ကမ္ဘာပေါ်က ပညာရှင်တွေ ဖွင့်ဆိုခဲ့တဲ့ အချစ် အမျိုးအစား ၇ မျိုး
lifestylemyanmar.com
|
2020-05-02



ချစ်ခြင်းမေတ္တာ ဆိုတာ လူသားတိုင်းရဲ့ နှလုံးသားထဲမှာ ပေါက်ဖွားကူးခတ်နေတဲ့ မျက်စိမမြင်သူတွေမြင်နိုင်တဲ့ နားမကြားသူတွေကြားနိုင်တဲ့ ဆွံအနေသူတွေ ပြောနိုင်တဲ့ ဘာသာစကားတစ်ခုပါ။ ရှေးခေတ် ဂရိတွေရဲ့ဘာသာစကားမှာအချစ်ကို စကားလုံး သုံးမျိုးနဲ့ဖော်ကြူးထားခဲ့ပါတယ်။ အဲဒီစကားလုံး သုံးလုံးကိုပဲ ပညာရှင်တွေက အချစ်သုံးမျိုးလို့ ခေါ်ဆိုသုံးစွဲခဲ့ကြပါတယ်။ အဲ့ဒီအချစ် ၃ မျိုးနဲ့ ဒီ၃မျိုးကထပ်ဆင့်ဖြစ်လာတဲ့ အချစ် ၄မျိုးလည်းရှိပါသေးတယ်။ ဘယ်လိုအချစ်မျိူးတွေလဲဆိုတာအောက်မှာ ဖတ်ကြည့်လိုက်ကြပါဦး


Eros Love (ကာမအချစ် ရုပ်ပိုင်းဆိုင်ရာကိုတပ်မက်တဲ့အချစ်)




Eros Loveလို့ခေါ်တဲ့ချစ်ခြင်းမေတ္တာတာက ကမ္ဘာပေါ်မှာ အတွေ့ရအများဆုံးအသုံးအများဆုံးသောအချစ်အမျိုးအစားဖြစ်ပဲဖြစ်ပါတယ်။ အထူးသဖြင့် ဒီအချစ်အမျိုးအစားကို ကာမရာဂကို နှိုးဆွပေးတဲ့အချစ်လို့ ဆိုကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့လိင်ပိုင်းဆိုင်ရာကို အခြေခံထားတာဖြစ်ပြီး ချစ်ဇာတ်လမ်းတွေရဲ့ အရှိန်တက်နေတဲ့အချိန်မှာတွေ့ရလေ့ရှိတတ်ပါတယ်။

Eros Loveဆိုတာ ဂရိကဆင်းသက်လာတာဖြစ်ပြီး အနောက်တိုင်းယဉ်ကျေးမှုတွေမှာ အတွေ့ရများတဲ့ အချစ်အမျိုးအစားပဲ။ တစ်ယောက်နဲ့တစ်ယောက်တွေ့မယ် ချစ်မယ် အိပ်မယ်ဆိုတာပေါ် အခြေခံထားတာလို့ဆိုလို့ရပါတယ်။ ဒီအချစ်က ကိုယ့်ပျော်ရွှင်မှုကို အခြေခံထားတဲ့အတွက် ကိုယ့်ကို ပျော်ရွှင်မှု မပေးနိုင်တော့ဘူးဆိုရင် ချက်ချင်း ပြက်ပြယ်သွားတတ်ပါတယ်။

ပြောရရင် “ငါ”ဆိုတဲ့အတ္တအပေါ်မှာ အခြေခံထားတဲ့အချစ်မျိုးဖြစ်ပါတယ်။ဒီအချစ်မျိုးက အထိအတွေ့ နဲ့လိင်ပိုင်းဆိုရာ တပ်မက်မှုတွေကို, အခြေခံထားတဲ့အတွက် ရေရှည်တဲ့ဆက်ဆံရေးတစ်ခုကို တည်ဆောက်လို့မရနိုင်ပါဘူး။

အဲ့ဒါကြောင့်ခုခေတ်မှာ အရမ်းချစ်ပါတယ်ဆိုပြီး မကြာခင် ကွဲ အသစ်တွဲတွေများလာတာပေါ့။ ဒါကြောင့် Eros Loveကနေတစ်ဆင့် ဒီ့ထက်မြင့်မားတဲ့ ချစ်ခြင်းမေတ္တာPhilos Love(မေတ္တာနှောင်ကြိုးကို အခြေခံတဲ့ ဆက်ဆံရေးမျိုး အချစ်မျိုးကို ပြောင်းနိုင်မှ ဆက်ဆံရေးတစ်ခုကို ရေရှည်ထိန်းထားနိုင်မှာပါ။

ဒီအချစ်မျိုးက အချစ်စစ် အချစ်မှန်ဆိုတဲ့ အမျိုးအစားထဲမှာ မပါဝင်ဘူလို့ဆိုနိုင်ပါတယ်။ အတ္တတွေကို အခြေမခံထားပဲ သူ့ဘက်ကိုယ့်ဘက် မျှတမှု နားလည်မှု၊ ကောင်းတာရောဆိုးတာကိုရောလက်ခံနိုင်မှု၊ အခက်ခဲဆုံးသောအချိန်တွေကို အန်တုရဲနိုင်မှု စတာတွေပေါင်းစပ်ပါဝင်ထားမှ အချစ်စစ်အချစ်မှန်ဆိုတဲ့ အမျိုးအစားထဲပါဝင်ပါလိမ့်မယ်..

ရူးရူးမိုက်မိုက် ကာမအပေါ်မှာပဲ အာရုံမစိုက်ထားတဲ့အချစ်ဖြစ်ဖို့လိုပါတယ်။ Eros Love (ကာမအချစ် ရုပ်ပိုင်းဆိုင်ရာကိုတပ်မက်တဲ့အချစ်)အမျိုးအစားထဲမှာ (Romantic Love)ဆိုတာလည်းပါဝင်နေပြန်ပါတယ်..ဆက်ဖတ်ကြည့်လိုက်ရအောင်..


စိတ်ကူးယဉ်ဆန်တဲ့အချစ် (Romantic Love)





Romantic Love “ဒီအချစ်မျိုးက မင်းနာမည်ကို ကိုင့်ရင်ဘတ်ပေါ်တက်တူးထိုးလိုက်ချင်တာမျိုး “မရတော့ဘူး အရူးအမူး ချစ်မိသွားပြီဆိုတဲ့ အချစ်ပုံစံပါပဲ။ ငယ်တုန်းရွယ်တုန်းမှာ စဉ်းစားဆင်ခြင်စိတ်နည်းပါးမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ တပ်မက်မှုတွေကြောင့်ဖြစ်လာတဲ့ အချစ်မျိုးပါ။ ဆယ်ကျော်သက်အရွယ်တွေမှာ အများဆုံးကြုံဖူးကြတဲ့အချစ်မျိုးပေါ့။ မျှော်လင့်ချက်တွေ တပ်မက်မှုတွေ ရောပြွန်းနေတဲ့အချစ်။ အဲ့ဒီလို အချစ်တွေက ရမ္မက် ရာဂ တပ်မက်မှုတွေနဲ့ မှားယွင်းမှု ရာခိုင်နှုန်း အများကြီး ပါဝင်နေလို့ မတည်မြဲတတ်ပါဘူး။ အလွယ်ကွဲတတ်ပါတယ်။ ဒါပေမယ့် တစ်သက်လုံးမေ့မရနိုင်တဲ့ အချစ်မျိုးပေါ့။


Philos Love (မိတ်ဆွေသူငယ်ချင်းအချစ် စိတ်ပိုင်းဆိုင်ရာ ဆက်နွယ်တဲ့အချစ်)




ပြောရရင် မိတ်ဆွေသူငယ်ချင်းအချစ်(FRIENDSHIP LOVE )၊ ပလေတိုးနစ် ချစ်ခြင်းမေတ္တာ(platonic love)ဆိုတဲ့အချစ်ပုံစံတွေဖြစ်ပါတယ်။ရှိတော့ရှိတယ်..ရှားနိုင်ပါတယ်။ ကိုယ့်ဘေးမှာ တစ်ချိန်လုံးနေ ကိုယ်လိုသမျှ လိုက်ဖြည့်ဆည်း ကိုယ့်အတွက်ဆို အစစ အရာရာ အနွံတာခံပြီး ကိုယ့်ကိုသိပ်ချစ်တဲ့ မိတ်ဆွေ သူငယ်ချင်းအချစ်မျိုးပေါ့။

အပေးအယူမျှတဲ့အချစ်မျိုး။ စိုင်းစိုင်းပြောသလို ပြောရရင် သူငယ်ချင်းချစ်သူလေးပေါ့။ ချစ်သူကို ပိုင်ဆိုင်ခွင့်ရမှာမဟုတ်ပဲ ချစ်သူကို တဏှာရာဂတွေမပါပဲ သူ့ဘက်ကပြန်မပေးဆပ်လည်း ချစ်တယ်ဆိုရုံချစ်နေတဲ့အချစ်မျိုးပါ။

တချို့တွေကလည်း ဒီ FRIENDSHIP LOVEကို “platonic love” or kindred spiritလို့ခေါ်ကြပါတယ်။ ဒီချစ်ခြင်းမေတ္တာမှာ အပေးအယူမျှတမှု နားလည်မှု ကျိုးကြောင်းဆင်ခြင်မှုတွေ ပါဝင်နေတဲ့ ပထမအချစ်အမျိုးအစားထက် အဆင့်မြင့်တဲ့ အချစ်ပုံစံပဲဖြစ်ပါတယ်။ ဒီအချစ်မှာ “ငါ”ဆိုတဲ့ အတ္တအပေါ်မှာ အခြေမခံထားပါဘူး။


FRIENDSHIP LOVE(မိတ်ဆွေအချစ်)



ဒီလို အချစ်မျိုးဟာ လူအနည်းငယ်ပေါမှာပဲ ဖြစ်နိုင်တတ်ပါတယ်။ ဆန့်ကျင်ဘက်လိင်တွေကြားထဲမှာဖြစ်ဖို့လည်းတော်တော်ခက်ခဲပါတယ်။ ယောကျာ်လေးက မိန်းကလေးကိုဖြစ်ဖြစ် မိန်းကလေးက ယောကျာ်းလေးကိုဖြစ်ဖြစ် ဿမန်ထက်ပိုတဲ့ အရာတစ်ခုခုကိုပေးလိုက်တာနဲ့ ဒီအချစ်မျိုးက ပျက်ပြယ်သွားပြီးပုံစံပြောင်းသွားတတ်ပါတယ်။


ပြောရရင် ညီအကိုတွေလို ချစ်ကြတဲ့အချစ်၊ ဒီအချစ်မျိုးက လိင်ပိုင်းဆိုင်ရာနဲ့မပက်သက်တဲ့ မြင့်မြတ်တဲ့ချစ်ခြင်းမေတ္တာပုံစံတွေပဲဖြစ်ပါတယ်။ ဒီအချစ်မှာ နားလည်မှုတွေ ခင်မင်မှုတွေ သစ္စာစောင့်ထိန်းမှုတွေနဲ့တည်ဆောက်ထားပါတယ်။


မိသားစုဝင်လိုချစ်တဲ့အချစ် (FAMILIA LOVE)




ဒီလိုအချစ်နဲ့ချစ်ခံရတဲ့သူတွေက မိသားစုဝင်တစ်ယောက်လို အချစ်ခံရတာဖြစ်ပြီးလုံခြုံတဲ့ ခိုင်မြဲတဲ့ အချစ်တွေကို ရတတ်ကြပါတယ်။ သူတို့ဘဝအတွက် ဂရုစိုက်မှုတွေ သူတို့ရဲ့ပန်းတိုင်ကို သွားရာလမ်းကြောင်းတွေမှာ မြေတောင်မြှောက်ခံပေးရတာမျိုးတွေဖြစ်နိုင်ပါတယ်။ မိဘက သားသမီး အပေါ်ထားရှိတဲ့အချစ်မျိုးလို့လည်း ဆိုကြပါတယ်။


Universal love or Agape love (အကြွင်းမဲ့အချစ် အနှိုင်းမဲ့အချစ်)




ဒီအချစ်မျိုးက အပေါ်ကအချစ်တွေထက်ပိုနက်ရှိုင်းပါတယ်။ ဒီအချစ်မျိုးက တစ်စုံတစ်ယောက်ကိုချစ်တာလောက်ပဲ မဟုတ်ပဲ ကိုယ်နဲ့မသိတဲ့လူတွေကိုတောင် မေတ္တာတရားထားပေးနိုင်တဲ့အဆင့်မျိုးပါ။


သူတို့ရဲ့ ကြီးမားတဲ့ ချစ်ခြင်းမေတ္တာ အယူအဆတစ်ခုကတော့ သူတို့ကအပြင်မှာ အခြားလူတွေနဲ့တွေ့ဆုံစရာမလိုဘူး၊ ဒါပေမယ့် အဲ့ဒီလူတွေကို ကူညီချင်တယ် ဖြည့်ဆည်းပေးချင်တယ် ကောင်းမွန်တဲ့အရာတွေဖြစ်စေချင်တယ် ဆိုတဲ့အယူအဆမျိုးပါ။ ပြောရမယ်ဆိုရင် သူစိမ်းတွေကိုတောင် မေတ္တာထားနိုင်တဲ့ ချစ်နိုင်တဲ့အချစ်မျိုးပေါ့.


သူတို့အချစ်က “ငါ”ဆိုတဲ့အတ္တ ရှုထောင့်ကနေ မကြည့်ပဲ သူတို့ကို ထိခိုက်နာကျင်အောင်လုပ်ရင်တောင် စော်ကားလာရင်တောင် သူ့အပေါ် မုန်းစိတ်မဖြစ်ပွားပဲ သူ့ကောင်းကျိုးကိုသာ လုပ်ပေးချင်တဲ့ အချစ်မျိုးပါ။ သားသမီးဆီက အကျိုးရလာဒ်တစ်စုံတစ်ရာ ပြန်မရရင်တောင် ပြုစုပျိုးထောင်ပေးတဲ့ မိဘတွေရဲ့ အချစ်မျိုးလည်း ဒီအချစ်မှာ အကျုံးဝင်ပါတယ်။

အဲ့ဒီလို ချစ်ခြင်းမေတ္တာပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်အတွက်ကတော့ သူ့အပေါ် တော်တော်လေးနားလည်ပေးနိုင်မယ့် သညးခံပေးနိုင်မယ့် ပါရမီ ဖြည့်ဖက်တစ်ယောက်တော့လိုအပ်ပါလိမ့်မယ်။ အဲ့ဒီပါရမီဖြည့်ဖက်မျိုး ချစ်သူမျိုးကလည်း တော်တော်လေးကံကောင်းတယ်လို့ဆိုနိုင်ပါတယ်..


အနှိုင်းမဲ့အချစ် (Unconditional Love)




ဒီလို အချစ်မျိုးက အင်မတန်ရှားပါးပါတယ်။ ကမ္ဘာ့ရဲ့နောက်ဆုံးနေ့တွေထိ တည်တံခိုင်မာပြီး ရိုးသားကြည်စင်တဲ့ အချစ်မျိုးပါ။ ဒီလိုအချစ်မျိုးကို ရရှိဖို့ဆို အလွန်ရှားပါးပါပေမယ့် ဖြစ်လာခဲ့ပြီ ကြုံတွေ့ခဲ့ပြီဆိုရင်လည်း ဘယ်လိုအရာကမှဖျက်ဆီးဖို့မစွမ်းနိုင်တော့ပါဘူး။

ဒီလိုအချစ်မျိုးကို ပိုင်ဆိုင်ထားပီဆို အချစ်လမ်းခရီးတလျောက်ကြုံတွေ့လာမယ့် စိန်ခေါ်မှုတွေ အခက်အခဲတွေ သဘောထားမတိုက်ဆိုင်တာတွေ အထင်အမြင်လွှဲတာတွေကို ဒီအချစ်နဲ့ ရိုက်ဖျက် အောင်မြင်နိုင်ပါလိမ့်မယ်။ ရှိတော့ ရှိတယ် ရှားတယ်ပေါ့။ ဒီလောက်ဆို ကမ္ဘာပေါက ပညာရှင်တွေဖွင့်ဆိုခဲ့တဲ့ အချစ် ၇မျိုးအကြောင်းကို သိလောက်ပြီ ထင်ပါတယ်.သင်ရော ဘယ်လိုအချစ်အမျိုးအစားနဲ့ကြုံတွေ့ခဲ့ရလဲ?

#Lifestyle_Myanmar

#Mg_Htet

REF_Hackspirit/Power Of Possitivity


#အချစ်
#ချစ်ခြင်း
#အမျိုးအစား
#ရုပ်ပိုင်းဆိုင်ရာ
#အတ္တ

Some text some message..