မိန်းကလေးတွေ စိတ်ကောက်ရင်ဘယ်လိုချော့မလဲ
trend.com.mm
|
2020-04-27

၁) အကြောင်းအရာကို အေးဆေး ဖြေရှင်းမယ်။
အေးအေးဆေးဆေး ဖြေရှင်းလို့ ရတဲ့ ပြူနာတိုင်းကို အေးဆေးပဲ ဖြေရှင်းပါ။ ကိုယ့်ကောင်မလေးရဲ့ အဓိကလိုအပ်ချက်က ဘာလဲဆိုတာသိရအောင်လုပ်ပါ။ သူလိုချင်တဲ့ အချက်လေးတွေကို ကိုယ့်ဘက်က ပြင်လို့ရရင်ပြင်ပေးပါ။ လက်မခံဘူးဆိုရင်တော့ သူနားလည်လက်ခံလာအောင် အေးဆေးရှင်းပြပါ။မိန်းကလေးတွေရဲ့ သဘာဝက ပြူနာဖြစ်ပြီဆိုရင် ကိုယ့်ချစ်သူချော့တာကို လိုချင်ကြတာချည်းပါပဲ။ အဲ့ဒါကြောင့် ပြူနာ တစ်ခုကို ပိုဆိုးအောင်လုပ်မယ့်အစား ပြူနာစဖြစ်တော့မယ်ဆိုကတည်းက မလိုအပ်တဲ့ စကားတွေကို မပြောပဲ အဓိကအကြောင်းအရာကိုပဲ ဆွေးနွေးကြည့်ပါ။ဖြေရှင်းကြည့်ပါ။



၂) သူကြိုက်တတ်တာလေးတွေကိုလိုက်ကျွေးမယ်။
မိန်းကလေးတော်တော်များများက အစားအသောက်ကို ကြိုက်တာများပါတယ်။ အဲ့ဒါကြောင့် သူစိတ်ကောက်နေပြီဆိုရင် သူစားချင်တဲ့မုန့်လေးတွေလိုက်ကျွေးကြည့်ပါ။ မုန့်စားရင်း စကားလဲပြောရင်းနဲ့ ချော့ရင် အမြန်ဆုံးစိတ်ကောက်ပြေသွားမှာ အသေအချာပါပဲ။ ကိုယ့်ကောင်မလေးက ဘာတွေကြိုက်တတ်လဲဆိုတာ သိထားဖို့တော့ အရေးကြီးပါတယ်။


၃) ပြူနာ မစခင်ကတည်းက အလျှော့ပေးမယ်။
ချစ်သူနှစ်ယောက်အတွက် ဘာမှအရေးမကြီးတဲ့ ကိစ္စတွေ၊ မလိုအပ်တဲ့ အသေးအဖွဲ ပြဿနာလေးတွေ ဖြစ်လာတော့မယ်ဆိုရင် အစကတည်းက ပြဿနာကို အဖြစ်မခံပါနဲ့။ မိန်းကလေးဘက်က ဘယ်လိုစိတ်ကောက်ပြီးပြောပြော ယောကျာ်းလေးဘက်က ဒေါသတွေရှေ့မထားဘဲ ဟာသတွေနဲ့ စလိုက်နောက်လိုက်ပြောမယ်ဆိုရင် မိန်းကလေးတွေက ချက်ချင်းစိတ်ဆိုးပြောကြပါ။ မိန်းကလေးတွေရဲ့ ပင်ကိုယ်စရိုက်ကိုက အချော့ခံချင်ကြပါတယ်။ ဒါကြောင့် ပြဿနာတွေကို ဆွဲမဆန့်ဘဲ စဖြစ်တော့မယ်လို့ထင်ကတည်းက အလျှော့ပေးလိုက်တာအကောင်းဆုံးနည်းလမ်းပါ။



၄) ဟာသတွေပြောမယ်။
ကိုယ့်ချစ်သူမိန်းကလေးကို ရယ်မောစေတာလဲ မင်္ဂလာတစ်ပါးပါ။ သူစိတ်ကောက်နေပြီဆိုတာကို သိကတည်းက သူမပျော်ရွှင်စေမယ့် ဟာသလေးတွေပြောပေးပါ။ ကိုယ်လက်မခံနိုင်တဲ့ ပြဿနာဆိုရင်တော့ ချက်ချင်း မိန်းကလေးနဲ့ အပြိုင်မပြောဘဲ အရင်ဆုံးအလျှော့ပေးပါ။ စိတ်ကြည်နေတဲ့အချိန်ရောက်မှ နားဝင်အောင်သေချာရှင်းပြလိုက်ပါ။ မိန်းကလေးတော်တော်များများက ဟာသဉာဏ်ရွှင်တဲ့ ချစ်သူကောင်လေးတွေကို ပိုသဘောကျတယ်ဆိုတာကိုလဲ မမေ့သင့်ပါဘူးနော်။


၅) ဘယ်လိုချစ်ခဲ့လဲဆိုတဲ့အကြောင်းအရာလေးတွေပြန်ပြောကြမယ်။
ဒါကတော့ အရေးကြီးဆုံးအချက်ပါပဲ။ဘယ်လိုပဲ စိတ်ကောက်နေပါစေ သူ့ကို ဘယ်လောက်ချစ်တဲ့အကြောင်း သူမကို ဘယ်လောက်အတိုင်းအတာထိ ရည်ရွယ်ထားကြောင်းပြောပါ။ ချစ်သူကောင်လေးက ဘယ်လောက်ချစ်ကြောင်းပြောနေရင် ဘယ်လိုပဲစိတ်ဆိုးနေပါစေ ပျော်ရွှင်သွားတတ်တာက မိန်းကလေးတွေရဲ့ အားနည်းချက်ဖြစ်နေပါတယ်နော်။



#မိန်းကလေး
#ချစ်သူ
#ဟာသ
#အကြောင်းအရာ
#ပြဿနာ

Some text some message..