လူတိုင်းကတော့ အချစ်မှာဖြစ်ဖြစ် အလုပ်မှာဖြစ်ဖြစ် စီးပွားရေးမှာဖြစ်ဖြစ် ကောင်းမွန်တဲ့အရာတွေကိုပဲလိုချင်ကြပါတယ်။ ခုပြောပြချင်တာ ကောင်းမွန်တဲ့ ယောကျာ်းတစ်ယောက်အကြောင်းပါ။ ဟုတ်ကဲ့..သင်နဲ့ခုတွဲနေသူသင်ပိုင်ဆိုင်ထားသူဟာ ယောကျာ်းကောင်းတစ်ယောက် ဟုတ်မဟုတ်သိနိုင်မယ့် အချက်တွေကိုမျှဝေပေးလိုက်ပါတယ်။
သင့်ကိုလှပအောင်လုပ်ပေးတယ်
လှပအောင်ဆိုတာက သင့်ပြင်ပအရာတွေတင်မဟုတ်ပဲ သင့်အတွင်းပိုင်းစိတ်နှလုံးသားကိုပါ လှပအောင် အေးချမ်းအောင် ပြုလုပ်ပေးတာမျိုးဖြစ်ပါတယ်။ ယောကျာ်းကောင်းတစ်ယောက်က စကားလုံးတွေနဲ့ မပြောတတ်ပဲ လုပ်ရပ်တွေနဲ့အချစ်တွေကို သက်သေပြတယ်။
သင့်ကိုအားပေးလှုံဆော်နိုင်တယ်
ယောကျာ်းကောင်းတစ်ယောက်က သူတို့ကိုယ်တိုင် ခိုင်မာပြီး မယိမ်းယိုင်တဲ့အကျင့်စရိုက်ကိုပိုင်ဆိုင်ထားကြပါတယ်။သူ့စကားလုံးတိုင်းအတွက် သူတာဝန်ယူမှုတွေရှိပါတယ်။ သူဟာသင့်ကို အကောင်းဆုံးပုံစံဖြစ်အောင် အမြဲတမ်း အားပေးလှုံဆော်ပေးနေပါလိမ့်မယ်။ သင့်စိတ်ကို တက်ကြွေနေစေပါလိမ့်မယ်
သင့်ကိုထောက်ခံမယ်..ထောက်ပံပေးမယ်
သူကလူကောင်းတစ်ယောက် ယောကျာ်းကောင်းတစ်ယောက်ဆိုရင် သင့်ရဲ့လိုအပ်ချက်တွေကို ဘယ်လိုထောက်ပံပေးရမလဲဆိုတာ ကောင်းကောင်းနားလည်ပါတယ်။ သူတိုက Yes Manတွေ မဟုတ်ပေမယ့် သင်လိုအပ်လာတိုင်း ထောက်ပံပေးမှုနဲ့ သင့်စိတ်ခွန်အားအတွက် ထောက်ခံမှုတွေပေးပါလိမ့်မယ်။
သူတိုးတက်မှုကို အမြဲတမ်းရှာနေတယ်
သူ့ဘဝတိုးတက်စေမယ့် လမ်းကြောင်းတွေ အရာတွေကို အမြဲတမ်း ရှာနေတယ်။ သူကသူ့တန်ဖိုးကို မြင့်နေပါလိမ့်မယ်။ ဆိုလိုတာက သူကဒီတိုင်းထိုင်နေတတ်သူမဟုတ်ဘူး။ဘာသာစကားတစ်ခုခုဖြစ်ဖြစ် လုပ်စရာတစ်ခုခုကို လုပ်နေတတ်တယ်။
သင့်ကိုစိတ်ချ လုံခြုံစေတယ်
ဘေးကင်းလုံခြုံမှုနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချနိုင်မှုဆို အတွဲတွေမှ အရေးကြီးပါတယ်။ သူရှိနေရင် စိတ်ရောကိုယ်ရော လုံခြုံနေတယ်။ဘေးကင်းတယ်လို့ ခံစားနေရမယ် ကံဆိုးဆဲ့အဖြစ်အပျက်တစ်ခုခုမှာ သူဟာသင့်ဘက်က အမြဲတမ်းရပ်တည်နေပြီး သင့်ကိုကာကွယ်ပေးပါလိမ့်မယ်။
သူကသေးသေးလေးတွေကအစ လိုက်လုပ်တတ်တယ်
ကောင်းမွန်တဲ့ ယောကျာ်းတစ်ယောက်ဟာ နေ့စဉ်ဘဝတွေထဲက သေးငယ်လှတဲ့ကိစ္စတွေမှာလည်းလိုက်လုပ်ပေးတတ်ပါတယ်။ ကလေးထမင်းကျွေးတာ မီးဖိုချောင်မှာအတူချက်တာစတာမျိုးတွေပေါ့။သူတို့အလုပ်ရှုပ်နေရင်တောင် သင့်ကိုသေးငယ်လှတဲ့ကိစ္စလေးတွေမှာတောင် အထောက်အပံပေးဖို့ မေ့နေမှာ မဟုတ်ပါဘုး.
သူကရိုးသားဖြောင့်မတ်တယ်
ယောကျာ်းကောင်းတစ်ယောက်က သင့်ကိုလိမ်ဖို့မပြောနဲ့ အခြားသူတွေကိုလည်း ဟန်ဆောင်လိမ်ညာပီး မပြောတတ်ပါဘူး။ သူတို့ကသူတို့စိတ်ထဲကအတိုင်း ပြောတတ်ဆိုတတ် လုပ်တတ်ကိုင်တတ်ကြပါတယ်။ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ပြောဖို့ရန်မတွန့်ဆုတ်တတ်ပါဘူး။
သင့်ကိုဘယ်တော့မှ မစော်ကားဘူး
ယောကျာ်းကောင်းတစ်ယောက်က သင့်ကို ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအရ ဘယ်တော့မှ မက်ရိုင်းစော်ကားလိမ့်မယ်မဟုတ်ဘူး။ ပြဿနာတစ်ခုခုရှိရင် စဉ်းစားချင့်ချိန်ပြီးမှာ လုပ်သင့်လုပ်ထိုက်တာ ပြောသင့်ပြောထိုက်တာကို ပြောပါလိမ့်မယ်..
သင့်ဘက်က အမြဲတမ်းရပ်တည်တယ်
အခက်အခဲဆုံးသော အခြေအနေတွေမှာတောင် သင့်ဘက်က ရပ်တည်ပေးပါလိမ့်မယ်.သင်ကိုဘယ်သောအခါမှ လျစ်လျူရှုသွားလိမ့်မယ်မဟုတ်ဘူး။
သင်ယုံကြည်မှုကို ထိနိသိမ်းထားလိမ့်မယ်
ယုံကြည်မှုဆိုတာက အချစ်လို့ ကိုယ်ချစ်မိသွားပြီဆိုပီး လုပ်လို့မရပါဘူး။ တဖြည်းဖြည်းချင်းတည်ဆောက်ယူရတာမျိုးပါ၊ သင့်ချစ်သူက လူကောင်းတစ်ယောက်၊ ယောကျာ်းကောင်းတစ်ယောက်ဆိုရင် သင့်ကိုဘယ်တော့မှပေါ့ပေါ့တန်တန် သဘောထားလိမ့်မှာမဟုတ်ဘူး။ ပြီးတော့သူ့ဘက်ကလည်း သင့်ကိုယုံကြည်ပြီး သံသယတွေမထားတတ်ကြဘူး။
သင်သာ အမြဲနံပါတ်၁ဖြစ်နေမယ်
သင့်ချစ်သူက ယောကျာ်းကောင်းတစ်ယောက်ဆိုရင် သင့်ကို နံပါတ် ၁နေရာမှာ အမြဲထားပါလိမ့်မယ်။ သင့်ကို အခြေအနေတိုင်းမှာအမြဲဦးစားပေးတတ်ပြီး သင့်အတွက် အမြဲတွေးပေးပါလိမ့်မယ်။ ကဲ..ဒီလောက်ဆိုရင် ကိုယ်နဲ့တွဲနေတဲ့လူ ချစ်နေတဲ့လူက ဘယ်လိုယောကျာ်းမျိုးလဲ ဆိုတာစစ်ကြည့်လို့ရပါပီနော်..