I.Q မြင့်မားသူတွေဟာ ရူးမိုက်ဆိုးရွားတဲ့အပြုအမူတွေ ဘာကြောင့်လုပ်တတ်ကြတာလဲ?
lifestylemyanmar.com
|
2020-05-04



သဘာဝကပေးတဲ့ အလွန်ညဏ်ကောင်းတဲ့လူတစ်ဦးဖြစ်ပေမယ့် သူ့ရဲ့အမှန်တကယ်ပင်ကိုယ်ဗီဇဘဝကို မပြောင်းလဲတတ်သူတွေရှိတတ်ပါတယ်။ သူတို့တွေကအလွန်ညဏ်ရည်မြင့်မားသူတွေဖြစ်ပေမယ့် တချို့အရာတွေမှာ လူတွေမထင်ထားလောက်တဲ့အလုပ်တွေ အဖြစ်အပျက်တွေ အမှားတွေလုပ်တတ်တာမျိုးလို့လည်းဆိုလို့ရပါတယ်။

ဆိုလိုတာက လူတစ်ရာမှာ တစ်ယောက်လောက်သာရှိရင်ရှိမှာဖြစ်ပေမယ့် ရူးရူးမိုက်မိုက်အရာတွေ ပြောသင့်မပြောသင့်မစဉ်းစားပဲ သူလုပ်ချင်တာလုပ်လိုက်ရမှာ ကျေနပ်နေတဲ့လူမျိုးပါ။ အဲ့ဒီလိုလူတွေအတွက် သိပ္ပံပညာက ချည်းကပ်အဖြေရှားထားတဲ့အကြောင်းပြချက်များစွာရှိပါတယ်..အောက်မှာဖတ်ကြည့်လိုက်ရအောင်။


IQကိုဘာနဲ့တိုင်းလဲ




IQကိုတိုင်းတာတဲ့အရာတွေရှိပါတယ်။ IQကို ဖြတ်ထိုးညဏ်ကောင်းမှု၊ ခွဲခြားစိတ်ဖြာနိုင်စွမ်းရည်(Analytical intelligence)၊ သချာ်စွမ်းရည်၊ ပုံဖော်နိုင်ခြင်းစွမ်းရည် (Pattern Intelligence) လို့ခေါ်တဲ့ အရာဝတ္ထုတွေရဲ့ သဏ္ဍန်ကိုသိခြင်း၊ပုံသဏ္ဍန်ကို တီ ထွင်နိုင်ခြင်း၊ နည်းပညာပရိုဂရမ်တွေကို တီထွင်နိုင်ခြင်းစွမ်းရည်၊ ဝေါဟာရ စကားလုံးတွေနဲပက်သက်တဲ့စွမ်းရည်၊ အမြင်အာရုံသစ်များကို ရှာဖွေနိုင်ခြင်းစွမ်းရည် စတာတွေကို စစ်ဆေးတဲ့ ရမှတ်တွေနဲ့တိုင်းပါတယ်။

အဲ့ဒီလိုအရာတွေမြင့်မားနေတဲ့သူတွေကို IQမြင့်တယ်လို့ ခေါ်ဆိုကြပါတယ်။ အဲ့ဒီIQမြင့်တဲ့သူတွေကို လူတော်တော်များများက အားကျတတ်ကြပေမယ့် ကျွန်တော်တို့ထင်သလို သူတို့က သူတို့ဘဝကို ကျေနပ်မှုမရှိကြပါဘူး။ မိုက်မဲတဲ့ အပြုအမူတွေလုပ်တတ်ကြပါတယ်။ IQကောင်းတိုင်း ဘဝမှာအလုံးစုံအဆင်ပြေနေကြတာမျိုးမဟုတ်ပါဘူးတဲ့။


ညစ်ရည်မြင့်မားသူတွေက ရူးမိုက်တဲ့အလုပ်တွေဘာလို့လုပ်တတ်တာလဲ




ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ၊ အလုပ်တွေမှာ သူများတွေနဲ့မတူအောင် စွမ်းဆောင်နိုင်တဲ့ ညဏ်ရည်မြင့်မားတဲ့လူတွေရှိတတ်ပါတယ်။ သူတို့တွေဟာ အလုပ်မှာ သူမတူအောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်းတွေရှိပေမယ့် တခါတလေ လူတွေအံ့သြလေ ာက်တဲ့အထိ ရူးမိုက်တဲ့ အလုပ်တွေလုပ်တတ်ကြပါတယ်။

ဆိုလိုတာက တခြားသူတွေမထင်ထားလောက်တဲ့ အမှားကြီးကြီးတွေပေါ့။ ဥပမာ အရေးကြီး အစည်းအဝေးရှိနေရင် နောက်ကျနေတာမျိုး၊ ဒါမှမဟုတ် အိပ်ခန်းထဲမှာ အိပ်ပျော်နေတာမျိုး၊ အရေးကြီးတဲ့စာရင်းဇယားတွေ ပြရတော့မယ့်အချိန်မှ Dataတွေပျေ ာက်ကုန်တာမျိုး အဲ့ဒီလို အမှားတွေလုပ်တတ်ကြတာပါ။

သူတို့ကတခြားလူတွေထက်တော်တာမှန်ပေမယ့် စည်းကမ်းပိုင်းဆိုင်ရာမှာ အရမ်းအားနည်းတတ်ကြတာပါ။ သူတို့အယူအဆနဲ့မတူလို့ တခုခုဆိုရင်လည်း ထစ်ခနဲရှိ ဒေါသထွက် စိတ်လိုက်မာန်ပါလုပ်တတ်ကြတာမျိုးပါ။ ဒိတော့ သူသည် ဘယ်လောက်တော် တော် ဘယ်လောက်ညဏ်ကောင်းကောင်း သူနဲ့ ပက်သက်ရတဲ့သူတွေက နှမြောစွာသူ့ကို လက်လွတ်ဆုံးရှုံးခံရတော့အထိဖြစ်တတ်ကြပါတယ်။ ဒါကသူတို့ရဲ့ သူတို့ကိုသူတို့မပြင်နိုင်တဲ့အတွက်ကြောင့်ဖြစ်လာတဲ့ဆုံးရှုံးမှုတွေပါပဲ။


သိပ္ပံပညာအရလေ့လာမှု




လေ့လာမှုတွေအရ IQကောင်းတဲ့လူတွေ ဘာလို့ဆိုးဝါးတဲ့ အပြုအမူတွေလုပ်နေမိလဲဆိုတော့ E.Q မကောင်းလို့ပါတဲ့။ EQဆိုတာ Emotional Quotient လို့ခေါ်ပါတယ်။ လွယ်လွယ်ပြောရင် မိမိရဲ့ စိတ်ခံစားမှုကို ထိန်းသိမ်းနိုင်တဲ့စွမ်းရည်။ တနည်း အားဖြင့် စိတ်ရင့်ကျက်မှု အညွန်းကိန်းပေါ့။

သူကဘာလို့အရေးကြီးလဲဆိုတော့ အောင်မြင်တဲ့သူတွေ ရဲ့ I.Q ရော၊ E.Q ရောကို တိုင်းကြည့်တဲ့အခါမှာ I.Q မြင့်တဲ့သူတွေထ က် E.Q မြင့်တဲ့သူတွေဟာ ဘဝမှာ ပို အောင်မြင်တာ တွေ့ရတယ်လို့ဆိုပါတယ်။ ဆိုလိုတာက ဘဝမှာ အောင်မြင်ဖို့ဆိုရင် IQ ကောင်းဖို့ထက် စိတ်ဓါတ်ရင့်ကျက်ခိုင်မာမှုက ပိုအရေးကြီးတယ်ဆိုတဲ့ သဘောပေါ့။


IQ Testတွေက critical thinkingကိုမတိုင်းတာနိုင်ဘူး




IQ Testတော်တော်များများက critical thinkingကိုမတိုင်းတာနိုင်ဘူးလို့ဆိုပါတယ်။ ဆိုလိုတာက IQကောင်းတဲ့သူတစ်ယောက်က critical thinking စွမ်းရည်ရှိချင်မှရှိမှာပါ။

IQကောင်းတဲ့သူတွေအတွက် critical thinking လို့ခေါ်တဲ့ ဝေဖန် စဉ်းစားတွေခေါ်မှုကို ဦးစားပေးတဲ့အရာလေးရှိရင် သူတို့ဟာလူ့အသိုင်းအဝိုင်းအတွက် တော်တော်လေး အကျိုးပြုနိုင်တဲ့လူတစ်ယောက်ဖြစ်နိုင်ပါတယ်။ critical thinking ဆိုတာက ပုဂ္ဂိုလ်ရေး အမုန်းတရား မပါပါပဲ တစ်စုံတစ်ဦးရဲ့ ပြောဆိုချက်၊ လုပ်ဆောင်ချက်ကို အသိဉာဏ်နဲ့ နှိုင်းယှဉ်ဝေဖန်ပြောဆိုတာမျိုးပါ။

Critical thinking သမားတစ်ယောက်က တယောက်ယောက်ရဲ့ ပြောဆို ပြုမူချက်ကို အသိဉာဏ်နဲ့ ချင့်ချိန်ကြည့်ပြီး မသင့်လျော်ဘူး မဖြစ်သင့်ဘူးလို့ ထင်မှ ဝေဖန်တာဖြစ်ပြီး ဝေဖန်တဲ့ အခါမှာ ဘယ်အရာက ပိုကောင်းမွန်သင့်လျော်တယ်ဆိုတာထည့်ပြောလေ့ရှိပါတယ်။

ဒီတော့ ဘဝမှာ အောင်မြင်ဖို့ IQကောင်းတိုင်းမရပဲ EQလည်းကောင်းမှရမယ်ဆိုတာ ပရိတ်သတ်ကြီးလည်း သိလောက်ပြီထင်ပါတယ်။ IQသမားတွေ တခါတလေ ဘာကြောင့်ဆိုးဆိုးရွားရွားတွေလုပ်တတ်လည်းဆိုတာလည်းသိလောက်ပြီထင်ပါတယ်။ နော က်များမှ EQကောင်းအောင် ဘယိလို လေ့ကျင့်ရမလဲဆိုတာ ဆက်ရေးပေးပါ့မယ်နော်..

#Lifestyle_Myanmar

#Mg_Htet

REF_Power OF Possitivity/Hackspirit.com


#စွမ်းရည်
#အရာ
#သိပ္ပံပညာ
#အသိဉာဏ်
#အမှား

Some text some message..