လူတွေရဲ့ စိတ်ခံစားမှုအခြေအနေတွေကို ပြသနေတဲ့ အိမ်တွင်းရှုပ်ထွေးညစ်ပတ်မှု (၇)မျိုး
lifestylemyanmar.com
|
2020-05-23



သင့်အနေနဲ့ သင့်သူငယ်ချင်းအိမ်ကို သွားတဲ့အခါ သင်ဘယ်အရာကို အရင်ဆုံးသတိထားမိပါသလဲ။ တစ်ချို့လူတွေက အိမ်အတွင်းအလှဆင်ခြင်းတွေနှင့် ပရိဘောဂတွေကို ကြည့်တတ်ကြပြီးတော့ တစ်ချို့ကတော့ စာအုပ်စင်ပေါ်က စာအုပ်အမျိုးအစားတွေကို ကြည့်တတ်ကြပါတယ်။ ပြီးတော့ တစ်ချို့လူတွေက ၎င်းပုဂ္ဂိုလ်(အိမ်ရှင်)တို့နဲ့ အတူနေတဲ့ ချစ်စရာအိမ်မွေးတိရစ္ဆာန်တွေနဲ့သာ ကစားပါတယ်။ အနည်းငယ်သောလူတွေကတော့ အိမ်ရှင်တွေနဲ့ ပတ်သက်တဲ့ စကားတွေပြောနေပေမယ့်လည်း အိမ်တွင်းအမှန်တကယ်ညစ်ပတ်မှု၊ မသပ်မရပ်ဖြစ်နေတဲ့ အခြေအနေတွေကို ကြည့်တတ်ကြပါတယ်။

လက်တွေ့စိတ်ပညာရှင် Arina Axenova နှင့်အတူ အခြားအထူးပြုအရင်းအမြစ်တွေအရ အိမ်ရဲ့ မတူညီတဲ့နေရာက ညစ်ပတ်မှုတွေကတဆင့် လူတွေရဲ့ စိတ်ခံစားမှုအခြေအနေတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ တစ်စုံတစ်ဦးရဲ့ စိတ်နေသဘောထားပြဿနာတွေကို သူတို့အိမ်က အရာဝတ္ထုတွေရဲ့ တည်နေရာကို အခြေခံရုံသက်သက်နဲ့တော့ ကောက်ချက်ချဖို့ မဖြစ်နိုင်ပါဘူး။ ဒီအချက်ကိုတော့ သတိရပါ။ တစ်ထစ်ချ မစဉ်းစားမဆင်ခြင်ဘဲ ကောက်ချက်မချပါနဲ့။ အခြေအနေအရပ်ရပ်ကို လေ့လာပါ။




၁။ ဧည့်ခန်း

အဝင်ဝ (သို့) ဧည့်ခန်းမထဲမှာ ရှုပ်ထွေးမှုတစ်ခုက လူမှုရေးဆက်ဆံရေးကို ကြောက်ရွှံ့နေကြောင်း ပြသခြင်းဖြစ်ပါတယ်။ အိမ်ထဲက အိတ်များ၊ ထီးများနှင့် အခြားအရာတွေကို အဲဒီ့နေရာမှာ စုပုံနေခြင်းအားဖြင့် လူတွေက မိမိတို့ကိုယ်ကိုယ်အခြားသူတွေဆီက ပိတ်ဆို့ထားကြခြင်းဖြစ်ပါတယ်။ ထိုသို့သောသူတွေက သူငယ်ချင်းအသစ်တွေနှင့် တွေ့ဆုံဖို့လည်း အခက်အခဲတွေရှိကြပါတယ်။ လူအများစုက သူတို့ကိုမသက်မသာဖြစ်စေပါတယ်။ ၎င်းက နာတာရှည်ပင်ပန်းနွမ်းနယ်မှုနှင့် နောက်ဆုံးမှာ အနားယူချင်နေတဲ့ ဆန္ဒရှိကြောင်းဖော်ပြနေခြင်းလည်း ဖြစ်ပါတယ်။




၂။ မီးဖိုချောင်

ညစ်ပတ်နေတဲ့ ဟင်းပန်ကန်တွေနှင့် မီးဖိုချောင်ပရိဘောဂတွေက စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်မှုတွေကို ပြသနေတာဖြစ်ပါတယ်။ ရှုပ်ထွေးညစ်ပတ်နေတဲ့မီးဖိုချောင်က တိုက်ခန်းပိုင်ရှင်ရဲ့ စိတ်ကျရောဂါ (သို့) စိုးရိမ်ပူပန်မှုခံစားနေရပြီးဖြစ်ပါတယ်။ တကယ်လို့ ဒီအချက်က မှန်တယ်ဆိုရင် ၎င်းမှာ ဆိုးရွားတဲ့ကံကြမ္မာကို ကျော်လွှားဖို့လိုအပ်နေပါတယ်။ ဒါ့ကြောင့်အရိုးရှင်းဆုံးအရာတွေဖြစ်တဲ့ ပန်းကန်ဆေးတာတွေ၊ ပန်းကန်တွေကို နေရာတကျ ပြန်စီပါ။ စိတ်အေးလက်အေးထားပါ(တည်ငြိမ်ပါ)။ နောက်ဖြစ်နိုင်ချေတစ်ခုရှိတာက ထိုလူက အတ္တကြီးပြီးတော့ တာဝန်မဲ့တဲ့လူတစ်ယောက်လည်း ဖြစ်နိုင်ပါတယ်။ နောက်ပြီး သူတို့မှာ ”သူတို့လုပ်ဖို့ လိုအပ်တဲ့အရာတစ်ခုခု နှင့် သူတို့လုပ်ချင်တဲ့ အရာတစ်ခုခု”ကို ရွေးချယ်ရတဲ့ အခါ ဒုတိယတစ်ခုကိုပဲ ရွေးချယ်တတ်ကြပါတယ်။ သူတို့ဟာ အနာဂတ်အတွက် မကြာခဏစဉ်စားတတ်သူတွေလည်း မဟုတ်ကြပါဘူး။




၃။ စာရေးစားပွဲပေါ်က ရှုပ်ပွမှုများ

တစ်အိမ်လုံးက သန့်ရှင်းသပ်ရပ်နေစဉ်မှာ စာရေးစားပွဲပေါ်မှာ ရှုပ်ပွနေခြင်း၊ ပရမ်းပတာဖြစ်ခြင်းနှင့် အမှိုက်သရိုက်တွေက ထိုလူဟာ ပြီးပြည့်စုံသူတစ်ယောက်ဖြစ်တယ်လို့ ဆိုလိုပါတယ်။ သင့်သူငယ်ချင်းက ဒီလိုအရာတစ်ခုခုကို ပြုလုပ်နေတတ်တာကို သင်သတိပြုမိပါသလား။ အရာရာတိုင်းကို ပြီးပြည့်စုံတဲ့ နည်းလမ်းနဲ့ လုပ်ဖို့ ကြိုးစားနေကြပါတယ်။ သူတို့မှာ သူတို့ရဲ့ လုပ်လိုက်တိုင်းဖြစ်မလာတဲ့ သူတို့ကိုဒေါသထွက်စေတဲ့ လက်တွေ့မကျတဲ့ မျှော်လင်ချက်တွေရှိနေတတ်ပါတယ်။




၄။ အိပ်ရာပေါ်က ညစ်ပတ်မှုများ

အဝတ်အစားများ၊ အလှကုန်များ၊ စာအုပ်တွေနှင့် ညစ်ပေရေနေသော ဟင်းလျာတွေနဲ့ ပြည့်နှက်နေတဲ့ အိပ်ခန်းကို ပိုင်ဆိုင်ထားသူက ကိုယ်ရေးကိုယ်တာပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနေရခြင်းလည်း ဖြစ်နိုင်ပါတယ်။ သူတို့က တစ်စုံတစ်ယောက်နဲ့ အငြင်းပွားနေခြင်း (သို့) လမ်းခွဲပြတ်စဲထားခြင်းလည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သူတို့ အကျင့်ဆိုးတွေ( အိပ်ရာကို အမှိုက်ပုံးလို့ထင်ခြင်း) ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီအချက်က သူတို့ရဲ့ ပြဿနာတွေကနေ အာရုံ့ပျံ့လွှင်စေမယ့် နည်းလမ်းတစ်ခုပါပဲ။ ဒါ့အပြင် relationshipတစ်ခုကို စိတ်ပျက်ပြီးတော့ တစ်ယောက်တည်းနေလိုတဲ့ လူတွေရဲ့ အမူအကျင့်လည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ရင်ခုန်စရာအဖြစ်အပျက်တွေကို မရိပ်မိနိုင်တော့အောင် အိပ်စက်တဲ့နေရာမှာ ရှုပ်ထွေးညစ်ပတ်စေခဲ့တာလည်းဖြစ်ပါတယ်။




၅။ ညစ်ပတ်နေသော ပြတင်းပေါက်များ

ညစ်ပတ်နေတဲ့ ပြတင်းပေါက်ပေါ်က ဖုန်မှုန့်တွေက တိုက်ခန်းမှာရှိတဲ့လူတွေ၊ ပြင်ပကမ္ဘာက လူတွေကို မမြင်နိုင်အောင် အကာအရံအတားအဆီးတစ်ခုကို ဖန်တီးပေးပါတယ်။ ဒီအလွှာကို ဖယ်ရှားချင်စိတ်မရှိဘူးဆိုရင် စိတ်ဓာတ်ကျခြင်း (သို့) အနာဂတ်ကို ကြိုတင်စိတ်ပျက်နေခြင်း စတဲ့အကြောင်းအရာတွေဖြစ်နိုင်ပါတယ်။ ထိုသို့သောလူတွေက အတိတ်ကာလမှာ နေထိုင်တတ်ကြပြီးတော့ အလွန်ထိရှလွယ်သူတွေဖြစ်ကြပါတယ်။ သို့ပေမယ့် သူတို့နဲ့ စကားပြောရတာ စိတ်ဝင်စားစရာကောင်းပါတယ်။




၆။ လသာဆောင် (သို့) ကားဂိုဒေါင်

လူတော်တော်များများအတွက် ကားဂိုဒေါင်တွေနှင့် လသာဆောင်တွေမှာ အသုံးမဝင်တဲ့ပစ္စည်းတွေကို မြောက်များစွာထားတတ်ကြပါတယ်။ ဒီအရာက ကြောက်ရွှံ့ခြင်းလက္ခဏာဖြစ်တယ်။ လူတွေက ချက်ချင်းလက်ငင်းအရာအားလုံးကို ဆုံးရှုံးသွားမှာ စိုးရိမ်ကြောက်လန့်တတ်ကြပါတယ်။ ဒါ့ကြောင့် ၎င်းတို့က အကြောက်လွန်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အသုံးမဝင်တဲ့အရာတွေကို စုဆောင်းပြီးတော့ လုံခြုံစိတ်ချမှုအဖြစ် ထင်ယောင်ထင်မှားပြုလုပ်တတ်ပါတယ်။ အသုံးမဝင်တဲ့ ပစ္စည်းတွေကို ဖယ်ရှားပစ်ဖို့ပြဿနာတွေက စိုးရိမ်ပူပန်မှုနှင့် ဆုံးဖြတ်ချက်တွေမချနိုင်ခြင်းရဲ့ လက္ခဏာတွေဖြစ်ပါတယ်။ ဒီအပြုအမူတွေက စိတ်မူမမှန်သူတစ်ဦးဖြစ်နိုင်ချေပိုများပါတယ်




၇။ ယေဘုယျနေရာတွေမှာ ရှုပ်ပွနေခြင်း

လူတစ်ဦးက အိပ်ရာပတ်ဝန်းကျင်၊ ကြောင်ကြိုကြောင်ကြား၊ ကုလားထိုင်တွေပေါ်မှာလိုမျိုး သန့်ရှင်းသင့်တဲ့နေရာတွေမှာ အမှိုက်ပုံတစ်ခုလိုပြုလုပ်နေတဲ့အခါ သူတိုက အခြားသူတွေရဲ့ ထင်မြင်ချက်တွေအပေါ်မှာ အဓိကမှီခိုနေတယ်လို့ ဆိုလိုပါတယ်။ အိမ်ဆိုတာ ယေဘုယျအားဖြင့် သန့်ရှင်းနေသင့်ပါတယ်။ သို့ပေမယ့် ကုလားထိုင်ပေါ်မှာ အင်္ကျီတစ်ထည်အမြဲတမ်းရှိနေပါသလား၊ ဒါမှမဟုတ် အဝတ်လျှော်ထားတဲ့ အဝတ်အစားတွေကို ရက်ပေါင်းများစွာ နေရာတကျမထားရသေးဘူး။ ပြီးတော့ လုပ်ရိုးလုပ်စဉ်တွေကို အချိန်ရွှေ့ဆိုင်းခြင်းက တုံဏှိဘာဝေနေတတ်သူတစ်ယောက်ဖြစ်နိုင်ပါတယ်။ ညစ်ပတ်ရှုပ်ပွနေခြင်းရဲ့ အဓိကအကြောင်းရင်းကတော့ ထိုလူကို ဖိနှိပ်ဖို့ကြိုးစားနေတဲ့ အမျက်ဒေါသဖြစ်ပါတယ်။

သူ့နေရာနဲ့ သူ အစီအစဉ်တကျမထားတတ်ဘဲ တစ်နေရာထဲမှာ စုံပြုံပြွတ်သိပ်နေခြင်းက အခြေအနေကို လိုက်လျောညီထွေဖြစ်အောင် မစွမ်းဆောင်နိုင်ခြင်းရဲ့ လက္ခဏာဖြစ်ပါတယ်။ လူတစ်ဦးက အသုံးမဝင်တဲ့ ပစ္စည်းတွေကို သိုလှောင်ထားမယ်ဆိုရင် ၎င်းတို့ရဲ့ သူတို့ရဲ့ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကို မစွန့်လွှတ်နိုင်ဘဲ အတိတ်မှာပဲ နေထိုင်နေခြင်းလည်းဖြစ်ပါတယ်။ ဆိုလိုတာက ၎င်းတို့မှာ အားနည်းသောစွမ်းအင်သာရှိပြီးတော့ ပန်းတိုင်တွေချမှတ်အခက်တွေ့နေတာလည်းဖြစ်ပါတယ်။

Lifestyle_Myanmar
Nyein_Thu


Ref- brightsideme


#အရာ
#မီးဖိုချောင်
#အိပ်ရာ
#ကုလားထိုင်
#ဧည့်ခန်း

Some text some message..