
အလုပ်သဘောအရ ခရီးသွားတာပဲဖြစ်ဖြစ် ပုံမှန်အတိုင်းခရီးသွားတာပဲဖြစ်ဖြစ် ခရီးသွားမယ်ဆိုရင် ဘယ်လိုဝတ်ဆင်သင့်တယ်ထင်ပါသလဲ။ ရွေးချယ်ရမဲ့ အဓိကပစ္စည်းကတော့ အဝတ်သေတ္တာပါပဲ။ ဒီတစ်ခါမှာတော့ အလုပ်ကိစ္စနဲ့ ခရီးသွားမယ်ဆိုရင် ရွေးချယ်ဝတ်ဆင်သင့်တဲ့ ဖက်ရှင်ကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
၁။ ခရီးသွားမယ်ဆိုရင် အဝတ်သေတ္တာကြီးကြီး တစ်လုံးကိုယူတာက ခရီးရှည်အတွက်ပဲဖြစ်ဖြစ် ခရီးတိုအတွက်ပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ ခရီးရဲ့အနေအထားပေါ်မူတည်ပြီးတော့ ခရီးဆောင်အိပ်ကို ရွေးချယ်သင့်ပါတယ်။ ခရီးဆောင်အိပ်ကြီးပေမဲ့ ပစ္စည်းကို ကျစ်ကျစ်လျစ်လျစ်နဲ့ စနစ်တကျထည့်ပါ။
၂။ ကိုယ်လိုအပ်တယ်ထင်တာထက် လျှော့ပြီးထုတ်ပိုးပါ။ အဝတ်ကို များများထုတ်ပိုးတာဟာ ဝန်ပိုစေပါတယ်။
၃။ ဘာနဲ့ဝတ်ဝတ်လိုက်တဲ့ အနက်ရောင်ကို ရွေးချယ်ပါ။ အနက်ရောင်ဟာ ကိုယ့်ကို ပိုပြီး ယုံကြည်မှုရှိစေသလို ဝတဲ့သူကိုလည်း ပိန်သွားစေပါတယ်။
၄။ ခရီးသွားရင် ကိုယ်ဟာ သာမန်မိန်းကလေးတစ်ယောက်မဟုတ်မှန်း သိသာသွားစေတဲ့ ဖက်ရှင်မျိုးနဲ့ ပေါ့ပေါ့ပါးပါး ဝတ်ရ ချွတ်ရလွယ်တဲ့ အိင်္ကျ ီအနွေးထည် (သို့) ကုတ်ကို ရွေးချယ်ပါ။
Featured Image Source: Asia-Pacific Economic
The post
အလုပ်ကိစ္စနဲ့ ခရီးထွက်ရမယ်ဆိုရင် ဘယ်လိုဖက်ရှင်မျိုးကို ဝတ်ဆင်ရမလဲ
appeared first on
MyStyle Myanmar
.