မီးသတ်ပိုက်ပါပဲ။


“THANK YOU.”




ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားလေးကိုတော့ ကြားချင်ကြတာချည်းပါပဲ.ရိုးရှင်းတဲ့စကားလေးဖြစ်ပေမယ့် အစွမ်းထက်တဲ့ စကားလုံးလေးပါပဲ။ ဒါဟာချစ်သူတွေအတွက်သာမကပဲ လူမှုဆက်ဆံရေးမှာလည်း အတော်တာသွားတဲ့ စကားလေးဖြစ်ပါတယ်။”“THANK YOU.”ပါနော်


“I TRUST YOU.”(ကိုမင်းကိုယုံကြည်တယ်)




ယုံကြည်မှုဟာRS တစ်ခုအတွက်ကြောက်စရာကောင်းလောက်အောင်အရေးကြီးပါတယ်။ ယုံကြည်မှုဆိုတာထက် လေးနက်တဲ့အရာ ဘယ်မှာ ရှိနိုင်မှာလည်း? ဒါဟာချစ်သူကို တုပ်နှောင်ထားတဲ့စကားဖြစ်သလို သူ့အတွင်းစိတ်ခံစားချက်တွေကို ဖွင့်ချပြနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။.ကဲ..ဒီလောက်ဆို Lifestyleပရိသတ်တွေနဲ့ ချစ်သူစုံတွဲတွေကြားမှာ မပြောမဖြစ်ပြောပြောပေးနေရမယ့်စကား ၁၀ ခွန်းကို သိလောက်ပီထင်ပါတယ်။ ဒီစကားလေးတွေက ယောက်ျားတွေပဲ မျှော်လင့်နေတာ ကြားချင်နေတာမျိုးမဟုတ်ပဲမိန်းကလေးတွေလည်း အတူတူပါပဲနော်.ဒီတော့ ကိုယ့်ချစ်သူကိုယ့်ကို ပိုပိုချစ်လာပြီး မပစ်ခွာအောင် ဒီစကားလုံးလေးတွေ သုံးပေးပါနော်..

#Lifestyle_Mynanmar

#Mg_Htet

REF_POWER OF POSSITIVITY


#စကား
#ချစ်သူ
#ယောက်ျား
#စကားလုံး
#ယောကျာ်း

Some text some message..