Relationship တစ်ခုမှာ သဝန်တိုခြင်းကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်း (၁၂)ခု
lifestylemyanmar.com
|
2020-04-27


သင့်ချစ်သူကို အရမ်းချစ်တာကြောင့် တခြားသူတစ်ယောက်နဲ့ နီးနီးကပ်ကပ်ရှိနေတာကို ဘဝင်မကျဖြစ်နေပါသလား?
ကိုယ်တစ်ယောက်တည်း ပိုင်ဆိုင်ချင်တဲ့စိတ်၊ သဝန်တိုတဲ့စိတ်က Relationship တစ်ခုမှာ အဆန်းတော့မဟုတ်ပါဘူး။ ဒါက ယာယီသာဖြစ်ပြီး မပြင်းထန်တာကြောင့် သဝန်တိုခြင်းက သင့်ချစ်သူကို ချစ်စရာတောင် ကောင်းစေနိုင်ပါတယ်။ ဒါပေမယ့် သူတို့က ခါးခါးသီးသီးဖြစ်လာပြီး သဝန်တိုမှုက သင့်အချစ်ရေးကို လွှမ်းမိုးစေတယ်ဆိုရင် ဒါက ပိုဆိုးသွားနိုင်ပါတယ်။

အဲဒီလိုမဖြစ်အောင် သင်တားဆီးနိုင်ပါတယ်။ ဘယ်သူမှ ကြားမဝင်လာနိုင်အောင် တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ပေးပါ။ နားလည်မှုနှင့် ညှိနှိုင်းမှု အနည်းငယ်ရှိခြင်းက သင့်ရဲ့သဝန်တိုမှုကို ကျော်လွှားဖို့ကူညီနိုင်ပါတယ်။ သဝန်တိုမှု ဖြစ်စေတဲ့ အကြောင်းရင်းနှင့် သဝန်တိုခြင်းကို ရပ်တန့်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိချင်ရင် ဒီဆောင်းပါးလေးကို ဖတ်ပါ။

Relationship တစ်ခုမှာ ဘယ်အရာက သဝန်တိုမှုကို ဖြစ်စေတာလဲ?

သဝန်တိုမှုက ဒေါသ၊ မုန်းတီးမှုနှင့် စိတ်အားငယ်မှုကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဘာက သဝန်တိုမှုကို ဖြစ်စေတာလဲ?

၁။ သင့်အချစ်ရေးမှာ လုံခြုံမှုမရှိတာ(သို့) မိမိကိုယ်ကို ယုံကြည်မှုကင်းမဲ့တာ

မလုံခြုံမှုက သဝန်တိုမှုကို ဖြစ်စေပါတယ်။ ကိုယ့်ကိုယ်ကို ယုံမှားသံသယတွေ ဝင်နေရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ကင်းမဲ့နေရင် သဝန်တိုတာ မြန်မြန်ဖြစ်လာနိုင်ပါတယ်။ သဝန်တိုမှုက သင့်မသိစိတ်အတွင်းမှာ သင့်ရဲ့ မလုံခြုံမှုကို ရောင်ပြန်ဟပ်နိုင်ပါတယ်။




၂။ ကြောက်ရွံမှုကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်း

သင့်ချစ်သူဟာ သင့်ထက် ဆွဲဆောင်မှု ပိုရှိတဲ့သူတစ်ယောက်ယောက်ကို တွေ့မှာ ၊သင့်ချစ်သူ စွန့်ခွာမှာကို ကြောက်ရွံခြင်း(သို့) အလိမ်ခံရမှာကို ကြောက်ရွံခြင်းက သင့်အား သဝန်တိုမှုကို ဖြစ်စေနိုင်ပါတယ်။

၃။ အခြားသူတွေနှင့် ယှဉ်ပြိုင်ခြင်း

ပြိုင်ဆိုင်မှုက အတိုင်းအတာတစ်ခုအထိ ကျန်းမာသော်လည်း အရမ်းအစွန်းရောက်သွားပါက သဝန်တိုမှုပုံစံကို ဦးတည်သွားပါတယ်။ သဝန်တိုတတ်တဲ့ လက်တွဲဖော်ဟာ တခြားသူတွေထက် သာလွန်အောင် ကြိုးစားပါတယ်။ လူတိုင်းကို သူတို့ရဲ့ပြိုင်ဘက်လို့ မြင်ကြပါတယ်။

အချစ်ရေးမှာ သဝန်တိုမှု အနည်းငယ်ရှိတာက ကောင်းပါတယ်။ ဒါက “သင့်အား ဆွဲဆောင်မှုရှိသော လက်တွဲဖော်ရှိခြင်းအတွက် ကံကောင်းကြောင်း သတိပေးတာနဲ့ တူပါတယ်။ ၎င်းက သင့်လက်တွဲဖော်ကို ချစ်ခင်မြတ်နိုးဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်”လို့ Why We Loveကို ရေးသားသူ Helen Fisher ကဆိုပါတယ် ။ သင့်ရဲ့သဝန်တိုမှုကို ဘယ်လိုထိန်းချုပ်ရမယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် သင့်အချစ်ရေးကို ပျက်စီးစေနိုင်ပါတယ်။




သဝန်တိုတတ်တဲ့ လက္ခဏာများ

အလွန်အကျွံ ထိန်းချုပ်တာ- သဝန်တိုမှုက သင့်ရဲ့ကိုယ်ပိုင်အချိန်ကို ထိပါးခြင်း၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနှင့် ပတ်သတ်ဆက်ဆံမှုကို ကန့်သတ်ခြင်း၊ အရာရာတိုင်းကို စုံစမ်းခြင်းတို့ပါဝင်တဲ့ အပြုအမှုထိန်းချုပ်ခြင်းတွေ အစပျိုးလာပါတယ်။ ထိုကဲ့သို့သော အပြုအမှုက မလိုလားအပ်သော အခြေအနေတွေအောက်မှာ နေ့စဉ်ကိစ္စတစ်ခု ဖြစ်လာပါတယ်။

တစ်ယောက်တည်း မူပိုင်လုပ်လိုတာ- သဝန်တိုတတ်တဲ့ ချစ်သူတစ်ယောက်ဟာ သင့်ကို သူတို့အတွက်သာ ဖြစ်စေချင်ပါတယ်။ ဘယ်သူမှ သင့်ကို မကြည့်စေချင်ဘူး။ သူတို့ဟာ သင်ဘာလုပ်နေသလဲ၊ ဘယ်သူနဲ့ စကားပြောနေတာလဲ ဆိုတာသိဖို့ ချောင်းမြောင်းတတ်ပါတယ်။

ခြိမ်းခြောက်တာ- သဝန်တိုတတ်တဲ့သူဟာ ချစ်သူကို ထိန်းချုပ်ဖို့အတွက် ခြိမ်းခြောက်တတ်ပါသေးတယ်။ သူတို့ကိုယ်သူတို့ နာကျင်စေသလို အရာဝတ္တုတွေကို ဖျက်စီးတာ (သို့) အလွန်အမင်းအကြမ်းဖက်တာ ဖြစ်လာပါတယ်။ သူတို့ကို ထားခဲ့ဖို့ နိုင်စားခြင်း၊ ကြိုးကိုင်ခြယ်လှယ်ခြင်း၊ အပြစ်ရှာခြင်းနှင့် ခြိမ်းခြောက်ခြင်းမှတဆင့် ချစ်သူကို ခြိမ်းခြောက်တတ်သေးပါတယ်။




သဝန်တိုမှုကို ဘယ်လိုကျော်လွှားမလဲ

သဝန်တိုတာက နှစ်လိုဖွယ် ခံစားချက်တစ်ခု မဟုတ်ပါဘူး။ သဝန်တိုမှုက အားကောင်းလာလေလေ သင်နှင့် သင့်ချစ်သူကို အဆင်မပြေဖြစ်လာလေလေပါပဲ။

၁။ အကြောင်းရင်းကိုရှာပါ

သဝန်တိုတာက စိတ်ခံစားမှုကောင်းတစ်ခုမဟုတ်ပါဘူး။ ၎င်းက မကောင်းတဲ့ ခံစားမှုတစ်ခုဖြစ်ပေမယ့် တစ်ခါတရံမှာ ရှောင်လွဲလို့မရနိုင်ပါဘူး။ ဒါပေမယ့် အချစ်ရေးကို ပျက်စီးစေတယ်လို့ ထပ်တလဲလဲခံစားနေရရင် သင်ပြန်ထိုင်ပြီး “ဘာ့ကြောင့်လဲ”ဆိုတာ သင်ကိုယ်တိုင် ပြန်မေးဖို့လိုပါတယ်။

အကြောင်းရင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ တစ်ချို့တွေက မေ့ပျောက်လို့မရနိုင်ခဲ့တဲ့ အတိတ်ဆိုးတွေကို ဖြတ်သန်းလာရပြီး လက်ရှိဘဝမှာ တချို့ဖြစ်ပျက်မှုတွေက ဒီမကောင်းတဲ့မှတ်ဉာဏ်တွေကို အစပျိုးနိုင်ပါတယ်။ တစ်ချို့သောသူတွေက အချစ်ရေးကို အလွန်အမင်းကာကွယ်နိုင်ပါတယ်။ဒါမှမဟုတ် သင်တို့နှစ်ယောက်ကြားက မလုံခြုံမှုဖြစ်နိုင်ပါတယ်။ သင့်ဘာသာ ရှာမတွေ့နိုင်ရင် သင့်လက်တွဲဖော်နှင့်အတူ ပြဿနာကို ရန်မဖြစ်ဘဲ အဖြေရှာပါ။




၂။ သင့်ခံစားချက်ကို ဖော်ပြပါ


သင့်လက်တွဲဖော်က အမြဲတမ်းသဝန်တိုနေတယ်လို့ သင်ထင်ကောင်းထင်နိုင်ပါတယ်။ (သို့) သင်က အမြဲတမ်းထိန်းချုပ်နေတယ်လို့ သူတို့ပြောနိုင်ပါတယ်။ သင်တို့နှစ်ယောက်လုံးဟာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလွဲနေတာ ဖြစ်နိုင်ပါတယ်။ ယူဆချက်တွေပေါ်မှာ အခြေခံပြီး ပဋိပက္ခဖြစ်နေမယ့်အစား ၊သင့်ရဲ့မကောင်းတဲ့ အတွေးတွေပေါ်မှာ စိတ်တိုနေမယ့်အစား သင်တို့နှစ်ယောက်စလုံးဟာ ခံစားချက်တွေကို မျှဝေသင့်ပါတယ်။
ဥပမာ- သင့်ချစ်သူဟာ တစ်ယောက်ယောက်နဲ့ အရမ်းရင်းနှီးလွန်းတယ်လို့ ထင်နေရင် အဲဒါနဲ့ပတ်သတ်ပြီး သင်ဘယ်လိုခံစားရတယ်ဆိုတဲ့အကြောင်း အသိပေးပါ။

၃။ တစ်ယောက်နဲ့တစ်ယောက် အားထားမှီခိုလွန်းတာ မဖြစ်ပါစေနဲ့

တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတယ်။ ဒါပေမယ့် သူ့မှာလည်း ကိုယ်ပိုင်ဘဝရှိသလို၊ ကိုယ့်မှာလည်း ကိုယ်ပိုင်ဘဝရှိတယ်ဆိုတာ သတိရပါ။ ဒါ့ကြောင့် သင့်လက်တွဲဖော်ကို သင့်ဘေးမှာ အမြဲတမ်းရှိနေရမယ်လို့ မမျှော်လင့်ပါနဲ့။ သူဆန္ဒရှိသလောက် နေခွင့်ပေးပါ။ သူတို့သဘောမတူနိုင်တဲ့ အရာတွေနှင့် ပတ်သတ်ပြီး သူတို့ကို နားပူနားဆာမလုပ်ပါနဲ့။ ဒါက သင့်အချစ်ရေးမှာ ဟန်ချက်ညီစေဖို့ ထိန်းသိမ်းပေးပါလိမ့်မယ်။

၄။ ယုံကြည်မှုရှိပေးပါ။ ရိုးသားပေးပါ

သင့်ရည်းစားဟောင်း (သို့) သင့်လက်ရှိချစ်သူက အတိတ်မှာ သင့်ယုံကြည်မှုကို ဖျက်စီးခဲ့တာရှိရင် ယုံကြည်မှုပြဿနာက ရှောင်လွှဲလို့မရပါဘူး။ သဝန်တိုတာ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် သင်ဟာတစ်ယောက်ယောက်နဲ့ အရမ်းခင်မင်ရင်းနှီးလွန်းတာ မြင်ရင်တောင် သဝန်တိုလာနိုင်ပါတယ်။

သင့်အချစ်ရေးမှာ ယုံကြည်မှုထားရှိပါ။ သင့်လက်တွဲဖော်ဟာ တစ်ယောက်ယောက်နဲ့ ရင်းနှီးလို့ သင့်မှာ မဆင်မပြေဖြစ်လာရင် အဲ့ဒီအကြောင်းကို သူတို့အားအသိပေးပြီး စကားပြောခြင်းဖြင့် ဖြေရှင်းပါ။




၅။ မတူညီတဲ့ရှု့ထောင်ကကြည့်ပါ


တခါတရံမှာ တခြားသူတစ်ယောက်ရဲ့ အမြင်ကနေ တွေးပေးဖို့ ကြိုးစားသင့်ပါတယ်။ သင့်ချစ်သူရဲ့ (သို့) သင့်သူငယ်ချင်းရဲ့အမြင်ဖြစ်နိုင်ပါတယ်။
သင့်ချစ်သူဟာ social gathering တစ်ခုမှာ သူ့ရည်စားဟောင်းနဲ့ တွေ့ဆုံခဲ့ပေမယ့် သင့်ကို ဒီအကြောင်း မပြောပြဘူး။ သူတို့က ဒါကို ဖုံးကွယ်ဖို့ကြိုးစားနေတယ်လို့ မယူဆပါနဲ့၊ သူတို့အတွက် ဘာရည်ရွယ်ချက်မှမရှိတာ၊ အမှန်တကယ် ပြောပြဖို့ မေ့နေတာ ဖြစ်နိုင်ပါတယ်။ သင်စိတ်ဆိုးမှာကို မလိုလားတာကြောင့် သင့်ကိုမပြောချင်တာလည်း ဖြစ်နိုင်ပါတယ်။ သင့်အတွက်တော့ သူတို့ဟာ ယုံကြည်မှုကို ရိုက်ချိုးနေသလို မြင်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ရှုထောင့်မှလည်း တွေးပေးဖို့ ကြိုးစားပါ။ ငါလည်း သူ့နေရာမှာဆိုရင် ဆိုတဲ့အတွေးမျိုးနဲ့ ကိုယ့်ကိုယ်ကို မေးမြန်းပါ။

၆။ ချက်ချင်းမတုံ့ပြန်ပါနဲ့

ဒေါသ၊ ဝမ်းနည်းမှု၊ စိုးရိမ်မှုနှင့် အာဃာတတွေမှာ သင့်အချိန်ကို မဖြုန်းတီးပါနဲ့လို့ Roy T. Bennett ကဆိုပါတယ်။ သင်ဒေါသဖြစ်နေတယ်လို့ ထင်ရင်(သို့) သဝန်တိုနေရင် ရန်ထမဖြစ်ပါနဲ့။ အချိန်ယူပါ။ သင့်စိတ်ခံစားမှုကို လျော့သွားအောင်လုပ်ပါ။ ခဏနားပြီး အခြေအနေကို အလေးအနက်စဉ်းစားပါ၊ ဒါကိုညအကောင်းဆုံးနည်းလမ်းနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာ တွေးပါ၊ မစဉ်းစားခင် ပြောခြင်း၊ လုပ်ခြင်းက အခြေအနေတွေကို ပိုဆိုးစေနိုင်ပါတယ်။

၇။ သင့်မလုံခြုံမှုကို ထိန်းချုပ်ပါ

မနာလိုတာက မလုံခြုံမှုကြောင့် ဖြစ်နိုင်ပါတယ်။ သင့်ချစ်သူက တခြားသူတစ်ယောက်နဲ့ စကားပြောနေတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့ခြင်းက သဝန်တိုမှုကို ဖြစ်စေနိုင်ပါတယ်။ တကယ်တော့ သင့်လက်တွဲဖော်ဟာ သင်ကလွဲပြီး အခြားသူကို မချစ်နိုင်ပါဘူး။ ဒါပေမယ့် သင်ဟာ မလုံခြုံမှု ခံစားနေရဆဲပဲဆိုရင် ဒီခံစားချက်ကို ဖြေရှင်းဖို့ အချိန်ပေးပြီး သင့်အချစ်ရေးကို ထိခိုက်စေမယ့် ဘယ်အရာမဆို တားဆီးဖို့ သူတို့နှင့်အတူ ဖြေရှင်းပါ။

၈။ သင်ဘယ်လိုခံစားရတယ်ဆိုတာ ချရေးပါ၊

ဒီလှည့်ကွက်က သင့်ခံစားချက်တွေကို ဖြေရှင်းဖို့နှင့် သူတို့ကို ချက်ချင်းမတုံ့ပြန်ဖို့ တားဆီးနိုင်ပါတယ်။ သင်မလုံခြုံဘူးလို့ ခံစားရတာပဲဖြစ်ဖြစ် သင့်လက်တွဲဖော်ကို စိတ်ဆိုး၊ ဒေါသထွက်တာတဲ့အခါတိုင်း စာရွက်တစ်ရွက်၊ ဘောပင်တစ်ချောင်းကိုယူပြီး သင်ခံစားရသမျှ ချရေးပါ။ ထိုအချိန် သင့်စိတ်ထဲ ပေါ်လာတဲ့ အတွေးတွေကို စာရင်းပြုစုပါ။ ရေးသားထားခြင်းက သင့်စိတ်ခံစားမှုတွေကို ထုတ်ဖော်ပြဖို့ နည်းလမ်းတစ်ခုဖြစ်နိုင်ပြီး သင်ဘာကြောင့် ခံစားရတာကို စဉ်းစားမိစေပါတယ်။

၉။ အကောင်းမြင်ပါ

များသောအားဖြင့် သဝန်တိုမှုက သင့်အတွင်းထဲမှာ ညှင်းပမ်းနှိပ်စက်နေတတ်ပါတယ်။ ထိုခံစားချက်ကို သင့်ရဲ့ ချစ်ခြင်းမေတ္တာ၊ ဂရုစိုက်မှုနှင့် သံယောဇဉ်ပေါ်မှာ အနိုင်ယူခွင့်ပြုမယ့်အစား သင့်အချစ်ရေးနှင့်ပတ်သတ်ပြီး စတင်အကောင်းမြင်သင့်ပါတယ်။ ချစ်သူအတွက် အချိန်ကောင်းတွေကို အတူတကွ ကောင်းကောင်းအသုံးချပါ။ အပြုသဘောကို အာရုံစိုက်တဲ့အခါ ပိုင်ဆိုင်လိုမှုနှင့် သဝန်တိုမှု ခံစားချက်တွေဟာ ထင်သာမြင်သာရှိတော့မှာ မဟုတ်ပါဘူး။

၁၀။ မိမိကိုယ်ကို တခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့

ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ နှိုင်းယှဉ်တာက မနာလိုမှုကို ဖြစ်ပေါ်လာစေပါတယ်။ မြက်ဟာ အခြားတစ်ဖက်မှာ ပိုစိမ်းတယ်လို့ ထင်ရပေမယ့် သင်ရေလောင်းမှသာ အစိမ်းရောင်ဖြစ်မှာပါ။ မနာလိုမှုကို မမွေးမြူပါနဲ့။ အဲဒီအစား ချစ်သူကို ချစ်ပေး၊နားလည်ပေး၊ ကြင်နာပေးခြင်းနှင့်အတူ သင့်အချစ်ရေးကို ပျိုးထောင်ပါ။

၁၁။ ခံစားချက်တွေကို မတည်ဆောက်ပါနဲ့

အချို့သောနေ့ရက်တွေမှာ မကောင်းတဲ့ခံစားချက်ရှိနေခြင်းက ပုံမှန်ဖြစ်သော်လည်း သူတို့ကို တည်ဆောက်ခွင့်မပြုပါနဲ့။ သင့်လက်တွဲဖော်က သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူအမျိုးမျိုးနဲ့ ပေါင်းသင်းဆက်ဆံမှုဆိုတာ လိုအပ်ပါတယ်။ အလုပ်သဘောအရဆိုရင် နားလည်ပေးဖို့လိုပါတယ်။ သူတို့ရဲ့ ဖောက်ပြန်မှုကို လျစ်လျူရှုထားရမယ်လို့ မဆိုလိုပါဘူး။

၁၂။ ကိုယ့်ကိုယ်ကို ကုစားပါ

သစ္စာဖောက်ခြင်းနှင့် အတိတ်ကလှည့်စားခြင်းတွေ ပါဝင်တဲ့ နာကြည်းဖွယ်အချစ်ရေးမျိုး သင့်မှာရှိနေရင် သင့်လက်ရှိချစ်သူကို ယုံကြည်ဖို့ အခက်အခဲရှိနိုင်ပါတယ်။ သို့သော် သင့်ရဲ့အတိတ်အချစ်ရေးကနေ ရုန်းထွက်ပြီး ကိုယ့်ကိုယ်ကို ကုစားဖို့ လိုပါတယ်။ လက်ရှိအချစ်ရေးမှာ ပျော်ရွင်ဖို့ ဆက်လုပ်ဆောင်ဖို့ လိုပါတယ်။

သဝန်တိုမှုက အချစ်ရဲ့ သင်္ကေတလား

သဝန်တိုမှုက အချစ်ရဲ့ သင်္ကေတတစ်ခုလို့ အချို့ကယုံကြည်ကြသော်လည်း ၎င်းက အချစ်ရေးကို အကန့်အသတ်ဖြစ်စေသဖြင့် မမှန်ပါဘူး။ သဝန်တိုမှုဟာ လုံခြုံမှုကင်းမဲခြင်းနှင့် ကြောက်ရွံမှုတွေကနေ ထွက်လာတာ ဖြစ်ပါတယ်။ လင်မယားအကြား မလိုအပ်တဲ့ ရန်ပွဲတွေ ဖြစ်ပေါ်စေပါတယ်။ သဝန်တိုမှုက ကျန်းမာရေးနှင့် မညီညွတ်မှုကို ဖြစ်စေပါတယ်။

အခြားတစ်ဖက်မှာ အချစ်က သင့်ချစ်သူအပေါ် ယုံကြည်မှုနှင့် ယုံကြည်မှုမှ ရရှိတဲ့လွတ်လပ်မှု၊ ကျေနပ်ရောင့်ရဲမှုတို့ကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် သဝန်တိုခြင်းက ချစ်တာနဲ့ အဓိပ္ပာယ် မတူနိုင်ပါဘူး။

သဝန်တိုတာက အချစ်ရေးတစ်ခုမှာ မဖြစ်သင့်တဲ့ စိတ်ရှုပ်စရာကောင်းသော စိတ်ခံစားချက်တစ်ခုပါ။ ဒီယူဆချက်များကြောင့် ထိုသို့ဖြစ်လာရင် အကြံပေးချက်တွေကို လိုက်နာဖို့နှင့် ၎င်းကိုဖိနှိပ်ဖို့ကြိုးစားသင့်ပါတယ်၊ သို့သော် သင့်ချစ်သူက အမှားတစ်ခုခုလုပ်နေကြောင်း သက်သေပြနိုင်ရင် သူတို့ကို ဆန့်ကျင်စွာ ယုံစားမယ့်အစား ထိပ်တိုက်ရင်ဆိုင်သင့်ပြီး သင့်အချစ်ရေးကို အလေးအနက်စဉ်းစားသင့်ပါတယ်။

Lifestyle_Myanmar
LM_Nandar


Source-momjunction


#အချစ်
#ချစ်သူ
#လုံခြုံမှု
#ယုံကြည်မှု
#အတိတ်

Some text some message..