အချစ်…အချစ်နဲ့ပက်သက်ပြီး ပြောကြဆိုကြပြီဆို ပလေတိုးနစ်အချစ် ( platonic love)အကြောင်းကို ဖွဲနွဲ့ပြီး ပြောကြဆိုကြတတ်ပါတယ်။ ပလေတိုးနစ်”ဆိုတဲ့စကားလုံးနဲ့ပက်သက်ပြီး အတွေးအခေါ်ပညာရှင်ကြီး ပလေတိုးကခုလိုပြောခဲ့ဖူးပါတယ်။
“ပလေတိုးနစ်အချစ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာကြောင့်ချစ်တဲ့ အချစ်မျိုးမဟုတ်ပဲ ချစ်သူကိုချစ်တယ်ဆိုတဲ့စိတ်နဲ့ ချစ်နေရုံချစ်နေတဲ့ အချစ်မျိုးပါပဲတဲ့”
ဆိုလိုတာက ဆက်ဆံရေးတစ်ခုဟာ ရုပ်ပိုင်းဆိုင်ရာတပ်မက်မှုတွေ မပါပဲ ချစ်သူကို သန့်သန့်လေး ချစ်နေရုံချစ်နေနိုင်တဲ့ သူပျော်ရင် ကိုယ်စိတ်ချမ်းသာပါတယ်ဆိုတဲ့ အချစ်မျိုးပဲဖြစ်ပါတယ်။
ဒီခေတ်မှာတော့ အတွေးအခေါ်ပညာရှင်ကြီးပလေတိုးဖွင့်ဆိုခဲ့တဲ့ပလေတိုးနစ်အချစ်ဟာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါတယ်။ platonic relationship ဟာ “friends only” relationship.ဆိုတာမျိုးအဖြစ် ပြောင်းလဲလာပါတယ်။ ဒီတော့ ပလေတိုးနစ်အချစ်မှာပါဝင်တဲ့ ရေးကြီးတဲ့ အရာတွေ နဲ့ သူ့ရဲ့ ဝိသေသ လက္ခဏာ ၃ချက်ကို ပြောပြချင်ပါတယ်။ ကဲ..အောက်မှာဖတ်ကြည့်လိုက်ရအောင်..
တယောက်နဲ့တယောက် ဆက်ဆံရေးနယ်နိမိတ်ကိုလေးစားမှုရှိတယ်
ဆက်ဆံရေး အသစ်တစ်ခု( New Relationship)တစ်ခုကို သင်မသိသေးတဲ့ လူသစ်တစ်ယောက်နဲ့ သင်စတင်လိုက်ပြီဆိုပါတော့။ သင်တို့ ဆက်ဆံရေး နယ်နိမိတ်နဲ့ပက်သက်ပြီး ဒီနေ့ခေတ်ဖြစ်နေကျ စည်းဘောင်ကျော်တဲ့ အခြေအနေကို ပြောင်းလဲပစ်လိုက်လို့ရရက်နဲ့ မပြောင်းလဲကြဘူး.။
သင်တို့ရဲ့ဆက်ဆံရေးနယ်နိမိတ်တွေကို တွန်းလှန်ရုန်းကန်မှုမရှိပဲ တယောက်ကိုတယောက်နားလည်တဲ့သူငယ်ချင်းတွေအဖြစ်၊ တယောက်လိုအပ်ချက်ကိုတယောက်ဖြည့်ဆည်းပေးရုံနဲ့ကျေနပ်နေတဲ့ လူနှစ်ယောက်အဖြစ်၊ သန့်သန့်လေးမေတ္တာထားကြရုံ ရုပ် ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာ ပံပိုးပေးသူအဖြစ် ဆက်ရပ်တည်နေကြမယ်ဆိုရင် ဒါဟာတစ်ကယ့်ကိုကောင်းမွန်တဲ့ platonic relationship တစ်ခုဆီဦးတည်နေတာပဲဖြစ်ပါတယ်။
ဒါပေမယ့် အဲ့ဒီအဆင့်ကနေ ဆက်ဆံရေးအသစ်တစ်ခု အချိန်မရွေးပြောင်းလဲနိုင်သေးတဲ့အတွက် သေချာတဲ့ ပလေတိုးနစ်အချစ်ရယ်လို့မပြောနိုင်ပေမယ့် အချိန်တွေကြာလာတာနဲ့အမျှ အခွင့်အရေးတွေ အကြိမ်ကြိမ်ရလျက် လိင်ပိုင်းဆိုင်ရာတပ်မက်မှုမပါပဲ သန့်သန့်လေးပဲ ချစ်နေရုံဆက်ချစ်နေကြမယ်ဆိုရင် ဒါဟာ ပလေတိုးနစ်အချစ်ကိုတည်ဆောက်နေတာပဲဖြစ်ပါတယ်။
နောက်မှ စည်းဘောင်ကျော်ပြီးပြောင်းလဲသွားတာကပြောင်းလဲသွားတာပေါ့လေ။ ခုလိုအချိန်မှာတော့ ရုပ်ပိုင်းဆိုင်ရာထိတွေ့တပ်မက်မှုမပါတဲ့အတွက် အချစ်ရဲ့ဘေးထွက်ဆိုးကျိူးတွေကို ခံစားရမှာ မဟုတ်ပါဘူး။ အဲ့ဒီလို စောင့်ထိန်းထားနိုင်တဲ့အချစ်ကို ပလေတိုးနစ်အချစ်နဲ့ချစ်ကြသူတွေလို့ခေါ်တာပါ။
တစ်ယောက်အပေါ် တစ်ယောက်လိုချင်တပ်မက်မှုတွေ မထားတတ်ကြဘူး
မျှော်လင့်ခြင်းတွေ လိုချင်တပ်မက်မှုတွေဆိုတာ များသောအားဖြင့် စိတ်ကူးယဉ်စရာကောင်းတဲ့ အချစ်ဇာတ်လမ်းတွေနဲ့ လိင်ပိုင်းဆိုင်ရာဦးစားပေးတဲ့ ချစ်သူစုံတွဲတွေဆီမှာ ရှိတတ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ဒီလိုဆက်ဆံရေးမျိုးမှာ နှလုံးသားနဲ့အတူ အ သွေးအသားတွေ လိုချင်မှုရမက်တွေမျှဝေထားတာကြောင့် သင့်ဘက်ကလည်း အဲ့ဒါတွေနဲ့ထိုက်တန်တဲ့ ဂရုစိုက်မှု ကြင်နာမှု သ စ္စာစောင့်သိမှုတွေ ပြန်လိုချင်တယ် ပြန် မျှော်လင့်တာမျိုးပဲဖြစ်ပါတယ်။
ဒါပေမယ့် ပလေတိုးနစ်ဆက်ဆံရေးမှာတော့ မျှဝေထားတဲ့ ကတိကဝတ်တွေ ရှိမှာမဟုတ်ပါဘူး။ တစ်ဦးဆီကတစ်ဦးဘာမှမျှော်လင့်ထားတာမရှိပဲ ကိုယ့်ချစ်ရသူအပေါ် ချစ်နေရုံနဲ့ ကိုယ်တတ်နိုင်သလောက်ဖြည့်ဆည်းပေးတာ သူပျော်နိုင်ဖို့အတွက် ပေးဆပ်နိုင်သလောက်ပေးဆပ်တာ ဘာဲ့မျှော်လင့်ချက်မှမပါတဲ့ အချစ်မျိုးနဲ့တည်ဆောက်ထားတာမျိုးပါ။
တကယ်လို့ အဲ့ဒီလိုဆက်ဆံရေးမျိုးက ချစ်သူနှစ်ယောက်မှာ တစ်ယောက်တည်းဘက်က အဲ့ဒီလို စိတ်မျိုး ထားနိုင်သလို နှစ်ယော က်စလုံးက အဲ့ဒီလိုစိတ်ထားနိုင်မယ်ဆိုရင်တော့ သန့်စင်တဲ့ ပလေတိုးနစ်အချစ်ကို သင်တို့နှစ်ဦးတည်ဆောက်ထားတယ်လို့ဆိုနိုင်ပါတယ်။
အမှန်တကယ်ရိုးသားဖို့ကို မတွန့်ဆုတ်ကြဘူး
ဿမန်ချစ်သူစုံတွဲတွေကြားက ဆက်ဆံရေးမှာ လိမ်တာ ညာတာ အဖြူရောင်မုသား ဆိုတာမျိုးတွေ ခနခနဖြစ်နေတတ်ကြပါတယ်။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် အချစ်ဇာတ်လမ်းမျိုးပေါ့။ ပလေတိုးနစ် ဆက်ဆံရေးမှာတော့ သေးငယ်တဲ့ ပရိယာယ်မျှလောက်လေးတောင် လိုအပ်ကြောင်းမရှိတတ်ကြပါဘူး။
သူတို့ဟာသူတို့ရဲ့ချစ်သူထွက်ခွာသွားမှာကိုမကြောက်တတ်ကြပါဘူး။ ဘာလို့ဆို သူတို့ရဲ့အချစ်က ချစ်နေရုံချစ်နေကြတဲ့ အချစ်မျိုးတွေဖြစ်နေလို့ပါပဲ။ သူတို့မှာ သူတို့ဘဝကိုယ်စီကို ပိုင်ဆိုင်ထားပြီး သူတို့ရဲ့ဆက်ဆံရေးမှာ တစ်ခုတည်းသောမျှော်လင့်ခြင်းက အသက်ရှင်သန်သမျှကာလပတ်လုံး သူတို့နှစ်ယောက်အတူတကွအချိန်တွေကုန်ဆုံးပြီး သန့်ရှင်းတဲ့ အချစ်တွေနဲ့ ရှင်သန်ချင်ကြတာပဲဖြစ်ပါတယ်။ သင့်မှာ ပလေတိုးနစ်ချစ်သူတစ်ယောက်ရှိရင် သင်တကယ်လို့ သူနဲ့ဝေးသွားပါစေ၊ သင့်ဒဏ်ရာတွေကျက်သွားတဲ့အချိန်မှာ သူ့ဆီပြန်သွားနိုင်ပါတယ်။
နောက်ဆုံးအတွေး
Platonic Relationshipဆိုတာမျိုးကိုတည်ဆောက်ဖို့ကတော့ ဒီနေ့ခတ်မှာ တော်တော်လေးကို မဖြစ်နိုင်စရာမျိုးလို့ထင်မိကြမယ်တူပါတယ်။ ရှိတော့ရှိနိုင်ပါတယ်…ရှားမယ်ထင်ပါတယ်..ဒီလိုRelationship ကိုတည်ဆောက်ဖို့ ခက်ခဲမယ်ဆိုတာလက်ခံပေမယ့် ဒီလို ပလေတိုးနစ်အချစ်နဲ့ချစ်နေနိုင်မယ်လို့တော့ ယုံကြည်ပါတယ်။
မြန်မာနိုင်ငံရဲ့ပြန်မရနိုင်တော့တဲ့ကဗျာဆရာတာရာမင်းဝေ အဆိုအရ ပြောရမယ်ဆိုရင် ပလေတိုးနစ်အချစ်ဆိုတာ”ကိုယ့်ချစ်သူကို ပိုင်ဆိုင်ရမှ ပေါင်းဆုံရမှ ဆိုတာမျိုးမဟုတ်ပဲ ချစ်နိုင်တာ..”တဏှာရာဂါ”တွေမပါပဲ ချစ်သူကိုချစ်သူလို သဘောထားပြီးဖြူဖြူစင်စင် မြတ်မြတ်နိုးနိးချစ်နိုင်တာ..လိုအပ်ရင် သူ့ဘဝအတွက် ကိုယ့်ဘဝကို ဖြည့်ဆည်းပေးပြီး ပူလောင်တောက်လောင်မှုတွေမရှိပဲ ချစ်နိုင်တာ အဲ့ဒီလို အချစ်မျိုးကို ပလေတိုးနစ် အချစ်လို့ခေါ်တယ်တဲ့..ဒီလိုအချစ်မျိုးနဲ့ချစ်နိုင်တဲ့သူတွေတော့ရှိလောက်မယ်ထင်ပါတယ်နော်,…
#lifestyle_Myanmar
#Mg_Htet
REF_hackspirit.com