သင်ဟာ လူကောင်းတစ်ယောက်နဲ့ ဆုံခဲ့တယ်၊ အခုသင်က သူ့ကို လက်မလွှတ်ချင်ဘူး။ ပထမဆုံး တစ်ယောက်နဲ့ တစ်ယောက် အံဝင်ခွင်ကျဖြစ်အောင် လုပ်ဖို့လိုပါတယ်။
ကိုယ့်ကိုယ်ကို ဆန်ခါတစ်ခုအဖြစ် သတ်မှတ်ပြီး သူ့ကို ခေါက်ဆွဲမျှင်တွေလို့ တွေးကြည့်လိုက်ပါ။ သင်ဟာ သူ့ကို ဆန်ကာပေါက်ကနေ လက်ဆေးကန်ထဲကို လျှောကျမှာ မလိုချင်ပါဘူး။ သူ့နဲ့ လိုက်ဖက်ညီချင်တယ်ဆိုရင် ယောက်ျားလေးတစ်ယောက်ကို စိတ်ဝင်စားအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သင်သေချာပေါက်သိချင်ပါလိမ့်မယ်။ ခေါက်ဆွဲကောင်းက (အထူးသဖြင့် သင့်မှာ ကလူတန်ဓါတ် ကင်းစင်ရင်) ၊ပြီးတော့လူကောင်းတစ်ယောက်ဖြစ်ရင်… ရဖို့ခက်ခဲပါတယ်။
သူ့ကို သင်ချစ်မိသွားတာနှင့်တပြိုင်နက် သင့်ကို သူစိတ်ဝင်စားလာအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အကောင်းဆုံး အကြံဉာဏ် (၈)ချက်က ဒီမှာပါနော်။
၁။ မင်းဟာ သူ့ထက်ပိုကောင်းကြောင်း သက်သေမပြပါနဲ့
တကယ်လို့ သင်ဟာ စီအီးအိုတစ်ယောက်ဖြစ်နေရင်တောင် သင့်အောင်မြင်မှုက သူ့ထက်ကြီးမားနေတာကြောင့် (သို့) သင့်ဘဏ်အကောင့်ကြောင့် သင့်ကို သူချစ်လာမှာ မဟုတ်ပါဘူး။ တကယ်လို့ သင်ဟာ စမတ်ကျတဲ့ ဘောင်းဘီတစ်စုံဖြစ်ရင် ထိုအချက်ကို ဂုဏ်ယူသင့်ပြီး သင့်ဘက်ခြမ်း ထွန်းလင်းခွင့်ပြုပါ။ သို့သော် သင့်ရဲ့ ဦးနှောက်စွမ်းရည်နှင့်အတူ သူ့ကို အထင်ကြီးအံ့သြစေစရာ မလိုပါဘူး။ အဲဒီအစား သူ့ကို မင်းရဲ့ အံ့သြဖွယ်ကောင်းတဲ့ စရိုက်တွေကို (တစ်ကြိမ်တည်းနဲ့ အကုန်လုံးမဟုတ်ပါဘူး) နည်းနည်းချင်းစီ ပြသပါ။
၂။ သူ့ဆီက လျှို့ဝှက်ချက်အနည်းငယ်ကို ထိန်းသိမ်းထားပါ
သင်ခံစားခဲ့ရတဲ့ ပျော်ရွှင်မှုနှင့် ပတ်သတ်ပြီး အသေးစိတ်ဖော်ပြဖို့ မလိုပါဘူး။ သို့သော် နောင်လာမယ့် အစီအစဉ်များနဲ့ ပတ်သတ်ပြီး သင်ဘယ်လောက် စိတ်လှုပ်ရှားမိကြောင်း သူ့ကို ပြောပြနိုင်ပါတယ်။
ချိန်းတွေ့ခြင်းဟာ တစ်စုံတစ်ယောက်ကို ပညာပေးဖို့ မဟုတ်ပါဘူး။ လယ်ဗယ်မတူတဲ့ အမျိုးသားတစ်ယောက်နဲ့ ဆက်သွယ်ခြင်းဖြစ်ပါတယ်။ သင်ဟာ သင့်ရဲ့ ဦးနှောက်နဲ့ အတင်းအဖျင်းပေါ်မှာ (သို့) အခြားအရာတစ်ခုပေါ်မှာ သူ့ကို အာရုံစိုက်စေချင်တာလား?။ ကျွန်တော်ရဲ့ မဲကတော့ အခြားအရာတစ်ခုအတွက်ဖြစ်ပါတယ်။
၃။ ကလေးတစ်ယောက်လို ပြမှုခြင်းကို မရပ်တန့်ပါနဲ့
ကောင်လေးတစ်ယောက်နဲ့ ချိန်းတွေ့တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် သိကျွမ်းနေချိန်မှာ ပျော်ဖို့ မမေ့ပါနဲ့၊ ကိုယ့်ကိုအထင်ကြီးအောင် ရင့်ကျက်သူကြီးလို သွားမနေပါနဲ့။ ပေါ့ပေါ့ပါးပါးနေပါ။
၄။ ရစ်ပတ်ချည်နှောင်မှုမှာ သင့်သူငယ်ချင်းတွေကို မမေ့ထားပါနဲ့
သင့်သူငယ်ချင်းတွေကို မမေ့ပါနဲ့။ ချစ်ခြင်းမေတ္တာနဲ့ တွေ့စဉ်အခါမှာ တစ်ခါတရံ သင်နဲ့ အမြဲတမ်း ကျောချင်းကပ်ရှိခဲ့သူကို မေ့သွားတတ်ပါတယ်။ သင့်ရဲ့အကောင်းဆုံးသူငယ်ချင်းကို မခွဲခွာပါနဲ့။ သင့်ရဲ့ ရည်းစားအသစ်နဲ့ နေ့တိုင်းအချိန်ကုန်စရာ မလိုပါဘူး။ သောကြာနေ့မှာ သူနဲ့တွေ့နိုင်ပြီး သင့်ရဲ့မိန်းကလေးသူငယ်ချင်းတွေကို နောက်နေ့မှာ တွေ့နိုင်ပါတယ်။ ယောက်ျားတွေက အမျိုးသမီးတစ်ယောက်ရဲ့ ကမ္ဘာကြီး သူတို့ပတ်ဝန်းကျင်မှာ မလည်နေရင် နှစ်သက်ကြပါတယ်။ သူတို့က ဖိအားမရှိတာကို နှစ်သက်ကြတာပါ။ သူကိုယ်တိုင် (သို့) သူ့သူငယ်ချင်းတွေနှင့်အတူ တွေ့ဆုံရမယ့် ညတွေ သူ့မှာ ရှိပါတယ်။ ဒါ့ကြောင့် သင်လည်း ပျော်ပျော်ရွှင်ရွှင်နေရပါလိမ့်မယ်။
၅။ ထိုအမျိုးသမီးက အရမ်း hot တာပဲ! သင့်ဝေါဟာရရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်စေပါ
သင်ဟာ သင့်ရည်းစားနဲ့ အတူရှိနေပြီး ဖြတ်သွားတဲ့ အမျိုးသမီးတစ်ယောက်ပေါ်မှာ သူ့မျက်လုံးတွေ မခွဲနိုင်မခွာရက်ဖြစ်နေတယ်ဆိုရင် “သူမက အရမ်းလှတယ်မှလား, သူမ မလှဘူးလား? ဆိုတဲ့ အစစ်အမှန်စကားတစ်ခွန်းနှင့်အတူ ကြားဖြတ်ပြောနိုင်ပါတယ်။ သင်နှင့်အတူ ရှိနေဖို့ ရွေးချယ်မှုပြုလုပ်လာမှာဖြစ်တာကြောင့် သင်ဟာဒါနဲ့ပတ်သတ်ပြီး ခံစားမှုကောင်းနိုင်ပါတယ်။ ဒါက သင့်ကိုယ်သင် ယုံကြည်မှုရှိကြောင်း၊ သူက ဆွဲဆောင်မှုရှိတဲ့ အခြားအမျိုးသမီးတစ်ယောက်ကို တွေ့ရင် သင်ဗြောင်းဆန်မှာ မဟုတ်ကြောင်း သူ့ကိုပြသတာဖြစ်ပါလိမ့်မယ်။
၆။ သူ့အတွက် အသားကုန် ကြိုးပမ်းအားထုတ်တာ မလုပ်ပါနဲ့
သင်ဟာ သင်မဟုတ်တဲ့ သူတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတာ၊ သင့်ကိုယ့်သင် လှည့်စားနေတာဆိုရင် ရပ်လိုက်ပါ။ ကိုယ့်ကိုကိုယ် မချစ်ဘဲနဲ့ အခြားတစ်ယောက်ယောက်က သင့်ကို ချစ်လာစေဖို့ အရမ်းခက်ခဲပါတယ်။
နေ့တိုင်း ကိုယ့်ကိုယ်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကို အရင်ချစ်ပါ။ သင့်ကို စိတ်ချမ်းသာစေတဲ့ အရာတွေကိုသာ လုပ်ပါ။ ၎င်းက သင့်ကိုယ်သင်နှင့် သင့်ရဲ့ ရင့်ကျက်သော relatiionship အသစ်မှာ အခိုင်အမာ ခံစားရအောင် ကူညီပေးပါလိမ့်မယ်။
၇။ သင့်ရဲ့ကိုယ်ပိုင်အမှိုက်တွေကို ထုတ်ပစ်ပါ
relationship အသစ်တစ်ခုကို သင်စတင်တဲ့အခါ အတိတ်ကို အတိတ်မှာ ထားခဲ့ပါ။ သင့်ဦးနှောက်ကို အမှိုက်သရိုက်တွေနဲ့ ပြည့်စေတဲ့ အတိတ်က ရည်းစားတွေ၊ ချစ်သူတွေရဲ့ ခြောက်လှန့်မှုကို မခံပါနဲ့။
သင့်ရဲ့ နောက်ဆုံးခင်ပွန်းက ကစားသမားတစ်ယောက်ဖြစ်ပြီး ကောင်လေးအသစ်ကို ထပ်တူပုံစံမျိုးနဲ့ မြင်ယောင်ကြည့်ရင် မင်းအတွက်ကော အချစ်ရေးအတွက်ပါ ကောင်းမှာမဟုတ်ပါဘူး။ အချစ်ရေးဟောင်းက အမှိုက်တွေကို အမှိုက်ပုံးထဲထည့်ပြီး အဖုံးကိုသေချာပိတ်ထားပါ။
၈။ မော်ကွန်းတင်လောက်တဲ့ အချစ်မျိုးကို ယုံကြည်ပါ
သူ့ကို စိတ်ဝင်စားစေခြင်းမှာ သင့်ကိုယ်သင် ယုံကြည်ရင်၊ အချစ်ရဲ့စွမ်းအားမှာ သင်ယုံကြည်ရင် လုပ်ဖို့လွယ်ပါတယ်။ သင့်ကိုယ်သင် မယုံကြည်ရင် မင်း ဘာမှရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်ပါ။ မင်းကိုစောင့်ကြိုနေတဲ့ မော်ကွန်းတင်လောက်တဲ့ အချစ်မျိုး ရှိတယ်ဆိုတာ သတိရပါ။
Lifestyle_Myanmar
LM_Nandar
Source-yourtango