
လူအမျိုးမျိုးစိတ်အထွေထွေဆိုသလို တချို့ကလည်းပြည့်ပြည့်လေးကိုမှသဘောကျကြသလို တချို့ကတော့ ခပ်သွယ်သွယ်လေးဖြစ်ဖို့လိုလားကြပါတယ်။ ဒါကြောင့် ကိုယ်လိုချင်တဲ့ခန္ဓာကိုယ်အချိုးအစားအတွက် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့်သော်လည်းကောင်း ၊အစားအသောက်အားဖြင့်သော်လည်းကောင်း ၊ဆေးဝါးအကူအညီဖြင့်သော်လည်းကောင်း ကြိုးစားပြီး ပုံဖော်ယူကြတာပါ။ ဒါပေမဲ့ ဘယ်လောက်ပဲကိုယ်က ခန္ဓာကိုယ်ကို လိုချင်တဲ့အနေအထားရအောင်ကြိုးစားထားပါစေ ဝတ်စားဆင်ယင်ပုံမှားယွင်းတဲ့အခါမှာ ကိုယ့်ရဲ့ရှိရင်းစွဲခန္ဓာကိုယ်ကနေ သွေဖီတဲ့အနေအထားမျိုးတွေကြုံရတတ်ပါတယ် ။ ကိုယ်ကခပ်သွယ်သွယ်ဆိုရင်တောင် အဝတ်အစားကြောင့် ခပ်ပြည့်ပြည့်ဖြစ်နေတာမျိုးပေါ့။ဒါကြောင့်မို့လို့ အပြင်သွားတဲ့အခါမှာပဲဖြစ်ဖြစ် ၊ဓာတ်ပုံအရိုက်ခံတဲ့အခါမှာပဲဖြစ်ဖြစ် ခပ်သွယ်သွယ် look မျိုးကိုလိုချင်တဲ့အခါမှာ ခန္ဓာကိုယ်အချိုးအစားကျနအောင်ကြိုးစားရုံနဲ့မပြီးပဲ မှန်ကန်တဲ့အဝတ်အစားရွေးချယ်မှူဖြစ်ဖို့လည်းလိုတာကြောင့် ဘယ်လိုအချက်လေးတွေကများ ကိုယ့်ရဲ့ခန္ဓာကိုယ်ကို ရှိရင်းစွဲထက်ပိုပြီး သွယ်လျလှပစေမလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်နော်။
1.ခါးကိုပေါ်လွင်ပါစေ
ပုံမှန်အားဖြင့် ခါးအလှပေါ်လွင်ပြီးသားသူတွေလည်းရှိသလို ခါးအလှသိပ်မပေါ်လွင်တဲ့သူမျိုးတွေလည်းရှိတတ်ပါတယ်။ခါးအလှပေါ်လွင်သည်ဖြစ်စေမပေါ်လွင်သည်ဖြစ်စေ မူလရှိရင်းစွဲခါးအနေအထားကိုပါ ကွယ်ပျောက်သွားစေမယ့် မတော်တရော် outfit ခပ်ပွပွတွေ ၊ ခါးနားမှာ ထူထူကြီးဖြစ်နေတဲ့အဝတ်အစားမျိုးတွေကိုတော့ လုံးဝရှောင်ကြဉ်သင့်တယ်လို့ဆိုပါရစေ။ ကိုယ်ဟာဝသည်ဖြစ်စေ ၊ ပိန်သည်ဖြစ်စေ ကိုယ့်ရဲ့ခါးကို ပိုပြီးကျနစွာပေါ်လွင်စေဖို့အတွက်အမြင်လှည့်စားနိုင်တဲ့ ဝတ်ဆင်ပုံမျိုးကိုရွေးချယ်တတ်ဖို့အထူးအရေးကြီးပါတယ်။ ဥပမာ - high-waisted ဘောင်းဘီကို ခါးပတ်ခပ်သေးသေးနဲ့ဝတ်တာမျိုး၊ ခါးနေရာမှာ ခါးပတ်တွဲရက်ပါတဲ့ outfit ကိုရွေးချယ်ဝတ်ဆင်တာမျိုးပေါ့။ ဒါဟာ နဂိုထက်ပိုပြီးသွယ်လျတဲ့ခါးအနေအထားကိုလည်းရရှိစေသလို အမြင်အာရုံလှည့်စားမှူသဘောအရ ကိုယ့်ကိုပိုပြီးအချိုးအစားကျနတဲ့ပုံပေါက်စေပါတယ်။
FORCAST Adaline Belted Dress

ဝင်ရောက်ကြည့်ရှုရန် Link - FORECAST Adaline Belted Dress
ဝင်ရောက်ကြည့်ရှုရန် Link - FORECAST Adaline Belted Dress
2.အတွင်းခံရွေးချယ်မှူ
သွယ်လျသယောင်ဖြစ်စေဖို့အတွက် အဝတ်အစားရွေးချယ်မှူမှန်ကန်ဖို့တစ်ခုတည်းအရေးကြီးတာမဟုတ်ပါဘူး။ အတွင်းကဝတ်ဆင်မယ့် အတွင်းခံအဝတ်အစားတွေမှန်ကန်စွာရွေးချယ်ဖို့ကလည်း အရမ်းကိုအရေးပါပါတယ်။ပိန်ချင်ဇောအားကြီးပြီး ခပ်ကြပ်ကြပ်ဘရာနဲ့ အပေါ်က body fit တီရှပ်ကိုဝတ်ဆင်ထားမယ်ဆိုပါစို့။အဲဒီ ခပ်ကြပ်ကြပ်ဘရာကြောင့် ဘေးကထွက်လာတဲ့ အဆီပိုတွေက အပေါ်ကတီရှပ်ပေါ်အထိ ပေါ်လွင်နေမှာဖြစ်ပြီးကြည့်ရတာ အရမ်းကို ယအရုပ်ဆိုးစေမှာပါ။ အတွင်းခံဘောင်းဘီလည်းထိုးနည်းလည်းကောင်းပါပဲ။ size က ကိုယ့်ထက်သေးနေတာပဲဖြစ်ဖြစ် ကြီးနေတာပဲဖြစ်ဖြစ် ကိုယ်နဲ့ မတော်တဲ့ အတွင်းခံအဝတ်အစားမျိုးကိုဝတ်ဆင်မိတဲ့အခါ ရှိရင်းစွဲအလှကိုပါထိခိုက်စေနိုင်တာမို့ size မှန်ကန်ပြီး၊အသားကောင်းမွန်တဲ့အတွင်းခံအဝတ်အစားရွေးချယ်မှူဟာလည်း အရေးကြီးတဲ့အချက်ထဲမှာ ပါဝင်ပါတယ်။
MACROWOMAN Soft Cup Padded Bra
ဝင်ရောက်ကြည့်ရှုရန် Link - MACROWOMAN Soft Cup Padded Bra
3.ထိပ်ဝိုင်းဖိနပ်တွေ လျှော့စီးပါ
ဖိနပ်ထိပ်ဦးက ခပ်ဝိုင်းဝိုင်းပုံစံမျိုးတွေဟာ အမြင်အာရုံလှည့်စားမှူသဘောတရားအရ ဓာတ်ပုံတွေထဲမှာ ကိုယ့်ကို အရပ်ရှည်သယောင်ဖြစ်ဖို့အထောက်အကူမပြုနိုင်ပါဘူး။ Pointed-toe shoe လို့ခေါ်တဲ့ ထိပ်ဦးခပ်ချွန်ချွန်ရှိတဲ့ ဖိနပ်မျိုးတွေကသာ ဓာတ်ပုံတွေထဲမှာ ပိုပြီး သွယ်လျတဲ့ခြေတံကိုရရှိစေတာပါ။ ဒါကိုမှ ဒေါက်ကလေးနည်းနည်းမြင့်တာရွေးချယ်လိုက်မယ်ဆိုရင်တော့ ဓာတ်ပုံထဲမှာကော အပြင်မှာပါ သွယ်လျရှည်လျားတဲ့ခြေတံကိုပိုင်ဆိုင်နိုင်ပြီပေါ့။
Pretty Fit Women Shoe
ဝင်ရောက်ကြည့်ရှုရန် Link - PRETTY FIT Women Shoe
4.Skinny Jeans + ဒေါက်မြင့်ဖိနပ်
ဒီနှစ်မျိုးအတွဲအစပ်ရဲ့ လိုက်ဖက်ညီမှူကတော့ သင့်ကို ခြေတံရှည်ဘာဘီရုပ်လေးအသွင်ကို တမုဟုတ်ချင်းပြောင်းလဲသွားစေမှာပါ။ အပေါ်မှာပြောခဲ့သလို ထိပ်ဦးအချွန်ပါတဲ့ဒေါက်မြင့်ဖိနပ်ကိုမှ high-waisted skinny jean မျိုးနဲ့ တွဲဖက်ဝတ်ဆင်တာဟာ ကိုယ်ရဲ့ အောက်ပိုင်းခန္ဓာကိုယ်တစ်ခုလုံးကို အရှည်ကြီးဖြစ်အောင်ဆွဲဆန့်လိုက်သလိုအမြင်လှည့်စားလိုက်နိုင်ပါတယ်။ ဓာတ်ပုံအတွက်သီးသန့်မဟုတ်ပဲ အပြင်မှာပါဝတ်ဆင်ဖို့ အတွက်ဆိုရင်တော့ ဒေါက်ဖိနပ်ကိုတအားမြင့်တာမျိုးမရွေးချယ်ပဲ ဒေါက်ကိုလည်း ခပ်ထူထူလေးကိုရွေးချယ်ရမှာပါ။
Nobody Lady Long Pants Super Skinny Black

ဝင်ရောက်ကြည့်ရှုရန် Link - NOBODY Lady Long Pants Super Skinny Black
ဝင်ရောက်ကြည့်ရှုရန် Link - NOBODY Lady Long Pants Super Skinny Black
5.လိုအပ်ရင် Shapewear သုံးပါ
အကယ်၍ကိုယ်ကလည်း နေတတ်တယ်။ ပွဲသွားပွဲလာခဏတဖြုတ်အတွက်ဆိုရင် Shapewear ကောင်းကောင်းလေးတစ်ခုကို ကိုယ့်ရဲ့အဝတ်အစားတွေအောက်ကနေ ဝတ်ဆင်ထားသင့်ပါတယ်။ အဝတ်အစားဝတ်တဲ့အခါမှာ အဆီပိုတွေထွက်ရှိနေတာမျိုးကို ချပ်ရပ်အောင်ထိန်းသိမ်းပေးထားနိုင်ပြီး ခန္ဓာကိုယ်ကို မူလထက်ပိုပြီး လှပကြွရွနေစေသလို ဓာတ်ပုံထဲမှာရော အပြင်မှာပါ ကျနတဲ့အချိုးအစားမျိုးဖြစ်အောင် စွမ်းဆောင်ပေးနိုင်တာမို့ပါ။ ဒါကြောင့် ကိုယ့်ကိုကိုယ်ယုံကြည်မှူအပြည့်နဲ့လှချင်တယ်ဆိုရင်တော့ Shapewear ကောင်းကောင်းလေးတစ်ခု ဝယ်ကိုဝယ်ထားသင့်ပါတယ်နော်။
S shaper Tourmaline Short
ဝင်ရောက်ကြည့်ရှုရန် Link - S Shaper Tourmaline Short
6. ဒေါင်လိုက်အစင်းရဲ့လှည့်စားမှူ
အဝတ်အစားဝတ်တဲ့အခါ illusion ဆိုတဲ့ အာရုံလှည့်စားမှူဟာ အများကြီးအရေးပါပါတယ်။ အရောင်အားဖြင့်သာမက Pattern အားဖြင့်ပါ လူတွေရဲ့အမြင်ကို လှည့်စားနိုင်ပါတယ်။ ဒါကြောင့် ပိုပြီးပိန်သွယ်တဲ့အမြင်အတွက် အလိုက်ဖက်ဆုံးဟာ ဒေါင်လိုက်အစင်းပါတဲ့ Pattern တွေပါပဲ။ ဒါပေမဲ့ အဲဒီလိုအစင်းပါတာကို အပေါ် နဲ့ အောက် တဆက်တည်းမဝတ်မိဖို့တော့လိုပါတယ်။ တဆက်တည်းဝတ်တာက တခါတဘေ ခပ်ကြောင်ကြောင်ကြီးဖြစ်နေတတ်သလို လိုချင်တဲ့အစိတ်အပိုင်းကိုပဲ အမြင်လှည့်စားဝတ်ဆင်တာမျိုးက ပိုပြီး ဖက်ရှင်ကျတဲ့အသွင်ကိုရောက်စေပါတယ်။ ဥပမာ-သင်ကအပေါ်ပိုင်းကိုသွယ်ချင်တာမျိုးဆိုရင် အစင်းပါတဲ့အင်္ကျီနဲ့ ဘောင်းဘီအမည်းပြောင်ကိုဝတ်တာမျိုး၊ အောက်ပိုင်းခြေတံကိုသွယ်စေချင်ရင် အစင်းပါတဲ့ဘောင်းဘီနဲ့ အပေါ်ကအင်္ကျီအမည်းဝတ်ဆင်တာမျိုးပေါ့။
Penshoppe Striped Kimono

ဝင်ရောက်ကြည့်ရှုရန် Link - Penshoppe Striped Kimono
ဝင်ရောက်ကြည့်ရှုရန် Link - Penshoppe Striped Kimono
7. အရောင်နုတွေရှောင်ပါ
သင်ဟာ ခပ်ပြည့်ပြည့်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတယ်ဆိုရင်တော့ အရောင်အနုထက်စာရင် အရင့်တွေကိုဦးစားပေးရွေးချယ်သင့်ပါတယ်။ အလင်းပြန်မှူသဘောတရားအရ အရောင်နုတွေဟာ ခန္ဓာကိုယ်ကိုပိုပြီးပေါ်လွင်စေတာကြောင့် ပိုပြီးပြည့်သယောင်အမြင်ရောက်စေပါတယ်။ အရောင်အရင့်တွေကတော့အလင်းပြန်မှူအားနည်းတဲ့အပြင် အလင်းကိုစုပ်ယူတာကြောင့် သင့်ကိုပိုပြီးသေးသွယ်တဲ့အမြင်ကိုရောက်စေမှာမို့ သင်ဟာ ခပ်ပြည့်ပြည့်ခန္ဓာကိုယ်ပိုင်ရှင်ဆိုရင်တော့ အရောင်အရင့်တွေကို များများရွေးချယ်ဝတ်ဆင်ဖို့လိုမှာပါ။
Esprit Ladies' Side Lace-Insulated Shoulder Long Sleeve Turtleneck Sweatshirt - Navy

ဝင်ရောက်ကြည့်ရှုရန် Link - Esprit Ladies'Side Lace-Insulated Shoulder Long Sleeve Turtleneck Sweatshirt
ဝင်ရောက်ကြည့်ရှုရန် Link - Esprit Ladies'Side Lace-Insulated Shoulder Long Sleeve Turtleneck Sweatshirt
8.လည်ပင်း V Neck ကိုဦးစားပေးပါ
V ပုံစံလည်ပင်းရှိတဲ့ Outfit တွေကလည်း ခန္ဓာကိုယ်ကို ပိုပြီးသေးသွယ်တဲ့အမြင်ကိုရောက်စေတယ်ဆိုတာ မယုံမရှိပါနဲ့။ဒီလိုလိုင်းအချွန်တွေဟာ သူ့ရဲ့သဘာဝကိုက စုစည်းပြီး သွယ်လျမှူကိုဆောင်စေတာမို့ မိန်းကလေးတွေအတွက် မှတ်ကိုမှတ်ထားသင့်တဲ့ လျှို့ဝှက်ချက်တစ်ခုလို့ပြောရမှာပါ။ V Neck လည်ပင်းဟိုက်အင်္ကျီကိုမှ Push-up Bra နဲ့သာ တွဲဖက်ဝတ်ဆင်ထားမယ်ဆိုရင်တော့ မြင်သူတိုင်းငေးရလောက်မယ့် အချိုးအစားနဲ့ အရမ်းကို မိမိုက်နေမှာ လုံးဝအသေအချာပါပဲ။
MDS Myanmar Regine Sleeved Top

ဝင်ရောက်ကြည့်ရှုရန် Link - MDS Myanmar Regine Sleeved Top
ဝင်ရောက်ကြည့်ရှုရန် Link - MDS Myanmar Regine Sleeved Top
Photo Credit To The Rightful Owners