မိုးရာသီအတွက် အသင့်တော်ဆုံး ဖိနပ်များ
moda.com.mm
|
2020-05-27

ဘာလိုလိုနဲ့ မိုးရာသီတောင်ရောက်လာပြီနော်။ အခုချိန်မှာ အပူချိန်တွေလည်း တဖြည်းဖြည်းလျော့ကျလာပါပြီ။ မုတ်သုန်အရှိန်ကြောင့်ရော၊ မိုးအဝင်မုန်တိုင်းတွေကြောင့်ရော နေရာအနှံ့မှာမိုးတွေရွာနေပြီမို့ လမ်းတွေမှာလည်း ရေတွေနဲ့ပြန်ဖြစ်နေပါပြီ။ မိုးရွာလို့နေလို့ကောင်းတာမှန်ပေမယ့် အပြင်ထွက်တဲ့အခါတော့ နေရာတိုင်းက စိုစိစိုစိနဲ့ သွားရလာရတာ အဆင်မပြေသလို လမ်းပေါ်မှာဗွက်တွေကြောင့်လည်း စိတ်အနှောင့်အယှက်ဖြစ်ပါတယ်။


အထူးသဖြင့်ဖက်ရှင်ကို အထူးဂရုစိုက်သူတွေ၊ Sneakerhead တွေအတွက် ခြောက်သွေ့တဲ့ အချိန်တွေမှာလိုမဟုတ်ပဲ အခုလိုမိုးရာသီမှာ အခက်တွေ့ပါတယ်။ ကိုယ့်ရဲ့ အမိုက်စား Sneaker တွေ၊ Leather ဖိနပ်တွေ၊ Fancy Heels တွေကို မိုးရာသီမှာစီးဖို့ဆိုတာ မဖြစ်နိုင်သလို ၊ တကယ်လို့ စီးခဲ့မိရင်လည်း မိုးရေ၊ ဗွက်ရေတွေစိုပြီး ဖိနပ်ကိုလည်း ပျက်စီးစေပါတယ်။
အဲ့လိုတွေ စိတ်မညစ်ရအောင် မိုးရာသီနဲ့ သင့်တော်တဲ့ ရေစိုခံတဲ့ Waterproof ဖိနပ်တွေကိုစီးတာက ဒီအချိန်မှာ အကောင်းဆုံးဖြစ်ပါတယ်။ ပြီးတော့ ရေအခြောက်မြန်တဲ့ဖိနပ်မျိုးတွေကိုလည်း ဦးစားပေးစီးဖို့ Recommand လုပ်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ ရေစိုနေတဲ့ဖိနပ်တွေက အနံ့အသက်မကောင်းတဲ့အပြင် ဘက်တီးရီးယားတွေကို ပေါက်ဖွားစေနိုင်သလို အခန့်မသင့်လို့ ဖိနပ်ကို တစ်နေကုန်စီးထားရင် အအေးပတ်တာတွေလည်း ဖြစ်တတ်လို့ပါ။
ဒါကြောင့် မိုးတွင်း စိုထိုင်းထိုင်းမှာ ဖက်ရှင်လည်းကျစေသလို ရာသီဥတုနဲ့လည်း အသင့်တော်ဆုံးဖြစ်တဲ့ ဖိနပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။


Flip Flops
ဒီဖိနပ်ကတော့ လူတိုင်းသိပြီးသားဖြစ်မှာပါ။ ဟုတ်ပါတယ်။ Flip Flop ကတော့ သင့်ကိုမိုးရာသီရဲ့ ညစ်ပတ်တဲ့ ဖိနပ်တွေ ဒဏ်က ကယ်တင်ပေးမယ့် တစ်ခုတည်းသောဖိနပ်ပါ။ ကြည့်ရတာသမားရိုးကျဆန်တာမှန်ပေမယ့် ပေါ့ပါးပြီးသယ်ဆောင်ရတာလည်း လွယ်ကူတာမို့ Flip Flop ကတော့ မိုးတွင်းမှာ မဖြစ်မနေရှိထားသင့်တဲ့ဖိနပ်ပါ။ အခုချိန်မှာ ဈေးကွက်ထဲမှာလည်း Flip Flop Brand တွေကလည်း ဈေးကြီးတာကနေ ဈေးနည်းတာအထိ အစားစားရှိတာမို့ ရွေးချယ်စရာလည်း အများကြီးရှိပါတယ်။



Pool Slides
နည်းနည်းလည်း ဖက်ရှင်ပိုကျချင်တယ်၊ ခြေညှပ်ဖိနပ် (Flip Flop) တွေကိုလည်း မစီးချင်ဘူးဆိုရင် ကွင်းထိုးဖိနပ် (Slides) တွေက အဆင်ပြေမှာသေချာပါတယ်။ နာမည်ကျော် Sportwear Brands တွေကလည်း Pool Slide တွေကို အပြိုင်အဆိုင်ထုတ်နေတာမို့ တစ်ရံလောက်ရှိရင်ကို မိုးရေထဲမှာ အထာကျဖို့လုံလောက်ပါတယ်။



Clogs
ဒီဖိနပ်က နည်းနည်း ကြောင်တောင်တောင်နိုင်တယ်ဆိုပေမယ့် Post Malone အပါအဝင်နာမည်ကျော် Celebrity တွေတော်တော်များများ စီးတဲ့ဖိနပ်မို့ အထင်တော့ မသေးစေချင်ပါဘူးနော်။ Clogs ရဲ့ Structure က ခပ်လုံးလုံးနဲ့ ထုကြီးပေမယ့် အရမ်းအကြမ်းခံပြီး မိုးတွင်းမှာ ဘယ်လောက်စီးစီးသက်တောင့်သက်သာရှိတဲ့ဖိနပ်မျိုးပါ။



Sandals
Rubber သားနဲ့ပြုလုပ်ထားတဲ့၊ မိုးစိုခံတဲ့ ကြိုးသိုင်း Sandal တွေကလည်း ဒီရာသီမှာ ရွေးချယ်သင့်တဲ့ ဖိနပ်တွေပါ။ Sandal ကိုမှ Sole အနိမ့်အမြင့် အမျိုးမျိုးရှိသလို အဆင်ဒီဇိုင်းတွေကလည်း မရိုးရအောင် Strap အမျိုးအစားတွေလည်း များစွာရှိတာမို့ ဖက်ရှင်မကျမှာတော့ စိတ်ပူစရာမလိုပါဘူး။



Ankle Lace Up Boots and Chelsea Boots
Dr.Martens Ankle Boots တွေကလည်း သင့်ခြေထောက်တွေကို ဗွက်ရေတွေနဲ့ စိုစွတ်တဲ့ လမ်းတွေဒဏ်ကနေ ကာကွယ်ပေးမှာပါ။ Leather သား (သို့) Plastic/Jelly သားနဲ့ပြုလုပ်ထားတဲ့ Chelsea Boots တွေကလည်း အလားတူပါပဲ။ သူက ခြေမျက်စိလည်းဖုံးတာမို့ အပေါ်က ဘောင်းဘီဝတ်ဝတ်၊ Skirt ဝတ်ဝတ် ရေစင်ဗွက်စင်တာတွေကလည်းကကွယ်ပေးပါလိမ့်မယ်။ ဒါပေမယ့် မိုးရေထဲကပြန်လာရင်တော့ ဖိနပ်ကို သန့်ရှင်းရေး လုပ်ပေးဖို့ မမေ့ပါနဲ့နော်။



Jelly Shoes
ဒီဖိနပ်လေးတွေကတော့ မိုးတွင်းမှမဟုတ်ပါဘူး။ ဥတုရာသီမရွေး မိန်းကလေးတိုင်းကြိုက်နှစ်သက်တဲ့ဖိနပ်လေးတွေပါ။ Jelly Shoes လေးတွေက Plastic၊ Rubber နဲ့ PVC အသားတွေနဲ့ ပြုလုပ်ထားတာမို့ မိုးရေကို 100% ခံနိုင်ရည်ရှိပြီး အခြောက်မြန်တာမို့ သက်တောင်သက်သာမရှိမှာတော့စိုးရိမ်စရာမရှိပါဘူး။ ဖက်ရှင်ကျကိုကျနေစေမယ့် မိုးတွင်းစီးဖိနပ်ထဲမှာပါပါတယ်။


Photo credit from Pinterest.


#ဖိနပ်
#မိုးတွင်း
#မိုးရာသီ
#ဖက်ရှင်
#အခြောက်

Some text some message..