အချစ်မှာ အဆင့်တွေ အဆင့်တွေ သူ့levelနဲ့သူရှိပါတယ်။ အချစ်မှာ အဆင့် ၆ဆင့် ရှိတယ်ဆိုတာကို ကျနော်ရေးခဲ့ဖူးပါတယ်။ များသောအားဖြင့် ချစ်သူရည် းစားတွေRSတွေဟာ LEVEL၃လောက်မှာ ပြတ်တောက်သွားတတ်ကြပါတယ်။ တခုထူးခြားတာက အခက်ခဲဆုံးသော အဆင့်တွေကိုကျော်လာပြီး၊ နှစ်ပေါင်းများစွာ အမှတ်တရတွေ ပေးဆပ်မှုတွေနဲ့တည်ဆောက်ပီးမှ ပြတ်တောက်သွားတတ်ကြတာပါ။ ဆယ်စုနှစ်တစ်စုစာလောက်လက်တွဲပီးမှ ပြတ်တောက်သွားတာမျိုးပေါ့။ ဒီတော့ဘယ်လို အကြောင်းတရားတွေကြောင့်ပြတ်တောက်သွားလဲဆိုတာနဲ့ ဒါတွေကို ဘယ်လိုကျော်လွှားမလဲဆိုတာ ကျွန်တော်ပြောပြချင်တာပါ။
အချစ်တွေအေးလာတယ်
စချစ်ပီး နောက်၆လလောက်က အချစ်ရဲ့ အရှိန်တက်တဲ့အချိန်မှာပဲ။ နားလည်မှုတွေတည်ဆောက်မယ်၊ ဂရုစိုက်မယ်၊ ပေးဆပ်မယ်ပေါ့။ အဲ့ဒီနောက် လည်းဆ က်ချစ်ကြဦးမယ် ၊ ၁နှစ်ကျော်လာရင်တော့စပီး ပြဿနာတွေတက်လာပါလိမ့်မယ်။ သံသယတွေ၊ အတ္တတွေနဲ့ တစ်ယောက်ကိုတစ်ယောက် အမြင်မကြည်မှုတွေဖြစ်လာပါလိမ့်မယ်။ ဒီလိုနဲ့အခက်အခဲတွေဖြတ်လာခဲ့ပီး နှစ်တွေအကြာကြီးတွဲလာပီးနောက်မှာ ၂ယောက်စလုံးအချစ်တွေအေးလာပါလိမ့်မယ်။ သိပ်မနွေးထွေးကြတော့ဘူး၊ ဒီလိုတွေဖြစ်လာတဲ့အခါ RSတစ်ခုပြတ်တောက်ဖို့လမ်းကြောင်းအစကို ရောက်လာတာဖြစ်ပါတယ်။
ရိုးအီလာမယ်’
ရိုးအီလာမယ်ဆိုတာက အချစ်မှာ တည်ဆောက်ထားတဲ့အရာတွေကို ရိုးအီလာတာပါ။ အဓိကအားဖြင့်အထိအတွေ့နဲ့လိင်ပိုင်းဆိုင်ရာကိစ္စတွေမှာပါ။ နေ့တိုင်းနေ့တိုင်း နှစ်ပေါင်းများစွာ ထိတွေ့လာတာတွေကို စိတ်ကုန်လာတတ်ပါတယ်။ အဲ့ဒီအခါ စိတ်ကုန် ငြီးငွေ့ပြီး ဖောက်ပြန်မှုတွေဖြစ်တတ်ပါတယ်။ များသောအားဖြင့် ဒီကိစ္စကြောင့်တော့ RSတွေ မပြတ်တောက်သွားတတ်ပါဘူး။ မိန်းကလေးတွေဘက်ကတော့ ကိုယ်ချစ်တဲ့သူ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ကိုယ့်ချစ်သူနဲ့ပဲ အတူနေချင်တာမျိုးပါ။ ဒါပေမယ့် တခြားသော အကြောင်းကြောင်တွေပါပေါင်းစပ်လိုက်တဲ့အခါ နှစ်လကြာရှည်တွဲလာတဲ့RSဟာ ခနလေးနဲ့ပြတ်တောက်သွားတတ်ပါတယ်။
နှလုံးသားထက်ဦးနှောက်သုံးလာကြတယ်
ဆိုလိုတာက နှစ်များစွာ ရူးရူးမိုက်မိုက်ချစ်ခဲ့ကြပီးပီ။ နှလုံးသားတစ်ခုကိုပဲ ကိုးစားလို့ ချစ်သူလက်ကိုဆွဲ ရူးမိုက်ခဲ့ပြီးပြီ။ အချိန်ကာလတစ်ခုကြာလာသည့်တိုင် အောင် ချစ်နေခဲ့ပေမယ့် ကိုယ်လိုချင်တဲ့ပုံစံ ကိုယ်လိုချင်တဲ့ ပြောင်းလဲမှုတွေ မရတဲ့အခါ ဦးနှောက်ကို နှလုံးသားထက် ဦးစားပေးလိုက်ပါတယ်။ ဒီအခါမျိုးတွေမှာ RSတွေ ပြတ်တောက်သွားတတ်ကြတယ်။ ဆိုလိုတာက ချစ်ခဲ့တာချစ်နေတာတစ်ယောက် တစ်ဘဝလုံးစာ ရွေးချယ်လိုက်တာ တစ်ယောက်ဖြစ်နေတာမျိုးပါ။
အထင်သေးလာမယ်
အထင်သေးခြင်းဟာ RSတစ်ခုကို ပြတ်တောက်သွားဖို့ အကောင်းဆုံးနည်းပါပဲ။ များသောအားဖြင့် မိန်းကလေးတွေဘက်ကဖြစ်တတ်ပါတယ်။ ကိုယ်နဲ့အချိန်အကြာကြီး ချစ်ခဲ့တယ်၊ ကိုယ်ကလညးချစ်တယ်၊ အတွင်းသိအစင်းသိတွေဖြစ်ကုန်ပြီ။ ဒါပေမယ့် သူ့ဘက်က ဘာမှမပြောင်းလဲဘူး.ဆိုလိုတာက အရည် အ ချင်းရှိလာအောင် မကြိုးစားဘူးဆို အထင်သေးလာပါတယ်၊ အထင်သေးတဲ့အခါ ပြဿနာတွေဖြစ် စကားတွေများ နောက်ဆုံးမှာ လမ်းခွဲသွားကြပါတော့တ ယ်။
တကယ်ချစ်တာရောဟုတ်ရဲ့လားတွေးလာတယ်
တကယ်က ချစ်သူစုံတွဲတွေအနေနဲ့ အချိန်အကြာကြီး မတွဲသင့်ပါဘူး၊ အချိန်အကြာကြီးတွဲတဲ့အခါ ယောကျာ်းလေးဘက်ကလည်း ခေတ်စကားနဲ့ပြောရရင် “ငါစားချင်တဲ့အချိန်စားလို့ရတာပဲ ယူစရာလည်းမလိုသေးပါဘူးဆိုတဲ့ အတွေးမျိုးတွေဝင်လာတတ်ပါတယ်။ မိန်းကလေးဘက်ကလည်း အဲ့ဒီလိုနာကျင်ခံစားရပါတယ်။ သူ့ကိုယ်သူပြန်သုံးသပ်ပါတယ်၊ သူမှားနေပီလားပေါ့။ သူ့ချစ်သူက သူ့ကိုတစ်ကယ်ရော ချစ်ရဲ့လားပေါ့။ ခုချိန်ထိ ယူဖို့လည်းမလုပ်သေး၊ ဘဝအတွက်ဘာမှမစဉ်းစားဆိုတော့ နောက်ဆုံးမှာ ချစ်ချင်တာထက် ချစ်သင့်တာကို ရွေးချယ်သွားတတ်ကြပါတယ်။
ချစ်သူရှိရက် အထီးကျန်နေရမယ်’
ချစ်သူရှိရက် လိုနေချိန်တိုင်းဘယ်တော့မှမရှိဖြစ်လာတဲ့အခါ အထီးကျန်လာပါတယ်။ မျက်ရည်တွေနဲ့ ငိုကြွေးရတဲ့နေ့တွေညတွေဆက်လာပါမယ်။ အစကတစ်ယောက်တည်းမနေတတ်ပေမယ့် နောက်ပိုင်းတစ်ယောက်တည်းနေတတ်သွားပါတယ်။ အဲ့ဒီအခါ ချစ်သူဆိုတာကြီးကို စိတ်ကုန်လာပါပီ။ တစ်ယောက်တည်းနေတတ်သွားပါပြီ. လမ်းခွဲစကားပြောစရာမလိုပဲ ပြတ်စဲသွားနိုင်ကြပါပြီ
ရွေးချယ်စရာအသင့်ရှိနေတယ်
ဒါတော်တော်အရေးကြီးပါတယ်။ ကျွန်တော်ကတော့ ချစ်လို့တွဲလာတဲ့စုံတွဲတွေကို နှစ်တွေအများကြီးကြာမှ မပြတ်တောက်သွားစေချင်ပါဘူး။ တကယ်လို့ အပေါကအချက်တွေလို ဂရုစိုက်မှုတွေမရှိတော့တဲ့အခါ၊ နွေးထွေးမှုတွေမရှိတော့တဲ့အခါ၊ တစ်ယောက်တည်းနေနေရတဲ့အခါ ကိုယ့်ဘေးမှာ ရွေးချယ်စရာရှိနေရင် ဘယ်လောက်နှစ်ကြာကြာအဲ့ဒီ RSပြတ်တောက်မှာပါပဲ။ တကယ်မချစ်ရင်တောင် သူ့အပေါ် ဂရုစိုက်တဲ့ နွေးထွေးမှုတွေပေးတဲ့ လူကိုပဲရွေးချယ်တော့မှာပါ။ အဲ့ဒီအခါကျမှ ကွဲကြေသွားတဲ့နှလုံးသားတွေနဲ့ နောင်တမရပါနဲ့၊ အနားမှာရှိတုန်းတန်ဖိုးထားပါ။ ခုပြောပြတာတွေက နှစ်ဘယ်လောက်ကြာကြာ RSတွေ ပြတ်တောက်သွားတဲ့ အကြောင်းတွေပါ.အောက်မှာ အဲ့ဒါတွေကို ဘယ်လို ပြန်ကုစားနိုင်မလဲဆိုတာပါ။
အကြံပြုချက်
အချစ်ကိုပြန်မွေးမြူပါ
အချစ်ကို ပြန်မွေးမြူလို့ရပါတယ်၊ ဆိုလိုတာက အချစ်ဦးနေ့ရက်တွေတုန်းကလိုမဟုတ်တောင် ကိုယ်ပေးနိုင်တဲ့ ဂရုစိုက်မှုလေးတွေ၊ ယုယမှုလေးတွေ၊ နွေးထွေးမှုလေးတွေပေးပါ။ အတိတ်မှာ ကောင်းခဲ့တာတွေကို ပြန်တွေးပေးပါ။ ကိုယ်တို့ ဘယ်လိုချစ်ခဲ့ကြတယ်။ ဘယ်လောက် အခက်အခဲတွေတွေ့ခဲ့တယ် ဒီအချစ်တွေကို ကြိုးမိန့်ချသင့်ပါမလားဆိုတာတွေပြန်တွေးပါ။ နှလုံးသားအသစ်နဲ့အချစ်အဟောင်းကြီးကို ပြန်ချစ်ကြည့်ပါနော်…ဒါက အကောင်းဆုံးနည်းလို့ပဲထင်ပါတယ်။ ပျော်ရွှင်တဲ့ချစ်ခြင်း တည်မြဲတဲ့အချစ်တွေနဲ့ ဘဝကို ဖြတ်သန်းနိုင်ကြပါစေ။
မှတ်ချက်။ ။ ဘယ်လိုမှ ပြုပြင်ဆုံးမလို့မရတော့တဲ့ ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ထားရင်တော့ စွန့်ပစ်လိုက်တာအကောင်းဆုံးပါပဲ။
#Lifesryle_Myanmar
#Mg_Htet