Heart,Head,Gut ၃ ခုထဲက သင့်ရာသီခွင်အရ သင်အယုံ ကြည်ဆုံးအရာက ဘာဖြစ်မလဲ?
lifestylemyanmar.com
|
2020-05-14



ရာသီခွင်တွေက လူတွေအကြောင်းတော်တော်များများကို ပြောပြနိုင်ပါတယ်။ရာသီခွင်တွေအရ သူတို့ရဲ့အကြောက်ဆုံးအရာတွေ အချစ်ဆုံးအရာတွေ စိတ်နေစိတ်ထားတွေကိုပြောပြနိုင်ကြပါတယ်။ ခုပြောပြချင်တာက သင့်ရာသီခွင်အရ သင်အယုံကြည်ဆုံး အားအထားရဆုံးအရာက ဘာဖြစ်လဲဆိုတာပါကဲ..စိတ်ပြေလက်ပျောက် ဖတ်ကြည့်လိုက်ရအောင်..


နှလုံးသား(Heart)




တစ်ခုခုဆို နှလုံးသားကိုယုံကြည်တယ်။ နှလုံးသားအလိုကိုလိုက်တဲ့ ရာသီခွင်တွေရှိပါတယ်။ သူတို့က Heartကို ဦးစားပေးတယ်ပေါ့။ ဘယ်အရာပဲဖြစ်ဖြစ်ဆုံးဖြတ်ချက်ချတော့မယ်ဆို Heartကို အရင်မေးကြည့်တတ်တဲ့သူတွေပေါ့။ သူတို့လေးတွေကတော့ Taurus(ဧပြီ ၂၀..မေ ၂၀)၊ Cancer (ဇွန်၂၂..ဇူလိုင်၂၂)၊ Leo(ဇူလိုင် ၂၃..သြဂုတ် ၂၂)၊ Libra(စက်တင်ဘာ၂၃.အောက်တိုဘာ ၂၂)၊ Pisces (ဖေဖော်ဝါရီ ၁၉..မတ် ၂၀)တို့ပဲဖြစ်ပါတယ်တဲ့။ သူတို့က ဦးနှောက်ထက် နှလုံးသားကို ယုံကြည်သူ ဦးစားပေးသူတွေပါတဲ့..သူတို့တွေကခံစားမှုမပါပဲ ဘာမှမလုပ်ချင်တဲ့သူမျိုးတွေပါတဲ့။ အချစ်ရေးမှာ နှလုံးသားကြီးတစ်ခုလုံးရင်းပြီး ပုံအောပီး ခံစားချစ်တဲ့အတွက် သူတို့ဟာ နက်နက်နဲနဲ ကြေကွဲရတတ်ပါတယ်တဲ့။ ဒီရာသီခွင်တွေက နှလုံးသားကို ယုံလွန်းလို့အစွဲအလမ်းအရမ်းကြီးတတ်ကြပါတယ်တဲ့ဟုတ်လား?


ဦးနှောက် (Head)




ခုပြောပြမယ့် ရာသီခွင်တွေကတော့ နှလုံးသားထက် ဦးနှောက်ကို ပိုပီး ဦးစားပေးတယ်၊ ပိုပြီး ယုံကြည်ကြပါတယ်တဲ့။ တခုခုဆို ဦးနှောက်ကိုပဲအားကိုးတယ်၊ ပြီးမှ နှလုံးသားက နောက်ကလိုက်တတ်ကြပါတယ်တဲ့။ အဲ့ဒီရာသီခွင်တွေကတော့ Gemini (May 21_June 21)၊ Virgo ( Aug 23_Sep 22)၊ Aquarius( Jan 20_Feb 18) တို့ပဲဖြစ်ပါတယ်တဲ့။ သူတို့တွေက ခံစားမှုပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဦးနှောက်ကို ဦးစားပေးတဲ့အတွက် လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်မှာပါပဲတဲ့..အချစ်မှာဆိုရင်လည်း သူတို့အရမ်းခံစားနေရရင်တောင် ဖုံးကွယ်ထားပြီး ဦးနှောက်ကို ပိုသုံးတတ်တယ်။ သူတို့ကအများကြီးစဉ်းစားတတ်တယ်။ အရာအားလုံးကို နှလုံးသားနဲ့မယုံကြည်လိုက်ပါဘူးတဲ့။


အူ (Gut)




ဟဲဟဲ..ဒီရာသီခွင်တွေကျတော့ နဲနဲဆန်းသွားပြီလို့ဆိုရမယ်ထင်ပါတယ်. သူတို့က Heart နဲ့ Head ထက် Gut ကို ဦးစားပေးကြပါတယ်တဲ့။ ပြောရရင်တော့ သူတို့က လွမ်းရေးထက် ဝမ်းရေးကို ဦးစားပေးတယ်လို့ဆိုရမှာပဲ။ သူတို့ဗိုက်ကိုပဲသူတို့ ယုံတဲ့သဘောရှိတယ်။ သူတို့အူတွေရဲ့စကားသံကို ယုံကြည်တယ်လို့ပြောရမယ်။ ဗိုက်ဆာလာရင် သူတို့ ခေါင်းလည်း မသုံးနိုင်ဘူး ၊ နှလုံးသားနဲ့လည်းမခံစားနိုင်တော့ဘူး၊ ဒီတော့သူတို့က Gutကိုပိုယုံကြတယ်။ ဗိုက်ဆာရင် ချစ်သူတွေရည်းစားတွေ နားမလည်တော့ဘူး စိတ်ဆိုးစိတ်ကောက်တော့မယ်။ အချစ်ထက် Gutကို ပိုယုံတဲ့သဘောရှိတယ်။

နောက်တစ်ချက်က Gutကို အနောက်နိုင်ငံတွေမှာ ဝမ်းတွင်းစိတ် အလိုလိုသိစိတ်လို့လည်း သုံးကြတယ်။ ဆိုလိုတာက သူတို့စိတ်ထဲက သိနေတဲ့အရာတွေကိုပဲ ယုံကြည်တတ်ကြတယ်။ Gutကိုယုံကြည်တဲ့ ရာသီခွင်တွေကတော့ Aries( မတ် ၂၁.ဧပြီ ၁၉)၊ Scorpio (အောက်တိုဘာ ၂၃.နိုဝင်ဘာ ၂၁)၊ Sagittarius (နိုဝင်ဘာ ၂၂.ဒီဇင်ဘာ ၂၁)၊ Capricorn (ဒီဇင်ဘာ ၂၂.ဇန်နဝါရီ ၁၉)တို့ပဲဖြစ်ပါတယ်တဲ့..သူတို့လေးတွေပဲသိမှာပေါ့နော်.Gutကိုယုံလားမယုံလားဆိုတာ…

#Lifestyle_Myanmar

#Mg_Htet

REF_The Mind Journal


#ရာသီခွင်
#နှလုံးသား
#ဦးနှောက်
#ဦးစားပေး
#အချစ်

Some text some message..