အနေဝေးလို့ အချစ်တွေ တိုက်စားခံရမှာ ကြောက်နေသူများ၊ ကွန်ပျူတာ၊ ဖုန်း screen နဲ့ပဲ ကျေနပ်နေရသူများ၊ အသံလေးနဲ့ပဲ ကျေနပ်နေရသူများ နှစ်သိမ့်နေရသူများအတွက် အချစ်တွေလျော့ပါး မသွားစေဖို့ မိုင်တွေဝေးလည်း ရင်ဘတ်ချင်းနီးနိုင်ဖို့ အကြံဉာဏ်တွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။
(၁) စကားပြောဖို့လို အနေဝေးကြတဲ့ချစ်သူတွေဟာ တစ်ယောက်နဲ့တစ်ယောက်စကားလက်ဆုံပြောဖို့ အချိန်နဲ့အခွင့်အရေးရှားပါးတတ်ကြ ပါတယ်။ တစ်ခါတစ်လေမှာ အချိန်နဲ့အခွင့်အရေးက ရှိစေဦးတော့ နှလုံးသားက နိုးထဖို့မေ့နေတတ်ကြပါတယ်။ အနေဝေးနေတဲ့ ချစ်သူတိုင်းတစ်ယောက်နဲ့တစ်ယောက် အချိန်ဖန်တီးပြီး စကားလက်ဆုံကြဖို့လိုအပ်တယ်။ ကွန်နက်ရှင်ဟာ အမြဲပြတ်တောက်နေမယ်ဆိုရင် အနာဂတ်ချစ်ခရီးလမ်းဟာ မှုန်ဝါးဝါးဖြစ်သွားလိမ့်မယ်။ ဖုန်းနဲ့ပဲပြောနေတယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ရိုးအီသွားတတ်တယ်။
(၂) နည်းပေါင်းစုံအဆက်အသွယ် မပြတ်အောင်လုပ် ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ၊ အွန်လိုင်းနဲ့ပဲဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲဖြစ်ဖြစ် စာနဲ့ပဲဖြစ်ဖြစ် သူနဲ့ကိုယ်ကြားက သံယောဇဉ်ကြိုးကို အမြဲ ချည်နှောင်စေဖို့ နည်းပေါင်းစုံနဲ့အဆက်အသွယ်ပြုလုပ်ထားပါ။ လက်ဆောင်ပို့ပေးတာတို့၊ ချစ်သဝဏ်လွှာ ပို့ပေးတာတို့ စသဖြင့် အမြဲအဆက်အသွယ်ရှိနေပါစေ။
(၃) ဘုံ စိတ်ဝင်စားစရာဖလှယ်ပါ။ မိုင်တွေခြားနေပေမယ့် ရင်ဘတ်ခြင်းနီးချင်ကြတဲ့သူတွေအတွက် ရင်ခုန်သံတွေ အမြဲနွေးစေဖို့ သူရော ကိုယ်ရော စိတ်ဝင် စားတဲ့အကြောင်း အရာတစ်ခုကိုရွေးပြီး အတူတကွဆွေးနွေးကြည့်ပါ။
ဥပမာ – လီဗြောင်ဟွန်းရဲ့ ဟောလိဝုဒ်ကား G.I Joe: The Rise of Cobra မှာ လီဗြောင်ဟွန်းရဲ့ဗီလိန်သရုပ်ဆောင်ပုံကောင်းတယ်၊ မကောင်းဘူးဆိုတာ သူရောကိုယ်ရော သီးခြားစီကြည့်ပြီးဆွေးနွေး ကြပေါ့။ သီချင်းဆိုရင်လည်း ဘယ်အဆိုတော်ကဖြင့်ကောင်းတယ်၊ ဘယ်သီချင်းကဖြင့် ဆုရသွားတာ နားထောင်ကြည့်။ ပြီးရင်ဆွေးနွေးကြည့်ကြ။ ဒီလိုနည်းနဲ့ သူနဲ့ကိုယ်နဲ့ အဆက်မပြတ်ဖြစ်တော့ဘူးပေါ့။
(၄) တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိပါ။ အနေဝေးနေတဲ့ချစ်သူများအနေနဲ့ မှားလေ့မှားထရှိတဲ့ အမှားတစ်ခုကတော့ အနေဝေးလို့ကြားလေများသွေးမှာစိုးပြီး တစ်ယောက်ပေါ်တစ်ယောက် ထိန်းချုပ်ချင်ကြတယ်။ အဲလိုလုပ်ရင်း တစ်ဖက်ဖက်ကနေပြီး ကြင်ယာဖက် အစစ်အမှန် မဟုတ်ဘူးလို့ ထင်မြင်လာရင် နောက်ထပ်သင့်တော်တဲ့ လူတစ်ယောက်လက်ထဲ ပါသွားလိမ့်မယ်။ အနေဝေးနေတဲ့ချစ်သူတိုင်းတစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုအပြည့်အဝရှိဖို့လိုအပ်တယ်။ ဟိုလူနဲ့စွပ်စွဲတာမျိုး၊ သံသယစိတ်ဝင်တာမျိုး၊ ထိန်းချုပ်ချင်တာမျိုးတို့ မလုပ်ရဘူး။
(၅) အနာဂတ်အကြောင်းဆွေးနွေးပေး။ ကိုယ်တို့ချစ်သူနှစ်ယောက်ရဲ့ အနာဂတ်ချစ်လမ်းခရီးအတွက် ဘယ်လိုဘယ်ပုံပြင်ဆင်ကြမလဲဆိုတာ ဆွေးနွေးပါ။ အတူနေဖို့ဘယ်နေရာကတော့ဖြင့်ကောင်းတယ်၊ သားလေးမွေးမယ်၊ သမီးလေးမွေးမယ် စသဖြင့် အနာဂတ်အတွက် ဆွေးနွေးကြပါ။ ဒီနည်းဟာ အနေဝေးနေတဲ့ ချစ်သူတွေအတွက် အရမ်းကောင်းပါတယ်။ ရင်ခုန်သံကိုအမြဲ လတ်ဆတ်စေတယ်။
(၆) ဖုန်း၊ အင်တာနက် ဖုန်းနဲ့ပဲဖြစ်စေ၊ အင်တာနက်နဲ့ပဲဖြစ်စေ အဆက်အသွယ်ပြုလုပ်ပေးရမယ်။
(၇) ဘာတွေပြောရမလဲ…။ အနေဝေးနေတဲ့ချစ်သူတွေ စကားလက်ဆုံကြတော့မယ်ဆိုပါစို့။ တစ်ယောက်နဲ့တစ်ယောက် ဘာတွေများပြောကြမလဲ။ လွမ်းတဲ့အကြောင်းပဲ ပြောနေလို့ကိစ္စက မပြီးသေးဘူး။ ဒါကြောင့် တစ်ယောက်နဲ့တစ် ယောက် ဒီနေ့အဖို့ဘာတွေလုပ်ထားလဲ။ ဘယ်သူတွေနဲ့တွေ့တယ် ဘာအလုပ်တွေကိုတော့ဖြင့်လုပ်တယ်။ ထူးထူးခြားခြား ဘာတွေဖြစ်တယ် စတဲ့အကြောင်းတွေပြော။ သူဝါသနာပါတဲ့အကြောင်း၊ ကိုယ်ဝါသနာပါတဲ့ အကြောင်းတွေပြောပေးပါ။
ဒါဆို…ရင်ခုန်သံတူညီသူတိုင်း ရင်ဘတ်ခြင်း အမြန်နီးနိုင်ကြပါစေလို့။
[ Unicode ]
အနေဝေးလို့ အချစ်တွေ တိုက်စားခံရမှာ ကြောက်နေသူများ၊ ကွန်ပျူတာ၊ ဖုန်း screen နဲ့ပဲ ကျေနပ်နေရသူများ၊ အသံလေးနဲ့ပဲ ကျေနပ်နေရသူများ နှစ်သိမ့်နေရသူများအတွက် အချစ်တွေလျော့ပါး မသွားစေဖို့ မိုင်တွေဝေးလည်း ရင်ဘတ်ချင်းနီးနိုင်ဖို့ အကြံဉာဏ်တွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။
(၁) စကားပြောဖို့လို အနေဝေးကြတဲ့ချစ်သူတွေဟာ တစ်ယောက်နဲ့တစ်ယောက်စကားလက်ဆုံပြောဖို့ အချိန်နဲ့အခွင့်အရေးရှားပါးတတ်ကြ ပါတယ်။ တစ်ခါတစ်လေမှာ အချိန်နဲ့အခွင့်အရေးက ရှိစေဦးတော့ နှလုံးသားက နိုးထဖို့မေ့နေတတ်ကြပါတယ်။ အနေဝေးနေတဲ့ ချစ်သူတိုင်းတစ်ယောက်နဲ့တစ်ယောက် အချိန်ဖန်တီးပြီး စကားလက်ဆုံကြဖို့လိုအပ်တယ်။ ကွန်နက်ရှင်ဟာ အမြဲပြတ်တောက်နေမယ်ဆိုရင် အနာဂတ်ချစ်ခရီးလမ်းဟာ မှုန်ဝါးဝါးဖြစ်သွားလိမ့်မယ်။ ဖုန်းနဲ့ပဲပြောနေတယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ရိုးအီသွားတတ်တယ်။
(၂) နည်းပေါင်းစုံအဆက်အသွယ် မပြတ်အောင်လုပ် ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ၊ အွန်လိုင်းနဲ့ပဲဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲဖြစ်ဖြစ် စာနဲ့ပဲဖြစ်ဖြစ် သူနဲ့ကိုယ်ကြားက သံယောဇဉ်ကြိုးကို အမြဲ ချည်နှောင်စေဖို့ နည်းပေါင်းစုံနဲ့အဆက်အသွယ်ပြုလုပ်ထားပါ။ လက်ဆောင်ပို့ပေးတာတို့၊ ချစ်သဝဏ်လွှာ ပို့ပေးတာတို့ စသဖြင့် အမြဲအဆက်အသွယ်ရှိနေပါစေ။
(၃) ဘုံ စိတ်ဝင်စားစရာဖလှယ်ပါ။ မိုင်တွေခြားနေပေမယ့် ရင်ဘတ်ခြင်းနီးချင်ကြတဲ့သူတွေအတွက် ရင်ခုန်သံတွေ အမြဲနွေးစေဖို့ သူရော ကိုယ်ရော စိတ်ဝင် စားတဲ့အကြောင်း အရာတစ်ခုကိုရွေးပြီး အတူတကွဆွေးနွေးကြည့်ပါ။
ဥပမာ – လီဗြောင်ဟွန်းရဲ့ ဟောလိဝုဒ်ကား G.I Joe: The Rise of Cobra မှာ လီဗြောင်ဟွန်းရဲ့ဗီလိန်သရုပ်ဆောင်ပုံကောင်းတယ်၊ မကောင်းဘူးဆိုတာ သူရောကိုယ်ရော သီးခြားစီကြည့်ပြီးဆွေးနွေး ကြပေါ့။ သီချင်းဆိုရင်လည်း ဘယ်အဆိုတော်ကဖြင့်ကောင်းတယ်၊ ဘယ်သီချင်းကဖြင့် ဆုရသွားတာ နားထောင်ကြည့်။ ပြီးရင်ဆွေးနွေးကြည့်ကြ။ ဒီလိုနည်းနဲ့ သူနဲ့ကိုယ်နဲ့ အဆက်မပြတ်ဖြစ်တော့ဘူးပေါ့။
(၄) တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိပါ။ အနေဝေးနေတဲ့ချစ်သူများအနေနဲ့ မှားလေ့မှားထရှိတဲ့ အမှားတစ်ခုကတော့ အနေဝေးလို့ကြားလေများသွေးမှာစိုးပြီး တစ်ယောက်ပေါ်တစ်ယောက် ထိန်းချုပ်ချင်ကြတယ်။ အဲလိုလုပ်ရင်း တစ်ဖက်ဖက်ကနေပြီး ကြင်ယာဖက် အစစ်အမှန် မဟုတ်ဘူးလို့ ထင်မြင်လာရင် နောက်ထပ်သင့်တော်တဲ့ လူတစ်ယောက်လက်ထဲ ပါသွားလိမ့်မယ်။ အနေဝေးနေတဲ့ချစ်သူတိုင်းတစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုအပြည့်အဝရှိဖို့လိုအပ်တယ်။ ဟိုလူနဲ့စွပ်စွဲတာမျိုး၊ သံသယစိတ်ဝင်တာမျိုး၊ ထိန်းချုပ်ချင်တာမျိုးတို့ မလုပ်ရဘူး။
(၅) အနာဂတ်အကြောင်းဆွေးနွေးပေး။ ကိုယ်တို့ချစ်သူနှစ်ယောက်ရဲ့ အနာဂတ်ချစ်လမ်းခရီးအတွက် ဘယ်လိုဘယ်ပုံပြင်ဆင်ကြမလဲဆိုတာ ဆွေးနွေးပါ။ အတူနေဖို့ဘယ်နေရာကတော့ဖြင့်ကောင်းတယ်၊ သားလေးမွေးမယ်၊ သမီးလေးမွေးမယ် စသဖြင့် အနာဂတ်အတွက် ဆွေးနွေးကြပါ။ ဒီနည်းဟာ အနေဝေးနေတဲ့ ချစ်သူတွေအတွက် အရမ်းကောင်းပါတယ်။ ရင်ခုန်သံကိုအမြဲ လတ်ဆတ်စေတယ်။
(၆) ဖုန်း၊ အင်တာနက် ဖုန်းနဲ့ပဲဖြစ်စေ၊ အင်တာနက်နဲ့ပဲဖြစ်စေ အဆက်အသွယ်ပြုလုပ်ပေးရမယ်။ (၇) ဘာတွေပြောရမလဲ…။ အနေဝေးနေတဲ့ချစ်သူတွေ စကားလက်ဆုံကြတော့မယ်ဆိုပါစို့။ တစ်ယောက်နဲ့တစ်ယောက် ဘာတွေများပြောကြမလဲ။ လွမ်းတဲ့အကြောင်းပဲ ပြောနေလို့ကိစ္စက မပြီးသေးဘူး။ ဒါကြောင့် တစ်ယောက်နဲ့တစ် ယောက် ဒီနေ့အဖို့ဘာတွေလုပ်ထားလဲ။ ဘယ်သူတွေနဲ့တွေ့တယ် ဘာအလုပ်တွေကိုတော့ဖြင့်လုပ်တယ်။ ထူးထူးခြားခြား ဘာတွေဖြစ်တယ် စတဲ့အကြောင်းတွေပြော။ သူဝါသနာပါတဲ့အကြောင်း၊ ကိုယ်ဝါသနာပါတဲ့ အကြောင်းတွေပြောပေးပါ။

Ref; rsgoals