သင့်ချစ်သူကောင်လေးက သင့်နဖူးကို နမ်းတယ်ဆိုတာ ဘာကိုဆိုလိုပါသလဲ
lifestylemyanmar.com
|
2020-05-26



လူတိုင်းက ချစ်သူ၊ သူငယ်ချင်း (သို့) မိသားစုဝင်တစ်ယောက်ယောက်ဆီက ဒီလိုအနမ်းမျိုးကို လိုချင်ကြပါတယ်။ နဖူးကို နမ်းတယ်ဆိုတာ ထူးခြားတဲ့အရာပါ။ ၎င်းက ချစ်ခြင်းမေတ္တာ ၊ နှစ်သိမ့်မှုတွေနှင့် ခံစားမှုတွေကို ပေးစွမ်းနိုင်ပါတယ်။ အဲဒီ့အချိန်မှာ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်ကအထူးခြားဆုံးပုဂ္ဂိုလ်တွေ ဖြစ်သွားကြပါတယ်။ ကောင်လေးတစ်ယောက်က သူ့ချစ်သူကောင်မလေးကို နဖူးကို နမ်းလိုက်တဲ့အခါ ဘာကိုဆိုလိုပါသလဲ။




၁။ သူက သင့်ထက် အရပ်ပိုရှည်လို့ နမ်းခြင်း

အိုကေ ဟုတ်ပါတယ်။ ဒီအချက်က ရယ်စရာကောင်းနေမှာတော့ အမှန်ပါပဲ။ သင့်ထက် အရပ်ပိုရှည်တဲ့သူတွေနဲ့ date လုပ်တဲ့အခါ သင့်နှုတ်ခမ်းကို လှမ်းနေရမယ့်အစား အနီးနားက နဖူးလေးကို လှမ်းနမ်းလိုက်တာက ဖြစ်နိုင်ပါတယ်။ ၎င်းက သိသာထင်ရှားချင်မှ ထင်ရှားမှာဖြစ်ပေမယ့်လည်း ပိုမိုရှည်လျားတဲ့ လူတစ်ယောက်က သင့်နဖူးပေါ်မှာ နမ်းလိုက်ဖို့ အခြားအရာတွေအားလုံးထက် ပိုလွယ်ကူပါတယ်။ သင်တို့နှစ်ဦးအပြေးအလွှားတွေ့ဆုံကြတဲ့အခါတိုင်း သူက မကြာခဏပြုလုပ်ပါလိမ့်မယ်။ နောက်ပြီး သင်တို့နှစ်ဦး ရပ်နေချိန်မှာ သူက ဒီအနမ်းမျိုးကို ဆက်ဆက်ပြုလုပ်ပါလိမ့်မယ်။ ဒါ့ကြောင့် ခင်ဗျားချိန်းတွေ့နေတဲ့ ကောင်လေးကို စဉ်းစားကြည့်ပါ။ သူက သင့်ထက် သိသိသာသာပိုရှည်နေပါသလား (အရပ်)။ ဒီလိုဆိုရင် သူ့အနေနဲ့ နဖူးကို နမ်းခြင်းက ‘ပျင်းရိခြင်း’ (သို့) ပိုသက်တောင့်သက်သာဖြစ်စေခြင်းလည်း ဖြစ်နိုင်ပါတယ်။




၂။ သူက ဒီလိုလုပ်ရတာကို ကြိုက်လို့ နမ်းခြင်း

ဖြစ်နိုင်တာတစ်ခုက ဒီကောင်လေးက သင့်ရဲ့နဖူးကို ကြိုက်တာလား (သို့) ဒီလိုအနမ်းမျိုးကို သဘောကျတာလည်းဖြစ်နိုင်ပါတယ်။ ဘဝမှာရှိသမျှအရာတွေလို ယောင်္ကျားတွေကလည်း ဒီလိုအနမ်းကို ပိုကြိုက်ကြပါတယ်။ ယောင်္ကျားအချို့က ပါးပြင်ကို နမ်းရတာကို ပိုကြိုက်ကြတယ်။ သူက အဲဒီမှာ သင့်ကို မကြာခဏနမ်းမယ်ဆိုရင် သူက သင့်ကို အရမ်းချစ်တယ်ဆိုတာနားလည်ပါ။ ဒီအချက်က မှန်တယ်မလား။ ဒါဆိုရင် အနမ်းခံရတဲ့အခါ ငြိုငြင်တာတွေမပြုလုပ်ပါနှင့်။




၃။ သူက သင့်ကို လေးစားလို့ နမ်းခြင်း

နဖူးနမ်းခြင်းက အမှန်တကယ်လေးစားမှုလက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ ဒါအချက်ကို သင်သိပါသလား။ ဒီအချက်က သင့်ကို အသားယူ(အခွင့်အရေးယူ)မှာမဟုတ်ဘူးဆိုတာ ပြသနေခြင်းလည်းဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် အခွင့်အရေးယူဖို့ ကြိုးစားနေသူတစ်ယောက်က သင့်ကို ချိုမြိန်တဲ့ အနမ်းတွေနဲ့ အနှောက်အယှက်ပေးမှာမဟုတ်ပါဘူး။ နဖူးလို နူးညံ့သိမ်မွေ့တဲ့နေရာထက် နှုတ်ခမ်းနှင့် လည်ပင်းတစ်ဝိုက်ကိုသာ နမ်းပါလိမ့်မယ်။




၄။ သင့်ကို နက်နက်ရှိုင်းရှိုင်းဂရုစိုက်လို့ နမ်းခြင်း

နဖူးကို နမ်းတာက အချိုဆုံးအနမ်းတွေထဲက တစ်ခုပါ။ အနမ်းတွေအားလုံးထဲမှာ ခင်ဗျားတကယ်ဂရုစိုက်သလို ခံစားမိစေတဲ့ တစ်ခုတည်းသောအနမ်းပါပဲ။ တကယ်လို့ အမျိုးသားတစ်ယောက်က နဖူးကို နမ်းမယ်ဆိုရင် သူက သင့်ကို တကယ်ဂရုစိုက်ပြီးတော့ သူ့ရဲ့ ဂရုစိုက်မှုတွေကို သိစေချင်တယ်။ နဖူးနမ်းခြင်းက သင့်ကို ချစ်မြတ်နိုးမှုကို ခံစားရစေမယ်ဆိုတာ သူနားလည်တာကြောင့်လည်း ဖြစ်ပါတယ်။




၅။ သူက သင့်ကို ကာကွယ်ပေးလိုတဲ့ အပြုအမူ

နဖူးကို နမ်းခြင်း အမျိုးမျိုးသောအရာများစွာကို ဆိုလိုနိုင်ပေမယ့်လည်း နဖူးရဲ့ အနမ်းကို ဖော်ပြတာက သင့်ကို အကာအကွယ်ပေးနေခြင်းလည်း ဖြစ်ပါတယ်။ သူက သင့်ကို တင်းတင်းကျပ်ကျပ်ဖက်ထားပြီးတော့ အကာအကွယ်ပေးတယ်။ သင်က သူ့အတွက် တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်ကြောင်း ပြသဖို့ကြိုးစားနေတာဖြစ်ပါတယ်။ သူက အခက်အခဲတွေအားလုံးကနေ သင့်ကို ကာကွယ်ပေးပါလိမ့်မယ်။ ဒီလိုနည်းလမ်းတွေနဲ့ နဖူးအနမ်းမှာ အဓိပ္ပာယ်များစွာရှိပါတယ်။ စိတ်တွေအေးဆေးတည်ငြိမ်စေမယ်။ နူးညံ့သိမ်မွေ့စေမယ်။ ဒါ့အပြင် ဒီအနမ်းက သင့်ချစ်သူရဲ့ ကာကွယ်စောင့်ရှောက်မှုခံရခြင်းရဲ့ လုံခြုံမှုကို အပြည့်အဝခံစားရပါလိမ့်မယ်။




၆။ သူက သင့်ကို အရမ်းချစ်တာကြောင့် နမ်းခြင်း

အနမ်းများစွာက သူက သင့်ကို ချစ်တယ်လို့ ဆိုလိုပါတယ်။ သို့ပေမယ့် နဖူးနမ်းခြင်းနှင့် ပတ်သက်ပြီးတော့ စိတ်လှုပ်ရှားစရာတစ်ခုထက် အများကြီးပိုပါတယ်။ ဟုတ်ပါတယ် ဒါဟာ ဂရုစိုက်ခြင်း၊ လေးစားခြင်းနှင့်အတူ အလွန်ချစ်မြတ်နိုးခြင်းတွေကို ဒီလိုရိုးရှင်းလွန်းတဲ့ နည်းလမ်းလေးနဲ့ ပြသတာဖြစ်ပါတယ်။ တစ်ခြားထူးထူးခြားခြားတွေထက် အများကြီးပိုသာတဲ့ Surprise ပါ။ ဒါ့အပြင် သူက ဒီအနမ်းအမျိုးအစားကို ကြိုက်နှစ်သက်မှန်း သိတယ်။ ဒါ့ကြောင့် ချစ်ခြင်းမေတ္တာကို ပြဖို့ နမ်းခြင်းနဲ့ပတ်သက်လာရင် ဒီ့ထက်ပိုတဲ့ အကောင်းဆုံးရွေးချယ်စရာမရှိတော့ပါဘူး။

ကျွန်တော်တို့အားလုံးလိုလိုက နဖူးအနမ်းကို ချစ်ကြပါတယ်။ အထူးသဖြင့် ချစ်သူ၊ စေ့စပ်ထားသူ (သို့) ခင်ပွန်းဖြစ်သူထံမှ ဖြစ်နိုင်ပါတယ်။ ကွဲပြားခြားနားသောအဓိပ္ပာယ်များစွာရှိနိုင်သော်လည်း အများစုအတွက် ချစ်ခြင်းမေတ္တာနှင့် ချစ်ခြင်းရဲ့ သင်္ကေတဖြစ်ပါတယ်။ သူက သင့်ကို အပြည့်အဝလေးစားပြီးတော့ သင့်ကို နက်ရှိုင်းစွာဂရုစိုက်ကြောင်းပြသနေတာဖြစ်ပါတယ်။ ၎င်းက သူက သင့်ကို ကာကွယ်စောင့်ရှောက်လိုချင်တဲ့ လက္ခဏာဖြစ်ပါတယ်။

နဖူးကို နမ်းရတာကို ကြိုက်လား။ အနမ်းခံရတာကို ကြိုက်လား။ ချစ်ဖို့ကောင်းတဲ့ အနမ်းတွေထဲက သင်ရရှိခဲ့ဖူးတဲ့အနမ်းနဲ့ ပတ်သက်ပြီးတော့ ခံစားချက်လေးတွေကို မျှဝေခဲ့ပါဦး။

Lifestyle_Myanmar
Nyein_Thu


Ref-herinterest


#နဖူး
#ချစ်ခြင်း
#ကောင်လေး
#အရပ်
#ချစ်သူ

Some text some message..