အချစ်ရဲ့ချိုမြိန်တဲ့အရသာတွေ ကြမ်းတမ်းတဲ့ခရောင်းလမ်းတွေကို ဖြတ်ပြီးနောက်မှာမှ တစ်ယောက်နဲ့တစ်ယောက်လမ်းခွဲဖို့ဆိုတာတော်တော်ခက်ခဲတဲ့အလုပ်ပါ။ မိသားစုဝင်တွေ အချစ်ရဆုံးသူငယ်ချင်းတွေနဲ့ခွဲရတာထက်တောင် ပိုနာကျင်နိုင်ပါတယ်။ ဒါပေမယ့် ဘဝတစ်ခုလုံးနဲ့စဉ်းစားပြီး ဘယ်လိုမှမဖြစ်နိုင်တော့တဲ့အခါ လက်ရှိမှာလည်း အဆိုးတွေပဲကြုံနေရတဲ့အခါ အကောင်းဆုံးအရာတွေကိုလုပ်ဖို့ တစ်စုံတစ်ယောက်နဲ့လမ်းခွဲဖို့ဆိုတာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် RSတစ်ခုပြတ်စဲဖို့ လမ်းခွဲချိန်တန်ပီလားဆိုတာ သိနိုင်မယ့် လက္ခဏာနဲ့အခြေအနေ ၆ခုကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအခြေအနေတွေဖြစ်နေရင်တော့လမ်းခွဲလိုက်တာ အကောင်းဆုံးပါ။
ယုံကြည်မှုကိုထပ်ခါထပ်ခါချိုးဖောက်ခြင်း
ယုံကြည်မှုဆိုတာ နေရာတိုင်းမှာ အရေးကြီးပါတယ်၊ ချစ်သူရည်းစားတွေ အိမ်ထောင်သည်တွေမှာဆို ပိုလို့တောင် အရေးကြီးပါသေးတယ်။ သင့်ချစ်သူက သင့်ယုံကြည်မှုတွေကို ထပ်ခါထပ်ခါ စိတ်ပျက်လောက်အောင် ချိုးဖောက်နေမယ်ဆိုလမ်းခွဲဖို့ ခြေလှမ်းအစဖြစ်နိုင်တယ်လို့ ပြောနိုင်ပါတယ်။
မပြောင်းလဲခြင်း
သူ့ဘက်က သင်နဲ့စချစ်ခဲ့တုန်းက အချစ်ဦးနေ့ရက်တွေမှာ ဘာပြဿနာမှ မရှိပေမယ့် အချိန်တွေကြာ နှစ်တွေကြာလာရင်တောင် သူ့ရဲ့ မကောင်းတဲ့အကျင့်တွေ ဆေးလိပ်သောက်တာ အရက်သောက်တာ ရစ်တာ ၁၀၉ ၁၁၀ လုပ်နေတာတွေမပြောင်းလဲဘူးဆိုတာ သင့်ကိုတစ်ကယ်မချစ်လို့ပါ။ သင့်ကိုတစ်ကယ်ချစ်တဲ့သူဆိုတာ သင့်ကိုပိုင်ဆိုင်ဖို့ အရာအားလုံးကို ပြောင်းလဲပစ်မှာပါ။ မပြောင်းလဲဘူးဆိုတာ သူသင့်ကိုတကယ်မချစ်လိုပါ။ ဒါဆိုရင်တော့ လမ်းခွဲဖို့ သေချာသလောက်နှီးပါး သင်လည်းစိတ်ပျက်နေမှာပါ။
သင်ပြောသမျှကို လေးလေးနက်နက်နားမထောင်ဘူး
သင်ကသာစကားတွေပြောနေတယ် သူကအလေးမစိုက်ဘူး။ အရေးမထားဘူးဆိုရင်သေချာပါတယ်။ သူကိုက သင့်ကိုအလေးမထားတာဖြစ်နိုင်ပါတယ်။ ဘာလို့ဆို လူတွေဆက်ဆံရေးမှာ လေးစားမှုကအရေးကြီးပါတယ်။ ချစ်သူတွေ အိမ်ထောင်ဘက်တွေဆို ပိုလို့တောင် အရေးကြီးပါသေးတယ်? ဒီလိုပုံစံတွေပြလာခဲ့ရင် လမ်းခွဲဖို့အချက်ထဲထပ်ဖြည့်ထားလိုက်ပါ။
သင်ကိုယ်တိုင်ကတောင် အမြင်မကြည်လာတော့ဘူး
လမ်းခွဲဖို့ဆိုတာ ဆုံးဖြတ်ရခက်ပါတယ်။ ဒါပေမယ့် သူနဲ့ပက်သက်ပြီး သင်ကိုယ်တိုင် စိတ်ပျက် စိတ်ညစ်လာရင်တော့ ကိုယ့်ကိုပဲတွေးပါ။ ဒီလူနဲ့တစ်ဘဝလုံးသွားနိုင်ပါ့မလားစဉ်းစားပေါ့။
ဘဝအတွက်မတွေးဘူး
စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်ဖို့မလိုပါဘူး။ အလုပ်ကြိုးစားပြီး ရသလောက် ပိုက်ဆံလေးတွေ စုဖို့။ အတူတူတိုင်ပင် အတူစုဆောင်းဆိုတာမျိုးပေါ့။ ဒါကို ကတိတွေသ ခနခနပေးပီး နေချင်သလိူနေနေရင်လမ်းခွဲဖို့သာ စဉ်းစားလိုက်ပါတော့။ ဘယ်တော့မှ အချိုးပြောင်းမှာ မဟုတ်ဘူး
သင်နဲ့သင့်တော်မယ့် သင့်ကိုချစ်တဲ့ တစ်ယောက်ယောက်ရှိနေမယ်
စုံတွဲတွေလမ်းခွဲသွားတဲ့အထဲမှာ ဒါက လုံးဝ အကြောင်းပြချက်ပဲ။ ကိုယ့်ဘေးမှာ အသင့်သူတစ်ယောက်ရှိနေတယ်ဆို သင်သူ့ကို လမ်းခွဲဖို့သေချာသလောက်ဖြစ်နေပါပြီ..အပေါက အချက်တွေနဲ့လည်းကိုက်နေတယ်ဆိုရင်တော့ သင်သူ့ကို သေချာလမ်းခွဲသင့်နေပါပြီ..
#Lifestyle_Myanmar
#Mg_Htet
REF_Power Of Possitivity