သင်လိုချင်တဲ့ အိပ်မက်ကို ပိုင်ဆိုင်နိုင်ဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ယူနိုင်မလဲ
lifestylemyanmar.com
|
2020-04-12



အိပ်မက်တွေက ကျွန်တော်တို့ရဲ့ နိုးထနေသော ဘဝအပေါ်များစွာ အကျိုးသက်ရောက်နိုင်ပါတယ်။ သူတို့က အနာဂတ်နှင့် ပတ်သက်ပြီးတော့ ကျွန်တော်တို့မျှော်လင့်ချက်တွေနှင့် စိုးရိမ်မှုတွေကို ရောင်ပြန်ဟပ်ပြီး ကျွန်တော်တို့ရဲ့ အတိတ်တွေကို ပြန်လည်ကြည့်ရှုဖို့ ကူညီနိုင်ပါတယ်။ သင်အိပ်မပျော်နိုင်ဖြစ်စေတဲ့ အိပ်မက်ဆိုးတွေကို တက်ကြွစွာ ထိန်းချုပ်နိုင်ပါတယ်။ သတိထားပါ။ ပိုမိုနှစ်သက်ဖွယ်ကောင်းတဲ့ အိပ်မက်တွေကို သင်လိုချင်တဲ့အခါမျိုးပဲဖြစ်ဖြစ် သင်လုပ်နိုင်တဲ့ အရာများစွာရှိပါတယ်။ သင်လိုချင်တဲ့ အိပ်မက်ကို မက်ဖို့ အိပ်ရာဝင်ပါ။




၁။ စောစောအိပ်ရာဝင်ပါ

အိပ်စက်ခြင်းနှင့် ဇီဝဗေဒဆိုင်ရာ Rhythms ဂျာနယ်အတွက် ၂၀၁၁ခုနှစ်အတွက် ပြုလုပ်ခဲ့သော လေ့လာမှုတစ်ခုအရ တက္ကသိုလ်တက်သော ကျောင်းသားတွေက နောက်ကျမှ အိပ်စက်သူတွေဟာ ပိုမိုမနှစ်မြို့ဖွယ်အိပ်မက်တွေ မက်ခဲ့ကြတယ်လို့ ကောက်ချက်ချခဲ့တယ်။ တကယ် သင်ရဲ့ အိပ်မက်တွေကို ပိုသာယာစေလိုလျှင် ညတိုင်းအနည်းဆုံး အိပ်နေကျထက် တစ်နာရီစောအိပ်ရာဝင်ပါ။ ၎င်းက သင့်အိပ်မက်တွေအပေါ် အပြုသဘောအကျိုးသက်ရောက်မှုရှိမရှိကြည့်ပါ။ ဖြစ်နိုင်ချေရှင်းပြချက်တစ်ခုက စိတ်ဖိစီးမှုဟော်မုန်း cortisolကို နံနက်စောစောထုတ်လွှတ်ခြင်းဖြစ်ပါတယ်။




၂။ အစားအသောက်တွေကို ထိန်းချုပ်ပါ

အရက်တွေ၊ ကဖိန်းဓာတ်နှင့် စီးကရက်တွေအပါအဝင် တစ်ချို့အစားအသောက်တွေဟာ အိပ်မက်ဆိုးတွေဖြစ်ပေါ်စေပါတယ်။ သင့်အနေနဲ့ အမြဲတမ်းအိပ်မက်ဆိုးတွေချည်းပဲ မက်နေတယ်ဆိုရင် ဒီအရာတွေကို ဖြတ်တောက်ဖို့ စဉ်းစားပါ။ သင်အိပ်ရာမဝင်ခင် နှစ်ရာရီနှင့် သုံးနာရီအထိမစားပါနှင့်။ သင့်အတွက် အစားအစာကို အစာကြေစေနိုင်တဲ့ လုံလောက်တဲ့ အချိန်ထားပါ။ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိပ်မက်တွေကို ပိုင်ဆိုင်ဖို့ သင်အလေးအနက်ထားမယ်ဆိုရင် မွန်းတည့်ပြီးနောက်မှာ ကဖိန်းဓာတ်ကို ရှောင်ရှားသင့်ပါတဘ်။ သင်အပိုစွမ်းအင်လိုအပ်တယ်လို့ ခံစားရနိုင်ပေမယ့် သင်အိပ်ပျော်ဖို့ ပိုခက်ခဲပါလိမ့်မယ်။ အိပ်ရာဝင်ချိန်မှာ သကြားဓာတ်ကိုလည်း ရှောင်ပါ။ သကြားက သင့်ကို အလွန်အကျွံနိုးကြားစေပါတယ်။




အိပ်မပျော်ခင် စာအုပ်ဖတ်ခြင်းကဲ့သို့သောအပန်းဖြေအလုပ်ကို လုပ်ပေးပါ။ သင်အိပ်ပျော်သွားအောင် ကူညီနိုင်တဲ့ အကောင်းဆုံးသော အရာတွေကိုရှာဖွေပါ။ ကြောက်စရာကောင်းသော၊ အကြမ်းဖက်သော ဘယ်လိုရုပ်ရှင်ကိုမှ မကြည့်ပါနှင့်။ ဒါက အိပ်မက်ဆိုးတွေဖြစ်ပေါ်စေတာကြောင့်ဖြစ်ပါတယ်။ ဒီ့ထက်ပို သေချာချင်တယ်ဆိုရင် အနည်းဆုံးနာရီဝက်မှ တစ်နာရီအတွင်း အမြင်အာရုံလှုံ့ဆော်မှုအားလုံးကို ပိတ်ထားပါ။ ဆိုလိုတာက ဖုန်းတွေ၊ ကွန်ပျူတာတွေ မရှိဘဲ သင့်စိတ်ကို ပိတ်ထားပြီး အိပ်စက်အနားယူစေရုံမှအပ တစ်ခြားမရှိပါဘူး။




၃။ စိတ်ဖိစီးမှုကို ကိုင်တွယ်ပါ

မကြာခဏဆိုသလို အပျက်သဘောဆောင်တဲ့ အိပ်မက်တွေက ကျွန်တော်တို့နေ့စဉ်ဘဝမှာ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှု (သို့) စိုးရိမ်ပူပန်မှုတွေကို ရောင်ပြန်ဟပ်ပါတယ်။ အိပ်ရာဝင်ချိန်မှာ ဒီအရာတွေကို မစဉ်းစားပါနှင့်။ အဲဒီ့အစား သင်ဦးခေါင်းကို ရှင်းလင်းခြင်းနှင့် အပြုသဘောဆောင်တဲ့ အရာတွေကို စဉ်းစားဖို့ အချိန်ယူပါ။ စိတ်ဖိစီးမှုနည်းသော ပြင်ပဘဝကို အာရုံစိုက်လေလေ၊ သင့်အတွင်းစိတ်နှင့် သင့်အိပ်မက်တွေကို ပိုမိုတည်ငြိမ်စေပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းကလည်း စိတ်ဖိစီးမှုကိုလျော့နည်းစေပြီး အိပ်မက်ကို ပိုမိုကောင်းစေပြီး အိပ်စက်ခြင်းကို မြန်စေပါတယ်။ သို့ပေမယ့် အိပ်ရာဝင်ချိန်နှင့် နီးလွန်းတဲ့အချိန်မှာမလေ့ကျင့်သင့်ပါဘူး။




၄။ အိပ်ခန်းထဲမှာ နှင်းဆီပန်းထားပါ

သိပ္ပံပညာရှင်တွေက အိပ်မက်လေ့လာမှုတစ်ခုကို ပြုလုပ်ခဲ့ပြီး ညအချိန်မှာအမျိုးသမီးတွေက နှင်းဆီရနံ့နှင့် အနံ့အရသာတွေ သင်းပျံ့နေခြင်းက ပုံမှန်အိပ်မက်တွေထက် ပိုမိုသာယာဖွယ်ကောင်းတဲ့ အိပ်မက်တွေရှိကြတယ်လို့ ထောက်ခံခဲ့ကြပါတယ်။ ရနံ့က အပြုသဘောဆောင်တဲ့ စိတ်ခံစားမှုတွေကို ဖြစ်ပေါ်စေတယ်လို့ ယုံကြည့်ရတယ်။ နှင်းဆီမွှေးရနံ့များ၊ ဘော်ဒီလိုးရှင်းများ(သို့) ဖယောင်းတိုင်များကိုလည်း အသုံးပြုနိုင်ပါတယ်။ ဖယောင်းတိုင်အသုံးပြုလျှင် မအိပ်စက်ခင် မီးကို မှုတ်သတ်ပါ။




၅။ သင့်အိပ်မက်တွေကို အာရုံစိုက်ပါ

လူအများက သင်ရဲ့အိပ်မက်တွေကို မှတ်မိဖို့သင်ယူခြင်းက ကြည်လင်သော အိပ်မက်တွေကို ရရှိဖို့ ပထမခြေလှမ်းဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ အိပ်ရာမဝင်ခင် သင့်အိပ်မက်တွေကို အပြည့်အဝပြန်ပြောဖို့ စီစဉ်ထားကြောင်း မိမိကိုယ်ကို သတိပေးပါ။ ၎င်းက သင့်အိပ်မက်တွေကို ပိုမိုအာရုံစိုက်တတ်ဖို့ သင့်မသိစိတ်တွေကို လေ့ကျင့်ပေးနေခြင်းဖြစ်ပါတယ်။ သင့်အိပ်မက်ကို မှတ်မိနိုင်တဲ့ နည်းလမ်းတစ်ချို့ကတော့ နိုးလာတဲ့အခါမှာ သင့်အိပ်မက်ကို မိမိကိုယ်ကိုမေးပါ။ ချက်ချင်းအိပ်ရာမထပါနှင့်။ အိပ်ရာထဲမှာ နေပြီးတော့ သင့်အိပ်မက်အသေးစိတ်ကို အာရုံစိုက်ပါ။ လူတွေက သူတို့အိပ်မက်တွေကို မေ့သွားရတဲ့အကြောင်းရင်းတစ်ခုကတော့ သူတို့နိုးလာပြီး ချက်ချင်းဆိုသလို တစ်ခြားအရာတွေကို စဉ်းစားလာကြလို့ပါ။ အိပ်မက်တွေကို ချရေးပါ။




၆။ အစစ်အမှန်နဲ့ အတုအယောင်ကို ခွဲခြားပါ

အမှန်တကယ်စစ်ဆေးမှုဆိုသည်မှာ သင်အမှန်တကယ်ကမ္ဘာနှင့် အိပ်မက်ကမ္ဘာကို ခွဲခြားဖို့ ကူညီပေးတာမျိုးဖြစ်ပါတယ်။ အိပ်မက်တွေနှင့် နိုးနေစဉ်အတွင်း သင်လုပ်ဆောင်နိုင်တဲ့ စမ်းသပ်မှုတွေရှိပါတယ်။ ဒါတွေနဲ့စမ်းသပ်ကြည့်ပါ။ ပျံသန်းဖို့ ကြိုးစားပါ။ အိပ်မက်ထဲမှာဆို သိသာထင်ရှားစွာပဲ ၎င်းက အလုပ်လုပ်ပါလိမ့်မယ်။ နောက်တစ်ခုက မှန်ကြည့်ပါ။ အိပ်မက်မက်နေတယ်ဆိုရင် သင့်ရောင်ပြန်ဟပ်မှုက တွန့်လိမ်ရှုံ့တွနေခြင်း၊ မှုန်ဝါးနေခြင်း တွေဖြစ်နေပါလိမ့်မယ်။ မီးခလုတ်တွေကို ဖွင့်ပိတ်လုပ်ကြည့်ပါ။ မီးခလုတ်တွေက အိပ်မက်ကမ္ဘာမှာ အလုပ်မလုပ်နိုင်ပါဘူး။ ဒါ့အပြင် မီးကို သင့်စိတ်ထဲက ဖွင့်နိုင်မဖွင့်နိုင်စမ်းကြည့်ပါ။ သင်တတ်နိုင်လျှင် အိပ်မက်မက်နေတာပါပဲ။ သင့်လက်တွေကို အနီးကပ်ကြည့်ပါ။ အိပ်မက်မက်နေရင် လက်ချောင်းတွေက ပုံမှန်ထက် ပိုများနိုင်ပါတယ်။ ကွန်ပျူတာနှင့် တယ်လီဖုန်းဟာဆိုရင်လည်း အိပ်မက်ထဲမှာ အလုပ်မလုပ်နိုင်ပါဘူး။ ပါးစပ်နှင့် နှာခေါင်းကို ပိတ်ထားစဉ် အသက်ရှူနိုင်တယ်ဆိုရင် အိပ်မက်မက်နေတာပါ။ အိပ်မက်များစွာ စကားလုံးတွေက ကိုက်ညီမှုမရှိဘဲ ကျပန်းတွေဖြစ်လိမ့်မယ်။




၇။ သင့်စိတ်ကူးယဉ်အိပ်မက်ကို မြင်ယောင်ကြည့်ပါ

သင်အိပ်ရာမဝင်မီ သင်ဘာအိပ်မက်မက်ဆိုတာ ဆုံးဖြတ်ပါ။ သင့်ပတ်ဝန်းကျင်မြင်ကွင်းရဲ့ ကွင်းကွင်းကွက်ကွက်မြင်ယောင်ပါ။ မြင်ကွင်းများ၊ အသံတွေနှင့် အနံ့စသည့်အသေးစိတ်အချက်အလက်တွေကို ထည့်သွင်းပါ။ ကိုယ့်ကိုယ်ကို စိတ်ကူးမြင်ယောင်ထားတဲ့နေရာမှာ ထားပါ။ ဒီအိပ်မက်မြင်ကွင်းမှာ အသက်ရှူခြင်းနှင့် လမ်းလျှောက်ခြင်းရဲ့အာရုံတွေကို ဂရုပြုပါ။ သင့်အိပ်မက်မမက်သေးသော်လည်း ကိုယ့်ကိုယ်ကို ”ငါအိပ်မက်ထဲမှာ ရှိတယ်”လို့ ပြောပါ။ သင်အိပ်ပျော်သွားတယ်တဲ့အထိ ထိုမြင်ကွင်းကို ဆက်လက်လုပ်ဆောင်ပါ။ အကောင်းဆုံးရလဒ်အတွက် သင်အကောင်းဆုံးနေရာကို ရွေးချယ်ပါ။




၈။ သင့်အိပ်ရာဘေးမှာ အိပ်မက်သင်္ကေတချန်ထားပါ

အိပ်ရာမဝင်ခင် အိပ်ယာဘေးမှာ ဓာတ်ပုံတစ်ပုံ၊ အမှတ်အသားတစ်ခု (သို့) စာရွက်တစ်ရွက်ချန်ထားခဲ့ပါ။ သင်မက်ချင်သော အိပ်မက်ကို ကိုယ်စားပြုတဲ့ အရာတစ်ခုခုကို ယူပြီး အိပ်ရာမဝင်မီ ၎င်းကို သင်ထားချင်တဲ့ အိပ်မက်တစ်ခုအဖြစ်သို့ ကူးပြောင်းနိုင်ဖို့ ပြုလုပ်ပါ။ တစ်စုံတစ်ယောက်နဲ့ပတ်သက်ပြီး အိပ်မက်မက်ချင်တယ်ဆိုရင် ထိုလူရဲ့ ရုပ်ပုံကို သင့်အနီးနားမှာ ထားပါ။ ဒီအတိုင်းအတာက အိပ်မက်မက်လိုသော အရာများနှင့် ပတ်သက်ပြီးတော့ အိပ်မက်မက်စေနိုင်ပါတယ်။ အကြောင်းရင်းကတော့ ဒီအရာအားလုံးကို သင့်စိတ်ထဲမှာ ထည့်ထားလို့ပဲဖြစ်ပါတယ်။




၉။ သင့်ကိုယ်သင် အရင်ပြင်ဆင်ပါ

သင်အိပ်ရာပေါ်မှာ အိပ်ဖို့အဆင့်သင့်ဖြစ်ပြီဆိုရင် ”ဒီညအိပ်မက်ရင် ငါအိပ်မက်မက်နေတယ်ဆိုတာ သိချင်တယ်”လို့ ကိုယ့်ကိုယ့်ကို ရိုးရိုးလေးပြောပါ။ ဒီအရာကို သင်အကြိမ်အနည်းငယ်ထပ်တလဲလဲပြုလုပ်ပါ။ ၎င်းက သင်အိပ်မက်မက်နေကြောင်း အသိအမှတ်ပြုဖို့ သင်လိုအပ်တဲ့ အတွေးအခေါ်ကို ရရှိဖို့ကူညီပါလိမ့်မယ်။




၁၀။ အမှောင်ထဲမှာသာ အိပ်စက်ပါ


တကယ်လို့ သင်က သင့်အိပ်မက်တွေကို အမှန်တကယ်ထိန်းချုပ်ချင်တယ်ဆိုရင်သင်က လုံးလုံးမှောင်မိုက်မှုတွေမှာသာ အိပ်စက်သင့်ပါတယ်။ အမှောင်ထုထဲမှာ အိပ်စက်ခြင်းက သင့်ရဲ့ melatonin အဆင့်ကို မြင့်မားစေပြီး ပိုမိုကောင်းမွန်သော အိပ်မက်မက်ခြင်းနှင့် အိပ်မက်ကို ပြန်လည်မှတ်မိစေပါတယ်။
အကောင်းဆုံးကတော့ အိပ်ရာထဲမှာ မျက်လုံးတွေဖွင့်လိုက်တဲ့အခါ အမှောင်ထုထဲရှိနေရင် သင်အိပ်မက်ထဲရောက်နေတာနဲ့ မခြားပါဘူး။ အလင်းရောင်းမှေးမှိန်စေသော ပြတင်းပေါက်များ၊ အလင်းရောင်များများပေးသော တံခါးပေါက်များ( သို့) သင့်ကို အမှောင်ဆုံးပတ်ဝန်းကျင်မှာ မနေစေဖို့တားဆီးပေးသော အခြားအရာများကို ရှောင်ကြဉ်ပါ။

Lifestyle_Myanmar
Nyein_Thu


Ref-wikihow


#အိပ်မက်
#အိပ်ရာ
#အိပ်စက်
#အရာ
#စိတ်ဖိစီးမှု

Some text some message..