
မိန်းကလေးတော်တော်များများဟာ ပိန်မှလှတယ်လို့လက်ခံထားပြီး အမျိုးမျိုးသောနည်းလမ်းတွေနဲ့ ပိန်အောင်ကြိုးစားတတ်ကြပါတယ်။ တကယ်တမ်းတော့ ပိန်ခြင်း၊ဝခြင်း၊ပုခြင်း၊ရှည်ခြင်း ဘယ်လိုအရာမျိုးမှာမဆို ကိုယ်ပိုင်အလှတရားတွေရှိကြတာကို မေ့မထားသင့်ပါဘူး။ ဒါပေမဲ့ ကျန်းမာရေးအမြင်ဘက်ကနေပြီး ပိန်လွန်း၊ဝလွန်းတာမျိုးမဖြစ်အောင်တော့ အတတ်နိုင်ဆုံးကြိုးစားသင့်ပါတယ်။ တချို့ကလည်းမွေးရာပါမျိုးရိုးကြောင့် ၊တချို့ကလည်းကျန်းမာရေးကြောင့် အမျိုးမျိုးသောခန္ဓာကိုယ်ဖွဲ့စည်းပုံတွေကွဲပြားလာရတဲ့အပေါ်မှာ မိမိခန္ဓာကိုယ် သန်စွမ်းကျန်းမာနေဖို့အတွက်တော့ မမေ့လျော့သင့်ပါဘူး။ တကယ်လို့များ ပိန်သွယ်ရုံထက်ပိုပြီး ပိန်ပါးတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားကြတဲ့ကောင်မလေးတွေအနေနဲ့ကတော့ အဝတ်အစားရွေးချယ်ရာမှာ ဂရုစိုက်ရမယ့်အချက်လေးတွေရှိနေပါတယ်။ အဲဒီလို လိုတာထက်ပိုပြီး ပိန်ပါးလွန်းတဲ့ကောင်မလေးတွေအနေနဲ့ အဝတ်အစားနဲ့ပတ်သက်တဲ့ဆောင်ရန်ရှောင်ရန်အချက်လေးတွေက ဘာတွေဖြစ်မလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်နော်။
1.ပေါင်တံပိန်ပိန်တွေကို လူမမြင်ပါစေနဲ့
ခပ်ပိန်ပိန်ကောင်မလေးတွေရဲ့ အဓိကပိန်တဲ့အထဲမှာ ပေါင်တံနဲ့ လက်မောင်းလေးတွေလည်းအပါအဝင်ဖြစ်ပါတယ်။ပေါင်တံပေါ်တဲ့ အဝတ်အစားတွေဟာ ဆွဲဆောင်မှူရှိတယ်လို့ပြောလို့ရပေမယ့် ပုံမှန်ထက်ပိုပြီးပိန်ပါးတဲ့ကောင်မလေးတွေအနေနဲ့ကတော့ ပေါင်တံသေးသေးလေးတွေဟာ ပိုပြီးအရုပ်ဆိုးစေတာမို့ ပေါင်ပေါ်စကတ်လေးတွေကိုလုံးဝရှောင်ကြဉ်သင့်ပါတယ်နော်။ စကတ်အတိုလေးတွေအစား Maxi စကတ်၊ စကတ်ရှည်ရှည်လေးတွေကသာ ပိုပြီးလိုက်ဖက်မှာ ဖြစ်ပါတယ်။
2.အင်္ကျီကာလာရွေးချယ်မှူ
ပိန်ပိန်ပါးပါးကောင်မလေးတွေဟာ အပေါ်အင်္ကျီဝယ်ရာမှာ အရောင်နဲ့ Pattern ကိုအထူးဂရုပြုသင့်ပါတယ်။ အရောင်ရင့်ရင့် ၊ Pattern ကြီးကြီးတွေကို အဓိကထားရွေးချယ်မှသာ ကိုယ့်ရဲ့သေးသွယ်လွန်းတဲ့ခန္ဓာကိုယ်ကို အာရုံလွှဲလိုက်သလိုဖြစ်စေမှာပါ။
3.လက်ဖောင်းဖောင်းလက်ကားကား
ပိန်ပိန်ပါးပါးကောင်မလေးတွေအနေနဲ့ အပေါ်အင်္ကျီကိုရွေးချယ်တဲ့အခါ လက်ရှည်နဲ့ လက်ဖောင်းဖောင်း၊လက်ကားကားပုံစံလေးတွေ အဓိကထား ဝတ်ဆင်သင့်ပါတယ်။ အဲဒီလက်ပေါ်မှာမှ pattern ခပ်ရှုပ်ရှုပ်တွေ၊ အလှဆင်ထားတာတွေများများပါရင် ပိုပြီးတော့လိုက်ဖက်ပြီး လက်မောင်းသေးသွယ်တာကိုလည်းသိသာစေမှာမဟုတ်တော့ပါဘူး။
4.ဘေးတိုက်အစင်းအင်္ကျီ
ဒီလှည့်စားမှူကတော့ တော်တော်များများလည်းသိပြီးဖြစ်ပါလိမ့်မယ်။ ပိန်သွယ်ပါးလျသူတွေအနေနဲ့ အဓိကဝတ်ဆင်သင့်တာကတော့ ရေပြင်ညီအစင်းကြောင်းလေးတွေပါတဲ့အင်္ကျီမျိုးပါပဲ။ လူကိုလည်းအနည်းငယ်ပိုပြည့်သယောင်ဖြစ်စေပြီး ကိုယ့်ရဲ့ပိန်သွယ်မှူကိုအမြင်လွှဲပေးရာလည်းရောက်ပါတယ်။
5.အလွှာအထပ်ထပ်
ပိန်ပါးသေးသွယ်သူတွေအနေနဲ့ အင်္ကျီရွေးချယ်ရာမှာ အထူးဂရုစိုက်ဖို့လိုပါတယ်။ များသောအားဖြင့် ခန္ဓာကိုယ်ကို မူလထက်ပိုကြီးသယောင်ထင်ရစေဖို့အတွက်ကို အတတ်နိုင်ဆုံးရွေးချယ်ဝတ်ဆင်သင့်တာမျိုးပါ။ ဥပမာ အလွှာအထပ်ထပ် အတွန့်အကားလေးတွေပါတဲ့အင်္ကျီမျိုးတွေကို အဓိကဝတ်ဆင်သင့်ပါတယ်။ အလွှာလေးတွေကြောင့် ကိုယ့်ခန္ဓာကိုယ်ပိန်သွယ်မှူကို မသိသာအောင် ဖုံးအုပ်ထားပြီး ထုထည်တစ်ခုဖန်တီးထားသလိုဖြစ်နေစေတာကြောင့်ပါ။
Photo Credit to The Rightful Owners