ပြည်ထောင်စု ဖောင့် လက်ကွက် ရိုက်နည်း
ictdirectory.com.mm
|
2020-05-18

ပြည်ထောင်စုဖောင့်ကို အစိုးရရုံးတွေမှာ စသုံးရတော့မယ်ဆိုပြီး ကြေငြာချက်ထွက်ကတည်းက လူတော်တော်များများက လက်ကွက် အသစ်ထပ်ကျင့်ရပြန်ဦးမယ် ဆိုပြီး စိတ်ညစ်ကြပါတယ်။


တကယ့်တကယ်တော့ ပြည်ထောင်စုလက်ကွက်ဆိုပြီး သီးသန့်မရှိပါဘူး။ ယခင်က အသုံးပြုခဲ့တဲ့ Myanmar3 လက်ကွက်၊ Myansan (မြန်စံ)လို့ခေါ်တဲ့လက်ကွက် နဲ့လည်း တူတူပါပဲ။ အဲဒီလက်ကွက် တွေရိုက်တတ်ရင် ပြည်ထောင်စုဖောင့်ကို အမှားအယွင်းမရှိရိုက်လို့ရပါတယ်။


ဒီနေရာကနေစပြီး ကျွန်တော် ယူနီကုဒ် လို့ပဲ သုံးနှုန်းပါ့မယ်။ ဒါက ပြည်ထောင်စုဖောင့်ကို တနည်းအားဖြင့် ဆိုလိုတယ်ဆိုတာကို နားလည်စေချင်ပါတယ်။


လက်ကွက်ပုံစံ


မြန်စံ ယူနီကုဒ်လက်ကွက်ကို အခုဆိုရင် တော်တော်များများ ဖုန်းတွေကွန်ပျူတာတွေထဲမှာ နဂိုပါဝင်တဲ့ကီးဘုတ်အဖြစ် မြင်ရမှာဖြစ်ပါတယ်။


စာရိုက်ပုံ


အခုစာစရိုက်တော့မယ်ဆိုရင် ဘယ်လိုစရိုက်ရမလဲ။ ဇော်ဂျီသုံးနေကျသူသာဆိုရင် အလွတ်ရနေပါလိမ့်မယ်။ သူ့ဆီမှာ ကကြီးကနေ အအထိ ဗျည်းတွေရဲ့နေရာတွေကို ။ ကောင်းတာကတော့ ယူနီကုဒ် လက်ကွက် မြန်စံမှာလည်း ဗျည်းတွေရဲ့နေရာတွေက မပြောင်းလဲပါဘူး။ ဒါကြောင့် ကကြီးကနေ အထိ မျက်စိမှိတ်ရိုက်လို့ရပါတယ်။


ဒါပေမယ့် နှစ်လုံးဆင့် တွေ၊ ကင်းစီး ၊ပါဒ်ဆင့်တွေရိုက်မယ်ဆိုရင်တော့ သိထားရမယ့်အချက်လေးတစ်ခုရှိပါတယ်။ သူက Function ကီးတစ်ချက်ဖွင့်လိုက်တာနဲ့ စောစော က ဗျည်းတွေအားလုံးကို နှစ်လုံးဆင့်တွေ သုံးလုံး ဆင့်တွေ လုပ်ပစ်လို့ရပါတယ်။ ကျွန်တော်တို့ ရင်းနှီးပြီးသာ ဇော်ဂျီလက်ကွက်မှာဆိုရင် နှစ်လုံးဆင့် တွေရိုက် ဖို့ သက်သက် လိုက်မှတ်ရပါတယ်။


အခုတော့ ကကြီးဆိုတဲ့ စာလုံးနေရာသိရင် ၊ က္က ကို ရိုက်လို့ရပါပြီ။ တ ဝမ်းပူကို သိရင် တ္တ ရလို့ရပါတယ်။ အဲဒီလို ကင်းစီး၊ ပါဒ်ဆင့် ရိုက်လို့ရအောင် ဖွင့်ပေးတဲ့ function key ကတော့ Shift + F ပဲဖြစ်ပါတယ်။


မန္တလေးမြို့ ကိုရိုက်ကြည့်မယ်ဆိုရင်


မ + န + ျ+တ+ေ+လ+း


r + e + SHIFT + F + w + a + v + ;


ဆက်ပြီးလေ့ကျင့်လိုတယ်ဆိုရင် အောက်မှာ စမ်းသပ်ရိုက်ကြည့်ပါ။ website ကနေ လက်ကွက်ရိုက်ကျင့်လို့ရပါတယ်။ အရင်ဆုံး လက်ကွက်ကော ဖောင့်ကော သွင်းပြီးထားပြီဆိုရင် ဒီ

Typingstudy.com ကိုသွားပါ။ တကယ်လို့ သူတို့ဆီကိုသွားကြည့်လို့မှ မြန်မာစာ အမှန်မမြင်ရရင် သင့်စက်ထဲ ဇော်ဂျီရှိနေလို့ဖြစ်ပါမယ်။ ဒီနည်းလမ်းအတိုင်း Unicode force ကိုထည့်ပြီး ပြန်လည် စမ်းသပ်ကြည့်ပါ


စာလုံး ဆင့်များ ရိုက်နှိပ်လိုပါက ( ် ) ၊ Shift + f နှိပ်ပြီး မူလဗျည်း နှိပ်ရင် အဆင့်စာ လုံး ဖြစ်သွားပါမည်။


ဥပမာ= စက်က ကို စ + က + ( Shift + f ) + က


ကြူ=က + ြ + ူ


ကိြု=က + ြ + ိ + ု


ကျောင်း=ေ + က+ျ+ာ+င+ ်+ း


ကြှမျး=က+ ြ + ှ + မ + ျ + း


ကွီး=က+ ွ + ီ + း


ခွုံ=ခ+ွ + ု+ ံ


မွို့=မ + ွ + ိ + ု +့


ကွှေး=ေ + က + ွ + ှ + း


မြှင့်=မ + ြ + ှ + င + ် +့


ငွှိုး=င + ွ + ှ + ိ + ု + း


စက်ကူ=စ + က + ျ + က + ူ


လိမ္မော်=လ+ ိ + ေ + မ + ် + မ + ာ + ်


အင်္ဂါ=အ + င + ် + ် + ဂ + ါ


အင်္ကျီ=အ + င + ် + ် + က + ျ + ီ


သင်္ဘော=သ + င + ် + ် + ေ + ဘ + ာ


ဥက္ကဋ္ဌ=ဥ + က + ်+ က + ဋ + ် + ဌ


ဂုဏဝုဍ်ဎိ=ဂ + ု + ဏ + ဝ + ု + ဍ + ျ + ဎ


သဏ္ဌာန်=သ + ဏ + ် + ဌ + ာ + န + ်


ဘဏ္ဍာ=ဘ + ဏ + ် + ဍ + ာ


ဣန်ဒွေ=ဣ + ေ + န + ျ + ဒ + ွ


ခြင်္သေ့=ခ + ြ + င + ် + ် + ေ + သ +့


သိင်္ဂီ=သ + ိ + င + ် + ် + ဂ + ီ


ပုဏ်ဏေးမ=ပ + ု + ေ + ဏ + ျ + ဏ + း + မ



သတိထားရမည့်အချက်များ စ လုံးနှင့် ျ (ယပင့်) ပေါင်း၍ ဈ မဖြစ်ပါ ။nသုညကို ဝလုံးအဖြစ် မရိုက်ရပါ။ သုည နှင့် ဝလုံး တန်ဖိုးမတူပါ။ ဉ( ညကလေး) နှင့် ဥ (အု) မတူပါ။ အမြှီး အတိုအရှည်ကွာသည်။ လည်ရစ်ပါတဲ့ ဋ္ဌကိုရိုက်ဖို့အတွက် ၊ ဋ + Shift F+ဌ လို့ရိုက်ရပါတယ်။သီးသန့် ဋ္ဌ အတွက် ကီးမရှိပါဘူး။






Myanmar Pyi


#လက်ကွက်
#ဗျည်း
#Shift
#ကင်းစီး
#ယူနီကုဒ်

Some text some message..