Relationship တစ်ခုမှာ Micro Cheating (အသေးစားဖောက်ပြန်ခြင်း)ရဲ့လက္ခဏာ (၉)ခု
lifestylemyanmar.com
|
2020-05-01



“ကျွန်မချစ်သူက သူ့ဖုန်းကို Lock ခတ်ထားပြီး သူ့မက်ဆေ့ခ်ျတွေကို ပြဖို့ ငြင်းနေတယ်”။

“ကျွန်တော့ရည်းစားရဲ့ သူဌေးက သူ့ကို အချိန်မရှိမှ ဖုန်းတွေဆက်ပြီး သူမကလည်း ဒါကိုအဆင်ပြေတယ်လို့ ထင်နေတယ်”။

“ကျွန်တော့လက်တွဲဖော်ဟာ ဖေ့ဘွတ်ခ်ပေါ်က သူ့ရည်းစားဟောင်းရဲ့ Stories တွေ၊ ဓါတ်ပုံတွေကို likes တွေ၊ မှတ်ချက်တွေပေးတတ်တယ်။ မေးတဲ့အခါ သူတို့က သူငယ်ချင်းတွေပါလို့ ပြောတတ်တယ်” ။


ထိုသို့သော ဖြစ်ရပ်တွေက သင့်ကို စိတ်အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ သင့်လက်တွဲဖော်ရဲ့ အပြုအမှုကို သံသယရှိလာပါတယ်။ သူတို့ သင့်ပေါ်မှာ ဖောက်ပြန်နေတာလား? (ဒါမှမဟုတ်) သင့်စိတ်ထဲမှာ ထင်နေတာလားဆိုပြီး သင်စိတ်ပူနေမိနိုင်ပါတယ်။
ယနေ့မှာ ချစ်သူတွေအကြား ဖြစ်လေ့ဖြစ်ထရှိတဲ့ Micro Cheating လို့ရည်ညွှန်းထားတဲ့ ဖောက်ပြန်မှု အမျိုးအစား အကြောင်းနှင့် ဒါကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ ပြောပြပေးပါမယ်။

Micro-Cheating ဆိုတာဘာလဲ?

Micro-Cheating ဆိုတာ သတ်မှတ်ထားသော relationship တစ်ခုရဲ့ နယ်နိမိတ်တစ်ချို့ကိုဖြတ်ကျော်နေတဲ့ လုပ်ရပ်တစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ လွယ်လွယ်ပြောရရင် ကိုယ့်မှာ ချစ်သူ/အိမ်ထောင်ဖက်ရှိပါလျက်နဲ့ တခြားသူအပေါ် စိတ်တိမ်းညွှတ်နေတာကို ဆိုလိုတာပါ။

Micro-cheating ဆိုတာ ဒစ်ဂျစ်တယ်ကမ္ဘာမှာ အယူအဆအသစ်တစ်ခုလို့ ထင်ရပေမယ့် အင်တာနက်နဲ့ စမတ်ဖုန်းတွေ မလာခင်ကတည်းက တည်ရှိခဲ့တာပါ။ ဒီအတွက် အဓိပ္ပာယ်သတ်မှတ်ချက်သာ မရှိတာပါ။ စနောက်ရုံမျှသာဆိုရင်(သို့) ကောင်းမွန်တဲ့ ဆွေးနွေးမှုကဲ့သို့သော အသေးစားဖောက်ပြားတဲ့ အပြုအမှုဆိုရင်တော့ စိတ်ပူစရာမလိုပါဘူး။ သို့သော် သင့်ချစ်သူဟာ ရုပ်ပိုင်းဆိုင်ရာ ၊စိတ်ပိုင်းဆိုင်ရာ နယ်နိမိတ်ကို ဖြတ်ကျော်နေတာကို သတိပြုမိပါက relationship အတွက် ဆိုးရွားနိုင်ပါတယ်။




Relationship တစ်ခုမှာ အသေးစားဖောက်ပြန်ခြင်းရဲ့ လက္ခဏာများ

အချို့အပြုအမှုတွေက အသေးစားဖောက်ပြန်ခြင်းရဲ့ ဝိသေသလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

၁။ တစ်စုံတစ်ယောက်ကို တတ်ကြွစွာ follow လုပ်ထားတာ

နာမည်ကျော်အနုပညာရှင်တစ်ယောက် (သို့) ဆိုရှယ်မီဒီယာပေါ်က နာမည်ကြီးနေတဲ့ စာရေးသူတစ်ယောက်ကို followလုပ်တာက စိတ်ပူစရာ အကြောင်းမရှိပါဘူး။ သို့သော် သင့်ချစ်သူဟာ တစ်စုံတစ်ယောက်ရဲ့ (ဥပမာ-အိမ်နီးချင်း၊ ရည်းစားဟောင်း၊ mutual friend, လုပ်ဖော်ကိုင်ဖက်(သို့) သူစိမ်း) account ကို follow လုပ်ပြီး အချိန်တိုင်းဝင်ကြည့်နေရင်၊ အင်တာနက်မှတစ်ဆင့် ရင်းရင်းနှီးနှီးပြောဆိုနေတာကို တွေ့လျှင်(ဥပမာ သူတို့ရဲ့ ဓါတ်ပုံတွေ၊ တင်တဲ့ပို့စ်တွေကို ပုံမှန်မှတ်ချက်ပေးတတ်ပြီး သင်မသိဘဲ စကားပြောနေကြရင်) ဒါက micro-cheating ရဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။




၂။ dating app ကိုသုံးနေတာ


ကိုယ့်မှာ ချစ်သူ/အိမ်ထောင်ဖက် ရှိနေလျက်နဲ့ ချိန်းတွေ့တဲ့ အယ်ပလီကေးရှင်း (သို့) Site ကို သုံးစရာ အကြောင်းမရှိပါဘူး။ တစ်စုံတစ်ယောက်က မိုဘိုင်းကနေ app ကိုဖယ်ထုတ်ပြီးရင်တောင် သူတို့ရဲ့ ပရိုဖိုင်က ဖျက်လို့မရဘူးဆိုရင် ပရိုဖိုင်ရှိနေတတ်ပါတယ်။ သင် (ဒါမှမဟုတ်) သင့်သူငယ်ချင်းတစ်ယောက်ယောက်က dating application ပေါ်မှာ သင့်လက်တွဲဖော်ရဲ့ ပရိုဖိုင်ကို တွေ့ရှိရင် သင် သံသယဝင်ဖွယ်ရာ ရှိပါတယ်။
သူတို့မှာ active မဖြစ်တော့တဲ့ ပရိုဖိုင်ရှိနေရင် အဲဒါကို ဖျက်ပစ်ဖို့ ရိုးသားစွာ မေ့နေတာလည်း ဖြစ်နိုင်ပါတယ်။ သို့သော် သူတို့ဟာ site ပေါ်မှာ လူတွေနဲ့ အပြန်အလှန်ဆက်သွယ်မှုရှိပါက ဒါကို micro-cheating အဖြစ် သတ်မှတ်နိုင်ပါတယ်။

၃။ သူတို့မှာ ခံစစ်အနေအထားရှိနေတာ

လူတစ်ယောက်က တစ်ခုခုကို ဖုံးကွယ်ထားတဲ့အခါ သူတို့ ခုခံကာကွယ်ရပါတယ်။ သင့်လက်တွဲဖော်ကို တခုခုနှင့်ပတ်သတ်ပြီး သင်မေးတယ်ဆိုပါစို့။ သူတို့က အကြောင်းပြချက်မရှိဘဲ ဟိုလိုလို ဒီလိုလိုလုပ်နေရင် ဒါက သံသယဖြစ်စရာကောင်းပါတယ်။ တကယ်လို့ သင့်အား အမှန်တရားကို ပြောမယ့်အစား ထပ်တလဲလဲ ဆင်ခြေပေးနေတယ်ဆိုရင် သူတို့ဆီမှာ ဖုံးကွယ်ဖို့ ကြိုးစားနေတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိကောင်းရှိပါလိမ့်မယ်။




၄။ ဖုန်းပေါ်မှာပဲ အမြဲတမ်းအာရုံစိုက်နေတာ

သင်တို့နှစ်ယောက် ချိန်းတွေ့ကြတာ (သို့) အဝေးတနေရာမှာ အတူတူရှိနေရင်တောင် သွားတဲ့နေရာတိုင်း သူ့ဖုန်းကို အမြဲသယ်ဆောင်နေမယ်။ သူ့ဖုန်းကို မကြာခဏ ထုတ်ကြည့်နေမယ်။ ဖုန်းကို passcode ခံထားပြီး သင့်ကိုမပြောပြဘူး၊ ဖေ့ဘွတ်ကနေ မက်ဆေ့ခ်ျဝင်လာလို့ သင့်ကို ပေးမဖတ်ဘူးဆိုရင် သူ့မှာလျို့ဝှက်ချက်တွေ ရှိနေလို့ပါ။ ဒါက micro-cheat လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။




၅။ တစ်ယောက်ယောက်နဲ့ အရမ်းရင်းနှီးလွန်းတာ

သင့်လက်တွဲဖော်မှာ Best friend (သို့) သူတို့နဲ့ အရင်ကတည်းက သံယောဇဉ်ရှိကြတဲ့ သူတစ်ယောက်ယောက်ဆိုရင် အဆင်ပြေပါတယ်။ ဒါပေမယ့် ချစ်သူမဟုတ်တဲ့သူနဲ့ ရင်းနှီးခြင်းနှင့် အရမ်းရင်းနှီးခြင်းတို့ကြားမှာ မျဉ်းပါးပါးလေးရှိပါတယ်။ သင့်ချစ်သူဟာ သူ့ဘဝရဲ့ ကဏ္ဍတိုင်းလိုလိုကို ထိုလူနှင့် မျှဝေပြီး သူတို့ကို အကောင်းဆုံး ဂရုစိုက်တယ်။ သူတို့က သင့်ထက် ပိုအရေးပါနေတယ်။ ဒါဟာ အတိုင်းအတာတစ်ခုအထိ မပြတ်သားပုံရပြီး micro-cheat ရဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။




၆။ သူတို့က သင့်ကို လွန်ကဲစွာ တုံ့ပြန်နေတယ်လို့ ပြောတာ

တစ်ခါတရံမှာ သင်ဟာ အတွေးလွန်သွားတာ ဖြစ်နိုင်ပေမယ့် အကြိမ်များစွာ ကြုံတွေ့ရတဲ့အခါ အဲဒါကို လျစ်လျူရှုမထားသင့်ပါဘူး၊ သင့်လက်တွဲဖော်ကို တစ်စုံတစ်ခုအကြောင်း မေးမြန်းတဲ့အခါ သူတို့က သင်အတွေးလွန်နေတာပါ၊ စိတ်ကူးယဉ်နေတာပါလို့ ပြောပါလိမ့်မယ်၊ သင်မဟုတ်တဲ့အခါ တုံ့ပြန်မှု လွန်ကဲသွားပါလိမ့်မယ်။ သင့်ဘဝမှာ ထိုကဲ့သို့သော အခြေအနေတွေ ဆက်လက်ဖြစ်ပေါ်နေပါက micro-cheating လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။

၇။ အချစ်ရေးကနေ စတင်ဆုတ်ခွာနေတာ

သင်ချစ်ရသူဟာ သင်နဲ့ ခပ်ခွာခွာနေ နေတယ်လို့ ခံစားရလျှင် သူတို့ သင့်ဆီကနေ ဝေးကွာဖို့ ကြိုးစားနေတာ ဖြစ်နိုင်ပါတယ်။ သူတို့က သင်နှင့်အတူ အချိန်ကောင်းကို မဖြတ်သန်းချင်ဘူး။ ယခင်က လုပ်ခဲ့သလို အရာရာတိုင်းကို မျှဝေချင်ပုံမရဘူးဆိုရင် ဒီရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာဆုတ်ခွာခြင်းရဲ့ လက္ခဏာတွေဟာ သင့်အပေါ်မှာ အသေးစားဖောက်ပြန်နေတာလို့ ဆိုလိုနိုင်ပါတယ်။

၈။ သူ့ရည်းစားဟောင်းအကြောင်းကို ခဏခဏပြောတာ

Ex အကြောင်းကို ကြုံကြိုက်လို့ ပြောတာဆိုရင် နားလည်နိုင်ပါတယ်။ ဒါပေမယ့် Ex နှင့်ပတ်သတ်ပြီး အချိန်တိုင်းပြောဆိုတာ၊ တစ်ခါတရံမှာ သက်ဆိုင်မှုမရှိဘဲ သင့်ကို သူနဲ့ နှိုင်းယှဉ်တာမျိုးက အချစ်ရေးအတွက် မကောင်းပါဘူး။ ဒါ့ပြင် လူမှုကွန်ယက်ပေါ်မှာ ရည်းစားဟောင်းကို follow လုပ်တာတွေ၊ သူတို့ဘာတွေဖြစ်နေတယ်ဆိုတာ သိအောင် ကြိုးစားတာတွေ၊ မကြာခဏ ဆက်သွယ်ဖို့ ကြိုးစားတာတွေက အဆင်မပြေပါဘူး။ ဒါက အသေးစားဖောက်ပြန်မှုရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

၉။ ပါတီတွေ၊ ပွဲတွေကို အတူတူ မတတ်တာ

ပွဲတွေ၊ ပါတီတွေ သွားတဲ့အခါ သင်တို့ချစ်သူနှစ်ယောက် အတူတူတတ်ဖို့ မျှော်လင့်ခဲ့ဖူးမှာပါ။ သို့သော် သင့်ချစ်သူဟာ သင့်ကို မဖိတ်ခေါ်ဘဲ တစ်ယောက်တည်းသွားတတ်တာ၊ နှစ်ယောက်စလုံး သွားသင့်တဲ့ ပွဲတစ်ခုအကြောင်းကိုတောင် သင့်အား အသိပေးခြင်းမရှိတာက ဘာအကြောင်းရင်း ဖြစ်နိုင်ပါသလဲ။ သူတို့တစ်ယောက်ယောက်နဲ့ သွားနေတာလား?။ သူတို့ သင့်ပေါ်မှာ ဖောက်ပြန်နေပုံရပါတယ်။

ဒီသေးသေးမွှားမွှားဖောက်ပြန်တာက အဓိကကျတဲ့ အရာမဟုတ်ပေမယ့် ကန့်သတ်ချက်တွေ ကျော်လာရင် မလွှဲမရှောင် အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။

အသေးစားဖောက်ပြန်ခြင်းက Relationship တစ်ခုအတွက် အန္တရာယ်ရှိသလား?


ယုံကြည်မှုနှင့် ပြောဆိုဆက်ဆံမှုက micro-cheating အပြုအမှုတွေကို စစ်ဆေးဖို့ မရှိမဖြစ်လိုအပ်တဲ့ အချက်နှစ်ချက် ဖြစ်ပါတယ်။ micro-cheatingအပြုအမှုက သိပ်အရေးမပါဘူးလို့ ထင်ရပေမယ့် ဖောက်ပြန်မှုရဲ့ ပထမခြေလှမ်းဖြစ်တာကြောင့် ပျက်စီးမှုကို ဦးတည်စေနိုင်ပါတယ်။ ဒီလိုအသေးစားဖောက်ပြန်နေတဲ့ လက်တွဲဖော်ဟာ ကွဲလွဲဖို့ မရည်ရွယ်သော်လည်း အချစ်ရေးမှာ အားနည်းချက်ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ထိုကိစ္စကို စောစောဖြေရှင်းတာက ပိုကောင်းပါတယ်။ သင့်ချစ်သူမှာ ဒီလိုအပြုအမှုတွေ တွေ့လာပြီဆိုရင် ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးပါ။ သင့်လက်တွဲဖော်ရဲ့စကားကို နားထောင်ပါ။ သင့်ချစ်သူရဲ့ ဒီလိုလုပ်ရပ်ဟာ သင့်အတွက် စိတ်ထိခိုက်စရာဖြစ်နိုင်ပါတယ်။ သင်တို့ချစ်သူနှစ်ယောက်ကြားမှာ အချစ်ရှိနေသေးတယ်ဆိုရင် လမ်းမခွဲသင့်ပါဘူး။ ပြဿနာကို နှစ်ယောက်အတူ ဖြေရှင်းပါ။
Lifestyle_Myanmar

LM_Nandar

#ချစ်သူ
#ပရိုဖိုင်
#အသေးစား
#လက္ခဏာ
#ရည်းစား

Some text some message..