ခေါင်းဆောင်မှုမှာ ဘာက အရေးအကြီးဆုံးလဲ
ခေါင်းဆောင်မှု (Leadership) ဆိုတာ ယနေ့ခေတ်မှာ အရမ်းရေပန်းစားပြီး လူတိုင်းနေ့စဉ်နီးပါး ကြားနေရတဲ့ ခေါင်းစဉ်တစ်ခုပါ။
”ခေါင်းဆောင်ဆိုတာ ခေါင်းမရှောင်ရဘူး”
“ခေါင်းဆောင်ဆိုတာ တာဝန်ယူမှု တာဝန်ခံမှုရှိရတယ်”
“ခေါင်းဆောင်ဆိုတာ အရည်အချင်းရှိရတယ်”
“ခေါင်းဆောင်ဆိုတာ ပေါင်းသင်းဆက်ဆံရေးကောင်းရတယ်”
အစရှိသဖြင့် ခေါင်းဆောင်တစ်ယောက်မှာရှိသင့်ရှိထိုက်သည့် အရည်အချင်းတွေကို အားလုံး ကြားဖူး၊ မှတ်ဖူး၊ လေ့လာဖူးကြမှာပါ။ အထက်မှာဖော်ပြခဲ့တဲ့အချက်တွေအားလုံးက မမှားသော်ငြားလည်း ဘယ်အရာက အရေးအကြီးဆုံးလဲဆိုတာကို စဉ်းစားကြည့်ခဲ့ဘူးပါသလား။
အထက်လူကြီးဆိုတဲ့ နေရာတစ်ခုရောက်ပြီဆိုတာနဲ့ အလိုလို ခေါင်းဆောင်ဖြစ်ပြီလို့ ယူဆတတ်ကြပါတယ်။ တကယ်ကတော့ ခေါင်းဆောင်မှုဆိုတာ နေရာတစ်ခုနဲ့ မသက်ဆိုင်ပါဘူး။ နေရာဆိုတာက မတည်မြဲတတ်ပေမယ့် ခေါင်းဆောင်မှုအရည်အခင်းကတော့ အမြဲတမ်း တည်မြဲနေတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အတတ်ပညာတစ်ခုပါ။
ဒါဆိုရင် ခေါင်းဆောင်လို့ ဘာကြောင့်ခေါ်ကြသလဲ။ ဘယ်သူတွေက သတ်မှတ်ကြသလဲ။ ရိုးရိုးလေးပဲ တွေးကြည့်ပါ။ လူအချင်းချင်းကပဲ ဒီလူကတော့ ခေါင်းဆောင်ဖြစ်တယ်။ ဒီလူကတော့ နောက်လိုက်ဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။ ဒါဆိုရင် လူအချင်းချင်းကပဲ သတ်မှတ်ထားခြင်းကိုခံရတဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပထမဦးဆုံးအနေနဲ့ ရှိသင့်တဲ့ အရည်အချင်းတစ်ခုက “လူတွေကို ရှေ့တန်းတင်ခြင်း” ဆိုတာပါပဲ။
ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီဆိုရင် ကိုယ့်ကိုယ် ကိုယ့်ထက်အများကို (နောက်လိုက်တွေကို) ရှေ့တန်းတင်တတ်ဖို့ အရေးကြီးပါတယ်။ ခြင်္သေ့ကို တောဘုရင်လို့ သတ်မှတ်လေ့ရှိကြသော်ငြားလည်း ခြင်္သေ့တစ်ကောင်တး်ပဲရှိတဲ့ တောအုပ်ထဲမှာ သူက ဘုရင်မဖြစ်နိုင်ပါဘူး။ သူ့ကိုယ်သူ ဘုရင်လို့ သမားရိုးကျ နည်းလမ်းအားဖြင့် သတ်မှတ်နိုင်သော်ငြားလည်း အမှန်စင်စစ်အားဖြင့်တော့ သူကိုယ်တိုင်ပဲ နောက်လိုက်တစ်ယောက် ဖြစ်နေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ခေါင်းဆောင်မှုနောက်ကို လိုက်မယ့် နောက်လိုက်တွေ မရှိလို့ဖြစ်ပါတယ်။
ဒါဆိုရင် လူတိုင်းကို အသေးစိတ်ကအစ လိုက်ဂရုစိုက်နေရမှာလားဆိုတဲ့ မေးခွန်းတစ်ခု ပေါ်လာပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် လူတိုင်းကို အစစအရာရာ အသေးစိတ်ကအစ ဂရုစိုက်နေရမယ်လို့ မဆိုလိုပါဘူး။
ခေါင်းဆောင်တစ်ယောက်အနေနဲ့ နောက်လိုက်တွေက ကိုယ့်ထက်ပိုတော်သွားမှာ ပိုတတ်သွားမှကြို စိုးရိမ်နေတတ်တဲ့ ကိုယ့်ရဲ့အတ္တတွေကို ခဝါချပြီး ကိုယ့်နောက်လိုက်တွေ အောင်မြင်ဖို့ကို အာရုံစိုက်ပေးဖို့ လိုအပ်ပါသတယ်။
လူတိုင်းဟာ နေရာတိုင်းမှာ ကောင်းမွန်မနေတတ်ပါဘူး။ လူတိုင်းမှာ အားသာချက်တွေရှိပါတယ်။ လူတိုင်းမှာ အားသာချက်တွေရှိပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ ကိုယ့်နောက်လိုက်တွေရဲ့အားသားချက်တွေကို သိအောင် လေ့လာစူးစမ်းမှုတွေပြုလုပ်ပါ။ သူတို့ရဲ့အားသာချက်တွေကို မောင်းမွန်စွာ အသုံးချနိုင်တဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးပါ။ သူတို့ရဲ့အားနည်းချက်တွေကို သိမြင်လာအောင် အပြုသဘောဆောင်တဲ့လမ်းညွှန်မှုတွေ ပြုလုပ်ပေးပြီး အားနည်းချက်တွေကနေ အားသာချက်တွေ ဖြစ်လာအောင် ပြောင်းလဲနိုင်တဲ့အခြေအနေ အဃါင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။
ဖန်တီးပေးထားတဲ့အခြေအနေ၊ အခွင့်အလမ်းတွေကို နောက်လိုက်များ ကိုယ်တိုင်အောင်မြင်စွာ လုပ်ဆောင်နိုင်သည်ဟူသော ယုံကြည်ချက်တစ်ခု ခေါင်းဆောင်တစ်ယောက်အနေနဲ့ ရှိနေသင့်သလို ထိုကဲ့သို့ ယုံကြည်ကြောင်းကိုလည်း နောက်လိုက်များ သိမြင်စေရန် ဖော်ထုတ်ပြသဖို့ လိုအပ်ပါတယ်။
အမှားနှင့်ကင်းနိုင်သူများ မရှိသဖြင့် နောက်လိုက်များ တစ်စုံတစ်ခု အမှားအယွင်းဖြစ်ခဲ့လျှင်လည်း ထိုအမှားကို ကောင်းမွန်စေရန် မည်ကဲ့သို့ပြုပြင်သင့်သည်ဟူသော မှတ်ချက်မျိုးပေးခြင်းအားဖြင့် (၂)ဦး(၂)ဘက် အထောက်အကူဖြစ်စေနိုင်ပြီး ထိုအမှားကို နမူနာယူကာ ပိုမိုကောင်းမွန်သော အရာတစ်ခုကို လုပ်ဆောင်နိုင်ပါလိမ့်မည်။
နိဂုံးချုပ်အားဖြင့် အဖွဲ့အစည်းတစ်ခု အောင်မြင်စေရန် နောက်လိုက်များအား အလေးထားသော ခေါင်းဆောင်မှုဆိုင်ရာ အရည်အချင်းသည် အလွန်အဓိကကျပေသည်။
Credit : Tr. Nway
ခေါင်းဆောင်မှုမှာ ဘာက အရေးအကြီးဆုံးလဲ
ခေါင်းဆောင်မှု (Leadership) ဆိုတာ ယနေ့ခေတ်မှာ အရမ်းရေပန်းစားပြီး လူတိုင်းနေ့စဉ်နီးပါး ကြားနေရတဲ့ ခေါင်းစဉ်တစ်ခုပါ။
”ခေါင်းဆောင်ဆိုတာ ခေါင်းမရှောင်ရဘူး”
“ခေါင်းဆောင်ဆိုတာ တာဝန်ယူမှု တာဝန်ခံမှုရှိရတယ်”
“ခေါင်းဆောင်ဆိုတာ အရည်အချင်းရှိရတယ်”
“ခေါင်းဆောင်ဆိုတာ ပေါင်းသင်းဆက်ဆံရေးကောင်းရတယ်”
အစရှိသဖြင့် ခေါင်းဆောင်တစ်ယောက်မှာရှိသင့်ရှိထိုက်သည့် အရည်အချင်းတွေကို အားလုံး ကြားဖူး၊ မှတ်ဖူး၊ လေ့လာဖူးကြမှာပါ။ အထက်မှာဖော်ပြခဲ့တဲ့အချက်တွေအားလုံးက မမှားသော်ငြားလည်း ဘယ်အရာက အရေးအကြီးဆုံးလဲဆိုတာကို စဉ်းစားကြည့်ခဲ့ဘူးပါသလား။
အထက်လူကြီးဆိုတဲ့ နေရာတစ်ခုရောက်ပြီဆိုတာနဲ့ အလိုလို ခေါင်းဆောင်ဖြစ်ပြီလို့ ယူဆတတ်ကြပါတယ်။ တကယ်ကတော့ ခေါင်းဆောင်မှုဆိုတာ နေရာတစ်ခုနဲ့ မသက်ဆိုင်ပါဘူး။ နေရာဆိုတာက မတည်မြဲတတ်ပေမယ့် ခေါင်းဆောင်မှုအရည်အခင်းကတော့ အမြဲတမ်း တည်မြဲနေတတ်တဲ့ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အတတ်ပညာတစ်ခုပါ။
ဒါဆိုရင် ခေါင်းဆောင်လို့ ဘာကြောင့်ခေါ်ကြသလဲ။ ဘယ်သူတွေက သတ်မှတ်ကြသလဲ။ ရိုးရိုးလေးပဲ တွေးကြည့်ပါ။ လူအချင်းချင်းကပဲ ဒီလူကတော့ ခေါင်းဆောင်ဖြစ်တယ်။ ဒီလူကတော့ နောက်လိုက်ဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။ ဒါဆိုရင် လူအချင်းချင်းကပဲ သတ်မှတ်ထားခြင်းကိုခံရတဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပထမဦးဆုံးအနေနဲ့ ရှိသင့်တဲ့ အရည်အချင်းတစ်ခုက “လူတွေကို ရှေ့တန်းတင်ခြင်း” ဆိုတာပါပဲ။
ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီဆိုရင် ကိုယ့်ကိုယ် ကိုယ့်ထက်အများကို (နောက်လိုက်တွေကို) ရှေ့တန်းတင်တတ်ဖို့ အရေးကြီးပါတယ်။ ခြင်္သေ့ကို တောဘုရင်လို့ သတ်မှတ်လေ့ရှိကြသော်ငြားလည်း ခြင်္သေ့တစ်ကောင်တ်းပဲရှိတဲ့ တောအုပ်ထဲမှာ သူက ဘုရင်မဖြစ်နိုင်ပါဘူး။ သူ့ကိုယ်သူ ဘုရင်လို့ သမားရိုးကျ နည်းလမ်းအားဖြင့် သတ်မှတ်နိုင်သော်ငြားလည်း အမှန်စင်စစ်အားဖြင့်တော့ သူကိုယ်တိုင်ပဲ နောက်လိုက်တစ်ယောက် ဖြစ်နေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ခေါင်းဆောင်မှုနောက်ကို လိုက်မယ့် နောက်လိုက်တွေ မရှိလို့ဖြစ်ပါတယ်။