ဒီနေ့ပြောပြချင်တာက Soulmateဆိုတဲ့စကားလုံးလေးအကြောင်းပါ။ Soulamateဆိုတာနဲ့ပက်သက်ပြီး ကွဲလွဲတဲ့ ဝေါဟာရတွေရှိကြပေမယ့် ကျွန်တော်ကတော့ Soulmateကို ဝိညဉ်ဖက်ဆိုပြီး အဓိပ္ပါယ်ဖွင့်ချင်ပါတယ်။
ဝိညဉ်ဖက်(Soulmate)ဆိုတာ အတိတ်ဘဝမှာ သင်နဲ့ နက်နက်ရှိုင်းရှိုင်းချစ်ခဲ့ဖူးတဲ့လူတစ်ယောက်ဟာ လက်ရှိဘဝထဲ ဝင်ရေ ာက်လာပြီး သင့်ကို သင်ကြားဖို့ ၊တွန်းအားပေးဖို့၊ နားလည်ပေးဖို့၊ ကြွယ်ဝဖို့၊ ဝေဒနာတွေမျှဝေဖို့၊ ပိုမိုမြင့်မားတဲ့ဘဝဖြစ်တည်မှုကို ရရှိဖို့၊ အမှောင်ထဲက ကြယ်လေးတစ်ပွင့်အဖြစ်တောက်ပဖို့ သတိရှိရှိနေထိုင်တတ်စေဖို့ အရာအားလုံးကိုမျှဝေမယ့် စိတ်တူကိုယ်တူ ချစ်သူ တစ်ဦးတစ်ယောက်ကိုဆိုလိုတာဖြစ်ပါတယ်။
သူတို့ဟာ သင့်အတွက် ဘဝလက်တွဲဖော်ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဆိုလိုတာက Soulmateတွေဟာ ကြီးမားတဲ့အချစ်သင် ခန်းစာတွေကိုယူဆောင်လာတတ်ပြီး အတိတ်ဘဝက မပြီးပြတ်သေးတဲ့ မစ်ရှင် တစ်ခုကို ဆောင်ရွက်ဖို့ ကမ္ဘာမြေပေါ်နောက်တစ်ကြီမ်ပြန်ရောက်လာတဲ့သူတစ်ဦးပေါ့။သူတို့ကသင့်ဘဝထဲကိုဘယ်လိုရောက်လာတတ်ကြလဲဘာတွေခံစားစေရလဲဆိုတာ အောက်မှာဆက်ဖတ်ကြည့်လိုက်ရအောင်
Soulamateတစ်ဦးက သင့်ဘဝအတွက်လိုနေတာတွေဖြည့်ပေးဖို့ရောက်လာတယ်
အတိတ်ဘဝက သင့်ရဲ့ ဝိညဉ်ဖက်ဟာ သင့်ဘဝထဲကို သူငယ်ချင်းလို ချစ်သူတစ်ဦးလို ဝင်ရောက်လာနိုင်ပါတယ်။ သူ သင်လိုအပ်နေတဲ့ လေ့လာသင်ယူမှုတွေကို ဖြည့်ဆည်းပေးဖို့ စိတ်အားထက်သန်နေတတ်ကြပါတယ်။ ဒါပေမယ့် သင်မလိုအပ်တော့တဲ့အချိန် သူ့ရဲ့တာဝန်နဲ့ လမ်းညွှန်ချက်တွေပြီးဆုံးသွားတာနဲ့ တစ်ပြိုင်နက်ထွက်သွားလေ့ရှိပြီး များသောအားဖြင့် နှလုံးသားဒဏ်ရာတွေခံစားကြရပါတယ်.
တွေ့ဆုံချင်းမှာ မမြင်နိုင်တဲ့ ဆွဲအားတွေနဲ့ အံသြမှင်သက်မှုတွေခံစားရတတ်တယ်
သင့်ရဲ့ အရင်ဘဝက Soulmateတစ်ယောက်နဲ့တွေ့ဆုံလိုက်တဲ့အခါမှာ သူ့ကိုတချိန်ချိန်က သိခဲ့ဖူးသလို အံသြမှင်သက်မှုတွေ စ တင်ခံစားရပါလိမ့်မယ်။ သူဟာတခြားလူတွေလောက် ရုပ်ရည်မချောရင်တောင် မြင်မြင်ချင်း ရင်ကိုလှုပ်ခတ်ပြီးနှစ်သက်စေပါလိမ့်မယ်။ အချင်းချင်းနားလည်မှုပေးနိုင်သလို အတွေးအခေါ်တွေ အမူအကျင့်တွေ အကြိုက်တွေလည်းတူညီနေတတ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက်က သံလိုက်လို ဆွဲငင်အားတွေဖြစ်လာကြပါလိမ့်မယ်။
သင်နှုတ်ခမ်းလှုပ်စရာမလိုပဲ သူကအလိုလိုသိနေတတ်တယ်
အတိတ်ဘဝက ပြန်လာတဲ့ သင့်ရဲ့ ချစ်သူ( Soulmate)တစ်ဦးက သင့်စိတ်ကို အလိုလိုသိနေတတ်ပါတယ်။ သင်တို့က တစ်ယေ ာက်နဲ့တစ်ယောက် စိတ်ခံစားမှုနဲ့အတွေးတွေ၊ အလိုဆန္ဒတွေကို မပြောပဲသိနေတတ်ကြပါတယ်။ သင်တို့ချင်းဝေးနေချိန်တောင် သင်ခုချိန် ဘာလုပ်နေမလဲ ဘာတွေးနေမလဲဆိုတာတောင် သူတို့က ခံစားသိနဲ့သိကြပါတယ်။
သင်တို့နှစ်ယောက်ကြားမှာ စကားလုံးတွေ မလိုအပ်ပါဘူး။ ပြောရရင် Soulmateတွေဟာ သင်နဲ့စိတ်ပိုင်းဆိုင်ရာ နက်နက်နဲနဲ ဆက်နွယ်ထားတဲ့လူတွေပါ။ ဘဝလက်တွဲဖော်(Life Partener)ဆိုတာကျတော့ သူတို့လို စိတ်ခံစားမှုအနိမ့်အမြင့်နဲ့ မောင်းနှင်နေတဲ့ ဆက်ဆံရေးမဟုတ်ပဲ လက်တွေ့ကျမှုနဲ့ ဦးနှောက်ပိုင်းဆိုင်ရာတွေပေါ်မှာ အခြေခံကျပါတယ်. Soulmate ဆိုတာ သင့်ဘဝတစ်ခုလုံးအတွက် Life Partenerဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။
မေးခွန်းတွေကို အဖြေရှာပေးမယ်
Soulmateတစ်ဦးက သင်မဖြေနိုင်တဲ့ မေးခွန်းတွေ သင့်နှလုံးသားရဲ့လိုအပ်ချက်ကွက်လပ်တွေတိုင်းကို ဝိုင်းပြီး ဖြည့်စွက်ဖြေရှင်းပေးပါလိမ့်မယ်။ အခက်အခဲတွေ့တိုင်း သင်တို့ ၂ယောက် ခေါင်းချင်းဆိုင် အဖြေရှာကြပါလိမ့်မယ်။ စိန်ခေါ်မှုတွေကို ဖြေရှင်းတတ်ဖို့ သူက သင့်ကို သင်ကြားပေးပါလိမ့်မယ်.တချိန်ချိန်မှာတော့ သင့်ဘေးမှာ သူရှိနေချင်မှရှိနေပါလိမ့်မယ်။
လောကအမြင်တွေပြောင်းလဲသွားလိမ့်မယ်
အတိတ်ဘဝက သင်နဲ့ဆုံဖို့ နောက်တစ်ကြိမ် ကမ္ဘာမြေပေါ် ပြန်ရောက်လာတဲ့ သင့်ရဲ့ချစ်သူဟာ သင်မတွေးခဲ့ မမြင်ခဲ့ဖူးတာတွေကို လမ်းညွှန်သင်ကြားပေးပါလိမ့်မယ်။ သင်ဟာ ယခင်ထက် ကောင်းမွန်တဲ့ အယူအဆ သဘောထားတွေ တွေးမြင်တတ်လာပါလိမ့်မယ်။ နှလုံးသားကိုဖွင့်ပြီး လူအများအပေါ်မှာ နွေးထွေးတဲ့လက်ကို ပိုမိုကမ်းလှမ်းလာတတ်အောင် ခွင့်လွှတ်နားလည်တတ်လာအောင် ချစ်ခင်တတ်လာအောင် ကူညီလမ်းပြပေးပါလိမ့်မယ်။
ကြီးမားတဲ့ဘဝသင်ခန်းစာတွေကိုရရှိလိမ့်မယ်
ဒီနောက်ဆုံးအချက်ကတော့ Soulmateတော်တော်များများမှာ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။ Soulmateတစ်ယောက်ဆီက လာတဲ့ ချစ်ခြင်းမေတ္တာဟာ ဝမ်းမြောက်ရင်ခုန်ခြင်းနဲ့ စိတ်ကူးယဉ်ဖွယ်ကောင်းသလို ခက်ခဲတဲ့ အတားအဆီးတွေနဲ့ပြည့်နေတတ်ပါတယ်။
သင်တို့ရဲ့ချစ်ခြင်းဟာ တခြားလူတွေကို ရှင်းလင်းပြေပြစ်တဲ့ ချစ်ခရီးကို လျောက်ရလိမ့်မှာမဟုတ်ဘူးလို့ဆိုလိုတာပါ။ တူညီတဲ့ဝါသနာတွေ ခံစားမှုတွေ ရှိကြပေမယ့် သင်တို့နှစ်ဦးလုံးဟာ စိတ်ခံစားမှုနဲ့ချစ်ခြင်းကို အရမ်းအလေးအနက်ထားတဲ့အခါ အမှားသေးသေးလေးတွေကနေ တစ်ယောက် အတ္တကိုတစ်ယောက်ထိခိုက်စေနိုင်ပြီး မာနလွန်ဆွဲပွဲတွေကျင်းပရင်း အသဲကွဲတတ်ကြပါတယ်။ သင့်ကို ကြီးမားတဲ့ဘဝ သင်ခန်းစာတွေပေးခဲ့တတ်ပါတယ်။
Soulmateတစ်ယောက်ရဲ့ ရည်ရွယ်ချက်က သင့်ကိုလှုတ်ခတ်စေဖို့၊ အချိန်တိုအတွင်းမှာ နက်ရှိုင်းတဲ့ အချစ်တွေကိုခံစားတတ်စေပြီး မျက်ရည်တွေနဲ့ ကွဲကွာစေဖို့၊ အတားအဆီးတွေကို ကျော်ဖြတ်ပြီးမှနှုတ်ဆက်လက်ပြဖို့၊ နှလုံးသားကိုခွဲပြီး အလင်းရောင်သစ်တစ်ခုကို ဖွင့်လှစ်ပြသခဲ့သူ၊ ကွဲကွာခြင်းမှတ်တိုင်မှာ ထိန်းချုပ်မှုကင်းမဲ့လောက်အောင် ဖြစ်စေခဲ့သူ၊ သင့်ဘဝကို ပြောင်းလဲပေးခဲ့သူ လို့ ပညာရှင်တွေက အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။
ပြောရရင် Soulmateဆိုတာ သင့်ကိုနက်နက်ရှိုင်းရှိုင်းချစ်တတ်အောင် သင့်ဘဝရဲ့ အရေးကြီးတဲ့ အရာတော်တော်များများကို ပြောင်းလဲသွားအောင် လုပ်ပေးပြီးရင် သင့်ဘဝထဲမှာ တစ်သက်တာ မေ့မရစရာတွေ ထားပြီး ထားခဲ့သူ ကွဲကွာသွားစေသူလို့ပြောလို့ရပါတယ်။
ဒီမေးခွန်းလေးတွေဖြေပေးသွား
ဝိညဉ်ဖက်(Soulmate)နဲ့ ဘဝလက်တွဲဖော် အိမ်ထောင်ဖက်( Life partener)တို့က မတူကြဘူးဆိုပေမယ့် သင့်ရဲ့ Soulmateဟာ သင့်ရဲ့ တဘဝလုံးစာလက်တွဲသွားမယ့် Life Partenerလည်းဖြစ်နိုင်ပါတယ်။ တချို့ကံအရမ်းကောင်းတဲ့သူတွေပေ့ါ။ များသောအားဖြင့်တော့ Soulmateတွေက သင့်တစ်ဘဝလုံးစာ ထူးခြားဆန်းပြားတဲ့ နှောင်ကြိုးတွေကို ဖန်တီးနိုင်တဲ့သူတွေပေါ့။
မတော်တဆ ဝေးသွားခဲ့ ပြီး အချစ်သစ်တွေ့လို့ သားသားမီးမီးလေးတွေ မွေးပီးရင်တောင် မေ့ပစ်လို့မရနိုင်တော့တဲ့ တစ်ခါက စွဲလမ်းဖူးတဲ့ ပုံပြင်တစ်ပုဒ်လို တွေးမိတိုင်း ရင်ခုန်နေရတာမျိုးပေါ့။ ကဲ.,,.ဒီလောက်ဆို Soulmate တစ်ဦးက သင့်ဘဝထဲကို ဘယ်လိုလာတယ်။ ဘာတွေ ခံစားစေတယ်သိသွားပြီပေါ့။ သင့်ဘေးက လူဟာ သင့်ရဲ့ Soulmateလား? Soulmateနဲ့တွေ့ခဲ့ဖူးလား? ဝေးခဲ့ကြတာလား? မတော်တဆ ချစ်သူလား? သင့် Soulmate က သင့်ရဲ့ Life Partenerဖြစ်ခဲ့လား?ဖြစ်ခဲ့ရင်တော့အတိုင်းထက်အလွန် ကြည်နူးမိပါတယ်နော်..
#Lifestyle_Myanmar
#Mg_Htet
REF_Power Of Possitivity