နှင်းဆီပန်းတို့ရဲ့ အရောင်တွေရဲ့ အဓိပ္ပာယ်များ နှင့် ပန်းပွင့်အရေအတွက်ရဲ့ အရေးပါမှု
lifestylemyanmar.com
|
2020-05-27



ဒါက မိန်းကလေးတွေရဲ့ ဘဝမှာ တစ်ချိန်ချိန်တော့ နှင်းဆီပန်းကို ခံယူလိုတာက ရိုးရှင်းတဲ့ဆန္ဒလေးဖြစ်ပါတယ်။ နှင်းဆီပန်းရဲ့ အရောင်တွေမှာ ကွဲပြားခြားနားတဲ့ အဓိပ္ပာယ်တွေရှိတာ သင်သိပါသလား။ ဒါ့အပြင် ဒီနှင်းဆီပန်း ဘယ်နှစ်ပွင့်ရတယ်ဆိုတဲ့ နေရာမှာလည်း အဓိပ္ပာယ်တွေရှိပါတယ်။




၁။ နှင်းဆီနီ

နှင်းဆီနီရဲ့ အဓိပ္ပာယ်ကတော့ ယေဘုယျအားဖြင့် အလှအပ၊ ချစ်ခြင်း၊ စိတ်အားထက်သန်မှုနှင့် လေးစားမှု တို့ရဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ အနီရင့်ရောင် နှင်းဆီပန်း (သို့) burgundy နှင်းဆီပန်းတွေက အဓိပ္ပာယ်မဲ့လှပမှုကို ရည်ညွှန်းပါတယ်။ တစ်ပွင့်တည်းသော အနီရောင်နှင်းဆီပန်းက ”ကိုယ် မင်းကို ချစ်တယ်” ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ အနီရောင် နှင်းဆီဖူးလေးရဲ့ အဓိပ္ပာယ်ကတော့ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်း၊ လှပချောမောခြင်းနှင့် သန့်ရှင်းစင်ကြယ်အပြစ်ကင်းခြင်းရဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ အနီရောင်နှင့် အဖြူရောင်နှင်းဆီပန်းတွေကို အတူတကွပေးအပ်ခြင်းက စည်းလုံးမှုကို ဆိုလိုပါတယ်။




နှင်းဆီဖြူ

အဖြူရောင်နှင်းဆီဆိုတာ သန့်ရှင်းစင်ကြယ်ခြင်း၊ အပြစ်ကင်းခြင်းတို့ရဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ မင်္ဂလာပွဲက အဖြူရောင်နှင်းဆီပန်းရဲ့ အဓိပ္ပာယ်က ပျော်ရွှင်ခြင်းရဲ့ သင်္ကေတဖြစ်ပါတယ်။ အဖြူရောင်နှင်းဆီဖူးလေးရဲ့ အဓိပ္ပာယ်က မိန်းကလေးငယ်လေးတစ်ယောက်ရဲ့ ဘဝကို ပုံဖော်ပါတယ်တဲ့။




နှင်းဆီဝါ

အဝါရောင်နှင်းဆီပန်းတွေဆိုတာ ဂရုစိုက်ခြင်း၊ ပျော်မွေ့ခြင်း၊ ခင်မင်ရင်းနှီးခြင်း၊ ဝမ်းမြောက်ခြင်းနှင့် အရာရာအသစ်စခြင်းတို့ကို ဆိုလိုတာဖြစ်ပါတယ်။ အနီရောင်နည်းနည်းပါတဲ့ အဝါရောင်နှင်းဆီပန်းဆိုတာ ”ကိုယ် မင်းကို ချစ်မိနေပြီ” ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ အဝါရောင်နှင့် အနီရောင်နှင်းဆီပန်းဆိုတာက ပျော်ရွှင်နေတဲ့ ခံစားချက်တွေကို ရှိနေခြင်းကို ဆိုလိုပါတယ်။




တစ်ခြားနှင်းဆီပန်းအရောင်တို့ရဲ့ အဓိပ္ပာယ်များ

ပန်းနုရောင်နှင်းဆီပန်းဆိုတာ လေးစားခြင်း၊ ကျေးဇူးတင်လေးမြတ်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် စာနာခြင်းတို့ဖြစ်ပါတယ်။




မက်မွန်နှင်းဆီပန်းအရောင်က ”အတူတူကြိုးစားကြပါစို့” နှင့် ကျိုးနွံခြင်းရဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

လာဗင်ဒါနှင်းဆီပန်းရဲ့ အဓိပ္ပာယ်က ”မြင်မြင်ချင်း ချစ်မိသွားတယ်”ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။




လိမ္မော်ရောင်နှင်းဆီဆိုတာက ဆန္ဒနှင့် စိတ်အားထက်သန်မှုကို ဆိုလိုပါတယ်။

အပြာရောင်နှင်းဆီကတော့ ”မအောင်မြင်နိုင်ခြင်း”ရဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။




အနက်ရောင်နှင်းဆီပန်းကတော့ သေဆုံးခြင်းနှင့် နှုတ်ဆက်ခြင်းတို့ရဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။




သင့်အနေနဲ့ နှင်းဆီပန်းကို ဘယ်နှစ်ပွင့်ပေးသင့်လဲ?

ယေဘုယျအားဖြင့် မည်သည့်နှင်းဆီမဆိုနှင်းဆီတစ်ပွင့်ပေးအပ်ခြင်းက တစ်စုံတစ်ဦးက သူ့ရဲ့ ဘဝမှာ သင့်ကို ကျေးဇူးတင်ကြောင်း ဆိုလိုခြင်းဖြစ်ပါတယ်။ တကယ်လို့ ဒီနှင်းဆီပန်းတွေက ဆူးတွေနည်းနေတယ်ဆိုရင် လက်ဆောင်ပေးသူက သင့်ကို ပထမဆုံးအကြိမ်ချစ်မိသွားပြီလို့ ဆိုလိုပါတယ်။ အတူတူစည်းနှောင်းထားတဲ့ နှင်းဆီပန်းနှစ်ပွင့်ကို လက်ဆောင်ပေးတယ်ဆိုရင် သူက သင့်ကို လက်ထပ်လိုတဲ့ လက္ခဏာဖြစ်ပါတယ်။




နှင်းဆီပန်းစည်းရဲ့ အဓိပ္ပာယ်ကတော့ ချစ်ခြင်းမေတ္တာကို ခံစားရဖို့ လိုအပ်ချက်တစ်ခုရှိနေတယ် ဆိုတဲ့ သင်္ကေတဖြစ်ပါတယ်။ နှင်းဆီပွင့် (၁၁)ပွင့်ပါဝင်တဲ့ ပန်းစည်းကို သင့်ကို ပေးလာတယ်ဆိုရင် အမှန်တကယ်ချစ်မြတ်နိုးတဲ့ အမှတ်အသားတစ်ခုဖြစ်ပါတယ်။


Lifestyle_Myanmar
Nyein_Thu


Ref-thefactsite


#နှင်းဆီပန်း
#အဓိပ္ပာယ်
#နှင်းဆီ
#အနီရောင်
#အဝါရောင်

Some text some message..