ကိုယ့် Crush နဲ့ ပထမဆုံးချိန်းတွေ့တဲ့အချိန် လုံးဝရှောင်ရှားသင့်တဲ့ အပြုအမူ (၅) ခု
mystylemyanmar.com
|
2020-06-01

ကိုယ့် Crush နဲ့ ပထမဆုံး ချိန်းတွေ့တဲ့အခါ ရင်ခုန်ပြီးတော့ ဘာလုပ်လို့လုပ်ရမှန်း၊ ဘာဝတ်လို့ ဝတ်ရမှန်းမသိဖြစ်တတ်ပါတယ်။ အထူးသဖြင့် အခုမှ ကောင်လေးတစ်ယောက်နဲ့ ချိန်းတွေ့မယ့် ပျိုမေတို့ဆိုရင် ပိုသိဖို့လိုပါတယ်။ ဒီတော့ First Date မှာ ရှောင်ရှားရမယ့်အရာတွေကို ပြောပြပါရစေ။

၁။ ဖုန်းခဏခဏ မကြည့်ပါနဲ့


သူနဲ့ တွေ့တဲ့အချိန် သူနဲ့ပဲ စကားပြောပါ။ ဖုန်းသုံးနေတာက သူ့ကို မလေးစားရာ ရောက်ပါတယ။် သင်က သူ့ကို တန်ဖိုးထားရင် ဖုန်းခဏခဏ ကြည့်တာမျိုးမလုပ်ပါနဲ့။

၂။ ဟန်မဆောင်ပါနဲ့


သူက ကိုယ့်ပုံစံကို သဘောကျဖို့ အတင်းလုပ်မယူပါနဲ့။ ကိုယ့်မူပိုင်ပုံစံနဲ့ နေပါ။ အဝတ်အစားကိုလည်း သူနဲ့တွေ့တဲ့နေ့မှ မဝတ်ဖူးတဲ့ပုံစံတွေ မဝတ်သွားပါနဲ့။ သူနဲ့ ချိန်းတွေ့ပြီး နောက်နေ့တွေကော ထပ်မတွေ့နိုင်တော့ဘူးလား။ ထပ်တွေ့တဲ့အချိန်ကော သင်က ဟန်ဆောင်ထားဦးမှာလား။ ဒါကို စဉ်းစားဖို့လိုပါတယ်။

၃။ ပေါ့ပေါ့ပါးပါး စကားလေးတွေပြောပါ


သူ့အရင်ရည်းစားဟောင်းအကြောင်းသွားမေးတာတွေ၊ အချစ်ရေးအကြောင်းတွေ သွားမမေးပါနဲ့။ သူ့အကြောင်း ကိုယ့်အကြောင်း သိစေဖို့ ပေါ့ပေါ့ပါးပါး စကားလေးတွေပဲပြောပါ။

၄။ တစ်ယောက်တစ်ဝက်ရှင်းပါ


သင်က မိန်းကလေးဖြစ်လို့ သူ့ကို အကုန်ရှင်းခိုင်းစရာမလိုပါဘူး။ သူတစ်ဝက် ကိုယ်တစ်ဝက်ရှင်းပေးပါ။ သူကပဲ အကုန်ရှင်းပေးချင်တယ်ဆိုရင်တော့ လက်ခံလိုက်ပါ။ နောက်မှ သူ့အတွက် တစ်ခုခု ဝယ်ပေးတာမျိုးလုပ်ပေးပါ။

၅။ အများကြီးမတွေးပါနဲ့


ငါဒီလိုလုပ်လိုက်တာ သူစိတ်ပျက်သွားမလား။ ငါဒီလိုဝတ်သွားတာ သူကြိုက်ပါ့မလား။ အများကြီးမတွေးပါနဲ့။ သူငယ်ချင်းဘော်ဒါနဲ့ ဆုံသလို ပေါ့ပေါ့ပါးပါးပဲသွားပါ။ သင်က နဂိုတည်းက လှပြီးသားပါ။

Photo Source: Pinterest

By MyStyle Myanmar


The post

ကိုယ့် Crush နဲ့ ပထမဆုံးချိန်းတွေ့တဲ့အချိန် လုံးဝရှောင်ရှားသင့်တဲ့ အပြုအမူ (၅) ခု appeared first on

MyStyle Myanmar .


#တစ်ဝက်
#ဖုန်း
#ဘော်ဒါ
#ပုံစံ
#မူပိုင်

Some text some message..