တယောက်ယောက်က သင့်ကို လွမ်းဆွတ်သတိရနေရင် ထူးဆန်းစွာ ခံစားရမယ့် လက္ခဏာ ၅ ခု
lifestylemyanmar.com
|
2020-05-06


စိတ်ပိုင်းဆိုင်ရာဆက်နွယ်မှုဆိုတာကို သင်ယုံကြည်သလား? စိတ်ဝိညဉ်ပိုင်းဆိုင်ရာဆက်သွယ်မှုတွေဟာ အင်အားကြီးတယ် အံသြဖို့ကောင်းတဲ့ အဖြစ်တွေနဲ့ ပြ်ည့်နေတယ်ဆိုတာကို သုတေသနတွေ စိတ်ဝိညဉ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေကဖော်ထုတ်ခဲ့ကြပြီးဖြစ်ပါတယ်။


တကယ်လို့ သင့်ကို တစ်စုံတစ်ယောက်က ပြင်းပြင်းရှရှ သတိရနေမယ်၊ သင့်အကြောင်းတွေတွေးတောစဉ်းစားနေမယ်ဆို သင့်ဆီမှာထူးဆန်းတဲ့နိမိတ်လက္ခဏာတွေလာဖြစ်တတ်သလို သူ့ဘက်က ခံစားမှုအစစ်အမှန်ဖြစ်ခဲ့ရင် သင့်နှလုံးသားထဲမှာတိုက်ရိုက် အဲ့ဒီအရာကို ခံစားရပါလိမ့်မယ်။

ဆိုလိုတာက ပြင်းထန်တဲ့စိတ်ခံစားမှုတွေက သင့်ကို ရုပ်ပိုင်းဆိုင်ရာအဆက်အသွယ်နဲ့ဆင်တူတဲ့ မက်ဆေ့တစ်ခုခုကိုပေးပို့နိုင်တာပါ။ ကဲဒီတော့ တစ်ယောက်ယောက်က ပြင်းပြင်းရှရှ သတိရလွမ်းဆွတ်နေရင် ဘယ်လိုတွေခံစားရမလဲဆိုတာ အောက်မှာ ဖတ်ကြည့်လိုက်ကြရအောင်..


ရုတ်တရက်နှာတွေဆက်တိုက်ချေမယ်




တစ်ယောက်ယောက် ကသင့်ကို သတိရလွမ်းဆွတ်နေမယ် သင့်အကြောင်းစဉ်းစားနေမယ်ဆိုရင် ထင်မှတ်မထားပဲ မဖျားမနာပဲ ရုတ်တရက် နှာတွေဆက်တိုက်ထချေတာမျိုးဖြစ်တတ်ပါတယ်တဲ့။ နှာကဆက်တိုက်ချေတာမျိုးပါနော်..


နားနဲ့ပါးက ပူနွေးသွားမယ်




တကယ်လို့ သင့်ကို တစ်စုံတစ်ယောက်က သတိရနေမယ် သင့်အကြောင်းတွေတွေးတောစဉ်းစားနေမယ်ဆို နား တို့ ပါးတို့မှာ နွေးနွေးလေးဖြစ်သွားတတ်ပါတယ်တဲ့။ အဲ့ဒီလိုထိတွေ့မှုနွေးနွေးလေးကို ခံစားလိုက်ရပီဆိုရင်တစ်ယောက်ယောက်က သင့်ကိုတော်တော်သတိရနေနိုင်ပါတယ်။ သင်ချစ်သူဟောင်း ဒါမှမဟုတ် သင့်ကိုစိတ်ထဲမှာ အလေးအနက်ထားတဲ့သူတစ်ယောကက်ဖြစ်နိုင်ပါတယ်။


မရှင်းပြနိုင်တဲ့ထိတွေ့မှုတွေကို ခံစားလိုက်ရတယ်




တခါတလေကြုံဖူးကြမယ်ထင်ပါတယ်။ တယောက်ယောက်က ကိုယ့်ကို ရုတ်တရက် လာထိလိုက်သလို ခံစားလိုက်ရတာ အဲ့ဒီထိတွေ့မှုလေးကို ခံစားလိုက်ရတယ်။ ထိတွေ့မှုက ချစ်စရာကောင်းသလို၊ တခုခုကို လွမ်းဆွေးသွားရသလို ခံစားလိုက်ရရင် တစ်ယောက်ယောက်က သင့်ကို သတိရနေပြီလို့ဆိုနိုင်ပါတယ်။


အိမ်မက်မက်မယ်




သင့်ကို ပြင်းပြင်း ရှရှ သတိရနေတဲ့တစ်ယောက်ယောက်ပေါ့. တဖက်သတ်လိုက်ချစ်နေတဲ့ကောင်လေး သို့မဟုတ် EX ပဲဖြစ်ဖြစ်ပေါ့။ သူ့ကို အိမ်မက်ထဲမှာ သင်တွေ့ရပါလိမ့်မယ်။ သူတို့ရဲ့ ပြင်းပြတဲ့ အတွေးတွေက သင်အိမ်မက်မက်ဖို့အတွက် ရုပ်ပုံလွှာတွေ ထုတ်လွှင့်ပေးနိုင်ပါတယ်။ အထူးသဖြင့် သင်ကိုယ်တိုင်ကသတိမရဖြစ်တော့တဲ့ သူတစ်ယောက်ကို အိမ်မက်ရင် အဲ့ဒီသူက သင့်ကို သတိရနေတယ်ဆိုတာမျိုးဖြစ်နိုင်ပါတယ်။ အိမ်မက်က တစ်ကြိမ်တည်းမက်မှာမဟုတ်ပဲ ၂ ကြိမ် ၃ ကြိမ် အထိလည်းဖြစ်နိုင်ပါတယ်တဲ့။


ရုတ်တရက်သတိရသွားမယ်.




တစ်စုံတစ်ယောက်က ပြင်းပြင်းရှရှ သတိရနေတယ်ဆိုတာမျိုးဟာ သင့်နှလုံးသားထဲကို တိုက်ရိုက်လာထိတွေ့နေသလို သင့်မသိစိတ်ကလည်းတစ်ယောက်ယောက်ကို သွားထိတွေ့နေမိတာမျိုးပါ။ ဆိုလိုတာက သင်မစဉ်းစားပဲ သင့်စိတ်ထဲ ရုတ်တရက်ဝင်လာမယ် လွမ်းသလိုဆွေးသလိုလေး ခံစားမိသွားမယ် ပျော်နေရာက ဝမ်းနည်းသလိုလိုဖြစ်သွားမယ်ဆို သင့်မသိစိတ်ထဲမှာ ကိန်းအောင်းနေတဲ့ တယောက်ယောက်က သင့်ကို ပြင်းပြင်းရှရှသတိရနေတာမျိုးပါ။ သင့်အသိစိတ်မှာ သူမရှိချင်ယောင်ဆောင်နေပေမယ့် မသိစိတ်ထဲမှာရှိနေတဲ့အတွက် ဒီလိုခံစားလိုက်ရတာဖြစ်ပါတယ်။ ကဲ.ဒီလောက်ဆိုသင့်ကို တစ်ယောက်ယောက် သတိရနေမယ် သင့်အကြောင်းစဉ်းစားနေမယ်ဆိုရင် ဒီလိုလေးတွေဖြစ်တတ်တာသိလောက်ပြီထင်ပါတယ်နော်..

#Ligestyle_Myanmar

#Mg_Htet

REF_SPIRITUIAL>COM


#အိမ်မက်
#မသိစိတ်
#နှလုံးသား
#ပိုင်းဆိုင်ရာ
#ပီဆို

Some text some message..