ဘဝမှာ အောင်မြင်မှု ရဖို့ သော့ချက် ၁၀ခုလိုပါတယ်။ ဒီသော့ချက် ၁၀ခုကိုမလေ့လာခင် မိတ်ဆွေတို့အနေနဲ့ အောင်မြင်မှုဆိုဘာလဲဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်လဲဆိုတာ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ရှိဖို့အရေးကြီးပါတယ်။ အောင်မြင်မှုဆို ရည်မှန်းချက်တစ်ခု ပြီးမြောက်ရန်မဟုတ်ပါလား?
မိတ်ဆွေတို့အနေနဲ့ ကိုယ်ကဘာကို ရည်ရွယ်ထား ရည်မှန်းထားတယ်ဆိုတာကို မသိပဲနဲ့ အောင်မြင်နေခဲ့ရင်တောင် ဘယ်သေ ာအခါမှ ကိုယ်အောင်မြင်တာကို ကိုယ်သိနိုင်လိမ့်မှာမဟုတ်ပါဘူး။ အောင်မြင်မှုဆိုတာနဲ့ပက်သက်ပြီး လူတစ်ဦးနဲ့တစ်ဦးက ကွဲပြားခြားနာပါတယ်။
ဆိုလိုတာက လူတစ်ယောက်က ဂီတပညာရှင်တစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ပေမယ့် လက်တွေ့မှာ အောင်မြင်တဲ့ စီးပွားရေးလုပ် ငန်းရှင်တစ်ယောက်ဖြစ်နေရင်တောင် စိတ်ပျက်ဖို့ ကောင်းစရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဆိုလိုတာက ကိုယ်ဘာကိုရည်ရွယ်တာလဲ ကိုယ့်Goalကဘာလဲဆိုတာ သေချာပြတ်ပြတ်သားသားသိဖို့ အရင်လုပ်လိုက်ပါ။
အဲ့ဒီအရာက သေးသေးလေးဖြစ်ချင်ဖြစ်မယ် အကြီးကြီးဖြစ်ချင် ကိုယ်ရည်ရွယ်တဲ့ကိုယ့် ပန်းတိုင်(Goal)ကို ရောက်အောင်သွားနိုင်ရင် အောင်မြင်တာပဲမလား? ဒီတော့ ကိုယ့်Goalကို အခုပဲ သတ်မှတ်လိုက်ပါ။
ဆိုလိုတာက သိပ်ကိုကျွမ်းကျင်တဲ့စာရင်းကိုင်တစ်ယောက်ဖြစ်ချင်တယ် ဆို အဲ့ဒီကိုရောက်အောင်သွားပါ။ ဒါဆို အောင်မြင်မှုလို့ပြောနိုင်ပြီဖြစ်ပါတယ်။ အောင်မြင်မှုဆိုတာ သူများတွေသတ်မှတ်ထားတာမဟုတ်ပါဘူး။ အိုကေ သင့်ပန်းတိုင် ကို သတ်မှတ်ပြီးပြီဆို အောင်မြင်ရေး သော့ချက် ၁၀ချက် ကိုလေ့လာကြည့်ရအောင်..
Planတစ်ခုချပါ
ပထမဆုံးသော့ချက်က အောင်မြင်မှုအတွက် အစီအစဉ်(Plan)ချမှတ်ဖို့ပဲဖြစ်ပါတယ်။ ဆိုလိုတာက မိတ်ဆွေတို့လိုချင်တဲ့ နေရာကိုသွားဖို့ လိုချင်တာကို ရအောင်ယူဖို့ ရှင်းလင်းကောင်းမွန်တဲ့ အစီအစဉ်တစ်ခုကို သတ်မှတ်စေချင်တာပါ။
ဒီလို Planတစ်ခုသေချာချတာကိုဘယ်လိုချမလဲဆိုတာတော့အရေးကြီးပါတယ်။ အိုကေ ဒီတော့ ကိုယ်လိုချင်တာကိုရှာဖွေပြီး ဘာတွေလိုမယ် ဘာတွေကိုဘယ်လိုလုပ်မယ် ဆိုတာတွေကို စာအုပ်တစ်အုပ်ထဲမှာ အသေးစိတ် ချရေးပါ။ ဒါကအခြေခံအုတ် မြစ်ချမှတ်လိုက်တာပါပဲ။ ဒီကနေမှတစ်ဆင့် ကိုယ့်ဘဝပန်းတိုင်ကို ရောက်ဖို့ တစ်ဆင့်ပြီးတစ်ဆင့်ချရေးပါ။
စတင်ပါ၊မထင်ထားတွေမျှော်မှန်းထားပါ
Planကြီးချပြီး ဘာတစ်ခုမှစမလုပ်ရင်တော့ ဘာမှဖြစ်လာမှမဟုတ်ပါဘူး။ ဒီတော့စလုပ်ပါ။ ဒါပေမယ့် ဖြစ်လေ့ဖြစ်ထရှိတဲ့အတိုင်း အကောင်းဆုံး Planတွေ ချမှတ်ထားတာတောင် အမှားသေးသေးလေးတစ်ခုက ပန်းတိုင်ကို လွဲချော်စေတတ်တာကိုလည်း မျှော်လင့်ထားပါ။
မထင်မှတ်ထားတဲ့အရာတွေဖြစ်လာတတ်တာကို ပြင်ဆင်ထားခြင်းက ကိုယ့်Goalကို မရောက်ရောက်အောင်သွားနိုင်ဖို့ အခွင့်အလမ်းတွေကို ထပ်ရစေနိုင်မှာဖြစ်ပါတယ်။
ဆိုလိုတာက ကိုယ်က ဒီလိုအရာတွေမဖြစ်နိုင်ပါဘူးလို့ ထင်ပြီး ကိုယ့်ရည်မှန်းချက်အတွက် ဇွဲနပဲကြီးကြီးကြိုးစားနေချိန် ဗြုန်းဆို မမျှော်လင့်တာလေးကြောင့် ကိုယ့် ပန်းတိုင်သွားရာလမ်းပျက်သွားရင် စိတ်အကြီးအကျယ်ပြတ်သွားတတ်ပါတယ်။
ဒီတော့ ဖြစ်နိုင်ချေ မှားနိုင်ချေရှိတာတွေကို စာရင်းချရေးပါ။ သူတို့ကိုကိုင်တွယ်နိုင်မယ့် ဖြေရှင်းနိုင်မယ့် နည်းတွေ ကိုရံထားပါ။ ပြောရရင် ကားမောင်းရင် Navigate Traffic Jamsတွေရှောင်ဖို့ GPSဆောင်ထားသလိုပါပဲ။
အလေ့အကျင့်ကောင်းတွေမွေးမြူပါ
မိတ်ဆွေတို့မှာ ကြီးမားတဲ့အိမ်မက်တွေ ပန်းတိုင်တွေရှိနိုင်ပါတယ်။ အောင်မြင်ဖို့အတွက် အသိပညာ ဗဟုသုတတွေလည်း အ များကြီးလိုအပ်ပါတယ်။ ဆိုလိုတာက သင့်ပန်းတိုင်ကို ရောက်ဖို့ မကောင်းတဲ့အလေ့အကျင့်တွေဖျောက်ပီး ပန်းတိုင်အတွက်လိုအပ်တဲ့ အလေ့အထတွေ ထပ်ခါထပ်ခါ လုပ်ဖို့။
အကြိမ်ကြိမ်လုပ်တဲ့အခါအကျင့်ဖြစ်သွားပီး အရှိန်ရလာပါလိမ့်မယ်။ သင့်ဘဝအတွက် မှန်ကန်တာစနစ်တွေကိုဖန်တီးနေတာက သင့်ကိုလမ်းကြောင်းမှန်ပေါ်ရောက်နေဖို့ ကူညီပေးပါလိမ့်မယ်။ ပန်းတိုင်ကိုသွားဖို့လိုနေတဲ့ အလေ့အထတွေ နေ့စဉ်ပုံမှန်တွေကို လိုက်နာခြင်းက သင့်ကို စိတ်ဖီးစီးမှုလျော့နည်းစေပြီး သင့်ကိုပျက်စီးစေမယ့် အရာတွေကို ရှောင်နိုင်ပါလိမ့်မယ်။
ပန်းတိုင်ကိုပဲဦးစားပေးပါ
အလေ့အကျင့်ကောင်းတွေနဲ့တည်ဆောက်ထားတဲ့သင့်စနစ်ကြီးကို လက်တွေ့ကျင့်သုံးနေတဲ့ခါ GOALကို လုပ်ဆောင်ဖို့ အချိန်မလုံလောက်တာသွားတွေ့ရလိမ့်မယ်။ ဘာလို့လဲဆို သင့်မှာတစ်ဖက်က အလေ့အကျင့်ကောင်းတွေကိုလည်းလုပ်နေရတယ် တစ် ဖက်ကလည်း ပန်းတိုင်ကိုချီတက်ဖို့လုပ်နေရတယ်။
ဒီလိုဖြစ်လာတဲ့အခါ ရည်မှန်းချက်ပန်းတိုင်ကို ဦးစားပေးပါ။ ဆိုလိုတာက တစ်ဖက်က Good Habitတွေ နိစ္စဒူဝအလုပ်တွေအ တွက် အချိန်ကုန်တာရှိကောင်းပေမယ့် အဲ့ဒါဟာ ပန်းတိုင်ကိုအနှောင့်အယှက်မဖြစ်ပါစေနဲ့။ ပန်းတိုင်ကိုဦးစားပေးပါ။ Good Habitတွေကိုလည်း မပျက်စီးအောင်လုပ်ပါ။
အမှားတွေကသင်ခန်းစာယူပါ
လူဆိုတာ မှားတတ်ကြပါတယ်။ တချို့တွေပြောတယ် အောင်မြင်ဖို့ဆိုတာ လမ်းဆုံးသွားပြီဆိုပြီးပေါ့။ ကျရှုံးမှုဆိုတာ တကယ်တော့အမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အမှားတွေကြောင့်ဖြစ်နိုင်သလို ကံတရားကြောင့်လည်းဖြစ်နိုင်တယ်။ အရေးကြီးတာက မှားပီးသားအမှားတွေပဲ ထပ်ခါထပ်ခါမမှားဖို့ပဲလိုတာပါ။
အောင်မြင်မှုအတွက်လမ်းဆိုတာ ဘယ်တော့မှ ဖြောင့်တန်းနေမှာမဟုတ်ပါဘူး၊ ဆိုလိုတာက ပထမတနည်း မအောင်မြင်ရင်နေ ာက်တစ်နည်းကြိုးစားပေါ့။ သင့်ပန်းတိုင်ကို ရောက်ဖို့ ဗျူဟာများစွာရှိနေနိုင်ပါတယ်။ ကိုယ်က မြင်အောင် ကြည့်တတ်ဖို့ပဲလိုတာမဟုတ်လား? ရောက်ချင်တဲ့နေရာအတွက် သွားနေတဲ့ ခြေထောက်တွေကို ဘယ်တော့မှ မရပ်တန့်လိုက်ပါနဲ့။ အမှားတွေထဲက သင်ခန်းစာယူပါ။ ဆက်ချီတက်ပါ။
Riskတွေကို မကြောက်ပါနဲ့
မတူညီတဲ့ နည်းဗျူဟာတွေကို သုံးပီးထပ်ကြိုးစားမယ်။ အသစ်အဆန်းတွေအတွက် ဘေးထွက်ဆိုးကျိုးတွေဖြစ်မှာ မကောင်းတာတွေဖြစ်မှာကြောက်မယ်။ အဲ့ဒီအခါ မကြောက်ပါနဲ့။ RISKတွေကိုမကြောက်ပါနဲ့။ စွန့်စားတာဟာ အန္တရည်ကြီးသလို ကြီးမားတဲ့ အကျိုးကျေးဇူးတွေရနိုင်ပါတယ်။
ကြောက်လျင်လာဘ်လွဲ ရဲလျင် ဘာယ်ရပါ။ ကိုယ်တွက်ချက်ထားတဲ့ ဘေးထွက်ဆိုးကျိုးတွေ မကြောက်ပဲ ဆက်လုပ်ရဲတာဟာလည်း Successကိုရဖို့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ စွန့်စားကြည့်လိုက်စမ်းပါ။
ပညာရှင်ကိုယ့်ထက်ကျွမ်းကျင်သူတွေဆီကသင်ပါ
သင့်ပန်းတိုင်ကို ရောက်ဖို့အတွက် မာနတွေ ထမ်းပိုးထားလို့မရပါဘူး။ သင်မသိသေးတဲ့အရာတွေကို သိတဲ့သူတွေရှိတယ်။ သင်မတွက်ချက်နိုင်တာတွေ ကြိုတွက်နိုင်တဲ့သူတွေရှိတယ်။ ဒီ့အတွက် ကိုယ့်ထက်ကျွမ်းကျင်သူတွေ ပညာရှင်တွေထံက သင်ယူပါ။ မ က်ဆီတို့ ဒိုလေးတို့တောင်နည်းပြလိုသေးတာပဲ။ အကောင်းဆုံးဖြစ်ချင်ရင် နည်းပြတော့လိုမှာပေါ့။ နည်းပြမမှားဖို့တော့လိုတယ်။
NOကိုသုံးဖို့ မကြောက်ပါနဲ့
ဆိုလိုတာက ငြင်းပယ်တတ်ဖို့ပါ။ သင်ကြားဖူးပါလိမ့်မယ်။ ကမ္ဘာကျော်အတွေးပညာရှင် ယန်းပေါဆတ်ဆိုတာ နိုဗယ်ဆုကို ငြင် းပယ်ခဲ့ဖူးပါတယ်။ ကြီးမားတဲ့အခွင့်အရေးတွေကို ငြင်းပယ်သူတွေအများကြီးရှိပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကိုကြည့်ပါ။ တနိုင်ငံလုံးခေါင်းဆောင်ဖြစ်ပြီး ရွှေပေါမြတင်မနေပဲ ရိုးရိုးသားသားပဲဘဝကို ဖြတ်သန်းသွားတယ်။ နယ်ချဲ့တွေက ဘာပေးမယ် ညာပေးမယ် ဆိုလည်း NO ပဲ။ ဒါကြောင့်လည်း လွတ်လပ်ရေးကို ရခဲ့တာဖြစ်ပါတယ်။
သူလိုချင်တာ သူ့Goalကိ လွတ်လပ်ရေး။ သူဒါကိုရအောင်ယူသွားတယ်။ ဒါပါပဲ သင်လည်း ကိုယ့်ပန်းတိုင်ရောက်ခါနီးလေ သင့်စွမ်းအင်နဲ့ အရည်အချင်းကို အသုံးချဖို့လုပ်လာသူတွေတွေ့ရပါလိမ့်မယ်။ အဲ့ဒိအခါ NO ပါလို့ပြောနိုင်ဖို့ကြိုးစားရပါလိမ့်မယ်။
ဆက်ဆံရေးတွေမှာရင်းနှီးမြှပ်နှံပါ.
သင့်ကိုထောက်ပံပေးနိုင်မယ့် သင့်လမ်းကြောင်းကို ပို့ပေးနိုင်မယ့် ဆက်ဆံရေးတွေအများကြီးတည်ဆောက်ပါ. လုံခြုံပြီး သင့်ကို အားပေးအားမြှောက်ပြုတဲ့ အသိုင်’အဝိုင်းမှာနေထိုင်ခြင်းကနေ သင့်လမ်းကြောင်းကို အပြည့်အဝ လျောက်ပါ။ ကျရှုံးခြင်းကိုလ က်ခံပါ။ လျောက်နေဖို့ပဲလိုတယ်၊ လျောက်ပါ လျောက်ပါ ဆက်လျောက်ပါ..တနေ့ရောက်ရပါလိမ့်မယ်။ တစ်နေ့ပေါ့။
#Lifestyle_Myanmar
#Mg_Htet
REF_hackspirit.com