မြန်မာဆန်ဆန်လေးနဲ့ အိုင်တင်မနည်းလုပ်ပြီး ဆော့ကစားထားတဲ့ ဘေဘီမောင်ရဲ့ ချစ်စရာ Tik Tok ဗီဒီယို
myanmarload.com
|
2020-05-07



ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော်အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်မင်းသမီးချောဘေဘီမောင်ကတော့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ပွင့်လင်းပြီး ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ်နော်..။

ဆွဲဆောင်မှုရှိပြီး အချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေကိုလည်း ပိုင်ဆိုင်ထားပြီး ယောက်ျားလေးတွေအပြင် မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်ကြပြီး အဆိုတော်သားဂန်းနဲ့အတူ ပျော်ရွှင်ကြည်နူးစရာအချစ်ရေးလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူလေးလည်း ဖြစ်ပါတယ်နော်..။





ဘေဘီလေးကတော့ သူမရဲ့လှုပ်ရှားမှုလေးတွေကို ချစ်ပရိသတ်တွေအတွက် အမြဲမျှဝေလေ့ရှိသလို Tik Tok ဗီဒီယိုလေးတွေနဲ့ အချစ်ပိုစေပြီး အခုတစ်ခါမှာလည်း မြန်မာဆန်ဆန်လေးနဲ့ ဆော့ကစားထားတဲ့ သူမရဲ့ ချစ်စရာ Tik Tok လေးကို ဝေမျှလိုက်ပြန်ပါတယ်နော်..။

မရိုးနိုင်အောင်ဆွဲဆောင်မှုရှိတဲ့ မြန်မာဝတ်စုံလေးနဲ့ ရိုးရိုးယဉ်ယဉ်လေး ချစ်စရာကောင်းစွာ ဆော့ကစားထားပြီး အိုင်တက်မနည်းလုပ်ရတဲ့အကြောင်းလေးကိုလည်း ဘေဘီလေးက ပြောုပထားပြီး ဆော့တတ်တဲ့သူတွေကိုလည်း ချီးကျူးစကားလေး ဆိုထားပါသေးတယ်နော်..။





"အမလေး အိုင်တင်မနည်းလုပ်ရတယ်တော်

ဆော့တတ်တဲ့သူတွေကို ချီးကျူးပါတယ်ရှင်

မြန်မာဝတ်စုံနဲ့ Tiktokဆော့ပေးပါဆိုလို့ တင်ပေးလိုက်ပါပီနော်.." ဆိုပြီး သူမရဲ့ မြန်မာဆန်ဆန် Tik Tok ဗီဒီယိုလေးတွေကို ချစ်ပရိသတ်တွေအတွက် ဝေမျှထားတာပဲ ဖြစ်ပါတယ်နော်..။

ကဲ.. ပရိသတ်ကြီးရေ.. ဒီကနေ့လေးမှာ မြန်မာဆန်ဆန်လေး Tik Tok ဆော့ကစားထားတဲ့ အချစ်တော်ဘေဘီလေးရဲ့ ချစ်ရာလှုပ်ရှားမှုပုံရိပ်လေးတွေကို ကြည့်ရင်း ပရိသတ်တွေလည်း သဘောကျအချစ်ပိုနေကြမယ်လို့ ထင်ပါတယ်နော်..။





Source & Photo Credit - Baby Maung's FB Account


#ချစ်စရာ
#အချစ်
#အချစ်တော်
#ဆွဲဆောင်မှု
#ဝတ်စုံ

Some text some message..