တစ်စုံတစ်ယောက်အကြောင်းအိပ်မက်မက်ရင် ဒါဟာ ဘာကိုဆိုလိုပါသလဲ
lifestylemyanmar.com
|
2020-04-16



အိပ်မက်ဆိုတာ ကြီးမားတဲ့ ဘတ်ဂျက်ရုပ်ရှင်တွေလို အတူတူရှိခဲ့တဲ့ အမှတ်တရတွေနှင့် အတွေးတွေကို စုဆောင်းထားခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့အိပ်မက်တွေက ကျွန်တော်တို့စိတ်ထဲက လာခြင်းဖြစ်ပါတယ်။ ၎င်းတို့က ကျွန်တော်တို့ဘဝတစ်လျှောက်လုံး ကျွန်တော်တို့တွေ့မြင်ခဲ့ရသမျှအားလုံးကို စုဆောင်းထားတဲ့အချက်အလက်ကနေ လာပါတယ်။ ကျွန်တော်တို့ဦးနှောက်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ”မသိစိတ်အပိုင်း”က ကျွန်တော်တို့ကြောက်ရွှံ့မှုများ၊ တုန်ခါမှု၊ စွမ်းအင်နှင့် အကြံအစည်အားလုံးကို သိမ်းဆည်းထားတဲ့နေရာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ အိပ်မက်တွေက ကောင်းတာရော၊ မကောင်းတာတွေပါ နှစ်မျိုးလုံးကို မြင်နိုင်ပါတယ်။ တစ်ချို့အိပ်မက်တွေက လှပပြီး အံ့အားသင့်စရာကောင်းတဲ့အတွက် သင်နိုးလာတဲ့အခါ ပျော်ရွှင်မှုတွေ အကျိုးသက်ရောက်စေပါတယ်။ အခြား ကြောက်စရာကောင်းတဲ့အိပ်မက်တွေကိုတော့ အိပ်မက်ဆိုးတွေအဖြစ် သတ်မှတ်ကြတယ်။




တစ်စုံတစ်ယောက်ကို အိပ်မက်မက်တဲ့အခါ ဘာကိုဆိုလိုပါသလဲ

တစ်စုံတစ်ဦးအကြောင်း သင်အိပ်မက်မက်တဲ့အခါ သင့်ဘဝမှာ သူက သတ်သတ်မှတ်မှတ်တန်ဖိုးရှိတယ်လို့ ဆိုလိုပါတယ်။ သူက သင့်ဘဝမှာ တစ်နည်းမဟုတ်တစ်နည်းရှိဖူးခဲ့ခြင်းကို ဆိုလိုပါတယ်။ သင်က ၎င်းတို့နှင့် ပတ်သက်ပြီး သင်စဉ်းစားတွေးတောဖူးတာကို ဆိုလိုပါတယ်။ နောက်ပြီး သူတို့က သင်စိတ်ထဲမှာရှိပါတယ်။ ဒီအရာများစွာက သင်မြင်တွေ့ခဲ့ရသော အိပ်မက်အမျိုးအစားပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ သင်ကတစ်စုံတစ်ဦးကို ပျော်ရွှင်သော အိပ်မက်မှာတွေ့မြင်ခြင်း၊ စိမ်းလန်းသော အစိမ်းရောင်များစွာနှင့် စွမ်းအင်ကောင်းခြင်းကို တွေ့မြင်ခဲ့မယ်ဆိုရင် သင်က ထိုလူနှင့် တကယ့်ဘဝမှာ ကောင်းသော နေရာတွေမှာ ရှိနေတယ်လို့ ဆိုလိုပါတယ်။ သူတို့ကို သင်နှင့်အဆင်မပြေသော အနေအထားမှာ တွေ့မြင်ရတယ်ဆိုရင် ၎င်းက သင့်ဘဝအခြေအနေတွေကို ထင်ဟပ်စေပါတယ်။

တကယ်လို့ သင်က တစ်စုံတစ်ဦးကို ခံစားချက်ရှိပြီး သင်အိပ်မက်မက်တယ်ဆိုရင် သင့်ခံစားချက်က တန်ဖိုးများစွာရှိတယ်လို့ ဆိုလိုပါတယ်။ သင့်ခံစားချက်တွေက မပြောင်းလဲဘူး။ သူဟာ သင့်စိတ်ကိုတော်တော်လေးအကျိုးသက်ရောက်စေပါတယ်။ သေချာတာတစ်ခုက သင်က သူ့ကို ချစ်ခြင်း (သို့) ပြင်းထန်သောစိတ်ခံစားချက်တွေရှိတာထက် သူရဲ့ ခဏအတွေးလဲဖြစ်နိုင်ပါတယ်။




တစ်စုံတစ်ဦးကို သတ်မိတယ်လို့ အိပ်မက်မက်တဲ့အခါ ဘာကိုဆိုလိုပါသလဲ

တစ်ယောက်ယောက်ကို သတ်ဖို့ကြိုးစားတယ်လို့ အိပ်မက်မက်တဲ့အခါ မကြောက်ပါနှင့်။ ကျွန်တော်တို့ရဲ့ နေ့စဉ်စိတ်ထဲမှာအပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေကို ဖြတ်သန်းသွားပြီး ဒီစိတ်ခံစားချက်တွေကို သိမ်းဆည်းထားရာမှ ၎င်းတို့က ကျွန်တော်တို့ကို အိပ်မက်တွေအဖြစ် ပြသတာဖြစ်ပါတယ်။ သင်က တစ်စုံတစ်ဦးကို သတ်တယ်လို့ မြင်မက်တယ်ဆိုရင် သင်က ထိုလူကိုမကြိုက်ဘူးလို့ ဆိုလိုပါတယ်။ သင်က ၎င်းတို့ကိုကြောက်ပြီး ထိုလူနှင့် ဝေးနိုင်သမျှ ဝေးဝေးနေလိုတယ်လို့လည်း မှတ်ယူနိုင်ပါတယ်။ သင့်အတိတ်ကာလမှာ သူတို့ကသင့်ကို အနိုင်ကျင့်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ သူက သင့်ကိုနှိပ်စက်ပြီး အတိတ်က သင့်ကို နာကျင်စေခဲ့တယ်။ အဖြေက သင့်စိတ်ထဲမှာ ရှိပါတယ်။




တစ်စုံတစ်ဦးအကြောင်း ခဏခဏပြောတယ်လို့ အိပ်မက်မက်တဲ့အခါ ဘာကိုဆိုလိုပါသလဲ

သင့်အိပ်မက်တွေမှာ တူညီသောလူတစ်ယောက်ကို သင်အမြဲမြင်တွေ့နေရတဲ့အခါ ၎င်းတို့က သင့်အတွက်မရှိမဖြစ်လိုအပ်တယ်လို့ ဆိုလိုပါတယ်။ သင်ကသူတို့နှင့်စကားပြောဖို့နှင့် နှစ်ဦးအကြားပြဿနာတစ်ချို့ကို ဖြေရှင်းဖို့လိုအပ်နေပါတယ်။ သင့်နှလုံးက သင့်မှာမရှိသေးတဲ့အရာတစ်ခုခုကို ပြောလိုခြင်းလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့အိပ်မက်တွေက များသောအားဖြင့် ကျပန်းထုတ်လုပ်ခြင်းခံရတဲ့ ရုပ်ရှင်တွေဖြစ်ပါတယ်။ ဒါပေမယ့် တစ်ယောက်ယောက်ကို ကျွန်တော်တို့အိပ်မက်တွေထဲမှာ အမြဲတမ်းတွေ့နေတယ်ဆိုရင် အဲဒါက ပိုနက်ရှိုင်းတဲ့အဓိပ္ပာယ်ရှိပါတယ်။

သင့်အိပ်မက်မှာ တစ်စုံတစ်ဦးကို အဆက်မပြတ်တွေ့မြင်ရခြင်းက ဒီအရာကိုဖြစ်ပေါ်စေသော ကိစ္စတွေကို သင်စဉ်းစားဖို့ လိုအပ်ပါတယ်။ ထိုလူက သင့်အတွက် ဘာကြောင့်အရေးကြီးကြောင်းနှင့် သင့်စိတ်က သူတို့နှင့် ပတ်သက်ပြီးတော့ သင့်ကို ဘာကြောင့်သတိပေးနေကြောင်း သင်စဉ်းစားဖို့လိုအပ်ပါတယ်။




သင့်အိပ်မက်ထဲမှာ ဟိုတယ်တွေကို မြင်မက်ရင် ဘာကိုဆိုလိုသလဲ

ဟိုတယ်တွေဟာ အနားယူဖို့နှင့် အပန်းဖြေဖို့ နေရာတစ်ခုဖြစ်ပါတယ်။ သင်က သင့်အိပ်မက်တွေကို ဟိုတယ်တွေကို အစဉ်မပြတ်တွေ့မြင်နေရတယ်ဆိုရင် ၎င်းက သင့်ဘဝမှာ ခက်ခဲသော အနေအထားမှာရှိနေပြီးတော့ သင်က အမှောင်ထဲက ထွက်ဖို့ကြိုးစားနေခြင်းဖြစ်ပါတယ်။ သင်ဟာ ကြမ်းတမ်းတဲ့ပြင်ဆင်မှုတစ်ခုကို ဖြတ်သန်းနေတယ် ပြီးတော့ သင့်အိပ်မက်တွေက သင်အဆင်ပြေမယ်လို့ ပြောဖို့ ကြိုးစားနေတယ်။ သင်ဟိုတယ်တစ်ခုမှာ ခေတ္တနားနေပြီး မကြာမီအိမ်သို့ ပြန်သွားပါလိမ့်မယ်။ ဒါကြောင့် သင့်ကိုဟိုတယ်ကို အိပ်မက်ကိုတွေ့မြင်တဲ့အခါ သင့်ပြဿနာတွေပျောက်ကွယ်သွားပြီး ကျန်းမာတဲ့ဘဝကို ပြန်သွားပါလိမ့်မယ်။




တစ်ယောက်နဲ့ တစ်ယောက်တိုက်လိုက်တယ်လို့ မြင်မက်တဲ့အခါ ဘာကိုဆိုလိုပါသလဲ

တစ်ယောက်ယောက်ကို တိုက်ခိုက်ဖို့အိပ်မက်မက်တဲ့အခါ အဲဒါဟာ သင့်ဘဝရဲ့ လက်တွေ့ဘဝမှာ သူတို့ကို လုံးဝကြည့်မရလို့ဆိုလိုပါတယ်။ ခင်ဗျားတို့နှစ်ယောက်ကြားမှာ တင်းမာမှုတွေများနေတယ်။ ခင်ဗျားတို့နှစ်ယောက်စလုံးအကြားမှာ တင်းမာမှုတွေများနေတယ်။ အဲဒါကို ဖြေရှင်းဖို့လိုပါတယ်။ သင်ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာကို ပြောပြီးပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ပြဿနာရဲ့ ရင်းမြစ်ကိုသိပြီး တတ်နိုင်သမျှဖြေရှင်းဖို့ ကြိုးစာသင့်တယ်လို့ဆိုလိုပါတယ်။ တစ်ခါတရံမှာ ကျွန်တော်တို့စိတ်ခံစားမှုတွေနှင့် ကြောက်ရွှံ့မှုတွေက ကျွန်တော်တို့ကို မတားဆီးနိုင်ဘူးလို့ ထင်ကြသော်လည်း ၎င်းတို့က ကျွန်တော်တို့ကို အရာရာပြုလုပ်နိုင်တဲ့ စွမ်းအားတွေရှိပါတယ်။ သင့်အိပ်မက်တွေကို အရေးမကြီးဘူးလို့ ဘယ်တော့မှ မတွေးပါနှင့်။




တစ်ယောက်ယောက်ကို အိပ်မက်မက်နေလျှင် သူတို့ကရော သင့်အကြောင်းအိပ်မက်မက်ပါသလား

သင်တစ်ယောက်ယောက်ကို အိပ်မက်မက်မယ်ဆိုရင် သူတို့လည်း သင့်အကြောင်းအိပ်မက်မက်ဖို့ မလိုပါဘူး။ ကျွန်တော်ပြောခဲ့သလိုပဲ ကျွန်တော်တို့အိပ်မက်တွေက ကျွန်တော်တို့ကိုယ်ပိုင်ဖြစ်ပါတယ်။ သူတို့က တစ်ခြားမည်သူ့ထံမှ လာတာမဟုတ်ပါဘူး။ ဘယ်သူကမှ အိပ်မက်တွေကို ထုတ်လွှင့်လို့မရပါဘူး။ ၎င်းတို့က ကျွန်တော်တို့ရဲ့ ဦးနှောက်အတွင်းမှနေ့စဉ်ပုံမှန်အားဖြင့် ထုတ်ပေးနေပါတယ်။ တကယ်လို့ မက်ခဲ့မယ်ဆိုရင်တောင် ဒါဟာတိုက်ဆိုင်မှုသက်သက်ဖြစ်ပါတယ်။

Lifestyle_Myanmar

Nyein_Thu

ref-relrules


#အိပ်မက်
#ဟိုတယ်
#ဘဝ
#တင်းမာမှု
#စွမ်းအင်

Some text some message..