ကျွန်တော်တို့ဘဝတွေမှာ ကောင်းမွန်တဲ့အပြုအမူတွေရှိကြသလို ဆိုးဝါးတဲ့ အပြုအမူတွေလည်းရှိနေတတ်ကြပြန်ပါတယ်။ တ ချို့ အပြုအမူတွေကြောင့် ကိုယ့်ကိုချစ်တဲ့သူတွေ ကိုယ့်ဘေးမှာ ရှိတဲ့သူတွေကို အဝေးကိုရောက်အောင် လုပ်ပစ်လိုက်နိုင်ပါတ ယ်။ ပြောရရင် ကိုယ့်ဘေးက ထွက်ပြေးအောင် လုပ်ပစ်နိုင်လောက်တဲ့အပြုအမူမျိုးတွေ ကျွန်တော်တို့လုပ်မိတတ်ပါတယ်။ ဒါကြောင့် ဘယ်လို အပြုအမူတွေက ကျွန်တော်တို့ဘေးမှာ ရှိနေတဲ့ လူတွေကို ဆုံးရှုံးစေလဲ သူတို့ကို ပြန်လာအောင် ဘယ်လိုလုပ်လို့ရနိုင်မလဲ လူချစ်လူခင် ပေါများချင်ရင် ဘယ်လို အပြုအမူတွေကို ဘယ်တော့မှမလုပ်သင့်ဖူးလဲဆိုတာ ပြောပြပေးသွားပါမယ်။ကဲ.ဖတ်ကြည့်လိုက်ရအောင်
တစ်ကိုယ်ကောင်းဆန်လွန်းခြင်း
အပြုအမူဆိုတာ ကိုယ့်ရဲ့ပင်ကိုယ်ရုပ်ပုံလွှာကို ထုတ်ပြတတ်တဲ့ ကြေးမုံတစ်ချပ်နဲ့တူတယ်လို့ဆိုပါတယ်။ တစ်ကိုယ်ကောင်းဆန်လွန်းခြင်းဆိုတာ တစ်ခုခုလုပ်တိုင်း ကိုယ့်အကျိုးအတွက်ပဲ အမြဲတွေးပြီး အကျိုးမရှိရင် ဘာမှမလုပ်ဘူးဆိုတဲ့ လုပ်ရပ်တွေမျိုးပါ။ လူတွေက သဘာဝအားဖြင့် ထိုးထွင်းသိမြင်တဲ့ အသိစိတ်ကိုပိုင်ဆိုင်တာကြောင့် သင့်မှာ ဒီအပြုအမူတွေရှိနေရင်သူတို့ကချင်ချင်းသိနိုင်ပါတယ်။
ဒါကြောင့်သူတို့က သင့်ကိုခင်နေရင်တောင် နောက်ဆုံးမှာ သင့်ကို ရွံကြောက်ကြီး ကြောက်ပြီး သင့်ဘေးကနေ ထွက်ခွာသွားတ တ်ကြပါတယ်။ပျော်ရွှင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့အတွက် ကိုယ့်အကျိုးကိုပဲ အမြဲကြည့်နေဖို့မလိုပါဘူး။ ကိုယ်ဘာကိုရရှိနိင်မလဲဆိုတာထက် ကိုယ်ဘာကိုပေးနိုင်မလဲလို့တွေးပီးလုပ်တဲ့လုပ်ရပ်တိုင်းဟာ သင့်ကို ချစ်သူခင်သူတွေ ဝိုင်းနေစေမှာပါ။ သင့်ဘေးနားကိုထပ်ခါထပ်ခါ အမြဲပြန်လာနေကြမှာပါ။ ဒါကြောင့် ယူသောလက်ထက် ပေးသောလက်သာဖြစ်ပါစေနော်…
မာန်တက်လွန်းခြင်း(ကိုယ့်အကြောင်းကိုအမြဲအမွှန်းတင်ခြင်း)
မာန်တက်လွန်းခြင်းဆိုတာ သင်ဟာ သင့်အရည်အချင်းနဲ့သင့်ရုပ်ရည်သွင်ပြင် သင်ပိုင်ဆိုင်ထားတဲ့အရာတွေအတွက် ဂုဏ်ယူဝင့်ကြွားနေတယ်ဆိုတာကို အမြဲထုတ်ပြတတ်တဲ့လုပ်ရပ်မျိုးဟာ တခြားသူတွေအတွက် မာန်တက်နေတယ်လို့ထင်စေတဲ့လုပ်ရပ်မျိုးကိုဆိုလိုတာပဲဖြစ်ပါတယ်။ ဒီအပြုအမူနဲ့လုပ်ရပ်တွေကြောင့် လူတွေကို သင့်ဘေးက ထွက်သွားစေပါတယ်။
သင့်အတ္တကနေတစ်ဆင့် သင့်ရဲ့တော်လှတတ်လှတဲ့ ပုံပြင်တွေ ထပ်ခါထပ်ခါပြောပြနေတာကို ဘယ်လိုလူကမှ ကြိုက်မှာမဟုတ်ပါဘူ။ စကာလေး တစ်ခုခုပြောမိတာနဲ့ ကိုယ့်အကြောင်းတွေကိုယ် နှိမ့်ချသလိုလိုနဲ့ ဂုဏ်တွေဖော်ပြီး ပြောနေတတ်တာမျိုးက
သင့်ဘေးနားမှာ လူတွေမရှိစေခြင်းရဲ့ အကြောင်းရင်းတစ်ရပ်ပါပဲ။ ဒါကြောင့် ဒီလိုလုပ်ရပ်တွေအစား တခြားသူတွေနဲ့ပြောဆိုတို င်း သူတို့ဘဝအတွက် လိုနေတဲ့ကွက်လပ်တွေ စိတ်ခွန်အားတွေအတွက် ကိုယ့်ဘဝထဲက ကျရှုံးမှုတွေ သင်ခန်းစာတွေ အကြောင်းပြောပြတာပိုကောင်းပါတယ်။ ဒါက သင့်ကိုလူတွေ အားကိုးချစ်ခင်လာမှာဖြစ်ပါတယ်။
ကိုယ့်ကိုကိုယ်လေးစားမှုလွန်ကဲခြင်း
ကိုယ့်ကိုကိုယ်လေးစားတာကောင်းပါတယ်။ ကိုယ့်ကိုကိုယ်လေးစားမှုလွန်ကဲလွန်းရင်တော့ လူတွေအမြင်မှာတစ်မျိုးဖြစ်လာနိင်ပါတယ်။ ကိုယ့်ကိုကိုယ်လေးစားမှုလွန်ကဲတဲ့အခါ” ငါဟာဘယ်တုန်းကမှမမှားဘူး။ ဘယ်တော့မှလည်းမှားမှာမဟုတ်ဘူးဆိုတဲ့ အတ္တတွေကြီးထွားလာပါတယ်။
ကိုယ့်အတွေးအခေါ်အတွေနဲ့အပြုအမူတွေတိုင်းကို အလွန်အမင်းယုံကြည်မှုရှိလာပါတယ်။ အဲ့ဒီအခါ အခြားသူတွေရဲ့ ဆုံးဖြတ် ချက်တွေနဲ့ အတွေးတွေ အသိတွေကို မထီမဲ့မြင်လုပ်သလိုဖြစ်လာစေပါတယ်။ ကိုယ်သာလျင် အမှန်ဆုံး အတော်ဆုံးမို့ တခြားသူတွေကို ကိုယ့်ကိုလေးစားစေချင်ပါတယ်။ ဒါပေမယ့်လူတွေကတော့ သင့်ကိုတစ်ယောက်ပြီးတစ်ယောက်စွန့်ခွာသွားပါလိမ့်မယ်။ ဒါကြောင့် သင်လုပ်ရမှာက လူတိုင်းမှာတန်ဖိုးတွေ အရည်အချင်းတွေ ယုံကြည်မှုတွေ ရှိတယ်ဆိုတာ သတိရပါ။ ဘယ်သူကမှဘယ်သူထက် မထူးပါဘူး။ ကိုယ့်ကိုကိုယ်လေးစားသလို သူများတွေကိုလည်း လေးစားပေးပါ။ ဒီလိုတွေပြောင်းလဲသွားရင် သင့်ကိုစွန့်ခွာသွားသူတွေ ပြန်လာပါလိမ့်မယ်။
နာတာရှည်ဆင်ခြေရောဂါ
ပျော်ရွှင်ပြီးအောင်မြင်နေကြတဲ့လူတွေက ဆင်ခြေတွေအများကြီးမပေးတတ်ကြပါဘူး။ တဖက်မှာ နာတာရှည် ဆင်ခြေတက်လေ့ရှိသူတွေကတော့ အဆိုးမြင်တစ်ခုခု အမြဲပြောစရာရှိနေပြီး ပျော်ရွှင်နေတဲ့သူ့ပတ်ဝန်းကျင်ကလူတွေကိုတာင်စိတ်ပျက်စေပါတယ်။ သူတို့မှားရင်လည်း အမှားကိုဝန်မခံပဲ ဆင်ခြေတတ်မယ်။ သူများတွေအောင်မြင်နေရင်လည်း အဆိုးမြင်မယ်ဆို သူတို့ဘေ းမှာ ဘယ်သူမှနေချင်မှမဟုတ်ပါဘူး။ ဒါကြောင့် ဆင်ခြေဆင်လက်တွေ မေးခွန်းတွေပြန်ထုတ်ပီး ပြဿနာကိုဖြေရှင်းမယ့်အစား ဘယ်သူ့ကိုမှအပြစ်မတင်ပဲ မှန်ကန်တဲ့အဖြေတစ်ခုခုထွက်အောင် ပြဿနာကို ဖြေရှင်းနည်းကို မွေးမြူကြည့်ပါ။ အမြဲတမ်းဆင် ခြေတတ်တတ်တဲ့အကျင့်ကိုဖျောက်ကြည့်ပါ။
အဆိုးမြင်ဝါဒသမား
CYNICISM လို့ခေါ်တဲ့ အဆိုးမြင်ဝါဒသမားတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများကြီး ရှိပါတယ်။ CYNICISM ဆိုတဲ့လူတွေက ဘာလုပ်လုပ် မကောင်းတာလေးတစ်ခုခု ပြောလိုက်ရမှကျေနပ်ကြတာမျိုးပါ။ သူတို့ကဝေဖန်တယ်ဆိုတာထက် မကောင် းပြောတာမျိုးပါ။ သူတို့မှာ သူတို့ပြောတဲ့စကားအတွက်လည်း အဖြေရှိမနေတတ်ပါဘူး။
တချို့လူတွေက ဝေဖန်တယ်ဆိုတာ ဖြစ်သင့် မသင့် ဘယ်လိုလေးလုပ်လိုက်ရင် ဘယ်လို အဆင်ပြေနိုင်တယ်ဆိုတဲံ ကြောင်းကျိုးဆီလျော်မှုတွေနဲ့ဝေဖန်ကြပေမယ့် သူတို့တော့ တမင်ကို အဆိုးဘက်က လိုက်ပြောနေလေ့ရှိတာပါ။ အဲ့ဒီလိုလူမျိုးနဲ့ ဘယ်လိုရေ ရှည်လက်တွဲနိုင်ကြမလဲ? ဒါကြောင့် CYNICISM အစား criticism ကြောင်းကျိုးလျော်ညီစွာဝေဖန်အကြံပေးတာမျိုး အပြု သ ဘောဆောင်တဲ့အကြံပေးမှုမျိုးကို ပြောင်းလဲကျင့်သုံးဖို့ကြိုးစားပါ။ ဒါမှ သင့်ဘေးမှာရှိခဲ့ဖူးတဲ့လူတွေသင့်ဆီပြန်လာမှာဖြစ်သလို သင့်ဘေးကလူတွေဘယ်ကိုမှ ထွက်သွားမှာ မဟုတ်တော့ပါဘူး.
#Lifestyle_Myanmar
#Mg_Htet
REF_Power Of Possitivity