အိပ်ရာနိုးလာတဲ့ Treasureလေးရဲ့ချစ်စရာပုံလေးကို အမိအရဓာတ်ပုံရိုက်ထားပြီး ချစ်မဝဖြစ်နေတဲ့ မေမေစန္ဒီမြင့်လွင်
myanmarload.com
|
2020-04-18
ပရိသတ်ကြီးရေ စန္ဒီမြင့်လွင်ရဲ့ သမီးချောလေး Treasureလေးကတော့ (၉)လကျော်အရွယ်လေးနဲ့တင် လူချစ်လူခင်ပေါများနေတာဖြစ်ပါတယ်။မျက်လုံးဝိုင်းဝိုင်း၊ပါးဖောင်းဖောင်းလေးတွေကလည်း အရုပ်မလေးနဲ့တူလို့ အရမ်းချစ်စရာကောင်းနေတာပါနော်။မေမေဒီဒီးကလည်း သမီးလေးကို သေချာဂရုစိုက်စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။
စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံကတော့ သမီးလေးကြောင့် ပျော်ရွှင်တဲ့မိသားစုကမ္ဘာလေးကို ပိုင်ဆိုင်ထားပြီး သာယာစိုပြေနေတာပဲဖြစ်ပါတယ်။သင်္ကြန်ကာလမှာဆိုရင်လည်း ဒီဒီးတို့မိသားစုက အိမ်အပြင်မထွက်ကြဘဲ အိမ်ထဲမှာနေပြီး ရေကစားကြတာပါနော်။Treasureလေးကတော့ မေမေ၊ဖေဖေတို့နဲ့ ရေကစားရလို့ အရမ်းပျော်ရွှင်နေတာဖြစ်ပါတယ်။
မေမေဒီဒီးကလည်း သမီးချောလေး Treasureလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို အမြဲတမ်းမျှဝေပေးနေတာဖြစ်ပါတယ်။အခုဆိုရင်လည်း မနက်ခင်းအိပ်ရာထလာတဲ့ Treasureလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို အမိအရဓာတ်ပုံရိုက်ထားတာပါနော်။ပါးဖောင်းဖောင်းလေးတွေနဲ့ အိပ်ရေးဝနေပြီးချစ်စရာကောင်းလွန်းတဲ့ Treasureလေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
#ချစ်စရာ
#မေမေ
#စန္ဒီမြင့်လွင်
#ပုံရိပ်
#သမီးလေး
ဆောင်းပါးများ
Some text some message..
Send SMS?
မသေချာပါ
သေချာပါသည်
ပယ်ဖျက်ရန်
အိုကေ
သတိပေးချက်
အိုကေ