
သွားထိန်းကိရိယာ (Braces) တပ်တဲ့သူတွေက လှပတဲ့အပြုံးလေးပိုင်ဆိုင်နိုင်ဖို့အတွက် သွားတွေ ပြင်ဆင်တပ်ဆင်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်လုပ်ထားတဲ့ သွားထိန်းကိရိယာ(Braces) ကို မပျက်စီးစေချင်ဘူးဆိုရင် ဒီလိုအရာတွေကိုရှောင်ရှားသင့်ပါတယ်။ ဘာတွေလဲဆိုတာကို ဆက်ကြည့်လိုက်ကြရအောင်နော်။
၁။ Sticky and Hard Candy
ဘာကြောင့် Sticky and Hard Candy ကို မစားသင့်လဲဆိုတဲ့အကြောင်းပြချက် နှစ်ခုရှိပါတယ်။ ပထမတစ်ခုက သကြားလုံးက သတ္တုအထိန်းအကွပ်ကို ရှုပ်ထွေးသွားပြီး ပျက်စီးစေနိုင်ပါတယ်။ ဒုတိယ တစ်ခုကပိုပြီးတော့အရေးကြီးပါတယ်။ ဘာလဲဆိုတော့ သကြားလုံးက သွားမှာ ကပ်နေနိုင်ပါတးယ်။ သွားတွေရဲ့ အောက်ခြေမှာ ကပ်နေပြီးတော့ သွားပေါက်တွေကို အန္တရာယ်ဖြစ်စေနိုင်ပြီး သန့်ရှင်းရေးလုပ်ပေးရန်အတွက်လည်း ခက်ခဲတာကြောင့် မစားသင့်ပါဘူး။
၂။ အခွံမာသီး
အခွံမာသီးကတော့ သွားထိန်းကိရိယာ (Braces) တပ်ထားတဲ့သူတွေအတွက် အဆိုးဆုံးဖြစ်စေနိုင်ပါတယ်။ အခွံမာသီးကို ဝါးစားတဲ့အချိန်မှာ အတုံးသေးသေးလေးတွေက သွားကြားနဲ့ သွားထိန်းကိရိယာ (Braces) ကြားကို ညှပ်သွားတတ်တာကြောင့် သွားထိန်းကိရိယာ (Braces) တပ်ဆင်ထားတဲ့အချိန်မှာ လုံးဝမစားသင့်ပါဘူး။
၃။ Gum
Gum က ပြောင်းဖူးပေါက်ပေါက်ထက် ပိုပြီးတော့ ဆိုးဝါးပါတယ်။ သွားထိန်းကိရိယာ (Braces) တပ်ဆင်ထားတဲ့အချိန်မှာ သတ္တုကို တင်ကျပ်စေနိုင်ပါတယ်။ သွားဖုံးက ကွင်းခတ်များအကြားရှိ ဝါယာကြိုးကိုကွေးစေနိုင်တာကြောင့် သွားများကို မလှမပဖြစ်အောင် တွန်းပို့နိုင်ပါတယ်။ တကယ်လို့သာ အချိန်တစ်ခုကြားသည့်အထိ သွားထိန်းကိရိယာ (Braces) ကို တပ်ဆင်ရမည်ဆိုပါက Gum ကိုမစားရန် အကြံပြုလိုက်ပါတယ်နော်။
၄။ ရေခဲတုံး
ရေခဲတုံးကို ဝါးစားခြင်းက သင့်ရဲ့ သွားထိန်းကိရိယာ(Braces)ကို အဓိက ပျက်စီးစေနိုင်တဲ့တရားခံဖြစ်ပါတယ်။ ရေခဲတုံးဝါးစားခြင်းက သင့်ရဲ့ သွားထိန်းကိရိယာ (Braces)ကို အဓိက ပျက်စီးစေနိုင်တာကြောင့် မစားရန်အကြံပြုလိုက်ပါတယ်နော်။
၅။ Carbonated Drinks
Carbonated Drinks ဒီလိုအချိုရည်တွေက သွားတွေကို အန္တရာယ်များစေပါတယ်။ အက်ဆစ်နှင့် သကြားပေါင်းစပ်ခြင်းကြောင့်သွားနှင့် သွားဖုံးတွေမှာ အခေါင်းပေါက်တွေ ဖြစ်စေနိုင်ပါတယ်။ အချို့သောဆိုဒါတွေက သတ္တုကွင်းရှိကော်တွေကို အားနည်းစေနိုင်တာကြောင့် သွားထိန်းကိရိယာ(Braces) တပ်ဆင်ထားတဲ့အချိန်မှာတော့ မသောက်သုံးသင့်ပါဘူး။