ဘဝရဲ့ နောက်ဆုံးအချစ်ကို ရှာဖွေတွေ့ရှိသွားသူတွေပိုင်ဆိုင်ထားတဲ့ ကံကောင်းမှု ၈ ခု
lifestylemyanmar.com
|
2020-04-18



တချို့လူတွေက ကျွန်တော်တို့ဘဝထဲကို ခနဝင်လာကြတယ် ပြီးရင် နှုတ်မဆက်လက်မပြပဲနဲ့လည်း ပြန်ထွက်သွားကြတယ်။ တ ချို့လူတွေက အပြုံးနဲ့ဝင်လာကြတယ် အမုန်းတွေနဲ့လမ်းခွဲသွားကြတယ်။ တချို့လူတွေကို ကျွန်တော်တို့က လှည့်စားတတ်ကြပြီး တချို့လူတွေက ကျွန်တော်တို့ ကိုအရူးတစ်ပိုင်းဖြစ်အောင်လုပ်သွားကြတယ်။

အချစ်ဦးနဲ့လွဲပြီး အချစ်အသစ်သစ်တွေ တွေ့ရှိခဲ့တောင် RSတွေ ပြတ်တောက်သွားကြတယ်။ ခုပြောပြချင်တာက ကျွန်တော်တို့ ဘဝရဲ့ နောက်ဆုံးအချစ် နောက်ဆုံး RSတစ်ခုဆိုတာ သိနိုင်မယ့်အချက်လေးတွေပါ။ အချက်လေးတွေဆိုတာထက် ကျွန်တော်တို့ဘဝအတွက် နောက်ဆုံးအချစ် နောက်ဆုံးလူရဲ့ ကြားမှာပြုမူဆက်ဆံတတ်တဲ့ အလေ့အကျင့်လေးတွေပေါ့..ကဲ..ဖတ်ကြည့်လိုက်ကြရအောင်.


ပွင့်လင်းတဲ့ဆက်ဆံရေးရှိတယ်




ပြောရမယ်ဆိုရင် သူတို့တွေကြားထဲမှာ တယောက်ကိုတယောက် လျို့ဝှက်ဖုံးကွယ်ထားတာတွေမရှိသလောက်ပါပဲ။ သူတို့ဆက်ဆံရေးက ပွင့်လင်းတယ် နွေးထွေးတယ် ရိုးသားတယ်။ တယောက့်ဘဝအကြောင်းကိုတယောက်သေချာသိတယ်။ တယောက်ဒဏ်ရာကို တယောက်ဖေးမပေးတယ်။ ပြောချင်တာက တစ်ယောက်စိတ်ကိုတစ်ယောက် ထင်းထင်းကြီးမြင်နိုင်ကြတဲ့ဆက်ဆံရေးမျိုးတည်ဆောက်ထားကြတယ်။ နားလည်နိုင်စွမ်းကြီးမားလွန်းကြပါတယ်။


ချစ်သူပျော်ရွှင်မှုဟာကိုယ့်ကို ၂ ဆပျော်စေတယ်




ချစ်သူစုံတွဲတိုင်းမှာရှိတတ်ကြတဲ့အရာမျိုးပါပဲ။ တစ်ယောက်ကိုတစ်ယောက်ပျော်အောင်လုပ်ပေးရတာကိုချစ်သလို ကိုယ့်ချစ်သူပျော်နေတာလေးကိုလည်း ချစ်နေရတာပဲမဟုတ်လား? နောက်ဆုံးအချစ်ဆိုတာလည်း ဒီလိုပါပဲ။ သူ့လိုအပ်ချက်လည်းကိုယ်ဖြည့်ဆည်းပေးရလို့ သူ့ထက် ၂ ဆပျော်ရွှင်နေရတာမျိုးပေါ့။


အတူတူနေရတာကို ကျေနပ်နှစ်ခြိုက်တယ်.




သမီးရည်းစားသဘာဝ အတူတူနေကြတယ် ဆိုတာကတော့ဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ အချင်းချင်းပွေ့ဖက်တာ နမ်းရှုပ်တာ အ တူနေတာဆိုတဲ့ Physical Touch ရုပ်ပိုင်းဆိုင်ရာနှီးနှောမှုလေးတွေကို ကြိုက်တယ် ချစ်တယ် ကျေနပ်တယ် အားရတယ် ဆိုတဲ့ခံစားမှုမျိုးဖြစ်ရင် ကိုယ့်အတွက်နောက်ဆုံးလူ နောက်ဆုံးအချစ်လို့ ပြောလို့ရနိုင်ပါတယ်တဲ့။

အဲ့ဒီကမှတစ်ဆင့် သူနဲ့ပဲတစ်ဘဝလုံးအတူရှိသွားချင်တယ် သူနဲ့ဝေးသွားဖို့ ဘယ်လိုမှ မစဉ်းစားရဲတော့ဘူးဆိုတဲ့ အခြေအနေမျိုးတွေရှိလာပြီး သံလိုက်လို သူ့ကို ဆွဲငင်ထားပါလိမ့်မယ်။


သူ့အတွက်ဆို အရာအားလုံးကိုရက်ရောတယ်




ချစ်သူတွေကြားမှာများသောအားဖြင့်တော့ ရက်ရောမှုဆိုတာရှိပါတယ်။ ဆိုလိုတာက လက်ဆောင်လေးတွေဝယ်ပေးတာ။ သူ့အတွက်လိုတာတွေကိုဖြည့်ဆည်းပေးတာမျိုးပေါ့။ နောက်ဆုံးအချစ်ဆိုတာမှာကျတော့ သူတို့က သူ့ချစ်သူဘဝပိုသာယာဖြောင့်ဖြူးဖို့ ကိုယ့်ဘဝကိုပါ ရက်ရက်ရောရော ပေးလိုက်တာမျိုးပါတဲ့။

ဒါတွေကနည်းမျိုးစုံနဲ့ဖြစ်နိုင်ပါတယ်။ ချစ်သူပျော်ရွှင်ဖို့အတွက် ကိုယ့်ကိုကိုယ် ယစ်ပူဇော်ရင်လည်း ပူဇော်မယ်ဆိုတာမျိုးပေါ့။ သင်ကိုယ်တိုင်တောင်သတိမထားမိတဲ့ အမှတ်တရတွေမှာ ပိုက်ဆံအများကြီးမပေးရတဲ့ တန်ဖိုးရှိတဲ့လက်ဆောင်တွေ အံသြအောင်ဖန်တီးပေးတာမျိုးပေါ့။ သူ့ရဲ့နွေးထွေးမှုနဲ့ ဂရုစိုက်မှုကို သင့်နောက်ဆုံးအချစ်က သင့်ကို ရက်ရက်ရောရောပေးပါလိမ့်မယ်။ ဟန်ဆောင်အချစ်မျိုးနဲ့မဟုတ်ဘူးပေါ့။


ပစ္စုပန်ကို အာရုံစိုက်တယ်




ပြောချင်တာက သူချစ်တာက သင်နဲ့ သင့်ရဲ့ မနက်ဖြန်တွေကိုပဲ သူကချစ်တာမျိုးပါ။ သင့်အတိတ်က ဘယ်လောက်ပဲ နာကျည်း စပ်ဆုပ်စရာကောင်းနေလည်း သင့်ကိုချစ်တဲ့အချစ်က အတိတ်ကိုပြန်မသွားပါဘူး။ သူက လက်ရှိအချိန်လေးတွေကိုပဲ အာရုံစိုက်တယ်။ သင်ပြောသမျှ အလေးထားပီးနားထောင်တယ် ဂရုပြုတယ် သင်ပြောသမျှ လုပ်သမျှကို အာရုံစူးစိုက်တယ်။ ဆိုလိုတာက သင့်ချစ်သူ အိမ်ထောင်ဖက်က သင်နဲ့ပက်သက်သမျှအရာတွေကို လေးနက်တဲ့ ခံစားမှုနဲ့ ဆက်ဆံရေးကိုဦးစားပေးပြီး အရေးမကြီးတဲ့အရာတွေကို လျစ်လျူရှုထားတဲ့ဆက်ဆံရေးမျိုးပါ။


ပြောင်းလဲဖို့လိုလာရင်ပြောင်းလဲပစ်ကြတယ်




ကိုယ်ကြိုက်တဲ့အရာတွေ နှစ်သက်တဲ့အရာတွေကို ရုတ်တရက်ပြောင်းလဲဖို့ဆိုတာ တကယ်တော့ တော်တော်ခက်တဲ့အလုပ်ပါ။ နောက်ဆုံးအချစ် နောက်ဆုံး RSတစ်ခုမှာတော့ သူတို့တွေဟာ ဘဝအတွက် ပြောင်းလဲဖို့လိုလာတဲ့ အရာတွေကို နှစ်ယောက်အ တူ ကြိုးစားပြောင်းလဲကြပါတယ်.နှစ်ယောက်အတူ ပေါင်းစည်းဖို့ဆိုတာကလည်း ဒီလိုနားလည်မှုတွေရှိဖို့လိုတာပဲမလား?အဲ့ဒီလိုမဟုတ်ပဲ ကိုယ်ကြိုက်တာကိုယ်လုပ်ပုံစံမျိုးက RSတစ်ခုကို မြဲစေမှာ မဟုတ်ပါဘူးနော်.ခရီးရှည်ကြီးတစ်ခုကို အတူချီတက်ရမှာဖြစ်တဲ့အတွက် ပြုပြင်ပြောင်းလဲသင့်တာတွေကို အချိန်မှီပြုပြင် ပြောင်းလဲကြဖို့လိုတယ်ဆိုတာ သူတို့နားလည်ကြပါတယ်။


ခွင့်လွတ်မှုနဲ့တောင်းပန်မှုရှိမယ်




လူတိုင်းက အမှားနဲ့မကင်းပါဘူး။ ချစ်သူ စုံတွဲတွေဆို ပိုတောင် ထိလွယ်ရှလွယ်ဖြစ်တတ်ကြပါတယ်။ တချို့ အချစ်တွေက အမှားသေးသေးလေးကြောင့် ချစ်လျက်နဲ့ တဘဝလုံးစာဝေးရတာမျိုးလေ။ နောက်ဆုံးအချစ်ကို ရှာဖွေတွေ့ရှိသွားတဲ့သူတွေကတော့ သူတို့အမှားတွေကို ဖွင့်ဟတယ်။ အဲ့ဒီအမှားတွေအတွက် ခွင့်လွတ်ဖို့ဝန်ချတောင်းပန်မယ်။ တစ်ဖက်ကလည်း ဒါကို နားလည်မှုနဲ့ခွင့်လွတ်မှုရှိတယ်။ နာကျင်မှုတွေရှိခဲ့ရင်တောင် တစ်ယောက်ကိုတစ်ယောက်ပြန်လည်ဖေးမပြီး တွဲလက်တွေကို မဖြုတ်ပဲ ရှေ့ဆက်ဖို့ပဲ သူတို့ပြောကြပါလိမ့်မယ်။


စည်းလုံးတဲ့ အသင်းတစ်ခုလိုပဲ



နောက်ဆုံးအချစ်ကို ရှာတွေ့သွားသူတွေက စည်းလုံးတဲ့ အသင်းတစ်သင်းလိုပဲတဲ့။ တိုက်ပွဲတွေ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရတဲ့အခါ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့တိုင်ပင်တယ် လိုတာတွေကို ပြင်ဆင်တယ် ရှေ့ဆက်တက်တယ် တိုက်ခိုက်တယ်။


သူတို့ဟာ ချစ်သူတွေသာမဟုတ်ဘူး ခရီးတစ်ခုကို အတူသွားနေကြတဲ့ မိတ်ဆွေကောင်းတစ်ယောက်ရဲ့ဆက်ဆံရေးမျိုးရှိတယ်။ တစ်ယောက်လဲကျရင် တစ်ယောက်ဖေးမမယ်။ တစ်ယောက်ငိုရင် တစ်ယောက်က ရယ်အောင်လုပ်ပေးမယ်။ သူတို့ အရမ်းအင် အားကြီးတယ်။ နောက်ဆုံးအချစ်ဆိုတာ ကောင်းကင်စိုက်ခင်းတစ်ခုကို အချစ်နဲ့ အတူပွင့်ဖူးဖို့ကြိုးစားကြပါလိမ့်မယ်။

ဘယ်လောက်ပဲ RSတစ်ခုက အချိန်တွေကြာသွားပါစေ ပထမဆုံးအကြိမ်တွေ့ဆုံတုန်းကအတိုင်း ရင်ခုန်သံတွေကပျိုမြစ်နေကြပါလိမ့်မယ်။ကဲ..ဒီလောက်ဆို ဘဝရဲ့ နောက်ဆုံးအချစ် နောက်ဆုံးလူနှစ်ယောက် တည်မြဲတဲ့RSတစ်ခုကြားမှာ ရှိတဲ့ အချက်လေးတွေ အပြုအမူလေးတွေသိလောက်ပြီထင်ပါတယ်။

#Lifestyle_Myanmar

#Mg_Htet

REF_Power of Possitivity


#အချစ်
#ချစ်သူ
#အမှား
#ဘဝ
#အရာ

Some text some message..