
စိတ်ခံစားချက်အပြည့်နဲ့ လေးလေးနက်နက်နမ်းတဲ့ အနမ်းတွေကိုတော့ ဘာနဲ့မှလဲနိုင်မှာ မဟုတ်ပါဘူး။ နှစ်ယောက်ကြားထဲက Chemistry အပေါ်မူတည်ပြီး ဒီ အနမ်းတစ်ပွင့်က ကောင်းလား၊ မကောင်းလားဆိုတာကိုလည်း အလွယ်တကူဆုံးဖြတ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအနမ်းတစ်ခုထဲကိုပဲ သိနေလို့အဆင်မပြေပါဘူး။ အနမ်း အမျိူးအစားက အမြာက်အမြားရှိသလိုပဲ အချိူ့အနမ်းတွေကလည်း ရုတ်တရက်ဖြစ်ပေါ်တတ်တဲ့အရာတွေမို့လို ဒီအနမ်းတွေက ပြောတဲ့အဓိပ္ပာယ်ကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ အနမ်းတွေမှာ ကွဲပြားတဲ့ အဓိပ္ပာယ်တွေနဲ့ သင်္ကေတတွေရှိနေတတ်ပါတယ်။ အနမ်းတွေပေါ်အခြေခံပြီး ကိုယ့်ရဲ့ Partner က ကိုယ့်အပေါ်ဘယ်လိုခံစားချက်ရှိလဲဆိုတာကို သိနိုင်ဖို့အတွက် အဖြေရှာကြည့်လိုက်ရအောင်။
Forehead Kiss
နဖူးပေါ်မှာ အနမ်းလေးပေးတာက စိတ်ပိုင်းဆိုင်ရာနီးစပ်မှုရှိနေတဲ့ အတွဲတွေမှာ မြင်တွေ့ရပါတယ်။ သင့်ကို ချစ်စရာကောင်းတဲ့သူလို့ မြင်ပြီး ကာကွယ်ပေးလိုစိတ်နဲ့ အမြဲ Support ပေးချင်နေတဲ့စိတ်ရှိနေတဲ့သူလို့ ချစ်မှုရေးရာအကြံပေး David Bennett က ပြောပါတယ်။ သင့်ရဲ့ Partner ဆီက Forehead Kiss တွေ အများကြီးရလေ့ရှိတယ်ဆိုရင်တော့ လက်ရှိအချစ်ရေးက အစစ်အမှန်ဖြစ်တယ်လို့ ပြောလို့ရပါတယ်။
Neck Kiss
လည်ပင်းက ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲက Sensitive အဖြစ်ဆုံးနေရာထဲမှာ ပါဝင်ပြီး တစ်ဖက်လူကို ဆွဲဆောင်နိုင်တဲ့ပျော့ကွက်တစ်ခုလည်းဖြစ်ပါတယ်။ အကယ်လို့ သင့် Partner က သင့်ရဲ့ လည်တိုင်ကို အနမ်းပေးနေပြီဆိုရင် သင့်ကို ဆွဲဆောင်ဖို့ အနုနည်းနဲ့ ကြိုးစားနေတာပါ။ လိင်စိတ်နိုးကြွလာအောင် လုပ်တယ်လို့လည်း ပြောလို့ရပါတယ်။ နောက်ထပ်အဆင့်အနေနဲ့ သင့်ရဲ့ အင်္ကျီကို ချွတ်ဖို့ ကြိုးစားရင် ကြိုးစားမှာပါ။
Cheek Kiss
ဥရောပနိုင်ငံတွေမှာ ကျင့်သုံးလေ့ရှိတဲ့ ယဉ်ကျေးမှုတစ်ခုလို့လည်း ပြောလို့ရပါတယ်။ သူငယ်ချင်းအချင်းချင်းကြားထဲမှာလည်း ဒီလိုအပြုအမူကို ပြုလုပ်လေ့ရှိကြပါတယ်။ Cheek Kiss ကို အဓိပ္ပာယ်ဖွင့်မယ်ဆိုရင်တော့ သင်နဲ့ရှိနေရတာကို ပျော်ရွှင်တဲ့အကြောင်း၊ ရင်းနှီးတဲ့ သံယောဇဉ်ကို ပြသတဲ့ ခံစားချက်ဖြစ်ပါတယ်။ ချစ်သူစုံတွဲတွေ စစတွဲချင်းမှာလည်း ရင်းနှီးဖို့ရယူဖို့ ဒီလိုမျိူး အနမ်းကိုပေးလေ့ရှိကြပါတယ်။
Stomach Kiss
ဗိုက်သားပေါ်မှာ အနမ်းပေးတာက သင်နဲ့ အတူရှိရတာက လွတ်လပ်ပေါ့ပါးပြီး နီးကပ်တဲ့ခံစားမှုကို ခံစားရလို့ဖြစ်ပါတယ်။ ဟုတ်တာပေါ့..တော်ရုံ နီးကပ်ရုံလောက်နဲ့ ဗိုက်ကိုတော့ ဘယ်သူက အနမ်းပေးမှာလဲနော်။ အထူးသဖြင့် Private Part နဲ့ နီးတဲ့ အဲ့ဒီနေရာကိုပေါ့။
Hand Kiss
လက်တွဲထားတဲ့အချိန်ပဲဖြစ်ဖြစ်၊ လက်ကလေးကို ကိုင်ပြီး အနမ်းပေးထားက ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ပြုလုပ်တတ်ကြပါတယ်။ ဒီအနမ်းရဲ့ သင်္ကေတကတော့ သဘောကျလေးစားမှု၊ ကြင်နာမှုနဲ့ အချစ်စိတ်တွေ ပြည့်လျှံနေတယ်လို့ ဆိုပါတယ်။ ထပ်ပြီးဖြည့်စွက်ရမယ်ဆိုရင်တော့ သင့် Partner ဆီက ယုံကြည်မှုကို အပြည့်အဝရထားလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။
All over your body
သင့်ရဲ့ Partner ကတော့ သင့်ကို အရှုးအမှုးကိုဖြစ်နေပါပြီ။ ခန္ဓာကိုယ်ကိုယ်အနှံ့ အနမ်းပေးတာက Sexually အရ လိုအင်ဆန္ဒရှိနေပြီး သင့်ကို အင်မတန်မှ ပိုင်ဆိုင်ချင်နေတဲ့သူတစ်ယောက်ပါ။ အခုထက်ပိုတဲ့ ရင်းနှီးမှုမျိူးကို တစ်ဆင့်ထပ်တိုးချင်တယ်လို့လည်း အဓိပ္ပာယ်ရပါတယ်။
Deep & Passionate Kiss
Romantic Movie တွေထဲမှာ မြင်ရတဲ့ Sensual အနမ်းတွေကို သိမှာပါ။ နှစ်ယောက်ကြားက ပြင်းပြလေးနက်တဲ့ ခံစားချက်၊ ချစ်ခြင်းနဲ့ Strong Chemistry တွေကြောင့် ဖြစ်ပေါ်လာတဲ့ စွဲမက်စရာအနမ်းတစ်ခုဖြစ်ပါတယ်။ ဒီလိုအနမ်းမျိူးခြွေခဲ့ရင်တော့ ဒါကကောင်းမွန်တဲ့ သင်္ကေတပါ။ သင့်ရဲ့ Partner က သင့်ကိုအရမ်းမြတ်နိုးတယ်ဆိုတာကို အဓိပ္ပာယ်ဖော်လို့ရပါတယ်။ လွယ်လွယ်နဲ့ ဟန်ဆောင်လို့မရတဲ့ အနမ်းမို့ သင့်ကို တကယ်တန်ဖိုးထားမှသာ ဖြစ်ပေါ်နိုင်တာမို့ လက်ရှိအခြေအနေ ကဘယ်လိုလဲဆိုတာခန့်မှန်းလို့ရမှာပါနော်။