
လူဆိုတာ တစ်ယောက်တည်းသီးသန့်နေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူငယ်ချင်းအပေါင်းအသင်းမိတ်ဆွေတွေရှိသင့်သလို ချစ်သူ၊ မိသားစု ဆက်ဆံရေးဆိုတာလည်း ရှိသင့်ပါတယ်။ ဒါပေမယ့် ကိုယ်ချစ်တဲ့သူတွေကြောင့်စိတ်ဖိစီးမှုတွေ ရှိသလို အလုပ်တွေကြောင့်လည်း စိတ်ဖိစီးမှုတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် အခုပြောချင်တာကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှုတွေဖြစ်စေနိုင်တဲ့ အရာတွေကို ပြောပြပေးလိုက်ပါတယ်နော်။
၁။ အလှအပကို အာရုံစိုက်လွန်းခြင်း
အချစ်ရေးတစ်ခုမှာ အလှအပနဲ့ ဖမ်းစားနိုင်လိမ့်မယ်လို့ တွေးပြီး အလှအပကို အာရုံစိုက်လွန်းနေတာကတော့မှားယွင်းတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။ ကိုယ့်အချစ်ရေးကို ထိန်းသိမ်းဖို့အတွက် အသွင်အပြင်လှဖို့ထက် ကိုယ့်စိတ်လေးဖြူစင်းနေဖို့က အဓိက လိုအပ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် အချစ်ရေးတစ်ခုမှာ အလှအပကိုအာရုံစိုက်လွန်းခြင်းက အခြားတစ်ယောက်ကို စိတ်ဖိစီးမှုတွေ ဖြစ်စေပါတယ်။
၂။ အလွန်အကျွံတွေးခြင်း ၊ စွပ်စွဲခြင်း
ဒီလိုအလွန်အကျွံတွေးခြင်း၊ စွပ်စွဲခြင်းက အချစ်ရေးရဲ့ ငြိမ်းချမ်းခြင်းနှင့် ပျော်ရွှင်မှုကို မရစေနိုင်ပါဘူး။ အချစ်ရေးတစ်ခုမှာ တစ်ယောက်ယောက်က အလွန်အကျွံတွေးပြီး စွပ်စွဲတာတွေက အခြားတစ်ယောက်ကို စိတ်ဖိစီးမှုတွေဖြစ်စေနိုင်ပါတယ်။ ဒီလိုအလွန်အကျွံတွေးလိုက်ခြင်းက စိတ်ရှုပ်ထွေးစေပြီး မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေဖြစ်စေနိုင်ပါတယ်။
၃။ အရာရာကို ထိန်းချုပ်ခြင်း
အချစ်ရေးတစ်ခုမှာ သူနဲ့ ပတ်သက်တဲ့အရာရာတိုင်းကို ထိန်းချုပ်းဖို့ ကြိုးစားမယ်ဆိုရင် ဒါက မစခင်ကတည်းကပျက်နေတာဖြစ်ပါတယ်။ အစပိုင်းမှာတော့ ဘယ်လိုပဲဖြစ်ပါစေ တစ်ချို့သောအရာတွေကို ထိန်းချုပ်တာလက်ခံနိုင်ပေမယ့် အချိန်ကြာလာလေ စိတ်ဖိစီးလာလေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့အနာဂတ်ဖြစ်ဖို့အတွက် အရာရာကို ထိန်းချုပ်တာကို ဆင်ခြင်သင့်ပါတယ်။
၄။ အတိတ်ကအကြောင်းတွေကို ပြန်လည်တူးဆွခြင်း
ဘယ်လောက်ထိပဲချစ်နေပါစေ။ စိတ်ဆိုး၊ ရန်ဖြစ် စကားများတိုင်း အတိတ်က ဖြစ်ခဲ့တဲ့အမှားကိုပဲ ပြန်လည်တူးဆွနေမယ်ဆိုရင် သင်တို့အချစ်ရေးက ဘယ်လိုအဆုံးသတ်မလဲဆိုတာ ပြောနေစရာတောင်မလိုတော့ပါဘူး။ ဒါကြောင့် ဘယ်လိုပင်ဖြစ်ပါစေ အတိတ်ဆိုတာ အတိတ်မှာပဲ ထားခဲ့တာအကောင်ဆုံးဖြစ်ပါတယ်။ ပစ္စုပ္ပန်မှာပါ ဒီအကြောင်းအရာပဲဆိုရင် တစ်ခြားတစ်ယောက်ကို စိတ်ဖိစီးပါစေ၊ စိတ်ဆင်းရဲပါစေဆိုပြီး တမင်လုပ်နေသလို ဖြစ်တာကြောင့် အတိတ်ကအကြောင်းတွေကို မေ့ထားလိုက်သင့်ပါတယ်။